လက်စားချေခြင်း
Vol. 84 Ch. 4.780
ချိုရှန်း အော်ဟစ်လိုက်ပြီး သူ့မျက်လုံးတွေကတော့ ဒီအချိန်မှာ သွေးတွေ ထွက်နေပါပြီ။ အကြည့်တွေက အနက်ရောင် တိမ်တိုက်တွေလို အုံ့မှိုင်းနေကာ အခုတော့ ပိုတောင် အေးစက်လာပြီး နာကြည်းမှုတွေ၊ မုန်းတီးမှုတွေ အပြည့်နဲ့။
သူက ဓားရှည်ကို လက်နှစ်ဘက်လုံးတွင် ကိုင်ထား၏။ ထို့နောက် ဓားရှည်ကို ပုဆိန်ကြီးအဖြစ် အသုံးပြုကာ အောင့်ယွဲ့ခေါင်းကို ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်။
"ကိုယ့်နေရာကို မသိတဲ့ကောင်!"
အောင့်ယွဲ့ ဟစ်အော်လိုက်ပြီး သူမလက်ကောက်ဝတ်ကို ပွတ်ဆွဲလိုက်ရာ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားသည် ဓားကိုးချောင်းကို တခဏချင်း ဆက်တိုက် ပေါ်ထွက်လာသည်။ ဓားရှည်များ ထုတ်လိုက်သည်နှင့် ရှည်လျားပြီး အရောင်တောက်နေသော လှောင်အိမ်တစ်ခု ထွက်လာသည်။
အောင့်ယွဲ့ ဆက်လက် လှုပ်ရှားနေသည်။ နဂါးလှောင်အိမ်တုတ်သိုင်း၊ မီးတောက်အရူးဓားသွား ၊ နဂါးလေပြင်းလှံသိုင်း၊ ကျိုးပဲ့နတ်ဘုရားကြာပွတ် စသော ဒြပ်စင်ငါးပါးရဲ့ သိုင်းကွက်များကို ဆက်တိုက်ဆိုသလို ထုတ်သုံးလိုက်သည်။ ထိုအခါ လှောင်အိမ်သည် တဖြည်းဖြည်း ခိုင်မာလာပြီး အရောင်ငါးမျိုး စီးဆင်းလာနေသည့် လှောင်အိမ် အဖြစ်သို့ ပြောင်းလဲသွားသည်။
၎င်းထဲမှာ စုပ်ယူနိုင်သည့် စွမ်းအားတစ်ခု ထွက်လာကာ ချိုရှန်းအား စုပ်ယူ လှောင်ပိတ်ထားလိုက်သည်။ တစ်ဖက်လူသည် စူးစူးဝါးဝါး အော်ဟစ်ဟောက်ကာ လှောင်အိမ်၏ အလင်းရောင်နှင့် အရိပ်တို့ကြား ပျောက်ကွယ်သွားလေသည်။
"ငါ"
ဧရာမခန်းမ၏ အပြင်ဘက်၌ ရုတ်တရက် အံ့အားသင့်သွားသော အသံတစ်သံ ထွက်ပေါ်လာကာ ၎င်းမှာ ရှောက်ဖုံးပဲ ဖြစ်သည်။ ထို့နောက် ကျယ်လောင်စွာ ရယ်မောပြီး လက်ခုပ်တီးလိုက်သည်။
"မင်းတို့နှစ်ယောက်က တကယ့်ကို အရည်အချင်းရှိတဲ့ ယောက်ျားကောင်းနဲ့ မိန်းမချောလေးပဲ... နောင်တချိန်မှာ အတူတူ ကြီးပြင်းလာဖို့ ဂုဏ်ပြုပေးချင်ပါတယ် နှစ်ယောက်သား အတွက် ဆုမွန်ကောင်း တောင်းပေးပါတယ်နော်.... ငါ့မှာ လုပ်စရာတွေ ရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်"
သူသည် တတ်နိုင်သမျှ မြန်မြန် ပြေးထွက်သွားပြီး ရံဖန်ရံခါ ပြန်လှည့်ကြည့်ကာ လုရွှမ်တို့နှစ်ယောက် သူ့ကို လိုက်မဖမ်းပါစေနဲ့ဟု ဆုတောင်းနေမိသည်။
အဝေးကို ပျံသန်းပြီးတဲ့ နောက်မှာ ဘယ်သူမှ လိုက်မမီလာတာကို တွေ့လိုက်ရတော့မှသာ အရှိန်လျှော့လိုက်လေသည်။
"ဒါက ဘယ်လို အရည်အချင်းမျိုးလဲဟ... ကြောက်စရာကောင်းလွန်းတယ်!"
"နတ်သမီးအောင့်ယွဲ့... မင်း ဘယ်လို တားမြစ်ထားတဲ့ လှုပ်ရှားမှုမျိုးကိုများ သုံးခဲ့တာလဲ? အရမ်းကို ပြင်းထန်လွန်းတယ်!"
