သွေးဆောင်ခြင်း
Vol. 85 Ch. 4.781
"မဟုတ်ဘူး သစ်သားထွင်းရုပ် ၃ ခုရှိသေးတယ်.... အဲဒီသစ်သားရုပ်တု သုံးခုကို ရှာတွေ့နိုင်ရင် ငါတို့ ရှေးခေတ်ကို ပြန်သွားနိုင်သေးတယ်"
လုရွှမ် ပြောပြီးတဲ့ နောက်မှာတော့ သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားလေသည်။
"တကယ် ထပ်မကြိုးစားချင်တော့ဘူး!"
ထိုစကားဆုံးတော့ လူတိုင်း တစ်ပြိုင်တည်း ရယ်မောလိုက်ကြသည်။
"ဟေ့... ပြောလို့မရဘူး ငါတို့ မှော်အတတ်ပညာ တစ်ခုခုကို ရှာတွေ့နိုင်လောက်တယ် မဟုတ်ဘူးလား... ဟေး ငါ့ကို စောင့်ပါဦးဟ ငါတကယ် ပြောနေတာ..."
လိရှောင်း လှမ်းအော်လိုက်ပြီး သူတို့ နောက်ကို အမြန်လိုက်သွားတော့သည်။ သို့နှင့် လူတစ်စု ထိုနေရာမှ ထွက်ခွာလာခဲ့ကြသည်။ ကျိုးပဲ့နေသော ကျောက်တုံးများနှင့် အပျက်အစီးများသည် မြေကြီးထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားပြီး နန်းတော်ကြီး ရှိခဲ့ကြောင့် ဘယ်သူမှ မသိနိုင်တော့တဲ့အထိ ပျောက်ကွယ်သွားလေသည်။
"ဆန်းကြယ်ကောင်းကင်အိမ်တော်က ဂိုဏ်းတစ်ဂိုဏ်း ဒါမှမဟုတ် တောင်တံခါးနဲ့တူတယ် ဒါပေမဲ့ လက်ခံတဲ့ တပည့်တွေရဲ့ အရည်အချင်းသတ်မှတ်ချက်တွေက ပိုမြင့်တယ်"
နေဝင်ရီတရောအချိန် နှစ်တစ်ထောင် သက်တမ်းရှိ သစ်ပင်တစ်ပင်အောက်မှာ သူတို့အုပ်စုသည် အသားကင်ရင်း ဆန်းကြယ်ကောင်းကင်အိမ်တော် အကြောင်း ပြောနေကြလေသည်။
ဆန်းကြယ်ကောင်းကင်အိမ်တော်တွင် နန်းတော်သခင်နှင့် လက်ထောက်နန်းတော်သခင် သုံးဦးရှိသော်လည်း နန်းတော်သခင်သည် နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့ကာ အချိန်အတော် ကြာတဲ့အထိလည်း ပေါ်မလာခဲ့ပေ။
ယခု အိမ်တော်၏ ကိစ္စအလုံးစုံတို့ကို လက်ထောက်နန်းတော် သခင်သုံးယောက်က ဦးစီးလျက်ရှိသည်။
ဆန်းကြယ်ကောင်းကင်အိမ်တော်သည် ကြယ်တစ်သောင်းကမ္ဘာရှိ ရွှမ်ထျန်းကြယ်သု ခေါ်သော ဂြိုဟ်ပေါ်တွင် တည်ရှိသည်။ တကယ်တော့ အတိအကျပြောရရင် ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ စွမ်းအားကြောင့် ဒီဂြိုလ်ကို ရွှမ်ထျန်းကြယ်လို့ အမည်ပေးခဲ့တာပဲ ဖြစ်သည်။
ရွှမ်ထျန်းကြယ်၏ အရွယ်အစားသည် ယခင်က ၎င်းတို့နေထိုင်ခဲ့သည့် ရှေးဟောင်းလျှပ်စီးကမ္ဘာထက် မသေးလှပေ။ ဝိညာဉ်စွမ်းအား အပြည့်၊ နိယာမများ ပိုမိုပြည့်စုံတာကြောင့် သဘာဝကျကျ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုဟာ အလုံးစုံ ပိုမိုအားကောင်းလာသည်။
