← Chapters

ဒြပ်စင်ငါးပါး ပြန်လည်ဆုံစည်းပြီ

Vol. 84 Ch. 4.779

ဒြပ်စင်ငါးပါး ပြန်လည်ဆုံစည်းပြီ

Vol. 84 Ch. 4.779

သူ့အနောက်မှာ အောင့်ယွဲ့ တစ်ဦးတည်းသာ ဖြစ်ပြီး ကျန်လေးဦးမှာ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

ချိုရှန်း၏ မျက်လုံးများသည် နေရာအနှံ့ကို လှည့်ပတ် ကြည့်လိုက်သော်လည်း လူလေးယောက်၏ ခြေရာလက်ရာတွေကို ဘယ်မှာမှ ရှာမရတော့ပေ။ သို့နှင့် သူကခေါင်းကို လှည့်၍ လုရွှမ်ကို စူးစူးစိုက်စိုက် ကြည့်ကာ အော်လိုက်သည်။

"မင်းဘာတွေ ပူးပေါင်းကြံစည်နေတာလဲ"

သူ့မျက်နှာအရောင်က အနည်းငယ် ပြောင်းသွားကာ တင်းမာလာသည်။ သူသည် ပတ်ဝန်းကျင်ကို စိတ်ဝိညာဥ်ဖြင့် ရှာဖွေ​ကြည့်သော်လည်း လူလေးယောက် ဘယ်ရောက်သွားမှန်း မသိလိုက်ချေ။ ထူးဆန်းတာက အဲဒီလူလေးယောက် ဘယ်ရောက်သွားတာလဲ ဆိုတာကို စဥ်းစားမရခြင်းပင်။

လုရွှမ် ပြုံးလိုက်သည်။ ဤလူ့ဆီက ထိတ်လန့်မှု အရိပ်အယောင်ကို ပထမဆုံးအကြိမ် မြင်လိုက်ရတာကြောင့် အနည်းငယ် ကျေနပ်သွားသယောင်ပင်။

သူလမ်းမှာရှိတုန်းက ဒီလူက အင်မတန် ယ မာနကြီး​နေခဲ့တာ မှတ်မိပညသေးသည်။ သူ ဒီနန်းတော်ကြီးထဲကို ၀င်လိုက်တဲ့အခါမှာလည်း သူ့ရဲ့ ပထမဆုံးစကားက သူတို့အဖွဲ့ကို အခွင့်ကောင်းယူဖို့ပါပဲ။ ရှောက်ဖုံးက ရှေ့မှာ ရပ်နေတာတောင် ဒီလူက ရှောက်ဖုံးကို မျက်စိထဲ မထည့်မှန်း လုရွှမ် ရှင်းရှင်းလင်းလင်း ခံစားမိသည်။

အခုနောက်ဆုံးတော့ သူကြောက်သွားပြီ။

လုရွှမ်သည် ဤအခိုက်အတန့်ကို သူကိုယ်တိုင် ပျော်ရွှင်နေကြောင်း ရုတ်တရက် သိလိုက်ရပြီး သူ့ရုပ်ပုံ​သည် တံခါးကို ပိတ်ဆို့ရန် နောက်သို့ ပျံ့သန်းသွားခဲ့သည်။

ချိုရှန်း လွတ်သွားမှာကို ကြောက်တာ မဟုတ်ပါဘူး။ သူက ရှောက်ဖုံးကို စောင့်ကြည့်ချင်နေရုံပဲ။ နောက်ဆုံးတော့ ချိုရှန်းရဲ့ မျက်လုံးတွေလည်း ပြောင်းသွားသည်။ သူက အောင့်ယွဲ့ကို စိုက်ကြည့်ရင်း။

"မင်း မင်းရဲ့ ရောင်ဝါက ဘာလို့ဒီလောက်တောင် ပြောင်းလဲသွားတာလဲ"

နောက်ဆုံးတော့ အောင့်ယွဲ့ရဲ့ အသွင်အပြင်ကို သူခံစားလိုက်ရပြီလေ။ အောင့်ယွဲ့ကတော့ သူမဓားကို ပေါ့ပေါ့ပါးပါးလေး ဝေ့ယမ်းလိုက်၏။ ၎င်းက စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားပဲ ဖြစ်သည်။

