← Chapters

တန်ပြန်တိုက်ခိုက်မှု

Vol. 85 Ch. 4.787

တန်ပြန်တိုက်ခိုက်မှု

Vol. 85 Ch. 4.787

ဘယ်လိုလုပ်မလဲ?

လုရွှမ်၏ စိတ်ဝိညာဉ်သည် ပြင်းထန်စွာ တုန်လှုပ်နေပြီ။ နတ်မိုးခြိမ်းသံသည် စိတ်ဝိညာဉ်ပင်လယ်ကို တစ်ချပြီးတစ်ချက် ရိုက်ခတ်သွားကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးနေသော ရှန်းသားရဲ၏ ရောင်ဝါက ကွဲအက်သွားသည်။

ဒါပေမဲ့ ဒါက ရန်သူကို နာကျင်စေပြီး သူ့ကိုယ်သူလည်း နာကျင်စေမယ့် လုပ်ရပ်တစ်ခုပါပဲ။ လုရွှမ် တစ်ကိုယ်လုံး သွေးတွေ ရွှဲနေခဲ့သည်။ ဦးနှောက်က လုံးဝ အိပ်မပျော်ချင်ပေမယ့် ခန္ဓာကိုယ်က မခံနိုင်တော့ပေ။

"မျှော်လင့်ချက် တရိပ်ရိပ်​လေးပဲ ရှိရင်တောင် သည်းခံရမယ်"

လုရွှမ်ဟောက်ကာ သူ့လျှာကို သွားများဖြင့် တင်းတင်းကျပ်ကျပ် ကိုက်လျက် နာကျင်မှုဖြင့် သူ့စိတ်ကို ကြည်လင်လာစေရန် ကြိုးစားနေခဲ့သည်။

"ဟေး မင်းရဲ့စိတ်ဝိညာဉ် စွမ်းအားကို တိုးတက်အောင် ငါကူညီပေးခဲ့တာ​နော်... မင်းငါ့ကိုဖုံးကွယ်နိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတယ်လို့များ ထင်​နေလား?"

ပိုးကောင်က ပြုံးပြီးပြောလေ၏။

"ဖီးနစ်မီးတောက်တွေ၊ စိမ်း​ပြာနဂါးနှလုံးနဲ့ ကျောရိုးကြီး... ကျစ် ကျစ် မင်းက တကယ်ကို အခွင့်အရေး ကောင်း​တွေ ရထားတဲ့ ကောင်လေးတစ်ယောက်လို့ ပြောရမယ်... ဒါပေမဲ့ မင်းလုပ်သမျှက အချည်းနှီးပဲ ငါ့ရှေ့မှာ မင်းလုပ်သမျှက အချည်းနှီးပဲကွ... အာကာသကျောက်စိမ်းပြားကို လွှဲပေးစမ်း!!"

ပိုးကောင်က ဟစ်အော်လိုက်ပြီး ရုတ်တရတ်ထကာ လုရွှမ်လည်ပင်းကို အားပြင်းပြင်း ကိုက်ချပစ်လိုက်ရာ လုရွှမ်မှာ အသည်းကွဲသွားသလို ကျယ်လောင်စွာ အော်ဟစ်လိုက်​ပေသည်။

ပတ်ဝန်းကျင်က အငွေ့တွေဟာ သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာပြီး ကျယ်လောင်စွာ ပြေးလွှားနေခဲ့တယ်။ သူ့အတွင်းအင်္ဂါများ ချက်ချင်း ပျက်စီးသွားတာကြောင့် ပါးစပ်မှ သွေးများ စီးကျလာသည်။

"ဒါဆို အားလုံးအမြန်ဆုံး သေလိုက်ကြတာပေါ့"

လုရွှမ်သည် သေခြင်းတရားနဲ့ နီးကပ်လာပြီဟု ခံစားလိုက်ရသည်။ သူ့တွင် ခွန်အားမရှိတော့သလို သူ့ဝိညာဉ်သည် တဖြည်းဖြည်း မေ့မြောသွားကာ ခွန်အားလည်း မရှိတော့ပေ။

