လူကို စောင့်ရှောက်
Vol. 84 Ch. 4.778
လူတိုင်းကသာ နတ်ဝိညာဥ်ဒိုင်းလွှာကို ပေါင်းစည်းနိုင်ရင် သဘာဝအတိုင်း မှော်အစွမ်းလို့ ခေါ်စရာပင် မလိုတော့ပေ။ ယခုအချိန်အထိ ဆန်းကြယ်ကောင်းကင်အိမ်တော် အပြင်စည်း တပည့်များကြားတွင် နတ်ဝိညာဉ်ဒိုင်းကို ချုပ်ကိုင်နိုင်သးက လက်နှစ်ချောင်းထက် မပိုကြောင်း သတိပြုသင့်သည်။
နတ်ဝိညာဥ်ဒိုင်းလွှာသည် အမည်တစ်ခုဟု အကဲဖြတ်နိုင်သော်လည်း နတ်ဝိညာဥ်ကို အခြေခံထားလေသည်။ သို့ပေမယ့် မှော်စွမ်းအားတစ်ခု အနေနဲ့ အမည်တပ်နိုင်ဖို့ဆိုရင် ယွမ်စွမ်းအင်နဲ့ ဝိညာဥ်စွမ်းအင်တို့ဟာ လမ်းဆုံတစ်ခုမှာ ဟန်ချက်ညီညီ ရောက်ရှိသွားမှ ဖြစ်ရမည်။
ဆိုလိုသည်မှာ ရှောက်ဖုံးနှင့် လုရွှမ်တို့သည် နတ်ဝိညာဥ် မှော်အစွမ်းကို ကျွမ်းကျင်ကြ၏။ ချိုရှန်းပင် နားမလည်သေးသောကြောင့် လုရွှမ်က နတ်ဝိညာဥ်ဒိုင်းလွှာကို အမှန်တကယ် ပြသလိုက်တာ မြင်လိုက်ရသောအခါ အလွန်ပင် တုန်လှုပ်သွားကြသည်။
ဒါက နတ်ဘုရားပဲ!
သူ့အစွမ်းသတ္တိက နတ်မီးနယ်ပယ်ထက် မနည်းပေ။ သူ့စွမ်းရည်ကလည်း အတွင်းစည်းတပည့် တစ်ယောက်၏ တန်ခိုးနှင့် တူညီသည်။
ရုတ်တရက် ချိုရှန်းသည် ပြင်းထန်သော မနာလိုစိတ်နှင့် သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှု အနည်းငယ်ကိုလည်း ခံစားလိုက်ရသည်။
ဒီလူကို ကြီးပြင်းခွင့်ပြုလို့ ရမတဲ့လား?
တုန်ယင်နေသော ချိုရှန်းသည် သူ၏ ဆုပ်ကိုင်မှုကို တင်းကျပ်လိုက်ပြီး လေထုကို ညှစ်ထုတ်လိုက်သည်။
"ဟားဟားဟား"
ကျယ်လောင်တဲ့ ရယ်မောသံနဲ့အတူ ရှောက်ဖုံး လေထဲမှ ဆင်းသက်လာသည်။
"လုရွှမ်... ငါ မင်းရဲ့နာမည်ကို ကြားဖူးနေတာ ကြာပြီ... မင်း မတော်တဆမှုဖြစ်ပြီး စာမေးပွဲမှာ သေဆုံးသွားတယ်ဆိုတဲ့ ကောလဟာလတွေ ရှိခဲ့တယ်နော်... ဒါပေမဲ့ အကုန်လုံးက ဆန်းကြယ်ကောင်းကင်အိမ်တော်က တပည့်တွေပဲလေ... အချင်းချင်း မသိကြပေမယ့် ရန်မဖြစ်ကြရအောင်လား... အခု မင်းက မသေရုံတင်မကဘူး ကျင့်ကြံမှုတွေပါ အရမ်း တိုးတက်လာသေးတယ်... ချီးကျူးပါတယ် ချီးကျူးပါတယ်"
ဆိုရိုးစကားအတိုင်း ပြုံးပြုံးရွှင်ရွှင်နဲ့ လူတစ်ယောက်ကို ချီးကျူးလိုက်ရင် တစ်ဖက်လူကလည်း ခြေတစ်လှမ်း ဆုတ်သွားနိုင်တယ်လေ။
လုရွှမ်ကလည်း ပြုံးပြီး။
“အစ်ကိုရှောက်ဖုံး ချီးကျူးလွန်းနေပါပြီ!”
