လူဝင်စားခြင်း ကိုးရက်
Vol. 85 Ch. 4.783
ဒါက ဘယ်လိုမှန်မလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။
"ထွက်လာမလား? ဒါမှမဟုတ် ငါထပ်ပြီး တိုက်ခိုက်ရမလား?"
လုရွှမ်သည် ဘာကြောင့်ရယ်မသိ တစ်ဖက်လူသည် လူသတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေသော်လည်း သူ့ကိုတော့ အမှန်တကယ် သတ်ချင်ပုံမပေါ်ကြောင်း ခံစားလိုက်ရသည်။
ထို့အပြင် မှန်သည် သူ့အား ဤမျှကြောက်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းနိုင်သောကြောင့် ဘယ်လို မှော်လက်နက် အမျိုးအစားလဲ သိချင်လာသည်။
တောင်တစ်သောင်းကမ္ဘာမှာ ရှိတုန်းကတောင် သူ့အပေါ် ဖိနှိပ်ထားတဲ့ လှောင်အိမ်ရဲ့ ခြိမ်းခြောက်မှုက ဒီလောက် မကြီးမားပါဘူး။
“နင် နင် ဘယ်သူလဲ? ငါနင့်ကို သိလား?”
တစ်ဖက်က ကျင့်ကြံသူသည် လုရွှမ်အား စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေသည်။ လုရွှမ်သည် မတ်တပ်ရပ်ပြီး လွင့်နေသော မှန်ကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။
"အရမ်းထူးဆန်းတယ်... ငါလည်း မင်းကို ငါအရင်က တွေ့ဖူးသလို ခံစားရပေမယ့် ရှင်းရှင်းလင်းလင်း မမှတ်မိဘူး"
ထိုသူကလည်း "ဒါဆိုဒါမျိုးဖြစ်ရင် ငါတို့အရင်မြင်ဖူးမယ်လို့ အဓိပ္ပာယ်ရတယ်... ဒါက သန့်ရှင်းတဲ့ အပျက်အစီးတွေရဲ့ ထိတ်လန့်စရာကောင်းတဲ့ စွမ်းအင်ပဲ... နေ့စဥ်နေ့တိုင်း ဒီအပျက်အစီးတွေကြားမှာ ကြီးကြီးမားမား အပြောင်းအလဲတွေ ကြုံရလိမ့်မယ် အဲဒါက ငါတို့ရဲ့အမှတ်တရတွေကိုတောင် ပျောက်ကွယ်သွားစေလိမ့်မယ်”
"ငါမထွက်လာခင် အမေက ငါ့ကို သတိပေးခဲ့တာ"
လုရွှမ်သည် မယုံနိုင်လောက်အောင် ခံစားနေရသော်လည်း သူသည် ဤမိန်းကလေးနှင့် ရင်းနှီးသော ခံစားချက်ရှိကြောင်း ယောင်ဝါးဝါး ခံစားနေရပြီး သူမပြောတာ မှန်ကြောင်းလည်း တိတ်တဆိတ် ထောက်ခံမိသည်။
ဖူး!
ရုတ်တရက် လုရွှမ်ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
"အမ် နင်ဘာဖြစ်တာလဲ?"
သွေးထဲက ခရမ်းရောင် မိုးခြိမ်းသံကို မြင်လိုက်ရတော့ လုရွှမ် အလွန်အံ့သြသွားရသည်။ နောက်ဆုံး မိုးကြိုးအတိဒုက္ခ အပြီးတွင် ဤနတ်မိုးခြိမ်းသံများကို သူ့အရိုးများပေါ်တွင် လုံးလုံး ရိုက်နှိပ်ထားခဲ့သည်။ ကာကွယ်ထားရတာ သို့မဟုတ် တက်ကြွသော တိုက်ခိုက်မှုမျိုး ရှိခဲ့တာမျိုး မဟုတ်ပါက သူ့ခန္ဓာကိုယ်ဟာ ဘယ်သောအခါမှ ထိခိုက်မည် မဟုတ်ပေ။
တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်ကို တကယ်ပဲ တစ်ခုခုလုပ်ခဲ့တာ ဖြစ်နိုင်လား။
လုရွှမ် တစ်ဖက်လူကို တစ်ချက် ကြည့်လိုက်ပြီး။
"ငါ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ချင်တယ် မင်း ငါ့ကို ကာကွယ်ပေးထားနိုင်မလား?"
