← Chapters

ရှန်း

Vol. 85 Ch. 4.784

ရှန်း

Vol. 85 Ch. 4.784

ရွှေဒြပ်စင်နတ်ပုတီးစေ့သည် တောင်တစ်သောင်းကမ္ဘာ အတွက် ရွှေရတနာအဖြစ် သိမ်းဆည်းထားရန် စီစဉ်ထားသော ပစ္စည်းဖြစ်သည်။

ယခုမူကား မရှိတော့ပြီ။ သူ့စိတ်ထဲမှာ ရွှေဒြပ်စင်နတ်ပုတီးစေ့ရဲ့ အရိပ်အယောင် မရှိတော့တဲ့အကြောင်း တွေးတောင် မတွေးဝံ့ခဲ့ပေ။ အခု တွေး​ကြည့်လိုက်ရင် ဦးနှောက်တွေ နာကျင်ပြီး အသက်ရှင်ရတာထက် သေချင်သလိုတောင် ဖြစ်လာသည်။

လက်ရှိ မှော်စွမ်းအားများ အစွမ်းထက်လွန်းပါက လုရွှမ်သည် သူ့ဝိညာဉ်က ကြီးကြီးမားမား ပျက်စီးသွားလိမ့်မည်ဟုပင် ခံစားမိသည်။ ဂူထဲကနေ လမ်းလျှောက် ထွက်လာပြီးနောက် အပြင်မှာ နေရာအနှံ့ သားရဲတွေ ရှိနေသည်။

လုရွှမ်သည် မီးတောက်များကို လက်တစ်ဆုပ်စာ လက်တစ်ဆုပ်စာ ယမ်းခါကာ သားရဲ၏ ခန္ဓာကိုယ်ကို သန့်ရှင်းစွာ လောင်ကျွမ်းစေခဲ့သည်။ လေထုအလယ်မှာ ပျံသန်းရင်း နောက်ဆုံးတော့ အသက်ရှုသံ တချို့ကို ခံစားလိုက်ရတာကြောင့် အဲဒီနေရာကို တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။

မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးသည်နှင့် သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို အပြည့်အဝ ခံစားလိုက်ရသည်။

စိမ်းလန်းသော အပင်များပေါ်တွင်တော့ သေခြင်းတရား၏ အရိပ်အမြွက်များ ပြည့်နေသည်။ ပန်းပွင့်များသည် စိတ်ပျက် ဝမ်းနည်းနေသလို သေခြင်း အငွေ့အသက်များက စိမ့်ဝင်နေသည်။ ဝိညာဉ်စွမ်းအားတွေ ရောထွေးနေတာတောင်မှ အသက်ရှုပြီးတာနဲ့ မှိုင်းခနဲ ခံစားရသေးသည်။

ထိုအခိုက် လူတစ်ယောက် ပေါ်လာသည်။ သူမသည် နတ်သမီးနှင့်တူသော လှပသော အသွင်အပြင်ဖြင့် နတ်သမီး အဝတ်အစားများကို ၀တ်ဆင်ထားသည်။ နတ်မီးနယ်ပယ်တွင် ရှိနေသော သူမမျက်လုံးများက အလွန်ပင် ညုညောနေသော်လည်း လုရွှမ် ရင်းနှီးနေတဲ့ ခံစားချက်ကို နားမလည်နိုင်စွာ ခံစား​နေရသည်။

"လုရွှမ်...."

"လီရှို့လား?"

မိန်းကလေးက သက်ပြင်းတစ်ချက်ချကာ အမြန်ပြေးလာခဲ့သည်။

"သွားရအောင်... လူကယ်တင်ဖို့ ကျွန်မနဲ့လိုက်ခဲ့!"

"လူကယ်မယ်?"

လီရှို့ဆီက ဆွဲငင်ခြင်းကို ခံရသော လုရွှမ် အလိုလို ကန့်ကွက်ခြင်းမရှိပေ။ ပြေးနေစဉ် လီရှို့ ဤနေရာသည် ဘယ်လိုနေရာနဲ့ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတဲ့ အကြောင်း ပြောပြလာခဲ့သည်။

"သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေရဲ့ အချိန်နဲ့ သက်ဆိုင်တဲ့ ကိစ္စပဲ... ဒီ​နေ့က ဆယ်ရက်မြောက်နေ့ ဖြစ်မယ် ကျွန်မတို့အားလုံး ဒီနေရာက ထွက်ခွာရတော့မယ်... စည်းကမ်းအရဆို မနေ့က ထွက်ခွာသင့်တာ ဒါပေမဲ့ ကျွန်မတို့ ပိတ်မိနေပြီ ရှင့်ရဲ့သူငယ်ချင်းတွေ အခုဒီမှာ ရှိနေတယ် ”

