ကယ်တင်ရှင် လီရှို့
Vol. 85 Ch. 4.790
"အားလုံး ပါးစပ်ပိတ်ထား! ရှောက်ဖုံး မင်းပြောချင်တာက ချိုရှန်း သေပြီပေါ့"
ရှောက်ဖုံး ခေါင်းညိတ်ပြီး ဆက်ပြောပြသည်။
"အကြီးအကဲ ဟော့ထျန်း... ချိုရှန်းက တကယ်သေသွားပါပြီ...ဒီသူငယ်ချင်း လုရွှမ်ကို လျှော့မတွက်သင့်ဘူး သူက အရမ်းအစွမ်းထက်တယ် ဟားဟား... ကျွန်တော်တောင် သူ့ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ မထင်ဘူး?"
ဟော့ထျန်း လုရွှမ်အား အပေါ်အောက် စူးစမ်းကြည့်လိုက်လေသည်။
"မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး ဟုတ်လား? သူက ကောင်းကင်ဘုံသခင်လေ"
"အကြီးအကဲက ရယ်စရာတွေ ပြောနေပါပြီ ကျွန်တော်ပြောခဲ့တာက ကျွန်တော်အခု သူ့ပြိုင်ဘက်မဟုတ်ဘူး လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲဒီသူငယ်ချင်း လုရွှမ်က ကောင်းကင်ဘုံသခင် ပထမအဆင့်ပဲ ရှိသေးတယ်"
ဟော့ထျန်း တုန်လှုပ်သွားသည်။
"ဘာ!! ရက်အနည်းငယ် အတွင်းမှာ မင်းရဲ့ ကျင့်ကြံမှုအဆင့်က နယ်ပယ်ငယ်လေး သုံးခုကို အဆက်မပြတ် တိုးတက်သွားတယ်ပေါ့လေ ကောင်လေး မင်း ဘယ်လိုကျင့်စဥ်ကို လေ့ကျင့်နေတာလဲကွ!"
ဒီစကားကို ပြောပြီးတာနဲ့ တောက်လောင်နေတဲ့ မျက်လုံးတွေက လုရွှမ်ရဲ့ ပတ်ဝန်းကျင်ကို စိုက်ကြည့်နေတော့သည်။
ရက်အနည်းငယ် အတွင်းမှာပဲ နယ်ပယ်ငယ်လေး သုံးခုအထိ တိုးတက်လာသည်။ ဒီမေးခွန်းတစ်ခုတည်းက ရှင်းရှင်းလင်းလင်း ရှင်းပြနေပါပြီ။ ဟော့ထျန်း ပြောခဲ့သလိုပဲ ဒီကောင်လေးက ဘယ်လိုကျင့်စဥ်ကို လေ့ကျင့်နေလဲ ဆိုတာ စဥ်းစားစရာပင်။
ဤကဲ့သို့သော စကားလုံးများသည် သာမာန်ကျင့်ကြံသူများကို လှည့်စားရန်သာ သုံးနိုင်သည်။ ထူးကဲသော အရည်အချင်း မရှိဘဲ ဗဟုသုတများစွာ စုဆောင်းလိုလျှင် အောင်မြင်မှု မရနိုင်ပေ။
အထူးသဖြင့် အရင်းအမြစ်များ မကြွယ်ဝဘဲ ထူးကဲသော အရည်အချင်းများ ရှိသူတိုင်းဟာ သူတို့ရဲ့ ကျင့်စဉ်ဟာ ဘယ်လောက် ကောင်းနေကြောင်း လူတိုင်း နားလည်ကြသည်။ အဲ့လိုလူတွေက ကောင်းကင်ဘုံသခင် ဖြစ်နေရင်တောင် ကြီးမားသော နယ်ပယ်တစ်ခုကို ဖြတ်ကျော်ပြီး နတ်မီးနယ်ပယ်က သခင်များကို အသေသတ်နိုင်သည်။
