ဖြောင့်မတ်စွာဖြင့်
Vol. 85 Ch. 4.791
ရှောက်ဖုံး မယုံကြည်နိုင်စွာ သူ့ပါးများကို ဖုံးအုပ်လိုက်သည်။
"ဟားဟား ဒါ မင်းနဲ့ ထိုက်တန်လို့ ရတာကွ!"
လိရှောင် အော်လိုက်တော့ ထူဖူး ရယ်မောလိုက်သည်။ အောင်ရှင်းက အသာသာ ခေါင်းညိတ်ကာ ရှန်ယိကတော့ မဖြစ်မနေ ပါဝင်လိုက်ပါသေးသည်။
"မင်းခေါင်းကို ကောင်းကောင်းထိန်းထား... ခဏနေရင် ငါကိုယ်တိုင် လာကောက်မယ်"
စိတ်လှုပ်ရှားမှုကို ကြည့်ပြီးနောက် လူအုပ်စုသည် အမြန်လှေပေါ်တက်ပြီး ထွက်ခွာသွားကြသည်။
ထန်းယွမ်ကြယ်ရဲ့ လှေငယ်လေးပေါ်၌။
"လီရှို့... ငါ မင်းကို တကယ် ကျေးဇူးတင်ပါတယ် မဟုတ်ရင် ဒီတစ်ခါ ဖြစ်ပျက်ခဲ့တာတွေက ရုပ်ဆိုးသွားလိမ့်မယ်... ငါမသေရင်တောင် ဒဏ်ရာ ပြင်းထန်သွားနိုင်တယ်"
လုရွှမ် လီရှို့အား ရိုးသားစွာ ကျေးဇူးတင်မိပါသည်။ မတော်တဆ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခြင်းက သူ့အသက်ကို အနာဂတ်တွင် ကယ်တင်နိုင်မည်ဟု မထင်ထားခဲ့ပေ။
"ဟမ့် ကောင်လေး မင်းမသေရင်တောင် မင်းအရေပြားက အခွာခံရပြီး သေချာပေါက် သေလိမ့်မယ်"
အဘွားအိုက လုရွှမ်ကို ရုတ်တရက် လှမ်းဆွဲလိုက်၏။ သူမ လက်ဖဝါးက ဓားကဲ့သို့ မာကျောပြီး ပြင်းထန်သော လေသံကို ဖန်တီးနိုင်လေသည်။ ဒါဟာ လုံးဝ စမ်းသပ်မှုတစ်ခုလို မဟုတ်သလို လုရွှမ်ကို တကယ့် သတ်ပစ်ချင်နေသလိုပင်။
ဒီမိန်းမက တကယ်ပဲ သတ်ချင်နေတာလား။
'မဟုတ်ဘူး....သူက ငါ့ကို စမ်းသပ်နေတာပဲ သူက လီရှို့အပေါ် ဘယ်လို သဘောထားလဲ ဆိုတာ သိဖို့ စမ်းသပ်နေတာလား'
ချက်ချင်းမှာပဲ လုရွှမ် အရာအားလုံးကို တွေးပြီး လီရှို့ဆီကို အသံတစ်ချက် ပို့လိုက်သည်။
"ဘာမှ အသံမထွက်နဲ့ မဟုတ်ရင် မင်းဘွားဘွား ပိုဒေါသထွက်လာလိမ့်မယ်"
လုရွှမ် သူ့နှလုံးသားထဲကနေ ရှင်းရှင်းလင်းလင်း နားလည်ပါသည်။ လီရှို့က ကရုဏာကို တောင်းပြီး ဝင်ပါလိုက်ရင်က အဘွားကြီးက ပိုရန်လိုကာ ဒီပြဿနာကို ကြိုပြီး ဖြေရှင်းပစ်လိုက်လိမ့်မည်။
ကရုဏာကို မတောင်းလျှင်လည်း ကိုယ့်ရဲ့ သေခြင်းတရားက အချည်းနှီး ဖြစ်သွားလိမ့်မည်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပထမတစ်ချက်က ကိုယ့်အသက်ကို ကယ်တင်ဖို့ပါပဲ။
လုရွှမ် သူ့လက်ဖဝါးဖြင့် စက်ဝိုင်းပုံစံ လှည့်လိုက်သည်နှင့် နတ်ဝိညာဥ်ဒိုင်းလွှာ ပေါ်လာသည်။ အစကတည်းက လုရွှမ်သည် သူ၏ ကြံ့ခိုင်မှုများ သိသိသာသာ တိုးတက်လာတာကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
"နတ်ဝိညာဥ်ဒိုင်းလွှာ?"