"အများကြီး မစဉ်းစားနဲ့... ရှင့်စိတ်ဝိညာဥ်ထဲက သံကြိုး အုတ်တံတိုင်းတွေကို ထပ်ထိရင် မင်းဦးနှောက်က ပေါက်ကွဲတာကို မခံနိုင်လောက်ဘူး"

လုရွှမ် သူ့ဘေးနားရှိ လီရှို့ကို ငုံ့ကြည့်လိုက်သည်။ သူမလက်ဖဝါးမှ အေးစက်သော အငွေ့အသက်များကို လုရွှမ် ခံစားနေရကာ သူ့ခန္ဓာကိုယ်ထဲတွင် ဆန္ဒများတချို့ တိုးပွားလာနေသည်။

လီရှို့က လုရွှမ်အား အဖြူရောင်အကြည့်နဲ့ ပြန်ကြည့်လိုက်လေသည်။

"မုန်းလိုက်တာ! ဘယ်တုန်းကတည်းက ဒီလိုမျိုး တွေးနေတာလဲ? လူတွေကို ကယ်တင်ဖို့ လိုနေသေးတယ်... မဟုတ်ရင် ရှင့်သူငယ်ချင်း လိရှောင်း သေလိမ့်မယ်"

လုရွှမ် ရုတ်​တရက်​ နိုးထလာပြီး။

"လိရှောင်း? သူ ဒီမှာရှိ​နေတယ်​ ဟုတ်လား?"

"ဟုတ်တယ် ဒါက သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေလေ... ဆန်းကြယ်ကောင်းကင်အိမ်တော် က ဒီနေရာကို စမ်းသပ်ရာနေရာ တစ်ခုလို့ မှတ်ယူတယ်... လိရှောင်းက ဒုက္ခရောက်နေပြီ!"

"ဒါဆို တခြားသူတွေရော ဒီမှာရှိလား"

"သူတို့အားလုံး ဒီမှာပဲ... အောင်ရှင်း၊ အောင့်ယွဲ့ ၊ ရှန်းရှဲ့၊ ကျင်းဟုန်၊ ထူဖူးနဲ့ ရှန်ယိ... သူတို့အားလုံး ဒီမှာပဲ"

လုရွှမ်စိတ်ထဲတွင် အနည်းငယ် သက်တောင့်သက်သာ ရှိသွားသည်။

မြူခိုးတွေကို ဖြတ်ကျော်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ တောအုပ်ကို ဖြတ်လျှောက်ပြီးနောက် အားနည်းမြစ်ရဲ့ ရေတွေကို ဖြတ်ကျော်လိုက်သည်။ ထို့နောက် မြက်ခင်းပြင်ကျယ်ကြီးကို ဖြတ်ကျော်ပြီးတဲ့အခါ ကြီးမားတဲ့ တွင်းကြီးတစ်ခုဆီကို ရောက်သွားပါတော့သည်။

တွင်းကြီးသည် အဆုံးကို မမြင်နိုင်လောက်အောင် မည်းမှောင်နေသည်။ လုရွှမ် စိတ်ဝိညာဉ်စွမ်းအားဖြင့် စူးစမ်းသော်လည်း သူလုံးဝ မထိ​တွေ့နိုင်ခဲ့ပေ။ အောက်ခြေလိုင်း မရှိလို့လား ဒါမှမဟုတ် တွင်းကြီးရဲ့ ပတ်ဝန်းကျင်မှာ တွယ်ကပ်နေတဲ့ အရာတွေက ဝိညာဉ်စွမ်းအားကို စုပ်ယူသွားလို့လား မပြောတတ်ပေ။

လုရွှမ်သည် ထူးဆန်းသော မီးအနည်းငယ်ကို ပစ်ခတ်လိုက်ရာ ရူးသွပ်သော အသံတစ်ခု ထွက်ပေါ်လာပြီး မီးတောက်လောင်သွားသည်။

"လိရှောင်း တွင်းထဲမှာ ရှိနေတာ ဖြစ်နိုင်လား"

လုရွှမ်သည် သူ့စိတ်ထဲမှာ တင်းကျပ်တဲ့ ခံစားချက်တစ်ခု ရှိနေကာ ၎င်းတို့က စကားလုံးတွေကို ချုပ်ကိုင်ထားသလိုပင်။ ဒါကြောင့် အရင်က ဖြစ်ပျက်ခဲ့တာတွေကို မပြောရဲတော့ဘူး။ အလှည့်တိုင်းမှာ သွေးအန်ပြီး စိတ်တွေက တုန်လှုပ်သွားခဲ့ရသည်လေ။

"လုရွှမ်.... မင်းလား?"

