← Chapters

အင်အား

Vol. 85 Ch. 4.794

အင်အား

Vol. 85 Ch. 4.794

မောက်မာတယ်တဲ့လား?

လုရွှမ်သည် ခန်းမထဲက ရှိနေသူတိုင်းကို တစ်ချက် ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က ယခင်အတိုင်း ဖြောင့်တန်းနေဆဲပင်။ ထိုအခိုက် သူ့နှုတ်ခမ်းထောင့်က ကော့ညွှတ်သွားကာ။

"မယုံရင် အတူတူလာကြည့်လိုက်လေ"

တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ အရူးဧကရာဇ်က ဘယ်သူလဲ။ သေချာပေါက် သူပဲလေ။ ဘယ်သူမှ သူ့ကို အန္တရာယ်မပေးနိုင်သလို ဘယ်သူမှ သူ့ဒေါသကို လက်မခံနိုင်ဘူး။

သူ့ကို နင်းပြီး ထိပ်ကို တက်ချင်တယ် ဆိုရင်တော့ ထိပ်ကို တက်လှမ်းနိုင်တဲ့ ခွန်အားကို ပြရမယ်လေ။

"သေလမ်းကို ရှာချင်နေတဲ့ကောင်!"

ဝမ်ရွှမ်းနဲ့ ကျောင်းဟန်တို့ တစ်ပြိုင်တည်း အော်ဟစ်လိုက်သည်။ သူတို့၏ မျက်နှာများသည် မည်းမှောင်နေသော အရောင်များဖြင့် ပြည့်နေကာ လုရွှမ်ကြောင့် ဒေါသထွက်ကာ သွေးအန်လုမတတ် ဖြစ်နေပြီ။

"ဟုတ်လား? ငါမင်းကို အတူတူလာဖို့ ပြောနေတာကြာပြီ... ငါတို့အားလုံး အချိန်ကုန်မခံရင် ပိုကောင်းမယ် ထင်တယ်"

လုရွှမ် သူ့လက်ထဲတွင် ဓားရှည်ကြီးကို ဆုပ်ကိုင်၍ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို ဝေ့ယမ်း ခုတ်ချပစ်လိုက်သည်။ ထက်ရှသော ဓားစွမ်းအင်သည် သူတို့နှစ်ဦးဆီကို အသီးသီး ထိုးဖောက် ဝင်ရောက်သွားသည်။ ဓားစွမ်းအင်က သာမန်နတ်မီးနယ်ပယ်က သခင်ထက်ပင် လွန်စွာ ပြင်းထန်လှသည်။

လုရွှမ်သည် ဓားလက်နက်ကို အမှန်တကယ် အသုံးပြုနိုင်မည်ဟု မမျှော်လင့်ထားတဲ့ လူနှစ်ယောက်သည် ထိုဓား၏ စွမ်းအားကြောင့် သူတို့သည် ရန်သူကို တွေ့လိုက်ကြောင်း ချက်ချင်း သိလိုက်ကြသည်။

ထို့ကြောင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်၍ မောက်မာမှုတွေ မထားရဲတော့ဘဲ ယခု ဓားစွမ်းအင်ကို အလျင်အမြန် တားဆီးရန် ပြင်ကြရတော့သည်။ ဓားစွမ်းအင်က ပြင်းထန်လှသည်။ တစ်ဖက်လူက လှုပ်ရှားလိုက်တာနဲ့ သူ့မှာ ကျွမ်းကျင်မှုရှိမရှိ သိရှိနိုင်ပြီ ဖြစ်သည်။

လုရွှမ် ဓားစွမ်းအင်နှစ်ချက်ကို ထုတ်ပစ်လိုက်သည်နှင့် ပတ်ဝန်းကျင်မှ အသံများ၊ သူ့အား ကဲ့ရဲ့သံများ ချက်ချင်းပဲ ရပ်တန့်သွားသည်။ ဤဓားစွမ်းအင် ရောက်လာတာနဲ့ လူငယ်အများစုသည် ၎င်းအား တားဆီးနိုင်မည် မဟုတ်ကြောင်း လုံးဝ သဘောပေါက်သွားသည်။

သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေကို ဖြတ်သန်းပြီးနောက် လုရွှမ်၏ ကျင့်ကြံမှု အဆင့်သည် အလွန်တိုးတက်လာပြီး သူ၏စိတ်ဝိညာဉ်ကလည်း ပိုသန်မာလာခဲ့သည်။ အထူးသဖြင့် စိတ်ဝိညာဉ်၏ ငွေ့ရည်ဖွဲ့မှုနှင့်အတူ လုရွှမ်သည် ဓားသွားလှုပ်ရှားမှုကို အသုံးပြုသောအခါတွင် သူ့ခံယူချက်သည် ပို၍ပို၍ မှန်ကန်လာရာ ကိုင်ဆောင်နိုင်သော စွမ်းအားမှာလည်း သိသိသာသာ တိုးမြင့်လာခဲ့သည်။

ဤဓား၏ စွမ်းအားသည် ၎င်းကို ပထမဆုံးနားလည်သည့် အချိန်ကထက် ဆယ်ဆထက်မနည်း တိုးတက်လာခဲ့သည်။

ကျောင်းဟန်နဲ့ ဝမ်ရွှမ်းတို့သည် ၎င်းတို့၏ ဓားစွမ်းအင်ကို လျင်မြန်စွာ ဝေ့ယမ်းလိုက်သော်ငြား ခန္ဓာကိုယ်များ အနည်းငယ် တုန်ခါသွားခဲ့သည်။ လုရွှမ်ကို ကြည့်သော မျက်လုံးများက ယခင်ကလို အထင်အမြင်သေးသည့် အရိပ်များ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ထိတ်လန့်မှုသာ ကျန်ရစ်ခဲ့သည်။

ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ ကောင်းကင်ဘုံသခင် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် တန်ခိုးကြီးနိုင်မှာလဲ။

"မင်းတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို ပြသဖို့အခွင့်အရေးပေးမယ်...မဟုတ်ရင်တော့ မင်းတို့​​ အရှုံးထဲက ရုန်းထွက်နိုင်မှာ မဟုတ်ဘူး"

လုရွှမ် ရယ်မောလိုက်သည်။

ဒီလူတွေ အားလုံးဟာ ဟာသတစ်ခုကြည့်ပြီး သူပါးရိုက်ခံရတာကို စောင့်ကြည့်ဖို့ စောင့်နေကြတာကို မသိရအောင်အထိ လုရွှမ် မတုံးပေ။ ဒါဆိုရင် သူတို့မျက်နှာကို အသာပုတ်ပြီး ပါးရိုက်ပေးလိုက်တာပေါ့။

လီရှို့မှာ အေးစက်သော မျက်နှာထားဖြင့် ထိုင်နေလိုက်သည်။ သူမ ဒေါသထွက်နေပါပြီ။ ဒီလူတွေက လုရွှမ်ကို လူရွှင်တော် လုပ်ချင်နေကြတာ ထင်ရှား​ပေသည်။ လုရွှမ်ရဲ့ ရက်စက်ကြမ်းကြုတ်သော အင်အားကြောင့်သာ မဟုတ်ပါက သူမသည် ဒေါသတကြီးဖြင့် ထွက်ခွာသွားမိပေလိမ့်မည်။

"ဖြောင်း ဖြောင်း!"

ပြတ်သားသော လက်ခုပ်သံများ ထွက်ပေါ်လာပြီး လူတိုင်း ထိတ်လန့်စွာ ပြန်ကြည့်ကြသည်။ ယခုအချိန်တွင် လုရွှမ်က အသာစီးရနေပြီ ဖြစ်သည်။ ကျောင်းဟန်နဲ့ ဝမ်ရွှမ်းတို့ကတော့ အနိုင်ကျင့်ခံရပြီး ကစားခံ​နေရပုံနှင့် တူသည်။

ဒီအချိန်မှာ လက်ခုပ်တီးတဲ့သူက တကယ်တော့ မင်းသမီးလီရှို့ပဲ ဆိုတာကို သိလိုက်ရတဲ့အခါ နှစ်ယောက်စလုံးရဲ့ မျက်နှာများမှာ အလွန် နက်မှောင်သွားကြသည်။ ဤအချိန်၌ အရှက်တကွဲကြီး ဖြစ်သွားပြီဆိုတာ သူတို့ဘာသာလည်း သိပာသည်။