လုရွှမ်လည်း ထိတ်လန့်စွာ ပြန်လှည့်ကြည့်လိုက်သည်။ အောင့်ယွဲ့က ဒီလူယုတ်မာကို တားဆီးထားရမယ်လို့ ပြောတာကို ကြားပြီး လုရွှမ် အနည်းငယ် သံသယဝင်နေခဲ့သည်။

ချိုရှန်းပ အလွန်အစွမ်းထက်သည်။ သူကား နတ်မီးလုံးကို ထွန်းညှိထားသော်လည်း ကောင်းကင်ဘုံသခင် နယ်ပယ်၌ရှိစဉ်တွင်ပင် ရောင်ဝါက အလွန်နက်ရှိုင်းသည်။

လုရွှမ်သည် ဓားနတ်ဆိုး နတ်မီးလုံးကို ထွန်းလိုက်သောအခါ အနည်းဆုံး မိုင်ငါးသန်းအထိ တောက်လောင်သွားတာကို ခံစားလိုက်ရသည်။

အောင့်ယွဲ့နှင့် တခြားသူများမှာ ဆန်းကြယ်ကောင်းကင်အိမ်တော်တွင် အထောက်အပံ့ လုံးဝ မရှိခဲ့ပေ။ ယခု ၎င်းတို့အနက်မှ အောင့်ယွဲ့ တစ်ယောက်တည်းသာ နတ်မီးနယ်ပယ်ကို အောင်မြင်ခဲ့ပြီး တခြားသူများမှာ ၎င်းတို့၏ အရင်းအမြစ်များကို လျှော့ချထားခဲ့ကြသည်။

ဒါတောင်မှ နေရာတစ်ခုကို သိမ်းပိုက်ပြီး တခြားဂိုဏ်းငယ်တွေရဲ့ အနိုင်ကျင့်ခြင်းကို မခံရအောင်လို့ အောင့်ယွဲ့ လိုအပ်တာက ကျင့်ကြံမှုကို အမြန်ဆုံး ဖြတ်ကျော်ဖို့ပါပဲ။ သူအ စုဆောင်းထားတဲ့ အခြေခံအုတ်မြစ်ဟာ တခြားသူတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မလဲ။

အောင့်ယွဲ့ မပြောသော်လည်း လုရွှမ်သည် သူမရဲ့ နတ်မီးက မိုင်၃သောင်းသာ တောက်ပနေနိုင်တာကို ရှင်းရှင်းလင်းလင်း ခံစားရသည်။ ဒါဟာ ပါရမီရှင်လို့ ခေါ်နိုင်ပေမယ့် အောင့်ယွဲ့ အတွက်က နည်းနည်းတော့ နိမ့်လေသည်။

နတ်မီးနယ်ပယ်တွင် နတ်မီးလုံး အနည်းငယ်ကို ထွန်းညှိပေးခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး၏ စွမ်းရည်အစစ်အမှန်ကို အကဲဖြတ်နိုင်မည် မဟုတ်ပေ။ သို့သော် ရှေ့သို့ တောက်လောင်နေသော နတ်မီးသည် နောက်ဆက်တွဲ ကျင့်​ကြံမှုအပေါ် ကြီးမားသော သက်ရောက်မှုရှိပြီး ၎င်းသည် ခွန်အားများ တိုးမြင့်လာမှုအပေါ် ကြီးမားသော သက်ရောက်မှုလည်း ရှိလိမ့်မည်။

ဘယ်လိုပဲဖြစ်ဖြစ် အောင့်ယွဲ့သည် နတ်မီးနယ်ပယ်က ချိုရှန်းနှင့် မယှဉ်နိုင်တော့ပေ။ ဒါကို အောင့်ယွဲ့ သိသလို ချိုရှန်းလည်း သိလေသည်။ ဒီအချက်ကပဲ သူ့ကို မာနကြီးသွားစေသည်။ ၎င်းသည် တခြား ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလက လူ၄ယောက် ပေါင်းလျှင်ပင် သူ့ကို မယှဥ်နိုင်ပေ။

