← Chapters

သူခိုးကောင်

Vol. 85 Ch. 4.789

သူခိုးကောင်

Vol. 85 Ch. 4.789

လှေငယ်လေးက ထူးထူးခြားခြား အဆင့်အတန်း ရှိနေတာတော့ ထင်ရှား​ပေသည်။ လွန်းပျံယာဉ်သုံးစင်း ဆင်းသက်ပြီး မျှော်စင် နယ်ပယ်မှ သခင်တစ်ဦး ဦးဆောင်သော အစောင့်အဖွဲ့တစ်ဖွဲ့သည် ထွက်ခွာသွားခဲ့သည်။

အောင့်ယွဲ့က "အသေးစား​လှေလေးက ထန်းယွမ်ကြယ် လီမိသားစုရဲ့ လှေပဲ... မင်းသမီးလီရှို့ကို ကြိုဆိုဖို့အတွက် ဒီနေရာကို ရောက်နေကြတာ... ကျန်တဲ့ နှစ်စင်းကတော့ ဆန်းကြယ်ကောင်းကင်အိမ်တော်က... သူတို့က ဒီကို ရောက်နေကြတာ ကျွန်မတို့ပြန်သွားလို့ ရပြီ... နောက်တစ်ခုက ကြယ်တစ်သောင်းကမ္ဘာရဲ့ ကြယ်သခင်တချို့က သူတို့ရဲ့ အငယ်တန်းတွေကို ပြန်​ခေါ်ဖို့ ရံပုံငွေ ထည့်ထားကြတာ"

"အဲဒီအကြီးအကဲကို ဟော့ထျန်းလို့ ခေါ်တယ်... ဒါပေမဲ့ ကျွန်မတို့အားလုံးက သူ့ကို ရွှံ့ပါးပါးလို့ ခေါ်တယ်။ သူက သိပ်ပညာမတတ်ဘူး အရမ်းစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ် မြူဆွယ်ရတာကိုလည်း ကြိုက်တယ် ဒါကြောင့် အဲဒီလူကို မစော်ကားမိအောင် သတိထား..."

လုရွှမ်က သူ့နားလည်ကြောင်း ဖော်ပြဖို့ ခေါင်းညိတ်ပြလိုက်သည်။ သန့်ရှင်းတဲ့ အပျက်အစီးများထဲ၌ နားမလည်နိုင်သောအခွင့်အရေး တချို့ရှိသည်ဟု ကောလဟာလများ ရှိသည်။ ဤကိစ္စက သာမန်လူများ ပါဝင်နိုင်သည့် အရာမဟုတ်ပေ။ လုရွှမ် သူ့ခြေလှမ်းများကို ညင်သာစွာ ရွှေ့လိုက်ပြီး အောင့်ယွဲ့တို့အဖွဲ့နဲ့ အကွာအဝေး အနည်းငယ် ခြားလိုက်သည်။

ဒီမှာ လူတွေ အများကြီးရှိကာ အာရုံနောက်စရာ ကောင်းနေမှာ အမှန်ပင်။ လုရွှမ်သည် ဤကျင့်ကြံသူများက သူ့ကို ဒုက္ခပေးမှာ သေချာကြောင်း သူ့ဦးနှောက်ပျက်နေလျှင်ပင် ခန့်မှန်းနိုင်ပေသည်။

"အကြီးအကဲ... သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေက ဘာလို့ ရုတ်တရတ် ပျောက်ကွယ်သွားတာလဲ?"

လူတစ်ယောက် မတ်တတ်ထရပ်၍ မေးလေသည်။ ထိုလူမှာ ထန်းဝူကြယ်မှ သခင်ငယ်လေး ဟဲရှို့မှလွဲ၍ တခြားသူ မဟုတ်ပေ။ သူမေးနေသောလူသည် ဆန်းကြယ်ကောင်းကင်အိမ်တော်က မျှော်စင်နယ်ပယ်၌ ရှိသောကြောင့် ထိုသူသည် လူစုလူဝေးကြားတွင် သဘာဝအတိုင်း ပေါ်လွင်နေသည်။

"ဟုတ်ပါတယ် အကြီးအကဲ... သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေက ဘာဖြစ်သွားတာလဲ? ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ?"