အနာဂတ်တွင် ၎င်းတို့အား ဖော်ပြခြင်း မပြုလိုပါက ၎င်းတို့အား လင်ရှောက်ကဲ့သို့ ဗီလိန်အဖြစ် သတ်မှတ်မည် ဖြစ်သည်။ ဒါ့ကြောင့် လုရွှမ်ကို အနိုင်ယူရမည်။ နှစ်ယောက်သား အံကြိတ်ပြီးတာနဲ့ သူတို့ရဲ့ရန်သူကို လျှော့တွက်မိပြီမှန်း နားလည်သွားကာ တစ်ချိန်တည်းမှာပဲ နှစ်ယောက်သားက စိတ်တူကိုယ်တူ အသင်းဖော်တွေ ဖြစ်လာကြပါတော့သည်။

"ရွှေလေတိုက်တံ!"

"ချွန်ခွမ်းလက်ချောင်း!"

သူတို့နှစ်ယောက်သည် ဘေးချင်းကပ်လျက် ပြေးထွက်သွားရင်း အစွမ်းအထက်ဆုံး လှုပ်ရှားမှုဟု ထင်မြင်ကြသည့် သိုင်းကွက်ကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။

လုရွှမ်က "မင်းတို့က ထန်းယွမ်ကြယ်ရဲ့ ငယ်ရွယ်တဲ့ သူရဲကောင်းတွေလို့ သတ္တိရှိကြပါတယ်... ဒါပေမဲ့ ညံ့ဖျင်းတဲ့ ယောက်ျားတွေကိုတော့ ငါ တကယ်ကို သနားတယ်"

လုရွှမ် ဓားကို ဖယ်လိုက်သည်။ လက်တစ်ဖက်စီကို ဝေ့ယမ်းလိုက်တဲ့အခါ လူတိုင်း၏ မျက်လုံးများရှေ့တွင် ဝိညာဉ်ဒိုင်းလွှာနှစ်ခု တောက်ပသွားသည်။

နှစ်ယောက်၏ တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးကာ ဖျတ်ခနဲ ရှေ့သို့ လှမ်းတက်၍ သူတို့ နှစ်ယောက်ကို အဝေးသို့ ကန်ထုတ်လိုက်သည်။

"အမှိုက်တွေ! ဘယ်သူလဲ လာချင်သေးလဲ?"

သူ့ကို မျက်နှာသာ မပေးဘူးဆိုရင် သူတစ်ပါးအတွက် မျက်နှာသာ ပေးနေစရာလည်း မလိုပါဘူး။

မည်သို့ပင်ဆိုစေကာမူ ယခုသူသည် ကောင်းကင်ဘုံသခင် နယ်ပယ်၏ အရှင်သခင်ဖြစ်နေပြီ ဖြစ်သည်။ နတ်မီးနယ်ပယ် သခင်များက မျှော်စင်နယ်ပယ်က အကြီးအကဲ လူတွေရဲ့ တပည့်တွေအနေဖြင့် ထွက်လာဝံ့​ကြသူ ဖြစ်သည်။

လုရွှမ် ဤအမှန်တရားကို နားလည်သလို ရောက်ရှိလာသူတိုင်းကလည်း နားလည်​ကြသည်။

သူတို့အားလုံးရဲ့ ပါးစပ်ထဲမှာ မီးခိုးတွေ ထွက်နေပါပြီ။ ဒေါသ​တွေက ထွက်နေပေမယ့် ဘာမှလုပ်လို့ မရပေ။ သူတို့သည် သူတို့၏ မျိုးဆက်သစ်လူငယ်များကို ဒေါသတကြီး စိုက်ကြည့်နေရင်း ဘယ်သူကမှ သူတို့ရဲ့ မျှော်လင့်ချက်အတိုင်း မလိုက်လျောနိုင်ရာ သူတို့အားလုံးအတွက် အမှန်တကယ်ပင် ရှက်စရာကောင်းလှပေသည်။

သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ ပျောက်ဆုံးသွားခြင်းက ပဟေဠိတစ်ခု ဖြစ်သည်။ ဤလူများသည် အကြံအစည် အသီးသီး ရှိထားပြီးသား ဖြစ်သည်။

"အစ်ကိုလုရွှမ် ပြောတာ အရမ်းကောင်းတယ် နောက်ထပ် ဘယ်သူရှိ​သေးလဲ!"