ဒါပေမဲ့ ဒီအချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားပြီ။ အောင့်ယွဲ့တို့ အဖွဲ့ဝင်ငါးဦး အောင်မြင်စွာ ပေါင်းစပ်ခဲ့သည်။ အရင်တုန်းကတော့ ယင်းယန် သဟဇာတဖြစ်မှုကို လိုအပ်နေတုန်းပါပဲ။ လုရွှမ် အနည်းငယ် စိတ်ရှုပ်ထွေးနေပေမယ့် သူ့မျှော်လင့်ချက်ထက် ပိုလို့တောင် ကျော်သွားသေးသည်။

ဤဓားသည် လုရွှမ်ကို ပို၍ စိတ်လှုပ်ရှားစေသည်။ အောင့်ယွဲ့မှာ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို အမှန်တကယ် အသုံးပြုခဲ့သည်။

၎င်းတို့၏ အရည်အချင်းများကြောင့် ဒြပ်စင်ငါးပါး ပေါင်းစည်းမှုကို မတားဆီးနိုင်ရန် အတွက် အောင့်ယွဲ့သည် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို မလေ့လာခဲ့ပေ။ ဆိုလိုသည်မှာ သူမသည် လိရှောင်းရဲ့ ဓားသိုင်းကို သုံးနေခြင်းသာ ဖြစ်ပေသည်။

အခု ဒြပ်စင်ငါးပါးနဲ့ သူတို့သင်ယူခဲ့သော သိုင်းကျမ်းတွေကို ထိန်းချုပ်နိုင်နေတာလား။ အဲဒီလူငါးယောက်ရဲ့ စွမ်းရည်တွေက သူထင်ထားတာထက် အများကြီး ပိုအားကောင်းနေတယ် ဆိုတာ သိသာပါတယ်။

လုရွှမ် ချိုရှန်းကို ငုံ့ကြည့်ရင်း သေတော့မယ် ဆိုတဲ့ မျက်နှာပေမျိုး လုပ်ပြလိုက်သည်။

ချိုရှန်းရဲ့ အမူအရာလည်း သိသိသာသာပြောင်းလဲသွားသည်။ ဓားသိုင်းကို သုံးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဆန့်ကျင်ဘက်က အောင့်ယွဲ့သည် သူသိခဲ့သောလူနှင့် လုံးဝမတူကြောင်း ရောင်ဝါကနေ တစ်ဆင့် သူ့ကိုခံစားရစေခဲ့သည်။ အလားတူပင် သူအသုံးပြုသော ဓားသည် သူ့ထင်ထားတဲ့ ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့ပြီ။

တစ်ဖက်မှာတော့ အောင့်ယွဲ့သည် နတ်မီးလုံးကို ထွန်းညှိထားသည့် ကျင့်ကြံသူ ဖြစ်ဆဲဖြစ်သော်လည်း ယခုလို ရက်စက် ကြမ်းကြုတ်သော ရောင်ဝါနှင့် ယွမ်စွမ်းအင်တို့ကို ပေါင်းစပ်ထားသောကြောင့် သာမန်နတ်မီး၂လုံး သို့မဟုတ် ၃လုံးပင် သူမရှေ့တွင် အစွမ်းထက်မည် မဟုတ်ပေ။

ပိုကြောက်စရာ ကောင်းတာက အောင့်ယွဲ့ဆီက ထွက်လာတဲ့ ဝိညာဉ်စွမ်းအား အတက်အကျကို ခံစားရတာပါပဲ။

ဘယ်လိုလုပ် ဖြစ်ရတာလဲ!