ဒါပေမဲ့ တကယ်တော့ ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးမှာ ရွှမ်ထျန်းကြယ်က အလွန်အန္တရာယ်များကြောင်း လူတိုင်းသိကြပြီး ဒီနယ်ပယ်မှာ အန္တရာယ်အရှိဆုံး ကြယ်လည်း ဖြစ်လေသည်။
သားရဲများက လွတ်လပ်စွာ ကျင်လည်ကျက်စားကြပြီး နတ်ဆိုးများလည်း တစ်ခါတရံ ပေါ်လာတတ်သည်။ ရွှမ်ထျန်းကြယ်တွင် နေထိုင်သည့် ကြယ်လူသားများ၊ သားရဲများနှင့် အမျိုးမျိုးသော သတ္တဝါများပင် ရှိတတ်သည်။
သူတို့ ရွှမ်ထျန်းကြယ်မှာနေဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်းက သားရဲတွေနဲ့ နတ်ဆိုးသားရဲတွေကို အမျိုးမျိုးကို ဖိနှိပ်ဖို့ ဖြစ်တယ်လို့ ဒဏ္ဍာရီမှာ ဆိုထားပါ၏။ တဖြည်းဖြည်းနဲ့ ယခင်လူအုပ်စုသည် စိတ်ကူးစိတ်သန်းများ ပေါ်ပေါက်လာပြီး စံအိမ်တစ်ခုဖွင့်ကာ ဆန်းကြယ်ကောင်းကင်အိမ်တော်ကို တည်ထောင်ခဲ့သည်။
မြေကြီး၏ အလယ်ဗဟိုတွင် မှီခိုနေရသော ဆန်းကြယ်ကောင်းကင်အိမ်တော်သည် ပုံမှန်အတိုင်း ရှင်သန်လိုပါက ၎င်း၏ ကြံ့ခိုင်မှုကို အဆက်မပြတ် မြှင့်တင်ရန် လိုအပ်သည်။ ထို့ကြောင့် ဆန်းကြယ်ကောင်းကင်အိမ်တော်ဟာ ပိုမိုအားကောင်းလာပြီး ပြင်ပမှ ကျောင်းသားများကို စတင်စုဆောင်းလာသည်။
"ခစ်ခစ်.... နင် လှည့်စားခံနေရတယ်လို့ ခံစားနေရတယ်မလား?"
အောင့်ယွဲ့ ပြုံးပြီး ပြောလိုက်သည်။
"ဒါပေမဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော်မှာ ပထမဆုံး လူအုပ်စုက ဘယ်ကလာတာလဲ ဆိုတာတော့ ဘယ်သူမှမသိဘူး... အဲဒီလူတွေက မြေကမ္ဘာ ဒါမှမဟုတ် ကောင်းကင်ကမ္ဘာက လာတဲ့လူတွေလည်း ဖြစ်နိုင်တယ်လို့ တချို့ကပြောကြတယ်"
အောင့်ယွဲ့ ကိုယ်တိုင်လည်း ရယ်လိုက်သည်။ ထိုကောလဟာလများ အတွက် အမှန်လား မှားလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ။
"ဒါပေမဲ့ ကျောင်းက တကယ်ကို အစွမ်းထက်တယ်... ကိုယ့်မှာရှိတဲ့ အမှတ်တွေကို လဲလှယ်လို့ရတဲ့ အရာတွေက မှော်ဆန်ပြီး အမျိုးမျိုးရှိတယ်... အဲဒီထဲမှာ ငါတို့ တစ်ခါမှ မကြားဖူးတဲ့ အရာတွေလည်း အများကြီးရှိတယ်... လုရွှမ် ငါ့အမြင်အရဆို မင်း ဆန်းကြယ်ကောင်းကင်အိမ်တော်ကို သွားပြီး အဲဒီမှာအများကြီး သင်ယူသင့်တယ်"
လုရွှမ် ခေါင်းညိတ်လိုက်သည်။ ဒါကို သူလည်း သိပါ၏။