ထိုသို့သော စွမ်းရည်သည် ထူးထူးခြားခြားမဟုတ်တော့ဘဲ ကောင်းကင်ဘုံနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီ ဖြစ်သည်။ ဟော့ထျန်း အဲဒါကို မက်မောနေတာ အံ့သြစရာ မဟုတ်ပါဘူး။ ဘယ်သူကရော မမက်မောဘဲ နေပါ့မလဲ။
လုရွှမ် လူတိုင်းကို ဂရုမစိုက်ဘဲ ရပ်ကြည့်နေသည်။ ရှောက်ဖုံး ပေါ်လာကတည်းက လုရွှမ် သူ့အကျပ်အတည်း ရောက်လာပြီမှန်း သိလိုက်သည်။ ခွေးက မဟောင်လေလေ အကိုက်ခံရလေလေပဲလေ။
အထူးသဖြင့် အကိုက်ခံရလောက်အောင် ပြင်းထန်သော ကိစ္စကတော့ ချိုရှန်းရဲ့ သေဆုံးမှုကို တမင်ချဲ့ကား မပြောနေခြင်းပါပဲ။ ထို့ကြောင့် သူသည် ကျင့်ကြံမှုအဆင့်ကိုသာ တိုက်ရိုက် မေးခွန်းထုတ်ခဲ့ပြီး လူတိုင်း၏ အာရုံကို အမှန်တကယ် ဆွဲဆောင်ထားခဲ့သည်။
ဒီလှည့်ကွက်က အရမ်း အဆိပ်ပြင်းပေ။ မျှော်လင့်ထားသည့်အတိုင်း ကျားက သူ့ကို မသတ်ဘဲ ထိခိုက်စေချင်နေသည်။
"အကြီးအကဲ... ခင်ဗျားက ကျွန်တော့်ရဲ့ ကျင့်စဥ်ကို လိုချင်နေတာလား"
လုရွှမ် မေးလိုက်တော့ ဟော့ထျန်းရဲ့ မျက်နှာှာ ချက်ချင်း မည်းမှောင်သွားလေ၏။
"ဟာသပဲ! ငါ့လို မျှော်စင်နယ်ပယ် အကြီးအကဲက မင်းလို ကောင်းကင်ဘုံသခင် တစ်ယောက်ရဲ့ ကျင့်စဥ်ကို လိုချင်နေလိမ့်မယ်လို့ ထင်နေလား?"
"အကြီးအကဲ ပြောတာမှန်ပါတယ်... ကျွန်တော် အမှားလုပ်မိလို့ ခွင့်လွှတ်ပေးပါ... အခု ကျွန်တော်က ကောင်းကင်ဘုံသခင် အဆင့်မှာပဲ ရှိသေးတယ် ဒါပေမဲ့ တခြားလူတွေက နတ်မီးနယ်ပယ် ဒါမှမဟုတ် မျှော်စင်နယ်ပယ်မှာ ရှိနေကုန်ပြီ... အမှန်တော့ ကျွန်တော့်လို ကောင်းကင်ဘုံသခင် တစ်ယောက်ရဲ့ ကျင့်စဥ်ကို ဘယ်လို လိုချင်တပ်မက်နိုင်ပါ့မလဲ? အခြေအမြစ် မရှိတဲ့ စကားတွေပဲပေါ့"
ဟော့ထျန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ရင်း ခဏလောက် ငြိမ်သွား၏။ လုရွှမ်ရဲ့ စကားကြောင့် ပြဿနာတစ်ခုကို ရုတ်တရက် သိလိုက်သည်။
အမှန်မှာ လုရွှမ်သည် ယခု ကောင်းကင်ဘုံသခင် အဆင့်မှာပဲ ရှိသေးတာကြောင့် သူ့ရဲ့ကျင့်စဥ်ကလည်း ကောင်းကင်ဘုံသခင် အဆင့်မှာပဲ ရှိနေနိုင်သည်။ နတ်မီးနယ်ပယ် ဒါမှမဟုတ် မျှော်စင် နယ်ပယ်အတွက် အသုံးဝင်မဝင် မသေချာပေ။
တခြားသူတွေဟာ လူမိုက်မဟုတ်သလို ငတုံးလည်း မဟုတ်တာကြောင့် လူတော်တော်များများလည်း ချက်ချင်း ငြိမ်သက်သွားကြသည်။
"အိုး ဒါဆို မင်းရဲ့ဂိုဏ်းက ဘယ်ဟာလဲ"
ဟော့ထျန်းမှာ မျက်နှာပူသွားတာကြောင့် သူ့အသံက အရင်စစ်ဆေး မေးမြန်းသံနဲ့ မတူတော့ပေ။