လူတစ်ဦးရဲ့ စိတ်ဝိညာဉ် စွမ်းအားက ဘယ်လိုလုပ် ဒီလောက် တန်ခိုးကြီးနိုင်မှာလဲ။ ဒြပ်စင်ငါးပါးက အပြစ်အနာအဆာ မရှိအောင် ပြီးပြည့်စုံနေလို့လား။

အောင့်ယွဲ့ တစ်​​ယောက်​တည်းပါလို့ ပြောနေ​ပေမယ့်​ ​ရောင်​ဝါကို ခံစားလိုက်​ရုံနဲ့ သူ့ရင်​ထဲမှာ ​ကြောက်​တဲ့စိတ်​​တွေ ရှိ​နေတာကို သိလိုက်သည်။ သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုများ ရှိနေပြီဖြစ်သော ချိုရှန်းသည် ရန်သူကိုတော့ ထိပ်တိုက်ရင်ဆိုင်ဝံ့ဆဲပင်။

သူ့ဓားရှည်ဖြင့် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို ခုတ်ထစ်လိုက်ရာ ကျယ်လောင်သော အသံကြီး ထွက်လာကာ သူ့ဓားရှည်သည် လွင့်ထွက်သွားပြီး ခုခံနိုင်စွမ်း လုံးဝ မရှိ​တော့ပေ။

ချိုရှန်း နောက်ပြန်လှည့်ကာ လုရွှမ်ဆီသို့ ပြေးဝင်သွားခဲ့သည်။

“ထွက်သွားစမ်း!”

သူက အော်လိုက်ပြီး အပြာရောင်နှင့် အေးစက်သော အလင်းတန်းများကို လုရွှမ်ဆီသို့ ပစ်ခတ်လိုက်ပေသည်။ စွမ်းအင်များက အနီးနား ပတ်ဝန်းကျင်ကို မသိမသာ မျိုသိပ်ထားသလို ပြင်းထန်လာသည်။

လုရွှမ် ညင်သာစွာ ခုန်လိုက်ကာ သူ့တစ်ကိုယ်လုံး တောက်ပသွားသည်။ ကောင်းကင်မီး အလင်းမှုန်များ၊ ယွမ်ယန်စွမ်းအင်များ ထိုးထွက်လာကာ ယန်စွမ်းအင် ရောင်ဝါသည်လည်း ပြင်းထန်စွာ ထွက်ပေါ်လာသည်။

ထိုစဥ် ချိုရှန်း၏ အပြာရောင်ဖျော့ဖျော့ အလင်းတန်းသည် သဲလွန်စမရှိဘဲ ချက်ချင်း ကွယ်ပျောက်သွား၏။ ၎င်းက ပြင်းထန်သော မီးဖိုထဲသို့ ပစ်ထည့်ခံလိုက်ရသော ရေခဲတုံးလေးလိုပင်။ လှိုင်းလုံး အနည်းငယ်ပင် မကျန်ရစ်ခဲ့ပေ။

"သေချင်နေပြီပဲ!"

အောင့်ယွဲ့ ဆိုရင်း သူမခန္ဓာကိုယ်က မှိန်ဖျော့ဖျော့ အလင်းလေးဖြင့် ဖျတ်ခနဲ ပြေးထွက်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို ချိုရှန်းရှေ့မှာ ပေါ်လာပြီး လုရွှမ်ရှေ့မှာ ပိတ်ဆို့ထားလိုက်သည်။

သူ အခု အပြင်းအထန် မတိုက်ခိုက်ရင် ဒီမှာ တကယ်ပဲ အသက်ဆုံးရှုံး ရတော့မယ်ဆိုတာ ချိုရှန်း မသိဘဲ နေပါ့မလား။ သူသည် ဓားရှည်ကို ညာလက်ဖြင့် ဝှေ့ယမ်းပြီး ဘယ်လက်က ဝိညာဥ်ချိတ်လက်ချောင်းကို အသင့်ပြင်ထား၏။ အောင့်ယွဲ့ ဤနေရာကို အပြေးအလွှား ရောက်လာမယ်လို့ သူတွက်ဆထားပြီးသားမို့ နှုတ်ခမ်းပေါ်မှာ ရက်စက်သော အပြုံးဖြင့် နောက်တချက် လှုပ်ရှားလိုက်သည်။

အောင့်ယွဲ့ မဲ့ပြုံးလေး ပြုံးလိုက်သည်။

"အသက်ရှင်မလား သေမလား မသိတဲ့ကောင်ကများ!"