ဆန်းကြယ်ကောင်းကင်အိမ်တော်မှ တပည့်တစ်ဦးကခဘ်း မေးလိုက်သည်။ အဲဒီအခါမှာ လူတိုင်းနီးပါး မေး​မြန်းကြပြီး လူတော်တော်များများမှာ မျက်ရည်များတောင် ကျလာကြ၏။ အကြောင်းမှာ သူတို့နဲ့အတူ ပါလာခဲ့တဲ့ အကြီးတန်း ညီအကို မောင်နှမတွေ ပေါ်မလာတော့ဘူးလေ။

"အားလုံး စိတ်ရှည်သည်းခံကြပါ... ရိုးရိုးသားသားပြောရရင် ငါတို့ထဲက တချို့လည်း ဒီကိစ္စကို ဆွေးနွေးခဲ့ကြပေမယ့် နိဂုံးချုပ်လို့ မရခဲ့ဘူး... နောက်ဆုံးတော့ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုလေ... တစ်ခုခု ဖြစ်သွားခဲ့ရင်တောင် အံ့သြစရာ မရှိပါဘူး... မပေါ်လာသေးတဲ့သူတွေ အများစုကတော့.... ဟူး.....”

လူအုပ်ကြီးမှာ အချိန်အတော်ကြာအောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နောက်ဆုံးတော့ ဒီတစ်ကြိမ် ဆုံးရှုံးမှုနှုန်းက အရမ်းမြင့်သွားပြီလေ။ အနည်းဆုံး လူငယ်တွေ သုံးပုံနှစ်ပုံလောက် ဆုံးရှုံးသွားခဲ့သည်။

ဆန်းကြယ်ကောင်းကင်အိမ်တော်က အဆင်ပြေပါ၏။ နောက်ဆုံးတော့ သူတို့တပည့်တွေ အားလုံးက အရည်အချင်းရှိတဲ့ လူတွေပဲလေ။ သို့သော် အခြား​ကြယ်များပေါ်ရှိ သားစဉ်မြေးဆက်များသည် အလွန်လေးလံသော ၅၀ ရာခိုင်နှုန်းထက် မနည်း ဆုံးရှုံးခဲ့ရသည်။

"ကောင်းပြီ ဒီပြဿနာအတွက် အဓိက ဂိုဏ်းခွဲတွေနဲ့ မိသားစုတွေ ဆွေးနွေးပြီးရင် ဖြစ်ပျက်ခဲ့တာကို သိလာလိမ့်မယ်... အဲ့ခါကျမှ လူတိုင်းကို သေချာရှင်းပြပေးပါ့မယ်"

“ကောင်းပြီ အားလုံး ပြီးသွားပြီ ဆိုတော့ အခု လှေပေါ် တက်လိုက်ရအောင်”

မျှော်စင်နယ်ပယ် အကြီးအကဲက သေချာစွာ အော်လိုက်သည်။

"အကြီးအကဲ ခဏလေးနေပါဦး!"

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအခါ ဆန်းကြယ်ကောင်းကင်အိမ်တော်က မျှော်စင်နယ်ပယ် အကြီးအကဲလည်း မျက်နှာကြီး မည်းမှောင်သွား​​လေ​သည်။ ဤအချိန်တွင် ဖြစ်ပျက်ခဲ့သမျှကို သူ့ကို လုံးဝ စိတ်ရှုပ်သွားစေသည်။ ဒါပေမဲ့ သူက ဒီတစ်ခါရဲ့ စီစဉ်သူဆိုတော့ ပြန်ရောက်တာနဲ့ ဝေဖန်မှုတွေ မလွဲမသွေ ခံရလိမ့်မယ်။

သူအရမ်း စိတ်ဆိုးနေပြီ။ ဒီလူတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ပို့ချင်နေသည်။ ဤလုပ်ငန်းစဉ်တွင် နောက်ထပ် လူအနည်းငယ်မျှ မဆုံးရှုံးစေချင်ပေ။ ဤနေရာတွင် ကြာကြာနေလေလေ အန္တရာယ်များလေ ဖြစ်သည်။

သူ့အစီအစဉ်ကို လူငယ်တစ်ယောက်က ထပ်ခါထပ်ခါ နှောင့်ယှက်နေမယ်လို့ ဘယ်သူကသိလဲ။ သူက နက်မှောင်သော မျက်နှာဖြင့် လူငယ်ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်သည်။

"အို ဒီညီလေးက ဘာလို့ခေါ်တာလဲ"

ဟဲရှို့သည် သူ့အင်္ကျီပေါ်မှ ဆံပင်အချို့ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ ဟန်ဆောင်ရန် မဝံ့ရဲတော့ဘဲ ခါးကိုင်းလျက် ဆိုလိုက်လေသည်။

"အကြီးအကဲ ဒီအငယ်တန်းက အကြီးအကဲကျွန်တော်တို့ကို စိတ်အားထက်သန်စွာ ပြန်ခေါ်သွားချင်မှန်း သိပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ သဲလွန်စတွေ ရှိကောင်းရှိနိုင်ပါတယ်... ဒီအချိန်ကျမှ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ ပျောက်သွားတာ တစ်ယောက်ယောက်နဲ့ ပတ်သက်နေနိုင်ပါတယ်"