"ကျွန်တော်က တောင်တစ်သောင်းကမ္ဘာ ကောင်းကင်အောင်ခြင်း ဂိုဏ်းကနေ လာတာပါ"
"သေးငယ်တဲ့ နေရာတစ်ခု ဖြစ်မယ် ငါ တစ်ခါမှ မကြားဖူးဘူး"
ထိုအခါ လူတော်တော်များများ ရယ်မောလိုက်ကြသည်။
ဟော့ထျန်း က "ဒါဆို မင်းငါတို့ ဆန်းကြယ်ကောင်းကင်အိမ်တော်ကို ဘာလို့ အရင်မ၀င်ခဲ့တာလဲ ငါတို့စံအိမ်ကြီးက မင်းအတွက် နိမ့်ကျတယ်လို့ မင်းထင်နေတာလား?"
လုရွှမ် ပေါ့ပေါ့ပါးပါးပဲ ပြုံးပြီး ပြောလိုက်သည်။
"အဲဒီတုန်းက ကျွန်တော် သူတော်စင်တစ်ယောက်ရဲ့ နယ်ပယ်မှာ ရှိနေတယ်... ဆန်းကြယ်ကောင်းကင်အိမ်တော်ကို ဝင်ခွင့်ရလို့ အရမ်းပျော်နေခဲ့တာ... ကံမကောင်းချင်တော့ ကန့်သတ်ချုပ်ချယ်မှုမှာ ၁၀နှစ်လောက် ပိတ်မိနေတော့ကျွန်တော် မဝံ့မရဲဖြစ်နေခဲ့တာ... အဲဒါကြောင့် ဆန်းကြယ်ကောင်းကင်အိမ်တော် နောက်တစ်ကြိမ် လူစေလွှတ်မယ့် အချိန်ကို စောင့်နေခဲ့တာပါ"
"အကြီးအကဲ... ကျွန်တော်တို့အားလုံးနီးပါး ဘာမှ မရခဲ့ပေမယ့် သူ့ရဲ့ ကျင့်ကြံမှုကတော့ တော်တော်ကြီးကို တိုးတက်လာခဲ့ပါတယ်... ပြီးတော့ သူဒီမှာ မသိမသာနဲ့ ပေါ်လာခဲ့တာ... သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေက ပျောက်ကွယ်သွားပေမယ့် သူ့ရဲ့ အရည်အချင်းတွေက အများကြီး တိုးတက်လာခဲ့ပါတယ်... သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ ပျောက်ကွယ်သွားတာ သူနဲ့လုံးဝ ဆက်နွယ်နေလိမ့်မယ်"
ရှောက်ဖုံးက ရုတ်တရက် ဟန့်တားလိုက်သည့် အနေဖြင့် ဝင်အော်လိုက်၏။ ဟော့ထျန်းကိုလည်း သူ့စိတ်ထဲတွင် အရူးဟု ကျိန်ဆဲလိုက်သည်။ လုရွှမ်ရဲ့ ပေါ့ပေါ့ပါးပါး စကားတွေကြောင့် ဟော့ထျန်း လမ်းလွဲသွားခဲ့ပြီ။ ဒါကြောင့် သူ့စကားတွေနဲ့ အမြန်ပြန် ဆွဲထုတ်လိုက်ရသည်။
ဟုတ်တာပေါ့။ ဟော့ထျန်းရဲ့ အမူအရာက ပြောင်းသွားကာ လုရွှမ်အား ခေါင်းအစခြေအဆုံး အကဲခတ်လိုက်သည်။
"ဟုတ်တယ်... မင်းက အရမ်း သံသယ ဖြစ်စရာကောင်းနေတယ်... မင်း ဘယ်လို ရှင်းပြမလဲ မင်းဒီမှာ ဘယ်လို ပေါ်လာပြီး သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေက ဘယ်လိုလုပ် ပျောက်ကွယ်သွားတာလဲ"
လုရွှမ် ရှောက်ဖုံးအား စူးစိုက် ကြည့်လိုက်သည်။ ဒီလိုလူကို သတ်သင့်နေပြီ။
"ကျွန်တော်ဘယ်လို ပေါ်လာတာလဲ ဟုတ်လား..."