ကျင့်ကြံသူ မိန်းကလေးက မျက်လုံးတစ်ဖက် မှိတ်ပြလာလေသည်။
“ကောင်းပြီ ငါနင့်ကို သိတယ်လို့ ခံစားရတယ် ဆိုတော့ နင်က လူကောင်းပဲ ဖြစ်ရမယ်”
လုရွှမ်၏ ဝိညာဉ်အတွေးများသည် သူ့နှလုံးသားနှင့် စိတ်ထဲသို့ နစ်မြုပ်သွားပြီး စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်လိုက်သည်။
စိတ်ဝိညာဉ် ပင်လယ်အထက်က ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်ဖြူဖြူတစ်စင်း ပေါ်လာသည်။ ၎င်းက စိတ်ဝိညာဉ်ပင်လယ်ထဲက သက်ရှိရေလို ဖြစ်လာကာ ဒီရေနှင့်အတူ လှိုင်းထလာပြီး နတ်ဝိညာဉ်ကို ချုပ်နှောင်ထားလိုက်သည်။
လုရွှမ်မှာ ကြီးကျယ်သော ဆုကြီးကို ဆွတ်ခူးခဲ့ရသလို ခံစားလိုက်ရသည်။
'ဘာဖြစ်သွားတာလဲ?'
အတွေးတစ်ခုဖြင့် လုရွှမ်သည် စိတ်ဝိညာဉ်ပင်လယ်ထဲရှိ လျှို့ဝှက် ဆန်းကြယ်သော အဖြူရောင် တိမ်တိုက်များကို ခံစားလိုက်ရသည်။ ထိုစဥ် ခန္ဓာကိုယ်ထဲက သွေးတွေ ပွက်ပွက်ဆူလာကာ နောက်ထပ်သွေးများ ထွေးထုတ်ရပြန်သည်။
"ထပ်မကြိုးစားနဲ့တော့ ဒါက ငါ့အမေပြောဖူးတဲ့ တားမြစ်ချက်ပဲ ဖြစ်နိုင်တယ်... အဲဒါကို စိတ်ဝိညာဉ်ထဲမှာ စိုက်ထားတာ နင် သန့်ရှင်းတဲ့ အပျက်အစီးတွေထဲကနေ မထွက်ဘူးဆိုရင်တော့ ဖယ်ရှားလို့ မရဘူး"
လုရွှမ် မတ်တပ်ထရပ်ပြီး သူ့ကံကြမ္မာကို လက်ခံလိုက်ရသည်။ ထိုစွမ်းအားသည် အလွန်ကြောက်စရာကောင်းသောကြောင့် သူဆက်၍သာ ချောင်းကြည့်ဝံ့ပါက သွေးအန်လွန်းကာ သူ့အသက်ဆုံးရှုံး သွားနိုင်လောက်တဲ့အထိ ပြင်းထန်သော ခံစားချက်တစ်ခု ရှိနေသလိုပင်။
"စကားမစပ် ငါ့နာမည်က လုရွှမ်... မင်းက ယောက်ျားလေးလား မိန်းကလေးလား"
“ဒါတွေ အကုန်မြင်ပြီးမှ ဒီလိုမျိုး မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... နင်အစောကတည်းက ဒီမေးခွန်းကို အရင်မေးသင့်တာ”
"ငါ့နာမည်က လီရှို့... တခြားဘာမှ ထပ်သိနေစရာ မလိုပါဘူး ဘာပဲဖြစ်ဖြစ် နောက်နေ့ရောက်ရင် နင်လည်း ဘာမှ မှတ်မိမှာ မဟုတ်ဘူး...ကောင်းပြီ အပိုစကားတွေ မပြောရအောင်... ငါတို့မှာ တစ်ရက်ပဲ အချိန်ရှိတော့တယ်... အခွင့်အလမ်းတွေ အမြန်ဆုံး ရှာရမယ် မဟုတ်ရင် ငါတို့ ထပ်ပြီးလုပ်ရလိမ့်မယ် ငါ့အချိန်တွေကို ဒီမှာ မဖြုန်းတီးချင်တော့ဘူး"
လုရွှမ် သူ့မှာ တစ်ခုခုတော့ ရသွားပြီလို့ ပြောချင်ပေမယ့် သူပြောရင် လူတွေကို နာကျင်စေမှာ သေချာတဲ့အတွက် သူ့စိတ်ထဲမှာ သိမ်းထားလိုက်တာက ပိုကောင်းတယ်လို့ တွေ့လိုက်သည်။
"ဒီမှာ တစ်ယောက်ယောက်ရှိလား"
စကားများပြီးနောက် လူသုံးယောက် ခုန်ထွက်လာသည်။
"မိန်းကလေးလီရှို့... ငါတို့ မင်းဆီက တစ်ခုခုကို ချေးချင်လို့ပါ ရမလား?"