"ဟူး... ငါတို့က သူငယ်ချင်း ဖြစ်မလာပေမယ့် အနည်းဆုံးတော့ ရန်သူတွေ မဖြစ်လိုက်ဘူး..."
တစ်ဖက်မှာတော့ လုရွှမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် လှောင်အိမ်ကို အမှန်တကယ် မြင်လိုက်ရပြန်သည်။ အောင့်ယွဲ့ ရုတ်တရက် ချောင်းဆိုးလာပြီး ခန္ဓာကိုယ် လှုပ်ယမ်းလိုက်ရာ လူငါးဦးလုံး လုရွှမ်ရှေ့တွင် ပြန်ပေါ်လာကြသည်။
အားလုံးက ကြောက်လန့်နေပေမယ့် မယုံနိုင်တဲ့ မျက်နှာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြလေသည်။
သူတို့အရင်က သူတို့ရဲ့ ကြီးကျယ်ခမ်းနားမှုကို တကယ်ပဲ အောင်မြင်ခဲ့တာလား။ ချိုရှန်းက အပြင်စည်းတပည့်တွေထဲက ထိပ်တန်း တပည့် ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး တကယ်တော့ သူက သူတို့ရဲ့ပြိုင်ဘက်တောင် မဟုတ်နိုင်ပါဘူး။
သို့သော် ဓားသိုင်းသည် အမှန်တကယ် ပြင်းထန်လွန်းသဖြင့် ၎င်းသည် သူတို့ရဲ့ အစွမ်းအစပဲ ဖြစ်ကြောင်း မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေသည်။
"အောင့်ယွဲ့... အစောတုန်းက သိုင်းကွက်တွေကို ပေါင်းစည်းဖို့ ဘယ်လိုလုပ် စိတ်ကူးရသွားတာလဲ?"
လိရှောင်း အလန့်တကြားနဲ့ အော်လိုက်သည်။ သူရဲ့ ခွန်အားက အားလုံးထဲမှာ အောက်ခြေမှာသာ အမြဲရှိနေ၏။ သူ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့် သူဟာ စကားအလွန်အကျွံ ပြောတတ်ပြီး ဒုက္ခရောက်အောင်သာ လုပ်လေ့ရှိသည်။
ထိပ်တန်းပါရမီရှင် တစ်ဦးဖြစ်ပြီး ကြယ်များကြားတွင် ကြည်ညိုဖွယ်ကောင်းသော အရာဆိုတာ သူ့ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲတွင်သာ ဖြစ်သည်။ ဆန်းကြယ်ကောင်းကင်အိမ်တော်သို့ ဝင်ရောက်လာသောအခါ လူတိုင်း၏ မုန်းတီးခြင်းကို ခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ယခုမူကား နောက်ဆုံးတွင် သူသည် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေနိုင်ခဲ့တာကြောင့် စိတ်လှုပ်ရှားနေဆဲပင်။
သူက ကျေးဇူးတင်စွာဖြင့် လုရွှမ်အား ခေါင်းညိတ်ပြလိုက်သည်။ လုရွှမ်ကြောင့်သာ မဟုတ်ခဲ့လျှင် သူသည် ယခုအချိန်တွင် ဆက်လက် နှိမ့်ချခံနေရပေလိမ့်မည်။ အနာဂတ်မှာလည်း တခြား လူတွေထက် တဖြည်းဖြည်း နစ်မြုပ်လာလိမ့်မယ်။
အောင့်ယွဲ့၏ အမူအရာသည် နောက်ဆုံးတွင် ပျော့ပြောင်းလာခဲ့သည်။
“မသိဘူး အဲဒီတုန်းက ဒီလူယုတ်မာကို ထိန်းထားချင်တဲ့ ဒေါသကြောင့်လို့ မမျှော်လင့်ထားဘဲ မီးဒြပ်စင်ပုတီးစေ့က အလိုလို ခုန်တက်လာပြီး မီးရောင်ဝါကို နိုးကြားလာစေခဲ့တာ... ပြီးတော့ နင်တို့ရဲ့ ရောင်ဝါကိုလည်း ခံစားလိုက်ရတယ်... အရာအားလုံးက နေရာတကျ ဖြစ်သွားသလို ခံစားရတယ်”
အောင်ရှင်းက "အစ်မအောင့်ယွဲ့ ပြောတာ မှန်တယ်... ဒါက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ခံစားချက်ပဲ... အဲဒီအချိန်မှာ ငါက အစ်မအောင့်ယွဲ့နဲ့ လူတိုင်းဆီကို ရေဓာတ်တွေ မှုတ်သွင်းခဲ့တာပါ"
ကျင်းဟုန် ခေါင်းညိတ်ပြသလို သားသတ်သမား ထူဖူးကလည်း ခေါင်းညိတ်လိုက်လေသည်။ သူတို့အားလုံး တူညီတဲ့ ခံစားချက်မျိုး ရရှိခဲ့ကြသည်။
"ဟာဟား ဘာအကြောင်းကြောင့်လဲ ဆိုတာ ငါဂရုမစိုက်ပါဘူး ဒါပေမဲ့ ဒါက အရမ်းကို အစွမ်းထက်တယ် အနာဂတ်မှာ ဘယ်သူက ငါတို့ကို ထည့်သွင်း မစဉ်းစားရဲဦးမလဲ ကြည့်လိုက်ရအောင်"
လိရှောင်း အော်ပြောလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ပြင်းပြင်းထန်ထန် အသက်ရှုကြပ်လာသည်။ အားလုံးက စိတ်လှုပ်ရှားစွာနဲ့ အချိန်အကြာကြီး စကားစမြည် ပြောကြပြီး နောက်ဆုံးတွင် ခေါင်းစဉ်ပြောင်းကာ လုရွှမ်ကို ကြည့်လိုက်ကြသည်။
"ဒါပေမဲ့ အဲဒီလှောင်အိမ်က...?"