လီရှို့က ရုတ်​တရက်​ ကျယ်​ကျယ်​ပြန့်​ပြန့်​ ​အော်​လိုက်​ပြီး သူ့မိဘ​တွေကို လှမ်းကြည့်​လိုက်သည်။ ထို့နောက် ဂါဝန်ကိုမလျက် လှည့်ထွက်သွားလေသည်။ သူတို့နှစ်ဦး၏ မျက်နှာများမှာ အနည်းငယ် မည်းမှောင်နေကာ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မကြိုက်ကြသော်လည်း ငြင်းဆန်ခြင်းတော့ မရှိခဲ့ပေ။

ကောင်းကင်ဘုံသခင် နယ်ပယ်မှ ကောင်လေးလုရွှမ်သည် အလွန်မာနကြီးပြီး ကြီးစိုးနိုင်တဲ့အပြင် ဤနေရာရှိ လူတိုင်းကို အလုံးစုံအမြင်ဖြင့် ရဲဝံ့စွာ နှိုးဆော်ဝံ့မည်ဟု သူမတို့ မထင်ထားခဲ့ပေ။

ဤလူများ အားလုံးသည် မျှော်စင်နယ်ပယ်မှ သခင်များ ဖြစ်ကြသည်။ ထိုနယ်ပယ်ဟာ ကောင်းကင်ဘုံသခင်ထက် မြင့်မားသော နယ်ပယ်နှစ်ခု ဖြစ်ကြောင်း သိထားရမည်။ ဘယ်သူက ရန်စရဲမှာလဲ။ ဒါပေမဲ့ လုရွှမ် လှုပ်ရှားလိုက်တာနဲ့ လူတိုင်းရဲ့ မျက်နှာမှာ ​ဖြတ်ရိုက်ခံလိုက်ရတော့သည်။

လီလင်က ရုတ်တရက် ပြုံးလိုက်ပြီး။

"ငါ့သမီးလည်း တကယ်ကြီးလာပြီ...အဒီလို သဘောထားကြီးတဲ့ မိန်းကလေး မဟုတ်တော့ဘူးပဲ"

ဖန်းချင်းက သူမခင်ပွန်းကို မျက်လုံးပြူးပြလိုက်ကာ။

"ဒါက ရှင့်အပြစ်ပဲလေ...ရှင်စခဲ့တဲ့ ကိစ္စ ရှင်ကိုယ်တိုင်ပဲ ပြီးအောင် ဆက်လုပ်... ကျွန်မ ရှို့ရှို့ကို သွားကြည့်လိုက်ဦးမယ်"

သူမလည်း လှည့်ထွက်သွားသည်။

လုရွှမ်သည် လီရှို့ သူမစားပွဲမှ ထွက်သွားတာကို မြင်သောအခါတွင် သူလည်း ထိုင်ခုံသို့ ပြန်သွားပြီး ယခင်က ဖြစ်ပျက်ခဲ့သော အရာများ ဘာမှမဟုတ်သကဲ့သို့ အစားအသောက်ကို ဆက်စားခဲ့သည်။ ထိုလျစ်လျူရှုမှုမျိုးက လူတိုင်းကို မုန်းတီးစိတ်များဖြင့် ယားယံလာစေသည်။

"ကောင်လေး မင်းအရင်က သုံးခဲ့တာက နတ်ဝိညာဥ်ဒိုင်းလွှာလား"