သူမလက်ဖဝါးကို ပွတ်ဆွဲလိုက်ရုံဖြင့် ဆွဲဆောင်မှုရှိသော ချိုရှန်းရဲ့ ဝိညာဥ်ချိတ်လက်ကို ပိတ်ဆို့ထားမည့် ရောင်စုံအလင်းတန်း တစ်ခုက သူမရှေ့တွင် ပေါ်လာခဲ့သည်။

"ဝိညာဥ်ချိတ်လက်ချောင်း!"

ချိုရှန်း မယုံနိုင်သည့် အမူအရာအပြည့်နဲ့ သူ့အသံကို ထပ်ပြီး ဟောက်လိုက်သည်။

အဲဒါကဘာလဲ?။ အဲဒါက ရုပ်ခန္ဓာနဲ့ နတ်ဝိညာဉ်ကို ကာကွယ်ပေးတဲ့ နံပါတ်တစ် နတ်ဝိညာဉ်ဒိုင်းလွှာပဲ ဖြစ်သည်။ ရုပ်ခန္ဓာသည် မသေနိုင်၊ ဝိညာဉ်သည်လည်း မသေနိုင်လျှင် နတ်ဝိညာဉ်ဒိုင်းက လုံးဝ မပြိုကွဲနိုင်ပေ။

သို့သော် ကောင်းကင်ဘုံသခင် နယ်ပယ်မှ ကောင်လေး လုရွှမ်သည် နတ်ဝိညာဥ်ဒိုင်းလွှာကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းမှာ မတော်တဆ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အောင့်ယွဲ့က မဖြစ်နိုင်ပေ။ သူ့မျက်လုံးထဲတွင် အောင့်ယွဲ့က သူ့မျက်နှာကို ပြသချင်နေသည့် ပန်းအိုးအဖြစ်သာ ရှိခဲ့သည်။ သို့သော် သူမက နတ်ဝိညာဥ်ဒိုင်းလွှာကို တကယ် သုံးခဲ့လေပြီ။

ထို့အပြင် အရောင်ငါးမျိုးနှင့် ဒြပ်စင်ငါးခု၏ စီးဆင်းမှုကို ကြည့်လျှင် မှော်စွမ်းအားအရ ၎င်းသည် လုရွှမ် အသုံးပြုခဲ့သော နတ်ဝိညာဉ်ဒိုင်းထက် သာလွန်ကြောင်း ထင်ရှား​ပေသည်။ ချိုရှန်းမှာ သူ့တန်ဖိုးများ တခဏချင်း ပြိုလဲတော့မည်ကို ခံစားလိုက်ရသည်။

အောင့်ယွဲ့သည် ချိုရှန်းဂဲ့ဓားကို လျစ်လျူရှုလိုက်ပြီး နတ်ဝိညာဉ်ဒိုင်း နောက်တစ်ခု ချက်ချင်း ထွက်လာ​စေသည်။ ရှည်လျားသော ဓားရှည်က သူမလက်ချောင်းများ ကြားမှ ပေါက်ထွက်ကာ လျှပ်စီးကြောင်းများနှင့်အတူ ချိုရှန်းရဲ့ နတ်မီးလုံးပေါ်သို့ သူမ တိုက်ရိုက် ပစ်ထည့်လိုက်လေ၏။

"အား...."

ချိုရှန်း စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ့မျက်ခုံးတွေကို ပွတ်ကာ မြေပြင်ပေါ် လူးလိမ့်သွားတော့သည်။ သူ့အသက်ရှုသံက လျင်မြန်စွာ ဖောရောင်နေကာ သူ့နယ်ပယ်က တခဏချင်း ယိမ်းယိုင်လာသည်။

အောင့်ယွဲ့ရဲ့ ပြင်းထန်သော ဝိညာဉ်စွမ်းအားကြောင့် သူ့နတ်မီးလုံး မီးငြိမ်းသွားခဲ့ပြီ။

"မင်း.... မင်း ငါ့ရဲ့ နတ်မီးလုံးကို ဖျက်စီးပစ်တယ်!! မင်းအသက်နဲ့ ​ပြန်ပေးဆပ်ရမယ်!"

All Chapters