"ဆိုရိုးစကားအတိုင်း ရန်မဖြစ်ရင် အသိအကျွမ်းဆိုတာ မရှိဘူးတဲ့... တကယ်တော့ မင်းတို့နှစ်ယောက်ကြားက အာဃာတ မရှိပါဘူး နတ်သမီးအောင့်ယွဲ့က လှပပြီး မွှေးပျံ့တဲ့ ပန်းကလေးဆိုတော့ နှစ်ယောက်သားကို ပြိုင်ဆိုင်ဖို့ ဆွဲဆောင်နေခဲ့မိတာ... နတ်သမီးအောင့်ယွဲ့ရဲ့ ကျက်သရေက အံ့မခန်းပဲလို့ ပြောလို့ရတယ်...နှစ်ယောက်သား အချစ်ပြိုင်ဖက်တွေ မဖြစ်ခင်ကတည်းက ဆုံဖူးကြမယ်ဆိုရင် သူငယ်ချင်းတွေတောင် ဖြစ်လာနိုင်တယ်"
လုရွှမ်က "ကျွန်တော်က ကောင်းကင်ဘုံသခင်... သူကတော့ နတ်မီးနယ်ပယ်က လူတစ်ယောက်ပဲ သူငယ်ချင်း ဖြစ်ဖို့အတွက် တကယ်ကို မြင့်မားလွန်းပါတယ်"
ချိုရှန်းက "ရှောက်ဖုံး မင်းငါ့အတွက် လူကောင်းလာလုပ်ပေးဖို့ မလိုဘူး"
ရှောက်ဖုံးရဲ့ အပြုံးက မပြောင်းလဲသွားပေ။
"နားလည်ပါတယ် နားလည်ပါတယ် ငါတို့အားလုံးက ဆန်းကြယ်ကောင်းကင်အိမ်တော်က တပည့်တွေချည်းပဲလေ ပြီးတော့ အစ်ကိုလုက ဒီကထွက်သွားပြီးတာနဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော်ကို ဝင်ခွင့်ရမှာ သေချာတယ်... လူတိုင်းက အဖွဲ့ဝင်တွေပဲ ဘာလို့ဓားတွေနဲ့ နှောင့်ယှက်နေတာလဲ?"
"ဟုတ်ပါတယ် အစ်ကိုလု ပြန်လာပြီးရင် နတ်သမီးအောင့်ယွဲ့နဲ့ သူ့ရဲ့ဆက်ဆံရေးကို သက်တမ်းတိုးမယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်.... ညီအစ်ကိုချိုရှန်းက ကျင့်ဝတ်သိက္ခာရှိတော့ သူများ အချစ်ကို ထပ်ပြီးခိုးယူဖို့ ဘာကိုမှ မလုပ်တော့ပါဘူး ဟုတ်တယ်မလား? တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်ဖို့ပဲ ကြံစည်ကြရင် ဒီကိုလာတဲ့ လူတွေရဲ့ ရည်ရွယ်ချက်က ဘာဖြစ်သွားမလဲ?"
"ဟိုးရှေးခေတ်က ကောလဟာလတွေအရ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေက အမြဲတမ်း သန့်ရှင်းတဲ့နယ်မြေ ဖြစ်ခဲ့တယ်တဲ့... အခွင့်အရေးတစ်ခု ရှာဖို့ ကျွန်တော်တို့လည်း ဒီကိုလာခဲ့တာ... သန့်ရှင်းတဲ့ အပျက်အစီးတွေထဲမှာ လျှို့ဝှက် ဆန်းကြယ်မှုတွေ ရှိနေတယ်လို့ အတွင်းစည်း တပည့်တွေဆီက ကြားခဲ့ဖူးတယ်... အခွင့်အရေး နည်းနည်းသာရပြီး အတွင်းစည်း တံခါးကို ဝင်လိုက်တာနဲ့ အနာဂတ်တစ်ခုလုံး ပြောင်းလဲသွားလိမ့်မယ်!"
