မြေအောက်နန်းတော်
Vol. 85 Ch. 4.786
လိရှောင်းနဲ့ တခြားသူတွေက ဘယ်မှာလဲ? သူတို့ အဖမ်းခံထားရတာလား ဒါမှမဟုတ် ထင်ယောင်ထင်မှားထဲမှာ ပိတ်မိနေသေးတာလား မသိ။
အချိန်က တစ်ရက်သာ ရှိတော့သည်။ သူတို့ကို ရှာဖွေဖို့အတွက်က အချိန်အများစု ယူရပေမည်။ ဒါကလည်း သူကိုယ်တိုင်သာ လုပ်ဆောင်နိုင်သည်။
လုရွှမ် မြေပြင်ပေါ် ဆင်းသက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး ပျံသန်းသွားကာ နောက်ဆုံးတွင် ရင်းနှီးသည့် နေရာကို ရှာတွေ့သွားသည်။ မူလလမ်းအတိုင်း သူသည် မသေမျိုး ကောင်းကင်နန်းတော်၏ တံခါးပေါက်ရှိရာသို့ ထပ်မံရောက် လာရှိခဲ့သည်။
လုရွှမ် အောင့်ယွဲ့တို့အဖွဲ့နှင့် ဤနေရာသို့ ရောက်သောအခါတွင် တောင်တံခါးများ ကွဲအက်သွားပြီး ကြီးမားသော နန်းတော်ကလည်း ပြိုကျလုနီးပါး ဖြစ်နေခဲ့သည်။
နေရာများစွာက မြက်ခင်းပြင်များ အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ပြီး ယခင်အပျက်အစီးများသည် မြေကြီးထဲသို့ ပေါင်းစည်းထားသကဲ့သို့ သို့မဟုတ် လေထဲက ရာသီဥတုဒဏ်ကို ခံရသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
လုရွှမ် အာကာသသလင်းကျောက်ကို ထုတ်ယူကာ အခင်းအကျင်းအား အကြမ်းဖျင်း စီရင်လိုက်ရာ သူ့ခန္ဓာကိုယ်ကို မူလအပျက်အစီးများ၏ မြေအောက်ထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားခဲ့သည်။
'ဒါက နန်းတော်ခန်းမပဲ'
အိပ်မက်ထဲမှာပဲ ဖြစ်ဖြစ် တကယ်ပဲဖြစ်ဖြစ် ရှန်းသားရဲရဲ့ မှတ်ဉာဏ်ထဲမှာပဲ ဖြစ်ဖြစ် စိတ်အနှောက်အယှက် ဖြစ်စေတာတော့ အမှန်ပဲ။ လုရွှမ်ဟာ လုံးဝကို စိတ်ရှုပ်ထွေးနေပေမယ့် အခုအချိန်မှာတော့ သူ့မျက်လုံးတွေက မသေမျိုး ကောင်းကင် နန်းတော်တစ်ခုလုံးကို တကယ်မြင်နေရပြီလို့ ယုံကြည်နေပါသည်။
လုံးလုံးလျားလျား မြေအောက်၌ ဖြစ်သော်လည်း သပ်ရပ်သော နန်းတော်က သူ့မျက်စိရှေ့တွင် ရပ်တည်နေသည်။
ဘာသံမှ မကြားရပေ။ သို့သော် နတ်အလင်းများ ပျံ့လွင့်လာသည်နှင့်အမျှ အမှန်တကယ် ဆွဲဆောင်မှုအား ကောင်းသော စွမ်းအင်တစ်ခု ရှိနေပါသည်။ သန့်စင်သော ဝိညာဉ်စွမ်းအင်၏ အရိပ်အယောင်သည် ဒဏ္ဍာရီနယ်မြေ တစ်ခုလိုဖြစ်သည့် ကြီးမားလှသော နန်းတော်တစ်ဝိုက်တွင် စီးဆင်းနေသည်။
လုရွှမ် ခေါင်းကို မော့လိုက်သည်နှင့် မသေမျိုး ကောင်းကင် နန်းတော်စာလုံးအား တွေ့လိုက်ရသည်။ နန်းတော်အဝင်ဝတွင် လေးလုံးထိုး ကမ္ဗည်းပြားတစ်ခု ချိတ်ဆွဲထားကာ လင်းလက် တောက်ပနေဆဲ ဖြစ်သည်။
ကမ္ပည်းပြား၏ အငွေ့အသက်နှင့်အတူ လေးနက်တဲ့ စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ လုရွှမ် သူ့ခန္ဓာကိုယ်က တုန်လှုပ်မှုကို မခံနိုင်တော့ဘဲ လေးလေးစားစား ဦးညွှတ်လိုက်သည်။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူသည် မသေမျိုး ကောင်းကင်နန်းတော်၏ တစ်ဦးတည်းသော သားစဉ်မြေးဆက် ဖြစ်သည်။
"ကောင်လေး မင်းအရမ်းတော်တာပဲ ဒီနေရာကိုတောင် တကယ်ရှာတွေ့သွားတယ်..."
ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်သည် နန်းတော်ထဲမှ ပိုးကောင်တစ်ကောင် ကူးခတ်လာတာကို မြင်သောအခါ အံ့အားသင့်သွားသည်။ ဒီပိုးကောင်က သိပ်မကြီးပါဘူး။ မြွေတစ်ကောင်လို သုံးပေလောက်သာ ရှည်ကာ ၎င်းသည် ပြင်ပတွင် မြင်တွေ့ရသော ချို့ယွင်းချက် အသေးစားလေး ရှိသည်။
၎င်းက လုရွှမ်ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်ရင်း မေးလိုက်သည်။
"ကောင်လေး မင်းတကယ် သေချင်နေပြီလား?"
ပိုးကောင်ငယ်သည် နန်းတော်မှ အမှန်တကယ် ပြေးထွက်လာတာကို မြင်လိုက်ရသဖြင့် လုရွှမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ နောက်ဆုံးတွင် သူသည် မှန်ကန်သော အကောင်ကို ရှာတွေ့ခဲ့ကာ ပစ်မှတ်အားလုံးသည် ဤပိုးကောင်ထဲတွင် ရှိနေကြောင်း သိလိုက်၏။
ဘာလို့ ဒီလိုခန့်မှန်းရတာလဲ ဆိုရင်တော့ ဒီနန်းတော်ရဲ့ ရောင်ဝါကြောင့်ပဲလို့ ပြောရမည်။ ပိုးကောင်သည် သူ့ဝိညာဉ်ကို ဤနေရာတွင် ထိန်းသိမ်းထားပြီး အပြင်မှ ဝိညာဥ်စွမ်းအင်နှင့် ကျင့်ကြံသူတွေကို စုပ်ယူကာ ဆက်လက် ရှင်သန်နေခဲ့သည်။
လုရွှမ်၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး အော်လိုက်သည်။
"ကျီးဖိုးဖိုး... ထွက်လာပြီး ကြည့်ချင်လား"
ရွှေကျီးကန်းသည် ရယ်မောပြီး လွင့်ပျံနေသော အတောင်ပံများဖြင့် ပျံထွက်လာသည်။ ရွှေကျီးကန်းကို တွေ့တာနဲ့ ပိုးကောင်ငယ်က ပြင်းပြင်းထန်ထန် အော်ဟစ်လေ၏။
"မင်းပဲကိုး... ပျင်းနေတဲ့ငှက် မင်း မသေသေးဘူးလား?"
သူ့မျက်လုံးများက လုရွှမ်ဘက်သို့ လှည့်လာပြီး ရုတ်တရက် အလင်းတန်းတွေ ဖြတ်ပြေးသွားလေသည်။
"ဒါဆိုအာကာသ ကျောက်စိမ်းပြား မင်းခန္ဓာကိုယ်ထဲမှာ ရှိနေတာလား?"
သူ့မျက်လုံးများ နီရဲလာပြီး အလွန်စိတ်လှုပ်ရှားနေမှန်း သိသာသည်။
"ဟားဟားဟား... ဒီကျောက်စိမ်းနဲ့ဆို ငါ အကျဉ်းသားလို ထာဝရ ပိတ်မိနေစရာ မလိုဘူး ငါလိုရာကို သွားနိုင်ပြီ... ငါ မသေနိုင်တဲ့ကောင် ဖြစ်သွားနိုင်ပြီ ဟာဟားဟား ဟားဟား တကယ်ကို ကောင်းကင်ဘုံက ငါ့ကိုပေးခဲ့တဲ့ ဒုတိယအခွင့်အရေးပဲကွ!”
"မင်းက အာကာသကျောက်စိမ်းပြားကို လိုချင်တယ်ပေါ့.... အိပ်မက်ပဲ မက်နေလိုက်... လုရွှမ် သူ့ကို သတ်ပစ်လိုက်တော့"
လုရွှမ် ဓားရှည်ကြီးကို ဆွဲထုတ်လိုက်တော့ ပိုးကောင်က လှောင်ရယ်လေသည်။
"မင်းရဲ့ ဓားကျွမ်းကျင်မှုနဲ့လား? စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား နာမည်က တော်တော်တော့ လွှမ်းမိုးနေပေမယ့် ဒီသခင်ပိုးကောင်က ရင်းနှီးနေတာ သနားစရာပဲကွာ.."