လုရွှမ် စကားမဆုံးခင်မှာပဲ လီရှို့က ရုတ်တရက် ဝင်နှောင့်ယှက်လိုက်လေသည်။
"သူက ငါနဲ့ လိုက်လာတာ... ဘာလဲ မရဘူးလား?"
ဟော့ထျန်းသည် မျှော်စင်နယ်ပယ်က သခင်တစ်ဦး ဖြစ်သော်လည်း ထန်းယွမ်ကြယ်က မင်းသမီးလီရှို့နှင့် ပတ်သက်လာသော အခါတွင် သူသည် အမှန်တကယ် သတိမမူဝံ့ပေ။
"မင်းသမီး... သူက မင်းသမီးနဲ့အတူ လိုက်လာတယ်လို့ ဆိုလိုတာလား မင်းသမီး ဒါက ပေါ့ပေါ့ဆဆ ပြောရမယ့်စကား မဟုတ်ဘူးနော်... သတင်းတွေ ပျံ့သွားရင်တော့ လူတွေက အတင်းပြောကြလိမ့်မယ်"
ဟော့ထျန်း စကားမပြောခင် ဟဲရှို့က အရင် အော်လိုက်လေသည်။ ထိုအခိုက် ချောင်းဆိုးသံနဲ့အတူ အဘွားကြီးတစ်ယောက် တုတ်ကောက်တစ်ချောင်းဖြင့် လမ်းလျှောက်လာလေသည်။
အဘွားအိုသည် မျှော်စင်နယ်ပယ် ဆိုတာ သိသာထင်ရှားကာ သူမအတွက် တုတ်တစ်ချောင်းက လိုအပ်စေမှာ မဟုတ်သော်လည်း သူမ၏ နှေးကွေးသော အသွင်အပြင်ကို မည်သူမျှ မကန့်ကွက်ဝံ့ပေ။
"ဘွားဘွား ရောက်လာပြီ... ဒီကိုလာပြီး သမီးအတွက် တရားစီရင်ပေးပါဦး ဒီလူတွေက သူများတွေကို နိုင်ထက်စီးနင်း လုပ်နေကြတာ... သမီးက လုရွှမ်ကို ခေါ်လာတာပါလို့ ပြောတာကို မယုံကြဘူး"
"ဟမ့် ဒီကလေးလုရွှမ်ကို ငါ့မင်းသမီးက ခေါ်လာခဲ့တာ.... ဘယ်သူက ကန့်ကွက်ပြီး ဘယ်သူက ထပ်ပြီး အတင်းပြောရဲသေးလဲ?"
