မောက်မာတယ်
Vol. 85 Ch. 4.793
ချက်ချင်းပင် လူအုပ်ကြီး ဆူညံသွားသည်။ ဒါပေါ့ လုရွှမ်အသံကို အားလုံး ကြားလိုက်ရတယ်လေ။ ကျောင်းဟန် မတ်တပ်ထရပ်ပေမယ့် ဒါက လုရွှမ်ကို မကူညီချင်တာ ထင်ရှားလေသည်။
ကျောင်းဟန်နဲ့ ဝမ်ရွှမ်းတို့သည် မင်းသမီးလီရှို့ကို လိုက်ပိုးပန်းနေကြောင်း ရောက်ရှိလာသူတိုင်း သိကြသည်။ သူတို့ အချင်းချင်း ဆဲဆိုနေကြတာက များပြားလှကာ ယခုတစ်ခါ အဲဒီကိစ္စက ဒေါသပစ်မှတ်က သဘာဝအတိုင်း လုရွှမ် ဖြစ်သွားခဲ့သည်။
ယခုမူ သူတို့အထင်ကြီးခံရသော ဤခြေရာကျောက်သည် အမှန်တကယ်ပင် သူတို့နှစ်ဦး အတူတူ တက်လှမ်းရန် လိုအပ်နေပြီ ဖြစ်သည်။
“မာနကြီးနေတဲ့ကောင်!”
နောက်ထပ် ကျင့်ကြံသူ တစ်ယောက်က အော်လိုက်သည်။ လုရွှမ် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး။
"ရပါတယ် မင်းလည်း လာခဲ့"
"ဟားဟား"
ရယ်စရာကောင်းတဲ့ ဟာသတစ်ခုကို ရှာတွေ့သွားသလို လှောင်ပြောင်သံများ ထွက်ပေါ်လာလေသည်။
"မှန်တယ်.... လင်ရှောက် မင်း ရုပ်ရည်ကောင်းချင်ရင် အတူတူတက်ကြရအောင်... ကောင်းကင်ဘုံသခင်လောက်ကတော့ ငါ ကြောက်မနေဘူး... မင်းက ဘာကို စိတ်ပူနေရမှာလဲ"
လင်ရှောက်လို့ အမည်ရတဲ့ ကောင်လေးက ပြန်ဖြေလိုက်သည်။
"သူက ငါနဲ့ဆို အိပ်မက်ထဲမှာ တိုက်ခိုက်ဖို့ ထိုက်တန်ပါတယ်!"
လုရွှမ်သည် ထိုလူများအနားရှိ မျှော်စင်နယ်ပယ်က အကြီးအကဲများကို တစ်ချက် ကြည့်လိုက်ကာ ဆို၏။
"မင်းတို့ဘေးနားက အကြီးအကဲတွေကို ငါ မယှဉ်သာဘူး... ဒါပေမယ့် မင်းတို့ကတော့ ငါနဲ့ယှဥ်နိုင်ဖို့ ဝေးသေးတယ်"
ရုတ်တရက် နန်းတော်ထဲတွင် ရုတ်ရုတ်သဲသဲ အသံများ ပိုများလာခဲ့သည်။ ဒီအချိန်မှာတော့ အားလုံးရဲ့ မျက်လုံးတွေက လုရွှမ်ဘက်ကို စိုက်ကြည့်နေ၏။
ငယ်ရွယ်သူများကြားတွင် ရန်ဖြစ်ခြင်းက အလွန်သာမန်ပဲ ဖြစ်သည်။ သို့သော် လုရွှမ်ကဲ့သို့ အဆင့်နိမ့်နိမ့်နဲ့ မာနထောင်လွှားသူ တစ်ယောက်ကို သူတို့မြင်ဖူးတာတော့ ပထမဆုံးအကြိမ်ပဲ ဖြစ်သည်။
လုရွှမ်သည် ဤမျှမာနထောင်လွှားပြီး သူတို့၏ ထန်းယွမ်ကြယ်က မင်းသမီးရဲ့ မင်္ဂလာပွဲအတွက် ဝင်နှောင့်ယှက်ဖို့ သတ္တိက ဘယ်သူကများ ပေးလိုက်လဲမသိ။ သူသည် ထန်းယွမ်ကြယ်မှ ပါရမီရှင်ဟု နာမည်ပေးထားသည့် လူငယ်များကို ပါရမီရှင်များအဖြစ် မဆက်ဆံပေ။
"ကျောင်းဟန် ဝမ်ရွှမ်း မင်းတို့နှစ်ယောက် ဘေးထွက် မတ်တပ်ရပ်နေလိုက်... ကောင်းကင်အမြင့်ကို မသိတဲ့ ဒီလူယုတ်မာကို ငါ ဖျက်ဆီးပစ်မယ်!!"