ပိုးကောင်ကလည်း ပါရမီရှင်တွေလို မာနထောင်လွှားမှုမျိုး ရှိလေသည်။ လူတိုင်းသည် ၎င်းတို့၏ အထူးကျွမ်းကျင်မှုများကို တိတ်တဆိတ် ကြည့်ရှုနေချိန်တွင် ပိုးကောင်ကတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူ နားမလည်ရင် အရင်နေ့ရက်ကို ပြန်သွားပြီး ကြည့်ရုံပါပဲ။
လုရွှမ်သည် ပထမဆုံး လှုပ်ရှားမှု ဖြစ်သော စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားဖြင့် ထိုးလိုက်သည်။ ပိုးကောင်က ပေါ့ပေါ့တန်တန် ခုန်ဆင်းကာ အလွယ်တကူ လွတ်မြောက်သွားသည်။
အချိန်၏ စွမ်းအင်ကို ဖမ်းဆုပ်ပြီး မှန်ကန်သော ဦးတည်ရာသို့ ခုန်ဆင်းခြင်းသည် လုရွှမ်၏ လှုပ်ရှားမှုထဲမှ တစ်ခုတည်းသော ချို့ယွင်းချက်ကို လုံး၀ ဖမ်းစားနိုင်ခဲ့သည်။
"လမ်းလျှောက်ပြန်စမ်းပါကွာ။ မင်းလုပ်ရပ်တွေကို ငါဒီနှစ်တွေ အကြာကြီး ကြည့်နေတာ... ငါကစားနေတာပဲလို့များ မင်းထင်နေတာလား? ဟားဟားဟား မင်းရဲ့လျှို့ဝှက်ချက်တွေအားလုံးက ငါ့မျက်လုံးထဲမှာ တန်ဖိုး မရှိတော့ဘူး"
လုရွှမ် မယုံပေ။ ဖီးနစ်နတ်မီး၊ စိတ်ဝိညာဥ်မီးတောက်နဲ့ ယွမ်ယန်စွမ်းအင်တို့ကို အသုံးပြုကာ ထပ်မံ ကြိုးစားခဲ့သော်လည်း အားလုံးသည် အချည်းနှီးသာ ဖြစ်သွားသည်။
"ကောင်လေး မင်း အစွမ်းကုန် ကြိုးစားပြီးပြီ... ငါဘာမှ မလုပ်ရသေးဘူးနော်... စောင့်ကြည့်ထားကွ!!"
ပိုးကောင်က အော်ပြောပြီး သူ့ပါးစပ်က ရုတ်တရက် ပွင့်ဟလိုက်ရာ အနံ့အသက်ဆိုးကြီးတွေ ထွက်လာတော့သည်။
လုရွှမ် လျင်မြန်စွာ ပျံ့လွင့်သွား၏။ အရည်များသည် လေထဲတွင် အငွေ့ပျံလာပြီး ခန်းမတစ်ခုလုံး လျင်မြန်စွာ ပြန့်ကျဲသွားသည်။
"အိုး... ဒါက သူ့ဆီးပဲ! မင်းခန္ဓာကိုယ်ထဲကို လုံဝ မရှူမိစေနဲ့"
ရွှေကျီးကန်းက အော်ပြောပြီး ကျောက်စိမ်းပြားထဲသို့ ပြန်ပြေးဝင်သွားသည်။ လုရွှမ်လည်း သူ့ပြင်ပ အသက်ရှူမှုကို လျင်မြန်စွာ ပိတ်လိုက်ပြီး သူ့ပတ်ဝန်းကျင်တွင် လေပြင်းနိယာမကို လွှတ်ထုတ်ကာ အနံ့အသက်တွေကို မှုတ်ထုတ်ရန် ကြိုးစားသည်။
"ဟမ့်... ဒီအရာတွေကို ရှောင်ဖို့လွယ်ရင် အဲ့မိုက်မဲတဲ့ ငှက်က အာကာသကျောက်စိမ်းပြားထဲကို ပြန်ပြေးဝင်သွားမယ်လို့ ထင်လား?"
သေချာတာကတော့ အဲဒီအရာတွေဟာ သူ့ပတ်ဝန်းကျင်က လေရဲ့ အင်္ဂါရပ်တွေကို လုံး၀ လျစ်လျူရှုပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲကို အသက်ရှင်နေသယောင်နဲ့ ဦးတည်သွားနေ၏။
စိတ်ဝိညာဉ်မီးနှင့် ဖီးနစ်နတ်မီးသည် တစ်ပြိုင်နက်တည်း လောင်ကျွမ်းသွားသော်လည်း ခန္ဓာကိုယ်အတွင်းသို့ အငွေ့များကို လုံးဝ မတားဆီးနိုင်ပေ။ နောက်ဆုံးတွင် ထိုအငွေ့များက လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့လေသည်။
"အိပ်ပါ အိပ်လိုက်....အားလုံးကို မေ့ပြီး အိပ်ပစ်လိုက်.... မင်းနိုးလာရင် အရာအားလုံးကို မေ့သွားမယ်... ငါ့ရဲ့ကလေးပါ ဖြစ်လာလိမ့်မယ်... အဲ့ကျရင်တော့ နာခံမှုရှိရှိနဲ့ အာကာသကျောက်စိမ်းပြားကို ငါ့ဆီ လွှဲပေးလိုက်ပေါ့"
ရွှီး!