လုရွှမ် မျက်မှောင်ကြုတ်လိုက်ပြီး။
"ဒြပ်ငါးပါးလှောင်အိမ်ကြီးကို ငါဖျက်ဆီးပြီးသွားပြီ... ဒါပေမဲ့ အခု ငါ့မှာဖျက်စီးနိုင်စွမ်း တကယ် မရှိတော့ဘူး ဆိုတာကို ချက်ချင်း သိလိုက်ရတယ်.... တကယ်လို့ ရှိမယ်ဆိုရင် ဒြပ်စင်ငါးခုနဲ့ လှောင်အိမ် မဟုတ်လောက်တော့ဘူး အဲဒါက လှောင်အိမ်အသစ် တစ်ခု ရှိနေတာ ဖြစ်မယ်"
အောင့်ယွဲ့က နားလည်မှုအရှိဆုံးသူ ဖြစ်သည်။ သူမ အမူအရာက ချက်ချင်း ပြောင်းသွား၏။
"ဒါဆို လှောင်အိမ်က တစ်ခုထက်မက ရှိနေတာလား?"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် အခြားလူများ တုန်လှုပ်ချောက်ချား သွားကြသည်။ လှောင်အိမ်အကြောင်း လုရွှမ် ပြောတာကို သူတို့ကြားထားပြီးသားပင်။
မသေနိုင်သော နဂါးလှောင့ကြီးထဲတွင် အကျဉ်းချခံနေရပြီး ထာဝရ မလွတ်မြောက်နိုင်ဘူးဟု စိတ်ကူးကြည့်လျှင် နှစ်တွေညကြာလာတာနဲ့အမျှ သူတို့ရဲ့ ကျင့်ကြံမှုတွေဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာပါလိမ့်မည်။ အချိန်သည် ရပ်တန့်နေပုံရသော်လည်း ကျင့်ကြံမှု မရှိသောအခါ သေဆုံးခြင်းသာ ရှိတော့သည်။
"ဒါဆို လှောင်အိမ်က ဘယ်မှာလဲ? ဒီသန့်ရှင်းတဲ့ အပျက်အစီးနယ်မြေထဲမှာပါ ရှိနေတာလား?"
"ဘယ်သူသိမှာလဲ? အဲဒါက ဒီမှာရှိချင်ရှိမယ် ဒါမှမဟုတ် တခြားနေရာတွေမှာလည်း ရှိကောင်းရှိနိုင်တယ်"
"ဒါမှမဟုတ် တကယ်တမ်းတော့ ကမ္ဘာငယ်လေးတိုင်းမှာ ဒီလိုလှောင်အိမ်တွေ ရှိနေနိုင်တယ်"
လုရွှမ် သူ့စကားမဆုံးခင်မှာပဲ လူတိုင်းရဲ့အမူအရာတွေ ပြောင်းလဲသွားခဲ့တာကို တွေ့လိုက်ရသည်။ အထူးသဖြင့် စိတ်လှုပ်ရှားစရာကောင်းပြီး ထိန်းချုပ်လို့ မရနိုင်တဲ့ အထိတ်တလန့် အရိပ်အယောင်တွေက ဖုံးကွယ်ထားလို့ မရရာ လူတိုင်း တိတ်ဆိတ်သွားခဲ့သည်။
ခဏအကြာတွင် လိရှောင်းက ချောင်းဆိုးလိုက်ပြီး။
"ဟုတ်ပြီ... သနားစရာ ချိုရှန်းပေါ့!"