အဘွားအိုက အော်ဟစ် လိုက်သော်လည်း နတ်ဝိညာဥ်ဒိုင်းလွှာကို သူမလက်ဖဝါးဖြင့် ရိုက်လိုက်သေးသည်။ သုံးစက္ကန့်လောက် ထိန်းထားပြီးနောက် ဝိညာဉ်ဒိုင်းက သည်းမခံနိုင်တော့ဘဲ ကွဲအက်သွားတော့သည်။
သို့သော် အဘွားကြီး၏ မျက်လုံးများက ထိတ်လန့်သွားကြသည်။ နတ်ဝိညာဉ်ဒိုင်းအောက်၌ အခြားသော နတ်ဝိညာဉ် ဒိုင်းတစ်ခုက သူမလှုပ်ရှားမှုကို ပိတ်ဆို့ထားလေသည်။ အဘွားကြီးသည် သူမ လက်ဖဝါးကို ပြန်ဆုတ်၍ အပေါ်အောက် ငုံ့ကြည့်သည်။
“မင်းက ဘယ်နယ်ပယ်မှာလဲ?”
အဘွားအိုက မယုံနိုင်လောက်သည့် အကြည့်ဖြင့် ကြည့်ကာ အော်လိုက်သည်။
"ကောင်းကင်ဘုံသခင် အဆင့်၄!"
အဘွားကြီးက ခေါင်းညိတ်ပြပေမယ့် တစ်ဆက်တည်း ခေါင်းခါလိုက်ပြန်သည်။
"သနားစရာပဲ ကောင်လေး မင်းရဲ့ အရည်အချင်းက ဒီအဘွားကြီးရဲ့ ဘဝမှာ မြင်ရခဲတဲ့ အရာတစ်ခုပဲ... မင်းရဲ့ အရည်အချင်းနဲ့ဆို မင်းက ငါတို့မင်းသမီးနဲ့ ထိုက်တန်တယ်... ဒါပေမဲ့ သနားစရာ ကောင်းတာက မင်းကို အဆင့်အတန်း ကွဲပြားစွာ မွေးဖွားလာခဲ့တာပဲ"
လီရှို့မှာ ရှက်ဟန်ဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။
"ဘွားဘွား... ဘာတွေပြောနေတာလဲ? ဘယ်သူ့ကို လက်ထပ်ဖို့ ပြောနေတာလဲ!"
