← Chapters

လီရှို့နဲ့ ထပ်တွေ့ပြီ

Vol. 85 Ch. 4.782

လီရှို့နဲ့ ထပ်တွေ့ပြီ

Vol. 85 Ch. 4.782

လုရွှမ်က ရှန်းရှဲ့အား အခင်းအကျင်း ကောင်းကင်စာအုပ်ကို သင်ပေးခဲ့တာက ကြီးမားသော ဒုက္ခကို ဖြစ်လာစေမှာ ဖြစ်သောကြောင့် ၎င်းကို မဖြန့်ရန် ဂရုတစိုက် ပြောခဲ့သည်။

သူတို့လူတွေက တခြားသူတွေကို အန္တရာယ် မဖြစ်နိုင်ပေမယ့် တခြားသူတွေကိုတော့ ဂရုစိုက်ထားရပါမယ်။ သူ ဆန်းကြယ်ကောင်းကင်အိမ်တော်ကို သွားမှာပါ။ သို့သော် အဲဒါက တောင်တစ်သောင်းကမ္ဘာက ပြဿနာကို အပြီးသတ် ဖြေရှင်းပြီးမှသာ ဖြစ်သည်။

လူတိုင်းရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက်တွေကို မြင်တော့ လုရွှမ် မပြုံးဘဲ မနေနိုင်လိုက်ချေ။

"စိတ်မပူပါနဲ့ ငါ ဆန်းကြယ်ကောင်းကင်အိမ်တော် စံအိမ်ကြီးကို သေချာသွားလိုက်ပါ့မယ်.... ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ ငါ့မှာလုပ်စရာတွေ ရှိသေးတယ်"

ဘာပဲဖြစ်ဖြစ် သူတို့တွေကတော့ တော်တော်လေးကို ကျေနပ်သွားခဲ့သည်။ လုရွှမ်ကိုယ်တိုင် သဘောတူလိုက်တဲ့အတွက် သူ့ကတိကို ဘယ်တော့မှ ဖျက်မှာ မဟုတ်မှန်း သူတို့အားလုံး သိတယ်လေ။

"စကားမစပ် မင်းတို့ဒီမှာ ဘာလုပ်နေတာလဲ? ငါ့အမြင်တော့ မင်းတို့မှာ ပစ်မှတ် မရှိသလိုပဲ.."

လုရွှမ် စကားဆုံးတော့ လူတိုင်းက ရယ်မောလိုက်ကြသည်။

"တကယ်တော့ ငါတို့ ဒီကိုလာဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး"

"ရည်ရွယ်ချက် တစ်ခုခုရှိမယ် ဆိုရင်တောင် အခွင့်အရေး ရဖို့ မသေချာဘူးလေ"

"အခွင့်အရေး?"

အောင့်ယွဲ့က "ဟုတ်တယ် သန့်ရှင်းတဲ့ အပျက်အယွင်းတွေထဲ ဘာတွေရှိလဲ ဘယ်သူကမှ မသိနိုင်တာကို လူတိုင်းလည်း သိကြမှာပဲ... နောက်ဆုံးတော့ ဒီနေရာကို ဆန်းကြယ်ကောင်းကင် အိမ်တော်ကြီးထဲက လူတွေနဲ့ ကြယ်တစ်သောင်းကမ္ဘာထဲက တခြားလူတွေတောင်မှ ဒီနေရာကို အကြိမ်ပေါင်းများစွာ ဖြိုဖျက်ခဲ့ဖူးတယ် ”

“ကောင်းတာ တစ်ခုခုရှိရင်တောင် သူများတွေ လုယူသွားတာ ကြာပြီပေါ့.... ဒီကိစ္စ မစခင်မှာ အစ်မကြီးတစ်ယောက်ကို မေးကြည့်ဖူးတယ် သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေက တည်ရှိနေတာ တော်တော်လေးကို ကြာပြီ... ကောင်းကင်နဲ့မြေကြီး ရတနာတွေလို အရာတွေကို ထည့်မစဉ်းစားပါနဲ့ အဲဒါတွေက လုံးဝ မရှိဘူးတဲ့"

"ဒါပေမဲ့ ရှေးခေတ်ကတည်းက သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေက ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ တပည့်သစ်တွေကို နှစ်အနည်းငယ်အတွင်း သွားပြီး စူးစမ်းလေ့လာရမယ့် နေရာတစ်ခုလို့ သဘောတူထားကြတယ်"

"အကြောင်းပြချက်က အရမ်းရှင်းပါတယ်... အခွင့်အရေးဆိုတဲ့ စကားလုံးနှစ်လုံးကြောင့်ပဲလေ"

အခွင့်အ​ရေးလား?