လိရှောင်းရဲ့ အသံက တွင်းထဲက ထွက်လာသည်။ ဟုတ်တယ်၊ ဒါက လိရှောင်းရဲ့ အသံပဲ။

"မဆင်းလာနဲ့... ဒီက ထွက်သွားတော့ ငါတို့ ဒီမှာ ပိတ်မိနေပြီ... မင်း ​​အသက်ရှင်နေသရွေ့ ငါတို့ဒီမှာ ပိတ်မိနေရလည်း ပြဿနာ မရှိဘူး... မင်းအများကြီး စတေးခဲ့ပြီးပြီ"

အောင်ရှင်းရဲ့ အသံက "အစ်ကိုလုရွှမ်... အစ်ကို ကောင်းကောင်း လေ့ကျင့်သွားရမယ်နော်...အစ်ကိုက အနာဂတ်မှာ ပထမဆုံး မသေမျိုး ဖြစ်လာမယ့်သူပဲ"

"လုရွှမ် နောက်ဘဝမှ ထပ်တွေ့​ကြမယ်!"

အောင့်ယွဲ့ကလည်း ဆိုလာသည်။ ထို့နောက် ကျင်းဟုန်နဲ့ ထူဖူးတို့ရဲ့ အသံများ တစ်စထက်တစ်စ ထွက်ပေါ်လာသည်။ လီရှို့က ဘေးကို စိုးရိမ်တကြီးနဲ့ ကြည့်ရင်း။

"ဘာကိုစောင့်နေတာလဲ? ဆင်းသွားကြစို့လေ!"

သူမက အော်ပြောကာ လုရွှမ်ကို မုန်းတီးစွာ မျက်လုံးလွှဲ၍ ခုန်ချလိုက်​လေသည်။ တွင်းကြီးသည် အလွန်မှောင်နေ၍ သူမ ခုန်ချလိုက်သည်နှင့် လုံးဝ မတွေ့ရတော့ပေ။

"သူတို့က ငါ့ကို ကယ်တင်ဖို့ ကြိုးစားနေတာ... သူတို့ မရှင်သန်နိုင်ရင် ငါလည်း သူတို့နဲ့ အတူတူ သေရတာ တန်ပါတယ်"

လုရွှမ် သူ့နှာခေါင်းကို ထိလိုက်တော့ သွေးအပိုင်းအစတစ်ခု ထွက်လာသည်။ သူ့ဦးခေါင်းမှာ ပြင်းထန်စွာ နာကျင်သွားပြီး သွေးများ ထပ်မံထွက်ကျလာ​ပြန်သည်။ သူ့ရှေ့က အရာအားလုံးသည် သူ့စိတ်ကူးနိုင်တာထက် ကျော်လွန်သွားပြီ။

စိမ်းစိုနေတဲ့ အကွက်တွေနဲ့ ဝိုင်းရံထားတဲ့ ပတ်ပတ်လည်ကို သူ လွတ်လွတ်လပ်လပ် ကြည့်နေခဲ့ပေမယ့် အခုအချိန်မှာတော့ ညှိုးနွမ်းပြီး သေခြင်းတရားတွေနဲ့ အငွေ့အသက်တွေက ပြည့်နှက်လာသည်။

တွင်းထဲကို ခုန်ချရင် ဘာဖြစ်မယ်မှန်း မသိပေ။ ဒါပေမဲ့ အောက်မှာ သူ့သူငယ်ချင်းတွေ ရှိနေသည်။ လုရွှမ် သူ ခုန်ချသင့်တယ်လို့ ခံစားမိပေမယ့် သူ ခုန်ချ​တော့မယ့် အခိုက်မှာ နားမလည်နိုင်တဲ့ စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။

ဘုန်း!

စိတ်ထဲတွင် နားလည်မှု အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကာလအတန်ကြာ ပျောက်ဆုံးသွားသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်လေး မင်း ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ? ဟိတ်... အောက်မှာ ဘာလို့ ပိုးကောင်​ကြီး ရှိနေတာလဲ? မင်း သေချင်နေတာလား? ငါတို့ကို မင်းနဲ့အတူ မလိုက်ခိုင်းပါနဲ့ကွာ!"

ဒါ ရွှေကျီးကန်းရဲ့ အသံပဲ။

"သောက်ကျိုးနည်း! မင်းစိတ်ထဲမှာ ဒီဟာတွေကို ဘယ်သူစိုက်ထားတာလဲ? မင်းက မာနကြီးတဲ့ ကောင် မဟုတ်ဘူးလား? သောက်ကျိုးနည်း ငါတို့ကို အနိုင်ကျင့်နေတာ!....သွားစမ်း!"