လုရွှမ် သူ့ပါးစပ်ကို နာခံစွာ ပိတ်ထားလိုက်သည်။ ယခုအချိန်တွင် သူပြောသမျှက အရာဝင်လိမ့်မည် မဟုတ်ပေ။
"ကောင်းပြီ ဘွားဘွားရဲ့ အမှားပါ... ဘွားဘွား ဘာမှမပြောတော့ဘူး"
လီရှို့ကို နှစ်သိမ့်ပြီးနောက် အဘွားကြီးက လီရှို့ကို အဝတ်အစားပြောင်းဖို့ တိုက်တွန်းလိုက်လေသည်။ ပြီးတော့ သူမက လုရွှမ်ကို ပြုံးပြုံးလေးကြည့်ရင်း ဆိုလိုက်သည်။
"ကောင်လေး မင်း အိမ်ထောင် မပြုရသေးဘူးမလား? ငါ့မှာ ချောမောလှပပြီး မွှေးပျံ့တဲ့ တူမလေးတစ်ယောက် ရှိတယ်... မင်းသမီးလောက် မတော်ပေမယ့် မင်းနဲ့ထိုက်တန်တာ သေချာတယ်"
လုရွှမ် မျက်နှာသည် မည်းမှောင်သွားသည်။ ဤအဘွားကြီးရဲ့ အတွေးတွေက သာမန်ထက် လွန်လွန်းနေပြီ မဟုတ်ဘူးလား။ လုရွှမ် အမြန်ပဲ ပြန်ငြင်းလိုက်သည်။
"အကြီးအကဲ ကျွန်တော့်ကို ချီးကျူးနေတာပဲ... ကျွန်တော့်ရင်ထဲမှာ သဘောတဲ့လူ ရှိနေပြီသားပါ... အဲဒီလူကို အကြီးအကဲလည်း တွေ့ဖူးပါတယ်.... ဆန်းကြယ်ကောင်းကင်အိမ်တော်က အဲဒီ နတ်သမီးပါပဲ"
"သြော် ဒါလည်း မင်းအတွက် ပွဲကောင်းပဲလေ... ဒါပေမဲ့ မင်းတကယ် ငါ့တူမလေးကို ထည့်မစဉ်းစားဘူးလား?"
"အာ....ဘွားဘွား ဘာလုပ်နေတာလဲ? သူများမှာက အစ်မအောင့်ယွဲ့ ရှိပြီးသားမို့လို့ သွားမရှုပ်ပါနဲ့တော့"
ထိုအချိန်တွင် လီရှို့ ထွက်လာပြီး အမျိုးသမီးအသွင် ပြောင်းသွားခဲ့သည်။ နတ်သမီးဝတ်စုံကို ၀တ်ဆင်ထားစဥ် သူမသည် မြေကြီးပေါ်သို့ ဆင်းသက်လာသည့် နတ်သမီးတစ်ဦးနှင့်ပင် တူသည်။
လုရွှမ် မျက်လုံးများ တောက်ပလာပြီး သူ့မျက်လုံးထဲတွင် အံ့အားသင့်သွားတဲ့ အရိပ်အမြွက်များ ထွက်ပေါ်လာသည်။
လီရှို့သည် ထန်းယွမ်ကြယ်က အလှဆုံး အမျိုးသမီးနှင့် နံပါတ်တစ် မင်းသမီးအဖြစ် သတ်မှတ်ခံရခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ သူမအသွင်အပြင်နဲ့ဆို စိတ်နေစိတ်ထားက ဒုတိယရွေးချယ်မှုသာ ဖြစ်သည်။
လုရွှမ် မျက်လုံးများထဲက အံ့အားသင့်သွားတဲ့ အရိပ်အယောင်တွေကို မြင်လိုက်ရတော့ လီရှို့ အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်သွားခဲ့သည်။ သို့သော် ထိုလျစ်လျူရှုသော စကားကတော့ သူမကို အနည်းငယ် ဆုံးရှုံးသွားစေသည်။ သူမသည် ထိုအမျိုးသား၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုကို မမြင်ရချေ။
လုရွှမ်လည်း လီရှို့ မျက်လုံးများထဲက စိတ်ပျက်သွားတဲ့ အရိပ်အနည်းငယ်ကို မြင်လိုက်ရပါ၏။ သူ့နှလုံးသားထဲတွင် ရယ်စရာတစ်ခု ခံစားလိုက်ရသည်။ လီရှို့ရဲ့ စိတ်ခံစားချက်တွေကို သူအရမ်း ရှင်းရှင်းလင်းလင်း သိပေမယ့် သူ့အမြင်မှာတော့ ကမ္ဘာကြီးကို နားမလည်တဲ့ ညီမငယ်တစ်ယောက်ပါပဲ။