"ပြီးတော့ ဆန်းကြယ်ကောင်းကင်အိမ်တော်မှာ တစ်ချိန်က ငါတို့သိထားခဲ့တဲ့ မှားတာတွေ အများကြီး ရှိတယ်ဆိုတာ မင်းသိလာလိမ့်မယ်... မင်းအတွက် ပိုလေးနက်တဲ့ နားလည်မှုတစ်ခု ရလိမ့်မယ်"
"လုရွှမ်... ငါ ဆန်းကြယ်ကောင်းကင်အိမ်တော်မှာ မကြာခဏ အနိုင်ကျင့်ခံရပေမယ့် မင်း ဆန်းကြယ်ကောင်းကင်အိမ်တော်ထဲ ဝင်တာကိုတော့ ငါ သဘောတူတယ်... အဲဒီမှာလေ့ကျင့်ရတာက အပြင်လောကနဲ့ မတူဘဲ တိုးတက်မှုက အရမ်းကြီးမားတယ်... အထူးသဖြင့် အရည်အချင်းတွေ မြင့်မားလေ တိုးတက်မှု ပိုမြန်လေပဲ... မင်းရဲ့ အရည်အချင်းတွေနဲ့ဆို မင်း မကြာခင်မှာပဲ အတွင်းတံခါးထဲကို ဝင်ပြီး ပင်မတပည့်ပါ ဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်"
လူတိုင်းသည် လုရွှမ်နဲ့ သေခြင်းတရားကိုတောင် မျှဝေခဲ့ဖူးတာကြောင့် ဆန်းကြယ်ကောင်းကင်အိမ်တော်ထဲ ဝင်ရန် ဆွဲဆောင်နေခဲ့သည်။ သူတို့သည် နှစ်ပေါင်းများစွာ ကြာအောင် သူငယ်ချင်း ဖြစ်ခဲ့ကြလို့ လုရွှမ်ရဲ့ စရိုက်ကို ကောင်းစွာသိကြသည်။
အလွန်စိတ်မချမ်းမသာ ဖြစ်ပြီး သူ့ရပ်တည်ချက်ကို ထုတ်မပြသေးပေမယ့် အမှန်မှာ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သည်။ သူတို့က အခုထိ ဆွဲဆောင်ချင်တုန်းပဲ။ ဒါပေမဲ့ လုရွှမ်တကယ် ဆုံးဖြတ်ချက် ချပြီးတာနဲ့ ဘယ်လိုဆွဲဆောင်မှုမျိုးကမှ သူ့ကို မပြောင်းလဲနိုင်ပါဘူး။
ကျင်းဟုန်က ချောင်းဆိုးရင်း ဝင်ပြောလိုက်သည်။
"လုရွှမ်.... နင် ဆန်းကြယ်ကောင်းကင်အိမ်တော်ကို ဝင်သင့်တယ်လို့ ငါလည်း ထင်တယ်"
တခြားသူများနှင့် နှိုင်းယှဉ်ပါက ကျင်းဟုန်၏ ဆွေမျိုးများ တည်ရှိမှုသည် ယခုအခါ နည်းပါးနေပါပြီ။ လေ့ကျင့်မှုနှင့် ပတ်သက်လျှင်ဖြစ်စေ အတွေ့အကြုံ ဖြစ်စေ တခြားသူများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် နိမ့်ပါးပါသည်။
ယေဘူယျအားဖြင့် ပြောရလျှင် သူမသည် မကြာခဏ စကား မပြောတတ်သော်လည်း လူတိုင်းက သူမထင်မြင်ချက်ကို အရမ်းလေးစားကြတဲ့အထိ မှန်ကန်သော စကားကိုသာ ပြောတတ်သည်။
"ဆန်းကြယ်ကောင်းကင်အိမ်တော်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်... ဘယ်လို လျှို့ဝှက်ချက်တွေ ရှိလဲဆိုပြီး ငါကျိန်ဆိုပြီး မပြောနိုင်ပေမယ့် မင်း လာသင့်တယ်"
အောင့်ယွဲ့က ချက်ချင်းပဲ ဝင်ထောက်လိုက်သည်။
"နင့်ကို တစ်ယောက်ယောက်က အတင်းအကြပ် ခြိမ်းခြောက်ထားတာ ရှိလို့လား?"