ရှောက်ဖုံး၏ မျက်လုံးများက မျှော်လင့်ချက်များ ပြည့်နှက်နေ၍ ပြုံးပြီးပြောလေ၏။
"ဒါဆို ဘာလို့ စိတ်အနှောင့်အယှက် အဖြစ်ခံကြမှာလဲ? စည်းလုံးပြီး အတူတူ လုပ်ကြရအောင်လေ မဟုတ်ဘူးလား"
ချိုရှန်းရ ဟစ်အော်ပြီး ဘာမှ ထပ်မပြောပါဘူး။
လုရွှမ်သည် ရှောက်ဖုံးကို လျစ်လျူရှုထားကာ တစ်ဖက်သား၏ စကား အဆုံးသတ်သွားတဲ့အထိ စောင့်မျှော်နေလိုက်သည်။ ထို့နောက် အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်ကာ။
"ငါယုံကြည်ရတဲ့ လူတွေနဲ့ ပေါင်းစည်းလိုက်တာက ဘာပြဿနာမှ မရှိဘူး... မင်းတို့ကတော့ မဖြစ်နိုင်ဘူး... ဒါ့ထက် တချို့အရာတွေက ရယ်မောရင်း ခွင့်လွှတ်နိုင်တယ် တချို့အရာတွေကိုတော့ လွှတ်ထားလိုက်လို့ မဖြစ်ဘူး!"
လုရွှမ် ထူထဲပြီး ဂုဏ်သိက္ခာရှိသော ရောင်ဝါများ ပွင့်ထွက်ကာ လက်တစ်ဖက်စီ၌ မီးတောက်များ တက်လာသည်။ မတူညီသော မီးတောက်နှစ်ခု ဖြစ်သည့် ဖီးနစ်နတ်မီးနှင့် စိတ်ဝိညာဥ်မီးတောက် တို့သည် တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်ကာ လူတိုင်း၏မျက်နှာများကို အရောင်အသွေးများဖြင့် တောက်ပစေသည်။
"သူတို့က ငါ့ညီအကို မောင်နှမတွေပဲ... သူတို့ကို အနိုင်ကျင့်နေတာက ငါ့ကို အနိုင်ကျင့်နေတာပဲ... ချိုရှန်း... ဟုတ်တယ်မလား? မင်း သူတို့ကို အနိုင်ကျင့်ခဲ့တဲ့အတွက် မင်းလုပ်ခဲ့တဲ့ အကြွေးတွေကို ငါတို့ ပြန်ယူမယ်... အစ်ကိုရှောက်ဖုံး မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ ဂရုမစိုက်ဘူး... မင်းတို့နှစ်ယောက် ပူးပေါင်းထားရင်တောင် ဘာဖြစ်လဲ? ငါတို့ရှစ်ယောက်ထဲမှာ တစ်ယောက်မှ ကြောက်တတ်တဲ့လူ မပါဘူး!"
"မှန်တယ်!"
လိရှောင်းကအရင် ကျယ်လောင်စွာ ထအော်လိုက်လေသည်။ ရှန်ယိရှောင်းဟဲလည်း ရယ်မောလိုက်ပြီး။
"ငါတို့အားလုံး သူတော်စင်တွေ ဖြစ်ခဲ့တုန်းက နတ်မီးနယ်ပယ်က အရှင်သခင်တွေနဲ့တောင် ပြိုင်ရဲခဲ့တာ...မင်းလောက်ကိုလည်း ကြောက်မနေဘူး!"