ဟော့ထျန်းရဲ့ မျက်လုံးများလည်း တောက်ပလာသည်။ သူက ဟဲရှို့ရဲ့ ပုခုံးများကို ဖမ်းကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"အိုး ဘယ်သူလဲ သိလား"

ထိုစဥ် လီရှို့ကလည်း ရုတ်တရက် ဟစ်အော်လိုက်လေ၏။

"ဟဲရှို့ စကားမပြောခင် သေချာစဉ်းစား သင့်တယ်နော်"

သူမက အလွန်ထက်မြက်သူ ဖြစ်သည်။ ဟဲရှို့ ထရပ်လိုက်တာနဲ့ ဤလူ သူမတို့ကို ဒုက္ခပေးတော့မယ် ဆိုတာ သိလိုက်သည်။ ထုံးစံအတိုင်း ဟဲရှို့က သူမကို မစော်ကားဝံ့ပေမယ့် လုရွှမ်ကိုတော့ တတ်နိုင်သလောက် ရှိသည်လေ။

ဟဲရှို့ သူမအား ရိုသေစွာ ဦးညွှတ်လိုက်သည်။

"မင်းသမီးလီရှို့ရဲ့ စိတ်ပူတာကို ကျေးဇူးတင်ပါတယ်... ကျွန်တော် သဘာဝအတိုင်း ရှင်းရှင်းလင်းလင်း မှတ်မိပါတယ် အကြီးအကဲ ကျွန်တော်ပြောနေတဲ့လူက လုရွှမ်လို့ခေါ်တယ် အဲဒါ သူပဲ...."

လုရွှမ်ကို လက်ညှိုးထိုးပြလိုက်သည်။ တခဏချင်းမှာပဲ လုရွှမ်နဲ့ မနီးမဝေးမှာ ရပ်နေကြသူတွေဟာ ချက်ချင်း လူစုခွဲလိုက်ကြလေသည်။

အောင့်ယွဲ့နဲ့ တခြားသူများလည်း လုရွှမ်က ၎င်းတို့နှင့်ဝေးရာသို့ ထွက်ခွာသွားကြောင်း ရုတ်တရက် သိလိုက်ရသည်။ အားလုံးက စိုးရွံ့သွားကာ ဟဲရှို့ရဲ့ စွပ်စွဲချက်ကို ကြားပြီးနောက် စကားစလုဆဲဆဲမှာ လုရွှမ်က အသံလွှင့်လိုက်သည်။

"မင်းဘာမှ ဝင်မပြောရင် ငါ့မှာ ကိုယ်ပိုင်သတိ ရှိပြီးသား... မင်းအခု ပါးစပ်ဟလိုက်ပြီဆိုတော့ မင်းအတွက် ကံတော်တော် ဆိုးသွားပြီ"

ဟော့ထျန်း မျက်မှောင်ကြုတ်သွားသည်။

"ဘာဖြစ်နေတာလဲ မင်းက စတုတ္ထအဆင့် ကောင်းကင်ဘုံသခင်ပဲ... မင်းဘာလို့ ဒီကိုလာရဲ​တာလဲ?"

"ဟာဟား အကြီးအကဲဟော့ထျန်း... ဒီလူက ခင်ဗျားတို့ ဆန်းကြယ်ကောင်းကင်အိမ်တော်ကလူ မဟုတ်ဘူးမလား? အကြီးအကဲ မြင်တယ်မလား သူက ကောင်းကင်ဘုံသခင် စတုတ္ထအဆင့်ပဲ ရှိသေးတယ်... ဒီလိုအရည်အချင်းမျိုးနဲ့ သူက ဆန်းကြယ်ကောင်းကင်အိမ်တော်ထဲ ဝင်ချင်နေတာ နည်းနည်းတော့ အဆင်မပြေဘူးမလား"

ဟော့ထျန်း အံ့အားသင့်သွားပြီး "ဒါဆို သူက ဘယ်သူလဲ? ဟေ့ ဒါဆို မင်းက ဘယ်သူလဲ"

လုရွှမ် သူ့နှလုံးသားထဲက လှောင်ရယ်လိုက်မိသည်။ ဒီဟော့ထျန်းက ရွှံ့လိုလူပဲလို့ အောင့်ယွဲ့ ပြောပြခဲ့တာ အမှန်ပဲကိုး။

"ကျုပ်နာမည် လုရွှမ်!"