လီလင် မေးလိုက်သည်။

မျက်နှာသာ ပေးသင့်တဲ့ ကျင့်ဝတ်အချို့ကိုတော့ လိုက်နာရန် လိုအပ်ပါသေးသည်။ ဒီလူတွေဟာ အသက်ကြီး​နေ​ပြီ ဖြစ်သလို သူတို့တပည့်တွေကလည်း သူတို့ကို အားကိုးကာ တခြားလူကို သင်ခန်းစာ သင်ပေးဖို့ ပြောခဲ့ကြတယ် မဟုတ်လား။ နာကျင်ရင်တောင် ဂုဏ်သိက္ခာအတွက် ထိန်းထားရမယ်။

လုရွှမ်ခဘ်း ဤနိယာမကို အခြေခံ၍ ဝိညာဉ်ရေး ကျင့်ထုံးအဆင့်သည် လူ့အရည်အသွေး အဆင့်နှင့် ဘာမှမဆိုင်ကြောင်း နားလည်ပါသည်။ ထို့ကြောင့် အကောင်းဆုံး နည်းလမ်းမှာ ၎င်းတို့အား တိုက်ခိုက်လာဖို့ အကြောင်းပြချက် မပေးမိစေရန် ဖြစ်သည်။

"ဒါက ဒီအငယ်တန်း မတော်တဆ သဘောပေါက်သွားတဲ့ ကျင့်စဥ်တစ်ခုပါ"

လူတိုင်းသည် မတော်တဆ ဆိုတဲ့ စကားလုံးကိုကြားတော့ ညည်းညူသွားကြသည်။ လူဘယ်နှစ်ယောက်က ဒါကိုရရှိဖို့ သူတို့ရဲ့ အရင်းအမြစ်တွေ ဘယ်လောက်တောင် ကုန်ခန်းစေခဲ့ရလဲ။ ထပ်ခါတလဲလဲ နားလည်ဖို့ ကြိုးစားပေမယ့် သူတို့မှာ အရည်အချင်း မရှိကြဘူးလေ။

"ကောင်းပြီ မင်းက အစ်မကျောက့ ပြောသလိုပဲ တကယ်ကို အရည်အချင်းရှိတဲ့သူပဲ... ဒီအခြေအနေမှာ ငါ့ရဲ့သိုင်းကွက် ၃ကွက်ကို တွန်းလှန်နိုင်ရင် ငါ့သမီးကို လိုက်ပိုးပန်းဖို့ ငါခွင့်ပြုပေးမယ် ဘယ်လိုလဲ?"

လုရွှမ် လီလင်ကိုကြည့်ကာ လီလင်ကလည်း လုရွှမ်ကို ပူလောင်သော မျက်လုံးများဖြင့် ကြည့်နေသည်။

"တောင်းပန်ပါတယ် အကြီးအကဲရဲ့ နားလည်ပေးမှု အတွက် ကျေးဇူးတင်ပါတယ်.... မင်းသမီးနဲ့ ကျွန်တော်က စိတ်ချင်းတူပေမယ့် ကျွန်​တော်တို့ကြားမှာ ဘာမှမရှိပါဘူး။ မင်းသမီးကို ကျွန်တော့်ရဲ့ စကားပြောဖော် သူငယ်ချင်းလို့ပဲ မှတ်ယူထားတယ်... အဲဒါထက် ဘာမှ မပိုပါဘူး"

"ကောင်လေး မင်းက ဘာကိုဆိုလိုချင်တာလဲ? သမီးကို မကြိုက်ဘူးလား? ဒါမှမဟုတ် မင်းက ငါ့သမီးက မင်းနဲ့မတန်ဘူးလို့ ထင်နေတာလား?"

လီလင်ရဲ့ အသက်ရှုသံတွေက ထိုးတက်လာပြီး သူ့မျက်နှာက မှုန်ကုပ်ကုပ်နဲ့ ဖြစ်သွားသည်။

"မဝံ့ရဲဘူး...ကျွန်တော့်ကြားမှာ အဲ့လိုကံတရား မရှိနိုင်လို့ မရှိဘူးလို့ ပြောတာပါ!"

"ကောင်းပြီ မင်းက ရည်မှန်းချက်ကြီးတဲ့ လူပဲ... ဒါပေမဲ့ မင်းမကြောက်ဘူးလား ငါ့အကာအကွယ် မရှိရင် မင်းဒီမှာ ရပ်တည်ဖို့ နေရာမရှိဘူးလေ"

All Chapters