ထိုစဥ် ယွမ်ယန်ကျင့်စဥ်သည် လျင်မြန်စွာ စတင်လည်ပတ်ပြီး ခန္ဓာကိုယ်ထဲရှိ ကောင်းကင်မီး​တောက်များက လျင်မြန်စွာ စုစည်းလာခဲ့သည်။ မီးတောက်နှစ်ခုသည်လည်း ဒန်တန်ဘက်သို့ ဆုံစည်းကာ နတ်တောင်တန်းဆီကို ပေါင်းစည်းလိုက်ရာ နတ်မီးများ ဖြာထွက် ဆင်းသက်လာခဲ့သည်။

"ပေါက်ကွဲစေ!"

လုရွှမ် သူ့ခန္ဓာကိုယ်ကို ပျက်စီးစေသော စွမ်းအားကို လောင်ကျွမ်းစေရန် သူ၏နောက်ဆုံး ဝိညာဥ်စွမ်းအားကို အသုံးပြုခဲ့သည်။ လုရွှမ်ခန္ဓာကိုယ်မှ ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက အရပ်ရပ်သို့ လျင်မြန်စွာ တုန်ခါသွားစေရာ ပိုးကောင်ရဲ့ ခန္ဓာကိုယ်သည်လည်း ဇောက်ထိုး ပျံထွက်သွားသည်။

"ကောင်လေး... ငါ့ကို သတ်ချင်တယ်ပေါ့.... ဟမ့် ငါသေသွားပြီဆိုတာ ငါနားလည်ပြီးသား ဒါပေမဲ့ အဲဒါက ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ မင်းထင်​နေလား? ငါ့အိပ်မက်ထဲမှာ မင်းရဲ့ အာကာသကျောက်စိမ်းပြားကို ငါလက်ခံခဲ့ပြီကွ!"

ယွမ်ယန်စွမ်းအင်၏ အရိပ်အယောင်ထဲ ကျောက်စိမ်းပြားလေး တစ်ခု တောက်ပနေသည်။

"ဟားဟား ငါ့ဟာပဲ!"

ပိုးကောင်သည် သူ့လက်ဖဝါးကို ဆန့်၍ ကျောက်စိမ်းပြားကို ဆုပ်ကိုင်လိုက်သည်။ လုံးဝ အတားအဆီး မရှိပေ။ အာကာသ ကျောက်စိမ်း​ပြားကို သူ့လက်သည်းများ​ကြားတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မရပ်မနားကို ရယ်မောနေတော့သည်။

"ဟမ့် လွယ်မလား? ဓားကို ကြည့်စမ်း!"

ရုတ်တရက် သူ့ဘေးနားက ရင်းနှီးတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။ အဲဒါက လုရွှမ်ရဲ့ အသံပါပဲ။

"ယွမ်ယန်ဓားကိုးစင်း....၆စင်းမြောက်ဓား... ပြန်လည်မွေးဖွားခြင်း!"

ဓားအလင်းသည် အလွန် အေးစက်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ၎င်းသည် အလွန်ယောက်ျားဆန်သော ယန်စွမ်းအင် အငွေ့အသက်တွေ ရှိသည်။ ဝေဟင်တွင် ပြန့်ကျဲနေသော ယွမ်ယန်စွမ်းအင်၏ အရှိန်အဝါသည် ဓားဆီသို့ ချက်ချင်း ခုန်တက်လာပြီး အင်အားသုံး ခုတ်လှဲလိုက်သည်။

"နတ်ဘုရားမိုးခြိမ်းသံ ထ!"