ရိုးရှင်းပြီး ပြတ်သားသော အသံက စကားလုံးလေးလုံးသာ ပြောလာသည်။ ထိုအခါ ဟဲရှို့က ရယ်လိုက်ပြီး

"အကြီးအကဲ... သူ့မာနကြီးတဲ့ အကြည့်ကို ကြည့်လိုက်ပါ... သူ့ကို မသိတဲ့သူတွေက သူ့ကို ဘယ်သူလို့ ထင်ကြမလဲ? ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ကြယ်ပွင့်သခင် မိသားစုတွေမှာ ဒီလို နံပါတ်တစ်ပုဂ္ဂိုလ် မရှိပါဘူး ဟုတ်တယ်မလား?"

ဟဲရှို့ စကားများက အစွမ်းထက်လှသည်။ သူဟာ ဆန်းကြယ်ကောင်းကင်အိမ်တော်မှ မဟုတ်သလို ကြယ်သခင် မိသားစုများထဲမှလည်း မဟုတ်သောကြောင့် သူဘယ်ကလာတာလဲ ဆိုတာ စဥ်းစားစရာပင်။

"အကြီးအကဲ... ကျွန်တော် မေးကြည့်ပြီးပါပြီ သူက လွန်းပျံလှေပေါ်မှာ လုံးဝ ပေါ်မလာခဲ့ဘူး... သူက လေထဲကနေ ဒီမှာပေါ်လာတာ"

ဟော့ထျန်း မျက်ခုံးပင့်ကာ လုရွှမ်ကို စိုက်ကြည့်လိုက်သည်။

"ကောင်လေး မင်းဘယ်ကလာတာလဲ ငါ့ကိုပြောစမ်း!"

ချက်ချင်းမှာပဲ ဟော့ထျန်းသည် သူ့ရှေ့က ကောင်လေးဟာ သူခိုးကောင်ပဲဆိုတာ သေချာသွားတယ်။ တစ်ဆက်တည်း နောက်ထပ်အသံတစ်သံကလည်း ထပ်ထွက်လာခဲ့သည်။

"အကြီးအကဲ... ဒီကောင်လေး ဘယ်ကလာတာလဲတဲ့လား တကယ်တော့ သူက ကျွန်​တော်တို့ရဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော်ကပါပဲ... ဒါပေမဲ့ အဲဒီတုန်းက တချို့အရာတွေကြောင့် အိမ်တော်ထဲကို မ၀င်ရသေးရုံပဲ"

ထိုအချိန်တွင် ရှောက်ဖုံးက မတ်တတ်ထရပ်ကာ တည်ငြိမ်စွာ ပြောလာခဲ့သည်။

"ဘာ? သူက ငါတို့ ဆန်းကြယ်ကောင်းကင်အိမ်တော်ထဲကို မ၀င်ရ​​သေးဘူး... အခု ဒီမှာ ဘာလာလုပ်နေတာလဲ?"

ဟော့ထျန်းသည် ထိလိုက်တိုင်း ပေါက်ကွဲသွားသည့် အမြောက်နှင့်တူ​နေပြီး သူက အကြီးအကျယ် စော်ကားခံလိုက်ရသလို ချက်ချင်းပင် ဟောက်လိုက်သည်။ ရှောက်ဖုံးရဲ့ အမူအရာမှာ တည်ငြိမ်နေဆဲပင်။

"သူက ချိုရှန်းကို ရန်ငြိုးထားနေတယ်လို့ ကျွန်တော် ကြားမိတယ်... အစကတော့ ချိုရှန်းကို မေး​ကြည့်ချင်ပေမယ့် ကံမကောင်းစွာပဲ ချိုရှန်းက လုံးဝ ပေါ်မလာ​တော့ဘူး!"

လိရှောင်း သည်းမခံနိုင်တော့တဲ့ ပထမဆုံး ထအော်လိုက်၏။

"ရှောက်ဖုံး ငါမင်းကို ဒီလိုလူတစ်ယောက် ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး.... လူတိုင်းက မင်းကို နှိမ့်ချတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်လို့ ထင်နေကြတာ မင်းက တကယ်တော့ စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့ ဗီလိန်တစ်ယောက် ဖြစ်နေတာပဲကွ!"

ထူဖူးကလည်း ဟစ်အော်လေသည်။

"မင်းလိုလူတွေက တကယ် အရှက်ကင်းမဲ့တဲ့ လူတွေ!"

ရှန်ယိရှောင်းဟဲက လက်အုပ်ချီလျက် ဆိုလိုက်သေးသည်။

“အော်မီတော်ဖော်... ဒကာလေး ဒီလို ညစ်ပတ်တဲ့ရေကို ချိုးနေရင် အဝိဇိငရဲကို ကျရောက်လိမ့်မယ်နော်”

All Chapters