"ကောင်းကင် တစ္ဆေသုံးကောင်!"
လီရှို့က လူသုံးယောက်ရဲ့ အသွင်အပြင်ကို ကြည့်ရင်း ရုတ်တရက် အော်လိုက်သည်။ လုရွှမ်လည်း ထိုသုံးကောင်ကို ရင်းနှီးနေသလို ခံစားနေရပါ၏။
ဤအခိုက်အတန့်တွင်တော့ သူသည် ဤရင်းနှီးသော အရာများ ရှိနေတာကို မအံ့သြတော့ပေ။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေကို ပိုကြောက်လာသည်။
သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေသည် နာမည်အတိုင်း ပြိုပျက်နေပြီ ဖြစ်သည်။ သို့သော် ယခုအခါ ပျက်စီးသွားသော်လည်း လူတစ်ဦး၏ မှတ်ဉာဏ်ကို ပိတ်ဆို့နိုင်သည့် အစွမ်းထက်သော စွမ်းအင်တစ်ခုက ရှိပါသေးသည်။
"ဟမ့်... နင်တို့က ငါ့ပစ္စည်းကို ငှားချင်တယ်ပေါ့? ထိုက်တန်လို့လား... လုရွှမ် ဒီလူသုံးယောက်ကို သင်ခန်းစာတစ်ခု သင်ပေးပါလား"
လုရွှမ် ရယ်မောပြီး သူ့ဓားကို ရှေ့သို့ လွှင့်ထူတ်ပစ်လိုက်သည်။ သူ၏ မရေရာသော မှတ်ဉာဏ်ထဲတွင် သူသည် ထိုသုံးယောက်နှင့် တိုက်ခိုက်ရန် စိတ်ကူးရှိနေပြီးသား ဖြစ်ပေသည်။
စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို လွှတ်ထုတ်ပြီးနောက် လုရွှမ်သည် သူ့စိတ်ဝိညာဉ်က ဘယ်လောက်တောင် တန်ခိုးကြီးနေလဲ ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းသည် သူ၏သိုင်းကွက် လှုပ်ရှားမှုများကို ပိုနားလည်ရန် ထင်ရှားစွာ အထောက်အကူ ဖြစ်ပုံရသည်။
ပြီးတော့ ဓားစွမ်းအားက အရင်ကထက် အများကြီး ပိုပြင်းထန်လာသည်။ ဓားကို လွှဲလိုက်တဲ့အခါ ပိုပြီးတော့ လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်လာကာ သူ့မျက်လုံးထဲမှာတော့ ထိုသုံးယောက်ရဲ့ လှုပ်ရှားမှု စွမ်းရည်တွေကို သူက ထိန်းချုပ်ထားသလိုပင်။
ကောင်းကင်ဘုံသခင် နယ်ပယ်က လူတစ်ဦးကို တိုက်ထုတ်ရန် နတ်မီးနယ်ပယ်က သခင်သုံးဦး ပူးပေါင်းရသည်။ အနည်းငယ် လှုပ်ရှားပြီးနောက်တွင် အမျိုးသမီးသည် ရုန်းရင်းဆန်ခတ်ဖြင့် ထွက်ပြေးသွားကာ ကျန်နှစ်ယောက်မှာ လုရွှမ်ဓားဖြင့် သေဆုံးသွားခဲ့သည်။
"ဘာဖြစ်လို့လဲ?"
လုရွှမ် အသက်ရှုကြပ်သွားသည်။
"အရင်က တစ်ခုခု ပြောင်းလဲထားသလို ခံစားရတယ်"
"သေချာပေါက် ပြောင်းလဲတာပေါ့... နောက်တစ်ကြိမ် ပြန်စရမယ် ဆိုရင်တောင် အပြောင်းအလဲတွေ ရှိခဲ့ဖူးတယ်လို့ ဆိုရမှာပဲ... ဒါပေမဲ အရင်က ဖြစ်ပျက်ခဲ့တာတွေနဲ့ လုံးဝကို ဘယ်လိုကွာခြားသွားမလဲ ဆိုတာတော့ ပြောရခက်တယ်... ပြီးတော့ ပြန်လေ့လာကြည့်တိုင်း နင့်ရဲ့ ကျင့်ကြံမှုတွေက အရှိန်အဟုန်နဲ့ တိုးတက်နေတာကို တွေ့ရတယ်မလား?"