လင်ရှောက် ရဲ့ မျက်နှာက နှင်းတွေလို ဖြူဖွေးနေပြီး ဘယ်သူမှသူ့ကို ဒီလို ဖိနှိပ်တာမျိုး မရှိခဲ့ဖူးပေ။ နှိမ့်ချသော လူတစ်ယောက်က သူ့ကိုအခုလို စော်ကားတာမျိုးကို ဘယ်လိုမှ သည်းမခံနိုင်တော့ချေ။
သူက တိုက်ရိုက် ပြေးထွက်လာကာ လက်ဖဝါးတစ်ဖက်ကို ဆန့်ထုတ်ကာ လှံတစ်ချောင်းကို ဖမ်းယူလိုက်ပြီး လုရွှမ်ရဲ့ခေါင်းကို တိုက်ခိုက်လိုက်သည်။
လှံသံနဲ့အတူ လေထုတစ်ခုလုံး ငွေရောင်တွေ တောက်သွားသည်။ လှံထိပ်တွင် သွေးကဲ့သို့ နီရဲနေသည့် သဲလွန်စများ ရှိနေသည်။ ၎င်းသည် ရှေ့တန်းတိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ရောင်ဝါမှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုထက် ပို၍ လျှို့ဝှက်သည်ဟု ခံစားရလေသည်။ လုရွှမ် အနည်းငယ် မျက်မှောင်ကြုတ်ထား၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအား တက်လာသော်လည်း လင်ရှောက် မတားဆီးနိုင်ချေ။
ဒီလိုအကြောင်းပြချက်မျိုး ကြုံရတာ ဒါပထမဆုံးအကြိမ်ပဲ။
"ဟမ့် ငါတို့လင်မိသားစုရဲ့ အရိပ်မဲ့လှံသိုင်းကို မင်းမြင်အောင် ပြလိုက်မယ်!"
လုရွှမ် သူ့လက်ကို လှည့်လိုက်ရာ တူညီတဲ့ လှံတစ်ချောင်းက သူ့လက်ထဲမှာ ပေါ်လာ၏။ သို့သော် ၎င်းက လင်ရှောက်လက်ထဲက လှံနဲ့ လုံးဝကို မတူပါဘူး။ လှံထိပ်ပေါ်၌ စွမ်းအင်များကို ခြေချလိုက်သော် လှံသည် နဂါးတစ်ကောင်နှင့်တူကာ လင်ရှောက်၏ အရိပ်မဲ့လှံကို တိုက်ရိုက် ထိုးချလိုက်သည်။
လှံနှစ်ချောင်း အပြန်အလှန် ဖြတ်သွားကာ လုရွှမ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် သံတံတားကြီးကို ပြေးဆောင့်မိသလို ဖြစ်သွားပြီး လျင်မြန်စွာ ပြန်ပြေးသွားခဲ့သည်။
သူသည် အရိပ်မဲ့လှံ၏ တိုက်ခိုက်မှုကို လုံးဝ လွဲချော်သွားခဲ့သည်။ နဂါးလေပြင်းလှံသည် လင်းရှောက်၏ လှံထိပ်ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ တခဏချင်းတွင် တစ်ဖက်လူ၏ လှံသည် သူ့ခံစစ်ကိုဖြတ်၍ ဒန်တန် အတွင်းသို့ တိုက်ရိုက် ထိုးဝင်သွားခဲ့သည်။
လုရွှမ် နောက်ဆုံးတွင် လှံစွမ်းအင်ကို သတိပြုမိသွားသည်။ သူ့ဒန်တန်ကို လှံဖြင့် ထိလုနီးပါးပင်။ လုရွှမ် ကမန်းကတန်း ထွက်ခွာသွားလိုက်သည်။ လေပြင်းနိယာမဖြင့် သူ့ခြေဖဝါးအောက်တွင် မှုတ်ထုတ်ကာ နောက်ဆုံး အခိုက်အတန့်တွင် ပြေးထွက်သွားခဲ့သည်။
လုရွှမ် အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့ကိုကာကွယ်ပေးထားသည့် ချပ်ဝတ်တန်ဆာ သေးသေးလေး လုံးဝ စုတ်ပြဲသွားတာကို တွေ့လိုက်ရသည်။
"မင်းရဲ့ရိုက်ချက်က တကယ်ကို အစွမ်းထက်သားပဲ!"