လုရွှမ် ထပ်ပြီး အော်လိုက်သည်။ ခရမ်းရောင် နတ်မိုးခြိမ်းသံများသည် လေထုထဲတွင် စုစည်းကာ ဓားပေါ်၌ ပေါင်းစည်းသွားပြီးနောက် ဟောက်သံတစ်ချက် ထွက်​ပေါ်လာသည်။

"ဒါဆို လုံလောက်ပြီထင်တယ် အမ် ဘာလို့ လွှတ်ချလို့ မရတော့တာလဲ!"

ပိုးကောင် အော်ပြောလိုက်၏။ ၎င်းက သူ့လက်ဖဝါးကို လွှတ်ဖို့ ခက်ခက်ခဲခဲ ကြိုးစား​နေပေမယ့် သူ့လက်ဖဝါးပေါ်က ကျောက်စိမ်းပြားဟာ အသားနဲ့ ကပ်နေပြီး မလွှတ်ချနိုင်တော့တာ တွေ့လိုက်ရသည်။

ပြီးတော့ ကျောက်စိမ်းပြားထဲကနေ ယွမ်ယန်ကျင့်စဥ်ရဲ့ တွန်းအားတွေလည်း ထွက်လာသည်။ ဒါဟာ တစ်ချိန်က သူ အလွန်ရင်းနှီးပြီး အလွန်တွယ်တာခဲ့သော လေထုမျိုးပင်။ စွမ်းအင်နဲ့ ပတ်သက်လာရင် ကွဲပြားမှုတွေ အများကြီးရှိပေမယ့် အနှစ်သာရအားဖြင့်တော့ အတူတူပဲ ဖြစ်သည်။

အာကာသကျောက်စိမ်းပြားက သူ့ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားဆဲ ဖြစ်လေရာ လွှတ်ချဖို့ အချိန်နည်းနည်း ယူရပေမယ့် အခု​​အချိန်မှာတော့ လောလောဆယ် အချိန်က မရှိသလောက် ဖြစ်သွားပြီ။

နတ်မိုးခြိမ်းသံသည် ပိုးကောင်၏ ခန္ဓာကိုယ်ကို တရစပ် တိုက်ခိုက်ခဲ့ရာ တစ်ဖက်ပိုးကောင်မှာ တစ်ကိုယ်လုံး တုန်လှုပ်ကာ လွင့်သွားတော့သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မင်းရဲ့အရင်က နတ်မိုးခြိမ်းသံက ဒီလောက် မပြင်းထန်ဘူး!!"

ပိုးကောင်သည် မကျေမနပ်ဖြင့် ဟောက်ကာ ကောင်းကင်ယံမှ ခုတ်လှဲလာနေသော ဓားကို ကြည့်ပြီး လွန်စွာ မလိုလားသလို တွန့်ကွေးနေလေသည်။

"ဘာလို့လဲဆိုတော့ ဒါက ငါ့ရဲ့အတိဒုက္ခမို့လို့!"

ဝုန်း!

နတ်မိုးခြိမ်းသံ တစ်ခု ထပ်မံ ပေါက်ကွဲလာပြန်သည်။ ၎င်းက လုရွှမ်ရဲ့ ဓားရှည်အတိုင်း လိုက်၍ ပိုးကောင်ရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။

လုရွှမ်၏ ဓားရှည်သည် ယွမ်ယန်ဓားကိုးစင်း ပထမဓားခြောက်ချောင်း၏ စွမ်းအားအားလုံးကို ယခုအခိုက်အတန့်တွင် ဆက်တိုက် ထုတ်လွှတ်ပစ်လိုက်သည်။

စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို ကျွမ်းကျင်ပြီးနောက် လုရွှမ်၏ ဓားလမ်းစဥ်ကို နားလည်မှုသည် အလွန်အားကောင်းသည့်အဆင့်သို့ တိုးလာခဲ့သည်။ ယခုအချိန်တွင် ယွမ်ယန်ဓားကိုးစင်းနဲ့ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားတို့ကို ပေါင်းစပ်ထားတာကြောင့် ၎င်းတို့၏ စွမ်းအားမှာ ထူးထူးခြားခြား ဖြစ်​​နေသည်။