ရှောက်ဖုံးရဲ့ အမူအရာက ပြောင်းသွားပြီး ယခင်ကလို အေးစက်မှုမျိုး မရှိတော့။ ချိုရှန်းရဲ့ အုံ့မှိုင်းနေပြီဖြစ်သော ပါးပြင်များသည် ယခုအခိုက်အတန့်တွင် ပို၍ပင် အေးစက်နေပြီး လွတ်မြောက်ခြင်း မရှိစေလိုသော လူသတ်ချင်သည့် ရောင်ဝါလှိုင်းများက သူ့ပတ်ဝန်းကျင်တွင် တဝဲလည်လည် ရှိနေသည်။
ရှောက်ဖုံးက "ညီအစ်ကိုလုက နောက်ပြောင်နေပါပြီ... ဘာလို့ အကြောင်းပြချက်မရှိ ရန်ဖြစ်ချင်နေတာလဲ? သူငယ်ချင်း ဖွဲ့လိုက်တာ ပိုမကောင်းဘူးလား?"
"အခုအချိန်က အချိန်ကောင်း မဟုတ်ဘူးလို့ ထင်တယ်နော်... မင်းတို့ ရှစ်ယောက် ပြန်ဆုံတာ သိပ်မကြာသေးတော့ ပြောစရာတွေ အများကြီး ရှိနေမှာဆိုတော့ ငါအရင် ရှောင်နေပေးပါ့မယ်"
ရှောက်ဖုံးက ပြောပြီးသည်နှင့် လှည့်ထွက်ကာ တခဏချင်း အရှိန်ဖြင့် ထွက်သွားလေသည်။ ချိုရှန်းလှည့်ပြီး ထွက်ခါနီးတွင် လုရွှမ်သည် ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး သူ့လမ်းကြောင်းကို တားဆီးလိုက်ရာ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်မှာ ယိမ်းထိုးကာ ရပ်တန့်သွားလေသည်။
"သူထွက်သွားနိုင်ပေမယ့် မင်းတော့ မရဘူး!"
ချိုရှန်းက လှောင်ပြောင်၍ "လုရွှမ်... မင်းတို့ ရှစ်ယောက်လောက်လေးနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ် ထင်နေတာလား?"
လုရွှမ်က ခေါင်းခါပြီး။
"ငါမဟုတ်ဘူး... မင်း အခွင့်ကောင်းယူခဲ့တဲ့ သူတွေပဲ"
အောင့်ယွဲ့၊ ကျင်းဟုန်၊ အောင်ရှင်း၊ ထူဖူးနဲ့ လိရှောင်းတို့က ရှေ့ထွက်၍ မတ်တတ်ထလိုက်ကြသည်။ သူတို့ငါးယောက်သည် မျဉ်းဖြောင့်အတိုင်း ချိုရှန်း အရှေ့မှာ ရပ်လိုက်ပြီး ချိုရှန်းရဲ့ လမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။
"ဟာဟားဟား.... မင်းတို့ကို ဘယ်သူက ယုံကြည်မှုတွေ ပေးခဲ့တာလဲတော့ ငါမသိဘူး... မြေခွေးတွေက အရမ်းများနေရင်တောင် ဝံပုလွေတစ်ကောင်ကို မယှဉ်နိုင်ပါဘူးကွာ"
"မြေခွေးက ဘယ်သူလဲ? ဝံပုလွေက ဘယ်သူလဲ ဆိုတာ နင်ပြောစရာ မလိုပါဘူး"
အောင့်ယွဲ့ ခန္ဓာကိုယ်မှ ပြင်းထန်သော မီးရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။ ၎င်းရဲ့ ရောင်ဝါက အရာအားလုံးကို လောင်ကျွမ်းစေလုနီးပါး ဖြစ်နေသည်။