ရွှေကျီးကန်း၏ အော်သံနှင့်အတူ လုရွှမ် သူ့စိတ်ထဲတွေ ရုတ်တရတ် ပေါ့ပါးသွားတာကို ခံစားလိုက်ရသည်။ အရင်က ချုပ်နှောင်ထားခဲ့သော ချုပ်နှောင်မှုမှာ ပျောက်ကွယ်သွားပြီး ပျောက်ဆုံးသွားသော အမှတ်တရများကို မြန်မြန်ဆန်ဆန်ပဲ ပြန်သတိရလာသည်။

မျက်လုံးနှစ်ဖက်လုံးတွင် အလင်းရောင်များ တောက်ပလာပြီး နေမျက်လုံးအစစ် ပွင့်လာသည်။ ထိုအခါမှ သူသည် သူ့ရှေ့မှာ ပါးစပ်ရှည်ကြီးနဲ့ အင်းဆက်ကြီးတစ်ကောင်ရဲ့ ပါးစပ်ကြီးထဲကို ခုန်ဆင်းဖို့ စောင့်နေမိတာကို တွေ့လိုက်ရလေသည်။

ပိုးကောင်သည် အလွန်ကြီးမားပြီး တောင်ကုန်းတစ်ခုလိုနီးပါး ကြီးမား၏။ ၎င်း၏ ပါးစပ်ထဲမှာလည်း အစွယ်များအပြည့်ဖြင့်။ ဤအခိုက်အတန့်တွင် မျက်လုံးကြီးနှစ်လုံး ပွင့်လာပြီး လုရွှမ်ကို စိုက်ကြည့်နေသည်။

"မင်းကိုး.... မသေမျိုးကောင်းကင်နန်းတော်ရဲ့ အဆက်အနွယ်က ပျက်စီးသွားတာ ကြာပြီ... မင်းပိုက်ထဲမှာ ချော်လဲထားတဲ့ ငါးတစ်ကောင် ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... ကောင်လေး ဝင်လာခဲ့လိုက်တော့!"

ပိုးကောင်ကြီး၏ ပါးစပ်မှ ပြင်းထန်သော စုပ်ယူမှု တွန်းအားတစ်ခု ထွက်ပေါ်လာသည်။ လုရွှမ်လည်း သူ့ခန္ဓာကိုယ်ထဲကို တောင်တစ်လုံး ဖိသိပ်ထားသလို တောင့်တင်းသွားလေ၏။ သူသည် ခြေလှမ်းနှစ်လှမ်း ဆုတ်သွားသော်လည်း ပိုးကောင်ကြီး၏ ပါးစပ်ဆီသို့ နှစ်လှမ်း ပြန်လှမ်းလိုက်မိသည်။

"ကောင်လေး ဒီပိုးကောင်အကြီးကြီးကို ရှန်း လို့ခေါ်တယ်.... အဲဒီတုန်းက သခင်က သူတို့မျိုးနွယ်ကို သနားစရာ​ကောင်းလို့ ထင်ပြီး ချမ်းသာပေးခဲ့တာ... ဒီလိုမျိုး အသက်ရှင်နေသေးမယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး... သူ့ပါးစပ်ထဲကို မရောက်သွားစေနဲ့ မဟုတ်ရင် မင်း ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး.... သွားတော့ ဘယ်သူမှ မလွတ်မြောက်နိုင်သေးဘူး။

လတ်စသတ်တော့ ဒီအကောင်ကြီးကို ရှန်း လို့ ခေါ်တာပေါ့။

တကယ်တော့ ဒါဟာ ရှေးခေတ်က ကြွင်းကျန်ခဲ့တဲ့ အင်းဆက်ပိုးမွှားတွေ ဖြစ်လေသည်။ အရမ်းကြောက်ဖို့ကောင်းတာ မဆန်းပါဘူး။

"ဟေ့ ကောင်လေး... ဒီသတ္တဝါက ဘယ်လောက်ကြောက်ဖို့ကောင်းမှန်း မင်းမသိဘူးမလား? မဟုတ်ဘူး ရွံရှာစရာ ကောင်းတာလို့ ပြောရမယ်.... ပါးစပ်တစ်ခုတည်းက စားလိုက်ပြီးရင် သူတို့ကိုယ်သူတို့ သတ်သေးတယ်... ပြီးရင် ပြန်မွေးဖွားပြီး သူတို့ကိုယ်သူတို့ ​ပြန်စားတယ်... ရွံစရာကြီး ရွံစရာကြီး!"

ထိုစဥ် လုရွှမ် ရုတ်တရက် ခြေလှမ်းမှားသွားကာ သူ့ခန္ဓာကိုယ်သည် မြေပြင်မှ ပျံသွားပြီး ထိုအကောင်၏ ပါးစပ်ထဲသို့ ပျံသန်းသွား​​တော့သည်။

All Chapters