လုရွှမ် ပြုံးပြုံးရွှင်ရွှင်နဲ့ လျှောက်လာရင်း လက်ဖဝါးကို လှန်လိုက်ရာ သူ့လက်ထဲမှာ ကျောက်စိမ်းရုပ်လေး ပုံပေါ်လာသည်။ ၎င်းမှာ လီရှို့မှလွဲ၍ အခြားသူမဟုတ်ပေ။ ယခုကြည့်သကဲ့သို့ မဟုတ်ဘဲ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေထဲတွင် ပြုလုပ်ခဲ့သည့်အတိုင်း ဖြစ်သည်။
သူမသည် ယောက်ျားအသွင် ဆောင်ထားသော အမျိုးသမီးတစ်ဦးနှင့် တူသော်လည်း ဖော်မပြနိုင်လောက်အောင် သူရဲကောင်းဆန်ပြီး ကြီးကျယ်ခမ်းနားလေသည်။ လီရှို့ ကျောက်စိမ်းရုပ်ကို မြင်မြင်ချင်း သဘောကျသွားကာ ဝမ်းသာအားရ ယူသွားကာ ရယ်မောလိုက်သည်။
"ဘွားဘွား ကြည့်လိုက်... သမီး အရင်ကပုံစံကလည်း ချောတယ် မဟုတ်လား"
အဘွားအိုက ပြုံးပြီး သူမကို ထပ်ခါတလဲလဲ ချီးမွမ်းလိုက်သည်။ တစ်ဆက်တည်း လုရွှမ်ကိုလည်း ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ ဒီကောင်လေးက စည်းကမ်းတွေကို တကယ်သိတာပဲ။
သူထွင်းထားတဲ့ ကောင်လေးက သူ့ရည်ရွယ်ချက် အတိုင်းပဲ။ လှပပြီး ရင်သပ်ရှုမောဖွယ် ကောင်းပေသည်။ ပထမဆုံးအနေဖြင့် မင်းသမီးလေး မဟုတ်ဘဲ အတူတူ အန္တရာယ်တွေ ရင်ဆိုင်ခဲ့သော အားကိုးလို့ရတဲ့ ညီလေး ဖြစ်လေသည်။
၎င်းသည် မင်းသမီးကို အလွန်ပျော်ရွှင်စေသည်။ သို့သော် ၎င်းသည် တွယ်တာမှုကို မဖြစ်ပေါ်စေဘဲ နားမလည်နိုင်သော ရောယှက်မှုကိုသာ ဖြစ်စေသည်။
ဒီကောင်လေးဟာ အနာဂတ်မှာ သေချာပေါက် ကြီးကျယ်ခမ်းနားမှု ရရှိလာပါလိမ့်မယ်။
ခဏလောက်ကြာတော့ အဘွားကြီးဟာ သူ့ရင်ဘတ်ကို ဖိလိုက်သည်။ သူတို့နှစ်ယောက် အနာဂတ်မှာ အတူတူ ရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို တကယ်ပဲ ရှိခဲ့ပေမယ့် အခုတော့ သက်ပြင်းသာ ချလိုက်မိတော့သည်။
လီရှို့သည် ကျောက်စိမ်းရုပ်ဖြင့် ကစားရင်း သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ၌ ဖြစ်ပျက်ခဲ့သော အရာများကို အဘွားကြီးအား ပြောပြသည်။ သူမသည် ယခင်က ဟောက်ထျန်းမှန်ကို သုံးလိုက်လို့ လုရွှမ်ကို ဘယ်လောက်တောင် ထိတ်လန့်သွားစေခဲ့ကြောင်း ပြောဆိုကာ ရယ်မောခဲ့သည်။
လုရွှမ် သူမကို အကြိမ်ပေါင်းများစွာ ဆက်တိုက် ကယ်တင်ခဲ့တဲ့ အကြောင်း ပြောရင်တော့ ကျေးဇူးတင်စိတ်နဲ့ ပြည့်နေခဲ့ပါသည်။
"ဒါဖြစ်သင့်ပါတယ်... ဘယ်လို အကြောင်းတရားမျိုးက ဘယ်လို ရလဒ်မျိုးတွေ ရလာမလဲ မသိနိုင်ဘူးလေ... အခု မင်းက ငါ့အသက်ကို ကယ်ခဲ့ပြီးပြီ... ငါ မင်းကို ကျေးဇူးတင်လို့ မဆုံးနိုင်တော့ပါဘူး"
လီရှို့ သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး။
"ဘာမှမဟုတ်ပါဘူး....ဒါနဲ့ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေထဲမှ ဘာတွေ သိမ်းယူနိုင်ခဲ့သေးလဲ?"