နတ်မိုးကြိုးတွေကြောင့် တဆက်ဆက် တုန်ယင်နေသော ဓားရှည်သည် ပိုးကောင်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းဖြတ်ပစ်လိုက်သည်။

"မင်းရဲ့ လောဘက မင်းရဲ့ဝိညာဉ်ကို ချုပ်ငြိမ်းစေခဲ့တာပဲ... ငရဲကို သွားပေတော့!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ လက်နက်ငါးခု၏ စွမ်းအင်များက တစ်ချိန်တည်း ပေါ်လာသည်။ ပြင်းထန်သော ဝိညာဉ်စွမ်းအား၏ ပံ့ပိုးမှုဖြင့်၊ လက်နက်ငါးခုသည် အမှန်တကယ် လွတ်လပ်စွာ လည်ပတ်နိုင်လေသည်။

"စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား!"

"လှောင်အိမ်နဂါးတုတ်သိုင်း!"

"မီးတောက်အရူးဓား!"

"လေပြင်းနဂါးလှံ!"

"ကျိုးပဲ့နတ်ဘုရား ကြာပွတ်!"

လက်နက်ငါးမျိုး၏ စွမ်းအင်များသည် တဝုန်းဝုန်း အသံများနှင့်အတူ ပေါက်ကွဲ ထွက်လာပြီး လှောင်အိမ်တစ်ခုသည် အာကာသထဲတွင် တိတ်တဆိတ် ပုံဖော်လာခဲ့သည်။

"သွား!"

လုရွှမ် လှောင်အိမ်ပေါ်သို့ သွေးအနှစ်သာရများကို ထွေးထုတ်လိုက်သည်။ ခဏလောက်ကြာတော့ လှောင်အိမ်ထဲမှာ ထက်မြက်မှုအပြည့် ရှိနေတဲ့ ပိုးကောင်ငယ်လေးဟာ အကျဥ်းချခံလိုက်ရပြီး လုံးဝ ပျောက်သွားတော့သည်။

ဝုန်း!

အားကြီးသော နတ်မိုးခြိမ်းသံလှိုင်းလုံးများ တရစပ် ထိုးကျလာသည်။

ဒါပေမဲ့ လုရွှမ် အတွက်ကတော့ ကြောက်စရာ အကောင်းဆုံး ပိုးကောင်ကိုတောင် ချေမှုန်းနိုင်ခဲ့တဲ့အတွက် ဒီအတိဒုက္ခက တကယ်ကို ဘာမှမဟုတ်တော့ပါဘူး။ နတ်မိုးခြိမ်းသံ တွန်းအားများကို လွတ်မြောက်လာပြီးနောက် သူ့အဆင့်သည် သုံးဆင့်တိုးလာပြီး ကောင်းကင်ဘုံသခင် စတုတ္ထအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

ဝုန်း!

မီးတောက်တစ်ခု တောက်လောင်သွားခဲ့သည်။ ယခင်က မကြောက်မရွံ့ခဲ့သော ပိုးကောင်၏ ရောင်ဝါများ နေကို ဆီးကြိုနေသော နှင်းဖတ်များကဲ့သို့ လျင်မြန်စွာ အရည်ပျော်သွားသည်။

နောက်ဆုံးတွင် ပိုးကောင်ကို ချေမှုန်းပြီးနောက် လုရွှမ် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူအရင်ရှိနေသည့် နေရာကို ကြည့်လိုက်သည်။

ကျန့်ဝူဝေါ်နဲ့ လော့ချောင်ဖုန်းတို့ သူ မထွက်ခွာခင်မှာ ပေးခဲ့တဲ့ သေခြင်းတရားကို အပြောင်းအလဲ လုပ်ပေးနိုင်သော အရာကြောင့် ကံကောင်းထောက်မစွာနဲ့ သူ့အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ မဟုတ်ရင် ဒီတစ်ကြိမ်မှာ သူတကယ်ကို ဆုံးခန်းတိုင်သွားပြီ ဆိုတာ သိပါ၏။