အဲ​ဒီအချိန်မှာ လိရှောင်းက။

"ငါတို့ အခွင့်အရေး မရသေးဘူးလို့ ဘယ်သူပြောလဲ? ငါတို့ အခွင့်အရေး ရခဲ့တယ်လေ... ရပြီး ဘုန်းကြီးကို အကြွေးဆပ်လိုက်ရတယ်"

သူ့စကားဆုံးတော့ အားလုံး ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ရှန်ယိရှောင်းဟဲကတော့ သူရလာတဲ့ ဆုတောင်းပုတီးစေ့ကို ပွတ်သပ်ရင်း အလွန်ဂုဏ်ယူမိ​လေသည်။

"ကောင်လေး... ဒါကို ကံကြမ္မာလို့ ခေါ်တယ် ဆိုရိုးစကားအတိုင်း ဘဝမှာ အချိန်ရှိရမယ် ဒါပေမဲ့ အချိန်မှာတော့ ဘဝမရှိဘူး... အဲဒါကို အတင်းလုပ်မယူချင်စမ်း​နဲ့!"

လိရှောင်း ကျိန်ဆဲလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သားဟာ ဟာသများဖြင့် တိုက်ခိုက်ပါတော့သည်။ အောင့်ယွဲ့ကတော့ အစောကတည်းက သူတို့နှစ်ယောက်ရဲ့ ဟာသတွေကို ကျင့်သားရနေပါပြီ။

"ငါတို့ ဒီနေရာမှာ ဘယ်လောက်ကြာကြာ နေခဲ့ရပြီလို့ ထင်လဲ"

လုရွှမ်သည် အောင့်ယွဲ့က ထိုကဲ့သို့သော မေးခွန်းကို ရုတ်တရက် မေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်နိုင်တယ်... ရှင်းရှင်းလင်းလင်း ပြောဖို့က တကယ်ခက်တယ်"

လူတိုင်း ရယ်မောလိုက်ကြပြီး အောင်ရှင်းက ပြုံးကာ ပြော​ပြ​လေသည်။

"အစ်ကိုကြီးလုရွှမ်... ညီမတို့ ဘုရားကျောင်းထဲကို ဝင်တာ တစ်ရက်တောင် မပြည့်သေးပါဘူး!"

"တစ်ရက်တောင် မပြည့်သေးဘူးလား?"

"ဟုတ်တယ်... သန့်ရှင်းတဲ့ အပျက်အစီးတွေက တစ်နေ့တစ်ကြိမ် အလိုအလျောက် ပြောင်းလဲလိမ့်မယ်... ရှုခင်းတစ်ခုလုံးတောင် ကြီးမားတဲ့ ပြောင်းလဲမှုကို ကြုံတွေ့ရမယ်လို့ ပြောကြတယ်...အစ်ကို ကံကောင်းရင် နက်နဲတဲ့ မြေအောက်ကနေတောင် အခွင့်အရေးကို ရနိုင်လိမ့်မယ်... ဒါပေါ့ ဒီမှာသေသွားရင်လည်း အစ်ကို့ရဲ့ ကံကြမ္မာပဲပေါ့!"

အောင့်ယွဲ့က "ငါတို့ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေထဲ ဝင်ပြီးရင် အချိန်ကို လုံးဝ ဆုံးရှုံးသွားပြီပဲ.... အပြောင်းအလဲတစ်ခု လာရင် တစ်နေ့ကုန်သွားပြီလို့ ရေတွက်လို့ရတယ်.. ဒါကအရင် ဆရာတူအစ်မ ဆရာတူအစ်ကိုတွေရဲ့ အချိန်ရေတွက်နည်းပဲ"

ကျင်းဟုန်က "စည်းမျဉ်းတွေအရ ဒီတစ်ခါ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေမှာ ကိုးရက်လောက်နေနိုင်မှ အပြင်ထွက်ရမှာ.... မဟုတ်ရင် သန့်ရှင်းတဲ့ အပျက်အစီးတွေက ပိတ်သွားလိမ့်မယ်"

"ဒါပေမဲ့ ဒီတစ်ခါတော့ အရင်တုန်းကနဲ့ မတူဘူး... သစ်သားဒြပ်စင် နတ်ပုတီးစေ့ရဲ့ ကောင်းချီးကြောင့် ငါ့မှာ အသက်စွမ်းအင်ကို ရှင်းရှင်းလင်းလင်း ခံယူနိုင်တဲ့ အစွမ်းရှိတယ် ဆိုတာ အားလုံးသိကြမှာပါ....အခု သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေက လုံးဝ အပျက်အစီးအဖြစ်ကို ပြောင်းလဲသွားတော့မယ်”