ချိုရှန်းရတော့ အေးစက်စွာ ဟစ်အော်လိုက်ပြီး လုရွှမ်ကို စိုက်ကြည့်နေဆဲပင်။ သူ့စိတ်က လုရွှမ်အပေါ်မှာ ရှိနေတုန်းပဲ ဖြစ်ကာ တခြားသူတွေနဲ့ အောင့်ယွဲ့က ပန်းအိုးတစ်လုံးသာ ဖြစ်သည်။
လိရှောင်းကလည်း ရယ်မောလိုက်ပြီး သူ့အငွေ့အသက်တွေ တဟုန်ထိုး တက်လာ၏။ ထက်မြက်တဲ့ ရွှေရောင် ရောင်ဝါက ကောင်းကင်သို့ ထိုးတက်လာသွားကာ မှော်လက်နက်တစ်ခု မွေးဖွားလာသလို မီးတောက်များနှင့်အတူ ရောယှက်သွားသည်။
ထို့နောက် အောင်ရှင်းထံမှ ရေစွမ်းအင်သည် အာကာသ တစ်ခုလုံးတွင် တိတ်ဆိတ်ငြိမ်သက်စွာ စီးဆင်းနေသလို အဖက်ဖက်မှာ ရေစီးသံများ ထွက်ပေါ်လာသည်။ စီးဆင်းနေသော ရေသည် နူးညံ့သိမ်မွေ့သော်လည်း ယခုအခါ လေးလံမှု အရိပ်အမြွက်မျိုးက ပြသလာသည်။
ချိုရှန်းရဲ့ မျက်ခုံးများ ရုတ်တရက် ပင့်သွားကာ မထိန်းနိုင်ဘဲ သေသေချာချာ ကြည့်နေမိသည်။ ရွေ့သွားကာ ပြန်ကြည့်ချင်သော်လည်း မထိန်းနိုင်တော့ပေ။ လုရွှမ်ကတော့ ရယ်လိုက်ပြီး မျက်ခုံးပင့်တင်လိုက်သည်။ ချိုရှန်းက ဟစ်အော်လေ၏။
"ကောင်းပြီလေ... မင်းတို့ဘာတွေ လုပ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"
ထက်မြက်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး တခဏအတွင်း ပျက်စီးနေသော ခန်းမကြီးတစ်ခုလုံးကို တောက်ပသွားစေသည်။ နွေဦးလေညင်းကဲ့သို့ ရောင်ဝါများက မြေပြင်ပေါ်မှ စိမ့်ထွက်လာကာ အလင်းနတ်သမီး စွမ်းအင်လိုင်းများကို ထုတ်လွှတ်လျက် ရှိသည်။
ချိုရှန်းမျက်ခွံများ အလိုအလျောက် လှုပ်ယမ်းသွားသည်။ မီး၊ ရွှေ၊ ရေ၊ သစ်သား၊ ဒါတွေက ဒြပ်စင်ငါးပါး မဟုတ်ဘူးလား။ ဒြပ်စင်ငါးပါးက ဝမ့်ကမ္ဘာတွေမှာ တစ်ခုချင်းဆို အစွမ်းမထက်သော်လည်း ပေါင်းစည်းလိုက်ရင်တော အလွန်အစွမ်းထက်မည်မှာ သေချာပါသည်။
လူငါးယောက်နဲ့ ဒြပ်စင်ငါးပါး။ အဲဒါက ပေါင်းစည်းပစ်လိုက်ဖို့ အဲ့သလောက်တောင် ရိုးရှင်းလား။
ချိုရှန်းတစ်ယောက် နှလုံးသားထဲမှ ထိတ်လန့်တကြား ခံစားချက်တွေ တဟုန်းဟုန်း ထလာလေသည်။ လုရွှမ်ကို သူ အာရုံမစိုက်နိုင်တော့ဘဲ နောက်ကို အမြန် ပြန်လှည့်ကြည့်ကာ ဒီလူငါးယောက် ဘာတွေလုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ ကြိုးစားချင်လာသည်။
မြေကြီးစွမ်းအင်က နောက်ဆုံး အငွေ့အသက် အဖြစ် တိတ်တဆိတ် တိုးထွက်လာသည်။ ချိုရှန်းသည် သူစိတ်ကူးထားသော လူငါးဦးကို မတွေ့ရတော့ဘဲ ထိုနေရာတွင် တစ်ဦးတည်းသာ ကျန်ခဲ့တော့သည်။