လုရွှမ် သဘောကျမှု အပြည့်နဲ့ ဆိုလိုက်သည်။
"ဟမ့် မင်းလွတ်မြောက် နိုင်ခဲ့တာကလည်း အံ့ဩစရာ ကောင်းပါတယ်... ဒါပေမဲ့ ဒုတိယအကွက် အတွက်ကတော့ ငါကရုဏာ မပြဘူး!!"
လင်ရှောက်က ဂုဏ်ယူစွာ ပြောလိုက်သည်။ လုရွှမ်ကို တစ်ချက်တည်းနဲ့ ထိုးလိုက်နိုင်တာကြောင့် သူ့ယုံကြည်မှုတွေ အရမ်းတိုးလာပေမယ့် လုရွှမ်အတွက်ကတော့ အနည်းငယ်ပို၍ မထီမဲ့မြင် ပြုချင်လာ၏။
"စောင့်ကြည့်လိုက်!"
လင်ရှောက် အော်လိုက်ပြီး လုရွှမ်ကို နောက်ထပ် လှံသိုင်းကွက်ဖြင့် ထိုးနှက် တိုက်ခိုက်လိုက်သည်။ ယခင်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ပါက ဤသိုင်းကွက်သည် ပိုမိုမြန်ဆန်လာခဲ့ပြီး အရိပ်များနှင့် လေပြင်းများကိုပါ သယ်ဆောင်လာခဲ့သည်။
လုရွှမ် လင်ရှောက်ရဲ့ မျက်လုံးများထဲက ရှုတ်ချမှုကို တစ်ချက်ကြည့်လိုက်သည်။ ဤအကွက်က ထောင်ချောက်တစ်ခု ဖြစ်တာ သိသာထင်ရှားပါသည်။ ထိုလှုပ်ရှားမှုအတိုင်း ခုခံ တိုက်ခိုက်လိုက်ပါက သူသည် တစ်ချက်တည်းဖြင့် အပြင်းအထန် ခံလိုက်ရပေလိမ့်မည်။
လုရွှမ် လှံကို သိမ်းလိုက်ပြီး သူ့လက်ထဲတွင် ဝါးချောင်းတစ်ချောင်း ပေါ်လာခဲ့သည်။ ထို့နောက် မျက်လုံးများကို တိတ်တဆိတ် မှိတ်လိုက်သည်။
အရိပ်မဲ့လှံသိုင်းကို အသုံးပြုထားသောကြောင့် အာကာသတုန်ခါမှု၊ လေစီးဆင်းမှုနှင့် စွမ်းအင်များရဲ့ အရှိန်အဟုန်ကို မလွဲမသွေ ဖြစ်ပေါ်ပြောင်းလဲ စေလိမ့်မည်။
စိတ်ဝိညာဉ်ကိုသာ လှည့်ပတ်ထားကာ မျက်လုံးများကိုတော့ မှိတ်ထားလိုက်သည်။ အမြင်အာရုံကို လှည့်စားနိုင်ခြင်း မရှိတော့သောအခါ လုရွှမ်၏ ပြင်းထန်သော ဝိညာဉ်စွမ်းအားက သူ့ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများကို ချက်ချင်း နားလည်သွားခဲ့သည်။