စူးရှသော အသံတစ်ခု ထွက်လာသည်။
လုရွှမ် ကိုယ်ခန္ဓာထဲသို့ ထိုးဖောက်ဝင်ရောက်လာသော အငွေ့များက အမှန်တကယ် လွင့်ထွက်သွားသည်။ လုရွှမ်ရဲ့ မျက်လုံးများ တောက်ပလာပြီး သူ့တစ်ကိုယ်လုံး မိုးကြိုး လျှပ်စီးကြောင်းများ ဖြာထွက်သွားသည်။
"အိုး မင်းခန္ဓာကိုယ်ရဲ့အရိုးတွေကို မိုးခြိမ်းသံပုံစံတွေနဲ့ ဖုံးအုပ်ထားတယ်ဆိုတာ ငါမေ့သွားတယ်... ဒါပေမဲ့ မင်းဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ? မင်းဆက်မထိန်းနိုင်တော့တဲ့ အခါကျရင်တော့ မင်းရဲ့ အရာအားလုံးက ငါ့ရဲ့ထိန်းချုပ်မှု အောက်ကို ရောက်သွားပြီလို့သာ မှတ်လိုက်တော့"
ပိုးကောင်ငယ်လေးသည် အရည်များကို ဆက်ဖြန်းနေကာ လေထဲမှာလည်း ၎င်းရဲ့ အနံ့အသက်ဆိုးများက ပိုမိုပြင်းထန်လာသည်။
လုရွှမ်၏ တစ်ကိုယ်လုံးကို နတ်မိုးခြိမ်းသံဖြင့် ဖုံးအုပ်ထားသော်လည်း ဒါက ရေရှည် ဖြေရှင်းချက်မဟုတ်ပဲ ယာယီဖြေရှင်းချက် ဖြစ်ကြောင်းကို သူလည်း နားလည်သည်။ လက်ရှိဒုက္ခကို ရှင်းချင်ရင် ဒီအင်းဆက်လေးကို သတ်ပစ်ရမယ်။
"သွားတော့!"
လုရွှမ် အော်လိုက်ပြီး မိုးကြိုးတစ်ချက် ပစ်ခတ်လိုက်၏။ ပိုးကောင်ငယ်ရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်သွားသော်လည်း သူက ပြန်ဆိုလာခဲ့သည်။
"ဒီလျှပ်စီးကြောင်းရဲ့ စွမ်းအားက သေးလွန်းတယ် ကောင်လေး မင်းက အရမ်းငယ်ပါသေးတယ်ကွာ...."
လုရွှမ် ဝမ်းနည်းစွာ ခေါင်းယမ်းလိုက်သည်။ ဒါက သူ့ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်နေပြီ။ ဒါပေမဲ့ ပိုးကောင်ရဲ့ တိုက်ခိုက်မှုကို ကြည့်လိုက်ရင်တော့ ပစ်ချက်က သူ့ကို ယားယံစေရုံလောက်သာ ရှိသည်။
သူ့ပတ်ဝန်းကျင်က ရောင်ဝါတွေက ပိုပိုပြီး အားကောင်းလာသည်။ လုရွှမ် သူ့အသက်ရှူတာကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားပေမယ့် အငွေ့တွေ သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားတာကို မတားဆီးနိုင်ချေ။
လုရွှမ်သည် သူ၏ ယွမ်ယန်ကျင့်စဥ် စွမ်းရည်ကို စိတ်ဝိညာဉ် ပင်လယ်ရှေ့တွင် လုံးလုံးလျားလျား အာရုံစိုက်ထူထားခဲ့ပြီး ထိုအငွေ့များကို တတ်နိုင်သမျှ တွန်းလှန်ရန် ကြိုးစားခဲ့သည်။ ဒါပေမဲ့ အချိန်အကြာကြီး မထိန်းထားနိုင်တာ သိသာပါ၏။ အခုဆို သူ့စိတ်တွေ တဖြည်းဖြည်း မူးဝေလာပြီး အချိန်မရွေး မူးလဲသွားနိုင်တော့မလို ဖြစ်နေပြီ။