"ဒီနေရာမှာ အသက်စွမ်းအင် အနှစ်သာရတွေက မြန်မြန်ဆန်ဆန် ပွင့်ထွက်နေတယ်...သူ့ရဲ့ ကြွယ်ဝမှုတွေကို လွှတ်ထုတ်နေပုံက နောက်ဆုံး အခိုက်အတန့်မှာ ဒီနေရာနဲ့ လုံးဝ လိုက်လျောညီထွေ ဖြစ်အောင်လုပ်ပြီး နောက်ဆုံးအချိန်ကို ပျော်ပျော်နေချင်ပုံရတယ်"

ကျင်းဟုန်က ပန်းပွင့်တစ်ပွင့်ကို လက်ညှိုးထိုးပြပြီး ပြောပြလေသည်။

"ဒီလိုပန်းမျိုးကို သာမညပန်းလို့ ခေါ်တယ်... သိမ်မွေ့တဲ့ အနံ့အသက်က လူတွေရဲ့ စိုးရိမ်ပူပန်မှု အားလုံးကို ခေတ္တ မေ့သွား​စေနိုင်တယ်"

"ပန်းပွင့်ဖို့က အနှစ်တစ်ထောင်လောက် ကြာတယ်... ပွင့်ပြီးတာနဲ့ ညှိုးနွမ်းသွားမယ် အစေ့တွေ ကြွေသွားမယ်...အချိန်က အရမ်းတိုတောင်းပေမယ့် အာဟာရဓာတ်တွေကတော့ အနှစ်တစ်ထောင်လောက် လိုအပ်တယ် ပြီးတော့ တစ်နေ့တာ ပွင့်ဖို့ပဲ အချိန်ရတယ် "

နတ်သမီးကျင်းဟုန်ရဲ့ အမူအရာမှာ ထိတ်လန့်မှုတွေ ရောပါလာသည်။

"ဒါပေမဲ့ အခုက မတူဘူး... ဒီမှာပန်းတွေက အရမ်းစိမ်းလန်းပြီး ပွင့်လန်းနေတဲ့ပုံ ပေါက်နေတာကို သတိထားမိလား?... ငါ့ရဲ့ခံစားချက်ထဲမှာ ဒီပန်းတွေက စိတ်ပျက်အားငယ်နေတဲ့ အငွေ့အသက်တွေ ပျံ့လွင့်နေတယ်!"

နတ်သမီးကျင်းဟုန်၏ စကားများသည် ပို၍လေးနက်ပြီးရင်း လေးနက်လာသည်။ အခြေအနေသည် အလွန်ပြင်းထန်ပြီး အန္တရာယ်များသည့် အချက်ကို ရောက်ရှိသွားသလိုပင် သူမမျက်ခုံးများက တင်းတင်းကျပ်ကျပ် တွန့်ချိုးသွားသည်။

"ငါ့အထင်မှန်ရင်"

သူမ စကားပြောနေစဉ်မှာပင် ရုတ်တရက် ကမ္ဘာကြီးက လည်ပတ်သွားပြီး လူတွေ အားလုံးက လေထဲသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။ အောင့်ယွဲ့ စိုးရိမ်တကြီးနဲ့ အော်ပြောလိုက်သည်။

"ဒါကြီးကတော့ တိုက်ဆိုင်လွန်းတယ်...လုရွှမ် မှတ်ထား! အပြောင်းအလဲ ရှိတိုင်း ငါတို့ရဲ့ အခွင့်အလမ်းတွေလည်း ပြောင်းလဲသွားလိမ့်မယ် ဒီတစ်ခါတော့ ငါတို့အတူတူ ထပ်မလုပ်နိုင်တော့ဘူး... ဒါပေမဲ့ တစ်ချိန်ချိန်တော့ ​ပြန်ဆုံ​ကြမယ်"

အောင့်ယွဲ့သည် စကားလုံးများနဲ့အတူ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

လုရွှမ်ခည်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ထုပ်ပိုးထားသလို ခံစားလိုက်ရပြီး သူ့ကို အဝေးသို့ ဆွဲထုတ်သွား​တော့သည်။ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး ကောင်းကင်၏ အရောင်များပင် ပြောင်းလဲလာသည်။