အနည်းငယ်သော ပြောင်းလဲမှုပင် လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအင်စက်ကွင်းထဲမှ မလွတ်မြောက်နိုင်ပေ။ လင်ရှောက်ရဲ့ လှံကို မျက်လုံးနဲ့ ကြည့်လိုက်တော့ အလွန်ကြီးစိုးပြီး ရက်စက်ကြမ်းကြုတ် လွန်းလှပါ၏။ ဒီအချိန်မှာတော့ သူ့စိတ်ဝိညာဥ်ထဲမှာ တခြားအရာတစ်ခု ပေါ်လာပြီ။
သစ်သားသည် မြေကြီးကို ကျော်လွှားနိုင်ပြီး လှောင်အိမ်နဂါးတုတ်သိုင်းသည် ဤအရိပ်မဲ့လှံကို ထိန်းထားရန် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ လုရွှမ် သူ့မျက်လုံးကို ဖွင့်လိုက်ပြီးသည်နှင့် လှောင်အိမ်နဂါးတုတ်သိုင်းကို အရိပ်မဲ့လှံသိုင်းရဲ့ ပျော့ကွက် နေရာကို တိတ်တဆိတ် ထိုးနှက်လိုက်သည်။ လုရွှမ် သူ့လက်ကောက်ဝတ်ကို ဆယ့်သုံးကြိမ်တိုင်တိုင် ဝေ့ယမ်းလိုက်သည်။
လူတိုင်း၏ ထိတ်လန့်နေသော မျက်လုံးများရှေ့တွင် လင်ရှောက်က ဟစ်အော်ကာ လက်ဖဝါးကို ပြန်ဆွဲထုတ်လိုက်၏။ ချွင်းခနဲ ပေါက်ကွဲသံနှင့်အတူ သူ့လက်ထဲက လက်နက်ဟာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
အစိမ်းရောက် အမှတ်အသားများ ဖြစ်သွားသော သူ့လက်ကောက်ဝတ်ကို လင်ရှောက် ဖုံးအုပ်ထားလိုက်သည်။ တချို့လူများ၏ မျက်လုံးများမှာ အလွန် လျင်မြန်သောကြောင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ကြသည်။ လင်ရှောက်ရဲ့ လက်ကောက်ဝတ် တစ်နေရာတည်းတွင် အစိမ်းရောင် အစက်များ ၁၃စက် ရှိလေသည်။
လုရွှမ် ယခင်က လှုပ်ရှားခဲ့သော ဝါးသိုင်း ၁၃ချက်သည် လုံးဝ မျက်စိကန်းနေခြင်း မဟုတ်ဘဲ လင်ရှောက်ရဲ့ ရပ်တည်ချက်ကို စေ့စေ့စပ်စပ်နားလည်သည်။ ဒါကြောင့် လင်ရှောက်ကို တစ်ချက်တည်းနဲ့ တွန်းထုတ်လိုက်နိုင်တာ ဖြစ်သည်။
"ဒါက အရိပ်မဲ့လှံသိုင်းပေါ့... တကယ်ကို အစွမ်းထက်ပါတယ် ဒီလက်စွမ်းကို ကွဲပြားအောင် ဖန်တီးခဲ့သူက လုံးဝ ဉာဏ်ကြီးရှင်ပဲ... မင်းက ပြသာနာရှင် တစ်ယောက် ဖြစ်နေတာ... နှမြောစရာပဲ ဒီသိုင်းကို အပြည့်အဝ ထုတ်ပြနိုင်ဖို့ဆို မင်းအရည်အချင်းက ဝေးနေသေးတယ်!"