လိရှောင်းက သူ့ပေါင်ကို ရိုက်ပြီး အော်လိုက်သည်။
"မင်းကို တစ်ယောက်ယောက်က ခြိမ်းခြောက်နေတာလား? ဘယ်သူလဲ? အခုပဲသူ့ကို သွားခုတ်ရအောင်"
အောင်ရှင်းသည် ကျင်းဟုန်နှင့် အနီးစပ်ဆုံး ဆက်ဆံရေး ရှိလေသည်။ သူမက ချက်ချင်း ကျင်းဟုန်ရဲ့ ခါးကို ပွေ့ဖက်ကာ။
"အစ်မကျင်းဟုန်....ဘာလို့ ညီမကို မပြောတာလဲ? အစ်မကိုဘယ်သူ အနိုင်ကျင့်ထားလို့လဲ?"
ကျင်းဟုန် အနည်းငယ် အံသြသွားသည်။ သူမက ပြုံးလျက် ဆို၏။
"ငါ့ကို အနိုင်ကျင့်ရဲရင် နင်ကပဲ ငါ့ကို အကာအကွယ် ပေးခဲ့တာ မဟုတ်ဘူးလား? တကယ်တော့ ငါ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာကို မတော်တဆ ဝင်မိသွားပြီး တစ်ခုခုကို မြင်လိုက်တာ... အဲဒီမှာ နတ်ဝိညာဥ်က ငါ့ကို သတိပေးလာတယ် "
“အဲဒါက ငါ့ကို ထုတ်မပြောဖို့ သတိပေးထားတယ်... ဒါပေမဲ့ ခွန်အားတွေ လုံလုံလောက်လောက် အားကောင်းလာတာနဲ့ လုံးဝခြားနားတဲ့ ရလဒ်ကို ရလိမ့်မယ်တဲ့”
"ငါ့အမြင်အရတော့ ဆန်းကြယ်ကောင်းကင်အိမ်တော်က လုရွှမ်အတွက် အရမ်းသင့်တော်တယ်"
လုရွှမ်ရဲ့ နှလုံးသားက တုန်လှုပ်သွားသည်။ ဤအဖွဲ့အစည်းသည် အမျိုးမျိုးရှိ ကမ္ဘာငယ်လေးများတွင် ထူးချွန်သူ အမျိုးမျိုးကို အဆက်မပြတ် ရှာဖွေကာ ၎င်းတို့ကို စုစည်းကာ လေ့ကျင့်ပေးသည်။ ဒါက ကမ္ဘာကြီးကို စိုးမိုးချင်နေတာပဲ မဟုတ်ဘူးလား။
သို့သော် အမြဲတမ်း အလွန်နိမ့်ကျနေသည့် ကမ္ဘာငယ်လေး အမျိုးမျိုးရှိ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများက အားကောင်းပြီး ၎င်းတို့၏ အရည်အချင်းများ ပေါ်လာသောအခါတွင်မှသာ ဆန်းကြယ်ကောင်းကင်အိမ်တော်၏ တည်ရှိမှု အကြောင်းကို သိကြရသည်။
သူတို့ ဘာလုပ်နေတာလဲ?