လုရွှမ် ရုတ်​တရက်​ မူး​ဝေလာပြီး ​အမြင်အာရုံတွေက မည်းမှောင်သွားလေ၏။ တိုက်ခိုက်သံများနဲ့ သားရဲတချို့ရဲ့ ငိုကြွေးသံကြောင့် လုရွှမ် လန့်နိုးလာခဲ့သည်။ တစ်ခုခု ဖြစ်သွားသလို၊ စိတ်ရှုပ်သွားသလို ခံစားရပေမယ့် ဘာမှ မမှတ်မိတော့ပေ။

သူသည် ကမ္ဘာမြေကြီးရဲ့ ထွက်သက်ဝင်သက်ကို ခံစားလိုက်ရတာကြောင့် ရုတ်တရက် ထခုန်လိုက်သည်။ ထိုအခါ သူ့ကိုယ်သူ လှိုဏ်ဂူတစ်ခုထဲ ရောက်နေတာ တွေ့လိုက်ရ၏။

"ငါက ဒီဂူထဲ ဘယ်လိုလုပ် ရောက်နေတာလဲ? အိုး စကားမစပ် ငါ ပို့ဆောင်ခြင်းအစီအရင်ထဲက ရှင်းမပြနိုင်တဲ့ ဒီနေရာကို ရောက်လာခဲ့တာပဲ...ဒီနေရာက ဘယ်မှာလဲ?"

သူ့ခန္ဓာကိုယ်ကို လှမ်းဆုပ်ကိုင်လိုက်ပြီး ထိတ်လန့်သွားပေမယ့် ဒဏ်ရာလုံးဝ မရှိထားပေ။

ထူးဆန်းမှုပဲ။ ရုတ်တရတ် လုရွှမ်မှာ ထိခိုက်ထားခဲ့သလိုပဲ သူ့ခေါင်းမှာ နာကျင်မှုတချို့ကို ခံစားလိုက်ရပေမယ့် ဘယ်လိုပဲ တွေးနေပါစေ သူ့ကိုယ်သူ ရှင်းမပြနိုင်ခဲ့ပေ။

လုရွှမ် သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်ကို အာရုံခံစားလိုက်ရသည်။ အသက်ရှုသွင်းပြီးနောက် တစ်ကိုယ်လုံး သက်သာရာရသွားကာ မသေမျိုး အဖြစ်သို့ ထုံမွှမ်းသော ခံစားမှုတစ်ခုက ရောက်ရှိလာသည်။

'အို... ပတ်ဝန်းကျင်မှာ နတ်ဆိုးသားရဲ​တွေ မနည်းပါလား... သူတို့အားလုံး အသတ်ခံထားရတာပဲ'

'အိုး တစ်ယောက်ယောက်လာနေပြီ!'

လုရွှမ် တိတ်တဆိတ် ပုန်းလိုက်စဥ် အဝေးမှ လျင်မြန်စွာ ထွက်​ပေါ်လာသော ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက အရမ်းသတိထား​နေပုံရပြီး ကျင့်ကြံမှုအဆင့်ကလည်း အားနည်းနေသည်။

လုရွှမ်မှာ ရင်းနှီးပြီးသား ခံစားချက်တစ်ခုက သူ့စိတ်ထဲ ဝင်လာတာကြောင့် ရှင်းမပြနိုင်လောက်အောင် အံ့သြသွားခဲ့သည်။ ဒီလူကို သူအရင်က သိခဲ့သလိုပင်။

ဒါ​ပေမဲ့ ဘာလို့ အဲ့​လောက်​ ထူးဆန်း​နေရတာလဲ?

လုရွှမ်သည် ရောက်လာသော ဧည့်သည်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည်။ သူသည် ကျင့်ကြံသူ ယောက်ျားပျိုဆိုတာ သိသာထင်ရှားသော်လည်း သူကဘာ့ကြောင့် ကျင့်ကြံသူ မိန်းကလေးပါလို့ ထင်နေမိလဲ မပြောတတ်ချေ။

“ဘယ်သူလဲ ထွက်လာခဲ့!”

ထိုကျင့်ကြံသူက အော်ဟစ်ပြီး မှန်တစ်ချပ်ကို လက်ဖဝါးတစ်ဖက်က ထုတ်ကာ ကြည့်လိုက်သည်။ လုရွှမ် ရုတ်တရက် ထိတ်လန့်သွား၏။ ထိုမှန်ကိုကြည့်ရင်း သူ့ဝိညာဉ်က ပေါက်ကွဲလုမတတ် ကြောက်လန့်သွားရာ ပြေးထွက်သွားခဲ့သည်။

ထို့နောက် ဝုန်းခနဲ ပေါက်ကွဲသံနဲ့အတူ သူအရင်က ရပ်နေတဲ့နေရာက ပေါက်ကွဲသွားလေသည်။

All Chapters