လင်ရှောက်ရဲ့ မျက်နှာမှာ ဝမ်းနည်းနေပုံပေါက်ပြီး နှုတ်ခမ်းပါးလွှာက တုန်ရီနေသည်။ သူရှုံးသွားတယကို သူ မယုံနိုင်လောက်အောင် အံ့သြနေမိသည်။ ယခင်ပထမက သိုင်းကွက်မှာ အဆင်ပြေနေသော်လည်း နောက်အကွက်တွင် အခြေအနေတစ်ခုလုံး ပိုဆိုးသွားမည်ဟု သူမျှော်လင့်မထားမိပေ။
လုရွှမ်သည် သူလှုပ်ရှားနေသော အရာအားလုံးကို မြင်နိုင်ပြီး သူ့လက်နက်ကိုပါ ဖြိုချပစ်လိုက်သည်။ လူရှိတဲ့ နေရာမှာ လက်နက်ရှိတယ်၊ လက်နက် ပျက်စီးသွားရင်တော့ လူလည်း သေလိမ့်မည်။ ဒီလိုနေရာမျိုးမှာသာ မနေခဲ့ရင် လင်ရှောက်တော့ လူသေဖြစ်သွားလိမ့်မယ်။
"ပြန်လာခဲ့တော့... မင်းက သူ့အတွက် တကယ် ပြိုင်ဘက် မဖြစ်နိုင်ဘူး"
လင်ရှောက်ရဲ့ အကြီးအကဲက သူ့လက်ဝှေ့ယမ်းပြီး လင်ရှောက်ကို ပြန်ဖမ်းလိုက်လေသည်။
"မိတ်ဆွေလေးလုရွှမ် မင်းမှာ ထူးကဲတဲ့ စွမ်းရည်တွေ ရှိတာကို ငါလေးစားပါတယ်"
ဒါဟာ လင်ရှောက်ကို ဖခင်ပဲ ဖြစ်လေသည်။ ထိုလူက ယင်းယန်(အမှောင်အလင်း) အရိပ်အမြွက်မပါဘဲ ပြောလာ၏။ သူ့သားက ကောင်းကင်ဘုံသခင် လူတစ်ယောက်ကို ရှုံးသွားရသည်။ ဒီအချိန်က လူမြင်ကွင်းမှာသာ မဟုတ်ခဲ့ဘူးဆိုရင် ဒီကောင်လေးကို သင်ခန်းစာတစ်ခု တိုက်ရိုက် သင်ပေးမိလိမ့်မည်။
လုရွှမ် တစ်ဖက်လူကို တစ်ချက် ကြည့်လိုက်တာနဲ့ ထိုလူကြီး ဒေါသထွက်နေပြီဆိုတာ သိလိုက်သည်။ သူ့စိတ်ထဲက လှောင်ပြောင်နေလိုက်၏။ ဒါက သူ့သားကိုယ်တိုင် ခွန်အားမရှိဘဲ တခြားသူကို မျက်လုံးထဲ မထည့်တဲ့အတွက် ခံရတဲ့ အကျိုးဆက်ပဲလေ။
"ဘယ်သူ ရှိသေးလဲ? ထွက်လာခဲ့!"
လုရွှမ်သည် လင်ရှောက်၏ဖခင်ကို ကြည့်ကာ သူ့မေးစေ့ကို အနည်းငယ်မြှောက်လျက် ဂုဏ်ယူစွာ ပြောလိုက်သည်။ လင်ရှောက်နဲ့ သူ့အဖေမှာ အံ့သြသွားရလေသည်။
လုရွှမ်ကို သင်ခန်းစာတစ်ခု သင်ပေးတော့မယ့် အချိန်မှာပဲ လုရွှမ်က ကျောင်းဟန်နဲ့ ဝမ်ရွှမ်းတို့ဘက်ကို လက်ညှိုးထိုးပြလိုက်ကာ။
"မင်းတို့အတူတူ ထွက်လာခဲ့... မဟုတ်ဘဲ သိုင်းကွက် ၃ကွက်တောင် မခုခံနိုင်ဘူးဆိုရင် ထန်းယွမ်ကြယ်ရဲ့ လူငယ်သူရဲကောင်းတွေ ဆိုတဲ့ ဂုဏ်ပုဒ်က ရယ်စရာကြီး ဖြစ်သွားလိမ့်မယ်"
"အငယ်တန်းလေး... မင်းက မာနကြီးပြီး မောက်မာနေတာပဲ!"
လုရွှမ်ရဲ့ အနေအထားက လူတိုင်းရှေ့တွင် တင်းမာလွန်းလှသည်။ ဝမ်ရွှမ်းနဲ့ ကျောင်းဟန်ကို ပြောနေမှန်း သိသာထင်ရှားသော်လည်း ထန်းယွမ်ကြယ်ရဲ့ မျိုးဆက်သစ် လူငယ်အားလုံးကို ရေတွင်းထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။