ပိုးကောင်က ဘယ်ရောက်သွားလဲ။ လှောင်အိမ်က ဘယ်မှာလဲဆိုတဲ့ အတွေးတွေကို အာရုံစိုက်တာကို ရပ်လိုက်သည်။ အခွင့်အရေးရတဲ့အခါ တွေ့ရဦးမှာပါပဲ။ သို့နှင့် မြေပြင်မှထ၍ နန်းတော်ထဲသို့ လျှောက်သွားခဲ့သည်။

အလုံးစုံ ပြန်လည် ပြုပြင်ထားသော ဤနန်းတော်အတွင်း၌ မှော်ဆန်သော အရာတစ်ခုခု ရှိနေနိုင်သည်။ ပိုးကောင်ကြီး စွမ်းအင်တွေ အများကြီးသုံးပြီး စောင့်နေတဲ့ နေရာဟာ ထူးခြားတာ မရှိဘူး ဆိုတာတော့ မဖြစ်နိုင်ပါဘူး။

ခန်းမအလယ်မှာ မီးတောက်တစ်ခု တိတ်တဆိတ် ပေါ်လာရာ လုရွှမ်စိတ်တွေ လှုပ်ရှားသွား၏။ အနီးကပ် ကြည့်လိုက်တော့ မီးက တကယ့်မီး မဟုတ်မှန်း သိလိုက်ရပေမယ့် ဘာလဲ ဆိုတာတော့ သူလည်း အတိအကျ မပြောနိုင်ပေ။

ထိုအခိုက် ရွှေကျီးကန်းသည် ရုတ်တရက် အာကာသကျောက်စိမ်းပြားထဲက ပေါက်ထွက်လာပြီး မီးထဲသို့ ပြေးဝင်သွား​လေသည်။

"ဟာဟား ဒီပိုးကောင်က အခုထိ အသက်ရှင်နေသေးတာ အံ့သြစရာတော့ မရှိပါဘူး... သူ့မှာ ဒီလို ဝိညာဉ်မီး လက်တစ်ဆုပ်စာလောက် ရှိ​နေမယ်လို့ မမျှော်လင့်ထားဘူး... ကောင်လေး လာလာပြီး သိမ်းလိုက်... မင်း သတ်ပစ်တာ အရမ်းထိရောက်တယ် မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေပါ ရလိမ့်မယ်"

ရွှေကျီးကန်း၏ အနည်းငယ် သနားစရာကောင်းသော အကြည့်ကို မြင်လိုက်ရသော အခါ လုရွှမ်သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ မီးလျှံထဲသို့ လျှောက်သွားလိုက်သည်။

စူးရှသော အသံနှင့်အတူ လုရွှမ်သည် သူ့စိတ်ဝိညာဉ် ပင်လယ်ကြီး တစ်ဖန် တုန်လှုပ်သွားတာကို ခံစားလိုက်ရသည်။ စိတ်ဝိညာဥ် ပင်လယ်ပြင်ပေါ်တွင် လွင့်မျောနေသော တိမ်များသည် တဖြည်းဖြည်း ပိုကျယ်လာပြီး တိမ်ဖြူနှစ်ထပ် ဖြစ်သွားသည်။

တစ်ဆက်တည်း ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ စိတ်ဝိညာဥ်မီးတောက်က တစ်ဖန် တိုးလာခဲ့သည်။

"ဟူး... သနားစရာပဲ... ဖီးနစ်နတ်မီးသာ ထပ်ပြီး အဆင့်မြင့်သွားမယ် ဆိုရင် ကောင်လေး မင်း နတ်မီးနယ်ပယ်ကို အေးအေးဆေးဆေး လျှောက်သွားလို့ရပြီ"

All Chapters