ကျင်းဟုန်က သူတို့မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်လို့ ဆိုလေသည်။ ဒါကြောင့် တပည့်တော်တော်များများကို အဲဒီလျှို့ဝှက်ချက်တွေကို ကာကွယ်ဖို့ လေ့ကျင့်ပေးထားတယ် ဆိုတာ သိသာပါ၏။
လုရွှမ် အခင်းအကျင်း ကောင်းကင်စာအုပ် ရှစ်အုပ်အကြောင်း တွေးမိသွားသည်။
ကောင်းကင်စာအုပ်၏ အစိတ်အပိုင်း ရှစ်ခုသည် ဝမ့်ရှန်းကမ္ဘာ၏ ရတနာများဟု ယူဆရသော်လည်း ၎င်းတို့သည် ပုံသဏ္ဌာန်မပြသော အရာသုံးမျိုးသာ ဖြစ်လာခဲ့သည်။ ၎င်းတို့မှာ နတ်တုတ်၊ နတ်တောင်တန်းနဲ့ ကောင်းကင်စာအုပ်၏ အစိတ်အပိုင်းရှစ်ခုပင်။
နတ်တုတ်သည် လက်နက်တစ်ခုသာ ဖြစ်သော်လည်း နတ်တောင်တန်းသည် ဝမ့်ရှန်းကမ္ဘာ တစ်ခုလုံး၏ ကျဆင်းမှုကို ကယ်တင်နိုင်ပြီး ကောင်းကင်စာအုပ် ရှစ်အုပ်သည်လည်း မှော်ဆန်သည့် အရာများဖြစ်သည်။
၎င်းတို့သည် ဝမ့်ရှန်းကမ္ဘာလို ကမ္ဘာငယ်လေး၏ အနှစ်သာရကို လုံး၀ ပေါင်းစပ်ထားသည်။
ယခုအခါတွင် ၎င်းသည် နေရာအမျိုးမျိုးသို့ သိသိသာသာ ပျံ့နှံ့သွားပုံရသည်။ အရင်ကတော့ သူစဉ်းစားနေတုန်းပဲ။ ဝမ့်ရှန်းကမ္ဘာက ရတနာ တစ်ခုခုကို တခြားကမ္ဘာမှာ ဘယ်လိုလုပ် ကြုံတွေ့ရနိုင်ပါ့မလဲ။ အပြည့်အဝ ထိန်းညှိပြီး သင့်လျော်မှုတောင် ရှိနိုင်ပါ့မလား။
ယခု ဤစကြဝဠာနှင့် ကမ္ဘာငယ်လေးများ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းများကို မြင်ပြီးနောက် လုရွှမ် အဖြေကို မသိမသာ နားလည်လာသည်။
ဒီကမ္ဘာကြီးဟာ ကောင်းကင်ကြီးရဲ့ အပြောင်းအလဲကြောင့်သာ အရာအားလုံး ပြောင်းလဲသွားခဲ့တာ ဖြစ်သည်။ ကမ္ဘာငယ်လေးတွေ အများကြီး ဖြစ်လာပြီး ကမ္ဘာငယ်လေး တစ်ခုမှာ မွေးဖွားလာတဲ့ ရတနာကို တခြားကမ္ဘာငယ်လေးတွေမှာ သဘာဝအတိုင်း အသုံးချနိုင်ပါ၏။
ကောင်းကင်စာအုပ် ရှစ်အုပ်နှင့် ယခု အခင်းအကျင်း ကောင်းကင်စာအုပ်သည် ဆန်းကြယ်ကောင်းကင်အိမ်တော်၏ လျှို့ဝှက်ချက်များ ဖြစ်သည်။ ၎င်းသည် လူတစ်ဦး၏ ထိုးထွင်းသိမြင်မှုသာ ဖြစ်ပေမယ့် သူရခဲ့တာက ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ လျှို့ဝှက်ချက် ဖြစ်နေသည်။
ပြန်ပေးရုံနဲ့ အဆင်ပြေသွားနိုင်တယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေပိုများတာက ဘာဖြစ်မလဲ။ သေရေးရှင်ရေး ကိစ္စတွေကို အလွန်အမင်း တွေ့ကြုံပြီးနောက် ကောင်းကင်စာအုပ် ပြန်လွှဲပေးဖို့ကို လုရွှမ် လေးလေးနက်နက် စဉ်းစားလာခဲ့ရသည်။