"အများကြီး ရရှိခဲ့ ပါတယ်... သူငယ်ချင်းတွေနဲ့ ပြန်တွေ့ပြီး မင်းနဲ့လည်း သိခွင့်ရတယ်... ငါ့ရဲ့ အရည်အချင်းတွေလည်း အများကြီး တိုးတက်လာတယ်... ဒါက ကြီးမားတဲ့ အမြတ်ပါပဲ"
စကားစမြည် ပြောနေစဉ်တွင် လှေသည် အလွန်လျင်မြန်စွာ ရွေ့လျားသွားခဲ့ပြီး နောက်ဆုံး တစ်လခွဲ ကြာပြီးနောက်တွင် ရပ်တန့်သွားခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း လုရွှမ်နဲ့ လီရှို့တို့ တစ်ယောက်နဲ့ တစ်ယောက် အလွန်ရင်းနှီးလာခဲ့သည်။ သူ့အသိစိတ်၏ လမ်းညွှန်မှု အောက်တွင် လီရှို့၏ နှလုံးသားအတွင်းက ကျက်သရေများ ပျောက်ကွယ်သွားကာ သူငယ်ချင်းကောင်း တစ်ဦးပင် ဖြစ်လာခဲ့သည်။
လုရွှမ်သည် လီရှို့၏ဓားသိုင်းနှင့် ပတ်သက်၍ သင့်လျော်သော ညွှန်ကြားချက်များ ပေးခဲ့ပြီး တစ်ခါတစ်ရံတွင် အဘွားကြီးနှင့် စကားအနည်းငယ် ပြောလေ့ရှိသည်။
ဒီလိုနဲ့ လုရွှမ်ရဲ့ အရည်အချင်းကို အဘွားအိုက အရမ်းသဘောကျသွားခဲ့၏။ လုရွှမ်ကို ထွက်ပြေးသွားမှာ ကြောက်နေတဲ့ သူ့သားမက်ကို ကြည့်နေသလိုပဲ။ ကံကောင်းထောက်မစွာနဲ့ စောင့်ဆိုင်းရချိန်က အကြာကြီး မဟုတ်ဘဲ မြေပြင်ပေါ် ဆင်းသက်လာခဲ့သည်။
"ဟေး နောက်ဆုံးတော့ ငါပြန်လာပြီ!"
လှေတံခါးကို ဖွင့်လိုက်သည်နှင့် လီရှို့သည် အမြန်ခုန်ဆင်းကာ ပျံလွှားလေးတစ်ကောင်လို တောအုပ်ထဲသို့ ပျံသန်းသွားလေသည်။ သူမကို ကြည့်ရတာ ပျော်ရွှင်နေသော လှပသညိ့ ငှက်ကလေးတစ်ကောင်လိုပင်။
ထို့နောက် သူမသည် မိန်းကလေးတစ်ယောက်ရဲ့ ရင်ခွင်ထဲ ပြေးဝင်သွားလေ၏။