အားလုံးက တခဏတာလောက် ဆွံ့အသွားကြပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်ကြလေသည်။
“ကောင်းပြီ ဒါတွေက ငါတို့ စဉ်းစားရမယ့် အရာတွေ မဟုတ်ဘူး အနည်းဆုံးတော့ အခု မဟုတ်ဘူး... အခု လိုအပ်နေတာက ငါတို့ရဲ့ ကျင့်ကြံမှုတွေကို တိုးတက်လာအောင် ကြိုးစားဖို့နဲ့ အခွင့်အလမ်းတွေကို ရှာဖွေပြီး အတိတ်က ဆုံးရှုံးမှုတွေကို ဖြည့်ဆည်းဖို့ပဲ”
လူတိုင်းက အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်ကြသည်။ ဒီအောင်ပွဲက အောင်ပွဲခံလို့ ရခဲ့ပေမယ့် ကိုယ့်အားနည်းချက်ကိုလည်း ပိုရှင်းရှင်းလင်းလင်း မြင်လာခဲ့ကြသည်။
"အားလုံးပဲ ဒီမှာ ရတနာတွေရှိလား ရှာကြည့်ရအောင်"
လိရှောင်း သူ့စိတ်ထဲမှာ မပျော်မရွှင် ဖြစ်နေသေးပေမယ့် လှမ်းအော်လိုက်ပါ၏။ ဒါဟာသူ့အတွက် ကြီးမားတဲ့ အခွင့်အလမ်း ဖြစ်သင့်တယ်လို့ ထင်ရပေမယ့် ရတနာကို ဘုန်းကြီးတစ်ပါးအား ပေးလိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ပါဘူး။
ထိုအခိုက် အပြင်မှာ လေတွေ တဟုန်းဟုန်း တိုက်ခတ်လာခဲ့သည်။ လုရွှမ် ကောင်းကင်ကို မော့ကြည့်လိုက်ရာ တစ်ချိန်က ကြယ်ရောင်များဖြင့် ပြည့်နေသော ကောင်းကင်ကြီးလို မျက်နှာကျက်သည် ယခုတော့ စတင် ကွဲအက်နေပြီ။
"အိုး... ဒီကျောက်နန်းတော်ကြီး ပြိုကျတော့မယ်.... ငါတို့ ဒီမှာ ရန်ပွဲကြီးကြီး ချလိုက်တော့ သူ့ခံနိုင်ရည်အားကို သွားထိမိသွားတာ... မြန်မြန်ထွက်ကြရအောင်"
လုရွှမ် စကားပြောနေစဉ် မျက်နှာကျက်ပေါ်ရှိ အက်ကွဲကြောင်းများ ပြိုကျသွားသည်။ ၎င်းမှာ ကောင်းကင်ကြီး ပြိုလဲသွားသလိုပဲ အရှိန်ကလည်း အလွန်မြန်လှသည်။
ထိုသဏ္ဌာန် ထိုအရှိန်အဟုန်သည် လူတိုင်းရဲ နှလုံးသားထဲသို့ ဖိမိသွားကာ မျက်နှာကျက် အပိုင်းအစ လှိုင်းလုံးကြီးများသည် သဲသဲမဲမဲ ရိုက်ခတ်လာသော ပင်လယ်လှိုင်းလုံးကြီးများလို ခြေဖဝါးအောက်တွင် လှုပ်ခတ်သွား၏။
လူတိုင်း၏ မျက်လုံးများသည် တစ်ခဏအတွင်း ရှေးခေတ်ကို ဖြတ်ကျော်သွားခဲ့သော အချိန်ကာလကို နားမလည်နိုင်စွာ မြင်လိုက်ရသလို ကောင်းကင် လိပ်တစ်ကောင် ပြိုကျလာခဲ့သလို အရှိန်အဝါကိုလည်း ခံစားလိုက်ရသည်။
အခု မျက်နှာကျက် ပြိုကျလာတဲ့ ပြင်းထန်မှုက ကောင်းကင်ကြီး အက်ကွဲသွားတာနဲ့ အတိအကျ တူနေလေသည်။
ဝုန်း!
အစိတ်စိတ် အမြွှာမြွှာ ပြိုကျလာတဲ့အခိုက် လူတိုင်း ခန်းမထဲက အပြေးအလွှား ထွက်လာခဲ့ကြသည်။ အပြင်ရောက်မှသာ ခန်းမကြီး ပြိုကျပျက်စီးပြီး အပျက်အစီးတွေ၊ ဖုန်မှုန့်တွေ၊ မီးခိုးတွေက တိမ်တွေအဖြစ် ပြောင်းလဲသွားတာကို ကြည့်နေခဲ့ကြ၏။
"သူ့ရဲ့တာဝန်ပြီးသွားပြီ ဆိုတော့ ဒီနန်းတော်ကြီးကလည်း လုံးဝ ပျောက်ကွယ်သွားပြီ"