ဒါက မှားနေမှန်း သိသာပေမယ့် ဘယ်သူမှ ထင်မြင်ချက်တွေ မပေးရဲကြပါဘူး။ ဟော့ထျန်းတောင်မှ ပြဿနာမတက်ဝံ့ဘဲ အမြန် နှုတ်ပိတ်ထားလိုက်သည်။
"မယုံရင်... လုရွှမ် ကျေးဇူးပြုပြီး သက်သေပြလိုက်"
အထောက်အထား ရှိလို့လား။ လူတိုင်း ကြောင်တက်တက် ဖြစ်သွားသည်။ ဒီကောင်လေးကို ခေါ်လာတဲ့သူက မင်းသမီးလီရှို့ ဆိုတာ တကယ်ပဲလား။
လုရွှမ်လည်း လီရှို့အား ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ထမင်းလုံးတချို့ကို ထုတ်ပြလိုက်သည်။ ခဏလောက် ကြာတဲ့အထိ လူတိုင်းလူတိုင်း စကားမပြောနိုင်ဘဲ ဆွံ့အသွားကြလေသည်။
မင်းသမီးလီရှို့ အကြိုက်ဆုံးအရာကတော့ သူ့အမေလုပ်ထားတဲ့ ထမင်းလုံးတွေပါပဲ။ အနီးနားကြယ်ပေါ်က လူတိုင်းက ဒါကို ကောင်းကောင်းသိကြသည်။
မထင်မှတ်ပဲ လုရွှမ်မှာ လီရှို့ရဲ့ ထမင်းလုံးတွေ တကယ် ရှိနေခဲ့သည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက သူတို့ထင်ထားတာထက် ပိုနီးစပ်တယ်လို့ မဆိုလိုပေဘူးလား။
လီရှို့က ဘယ်သူလဲ။ သူမက ထန်းယွမ်ကြယ် တစ်ခုလုံးရဲ့ အမွေဆက်ခံသူလေ။
လုရွှမ်က ဘယ်သူလဲ၊ သူက ဘယ်သူမှ မဟုတ်ပါဘူး။ သူ့ကို လုံးဝကို မသိပါဘူး။
"အခု ဘာပြောချင်သေးလဲ ဘွားဘွား သမီးတို့ သွားကြရအောင်.... လုရွှမ် ငါနဲ့ ပြန်လိုက်ခဲ့"
လီရှို့က အော်လိုက်သည်။ လုရွှမ်လည်း အခြေအနေက ပြောင်းလဲသွားလိမ့်မယ်ဟု မမျှော်လင့်ထားပေ။ လီရှို့ ရှေ့သို့ တိုးလာမည်ဟု မျှော်လင့်ထားပြီးသားပါ။ သို့သော် သူမ မတ်တတ် ထရပ်လိုက်သော အခါတွင်မူ သူ့ကို ဆိုးရွားသော ရေမြောင်းများထဲမှ အမှန်တကယ် ကယ်တင်နိုင်ခဲ့သည်။
လိရှောင်း မျက်လုံးများသည် ဖြောင့်စင်းနေပြီဖြစ်ပြီး လုရွှမ်ဟာ သူနဲ့လီရှို့က ဘာမှမဆိုင်ပါဘူးဟု ပြောတာတွေက အလိမ်တွေဖြစ်ကြောင်း ပြောသကဲ့သို့ ပြုံးနေလေသည်။ လုရွှမ် အောင့်ယွဲ့ကို ငုံ့ကြည့်ကာ အနည်းငယ် ခေါင်းညိတ်ပြပြီး လီရှို့ဆီသို့ လျှောက်သွားခဲ့လေသည်။
"အောင့်ယွဲ့....သူတို့ကို ဘယ်လိုထင်လဲ"
ကျင်းဟုန် မထိန်းနိုင်ဘဲ မေးလိုက်မိသည်။
"စိတ်မပူပါနဲ့ သူတို့ကြားမှာ အဲဒီလို ဆက်ဆံရေးမျိုး မရှိဘူး... အချင်းချင်း ဘာမှမဆိုင်ဘူး"
ရှောက်ဖုံး မျက်နှာမှာတော့ နီရဲနေပြီ။ ထိုအခိုက် သူ့မျက်နှာကို ပါးရိုက်လိုက်တာကြောင့် အံ့အားသင့်စွာဖြင့် ခေါင်းကို မော့ကြည့်လိုက်တော့ ဟော့ထျန်း ဖြစ်နေတာကို တွေ့လိုက်ရသည်။