လုရွှမ် ခေါင်းညိတ်ပြလိုက်သည်။ အမှန်ပင် ဤခံစားချက် ဖြစ်သည်။
"ဒါပေမဲ့ ဒီလူနှစ်ယောက်ကို ငါသတ်လိုက်ပြီ... နောက်တစ်နေ့ကျရင် သူတို့ပြန်အသက်ရှင်နိုင်မလား ဒါမှမဟုတ် သူတို့သေသွားမှာလား"
"သေချာပေါက် သေပြီလေ... ဒီမှာသေရင် သေပြီပဲ"
မြူခိုးဝင်၍ လျှို့ဝှက်ဆန်းကြယ်သော တောအုပ်ထဲသို့ လျှောက်သွားခဲ့သည်။ လီရှို့ ထမင်းလုံးတွေ စားနေတာကို ကြည့်ရင်း လုရွှမ် ငြိမ်သက်နေသည်။ သူ နည်းနည်းလေးမှ မခံစားရပါဘူး။ ရှေ့ကို ဆက်သွားလိုက်တော့ မြစ်ကြီးတစ်စင်းဆီ ရောက်သွားလေသည်။
လုရွှမ် ရုတ်တရက် အော်လိုက်မိသည်။
"ဒါ အားနည်းမြစ်ပဲ!"
လှေတစ်စင်းက တစ်ဖက်ကမ်းကနေ ဖြတ်သန်းလာသည်။ ရုတ်တရက် စိတ်ထဲက ဝုန်းခနဲ ပျောက်ကွဲသံနဲ့အတူ လုရွှမ် သတိ နိုးကြားသွား၏။
သူ အာကာသ ပို့ဆောင်ခြင်းအစီအရင်ထဲကနေ ခုန်ထွက်လာခဲ့တာ မဟုတ်လား။ သူ့ရဲ့ ကျင့်ကြံမှုက ဘာလို့ဒီလောက်တောင် တိုးတက်လာရတာလဲ။ ပါးစပ်ထဲ သွေးတွေ ထပ်မံထွက်လာပြီး စိတ်ထဲမှာ အထိတ်တလန့် ဖြစ်သွားတော့သည်။
ဂူထဲက ထွက်လာပြီး နေရာတိုင်းမှာ နတ်ဆိုးသားရဲတွေရဲ့ အလောင်းတွေကို မြင်လိုက်ရ၏။ လုရွှမ် ခေါင်းယမ်းကာ အဝေးဆီသို့ လျှောက်သွားရာ နာရီဝက်အကြာတွင် လီရှို့နဲ့အတူ တောထဲမှ ထွက်လာပြီး အလောင်းများကို ဂရုတစိုက် နင်းကာ ရှေ့သို့ လျှောက်သွားခဲ့သည်။
လုရွှမ် ဂူထဲမှ မတ်တပ် ထရပ်လိုက်ပြီး သူ့တစ်ကိုယ်လုံးမှ မီးတောက်များ ထွက်ပေါ်လာသည်။ ခရမ်းရောင် ဖီးနစ်နတ်မီးနဲ့ အနီရောင် စိတ်ဝိညာဥ်မီးတောက်ဟာ သူ့ရဲ့ အလိုဆန္ဒအတိုင်း လုံး၀ လုံး၀ ရောယှက် လုနီးပါး ဖြစ်သွားပြီ။
ဖီးနစ်နတ်မီးသည် တတိယအဆင့်သို့ အဆင့်မြှင့်တင်ထားပြီး စိတ်ဝိညာဥ်မီးတောက်ကိုတော့ ပဉ္စမအဆင့်ထိ အဆင့်မြှင့်တင်ထားသည်။
လုရွှမ် အဖြစ်အပျက်တွေကို အနည်းငယ်မျှပင် နားမလည်နိုင်တော့ပေ။ သို့သော် ဝိညာဉ်နဲ့ ခန္ဓာကိုယ်က သန်မာလာပြီး မတူညီသော မီးတောက်နှစ်ခုကိုလည်း မြှင့်တင်ထားသည်။ ဤအရာအားလုံးက ကောင်းမွန်နေသော်လည်း လုရွှမ်စိတ်ထဲမှာ ကြောက်ရွံ့မှု အနည်းငယ် ရှိနေသည်။
အကြောင်းမှာ ရွှေဒြပ်စင်နတ်ပုတီးစေ့ ပျောက်နေလေပြီ။