ကမ္ဘာ့ရတနာအပိုင်းအစ
Vol. 85 Ch. 4.795
"အကြီးအကဲရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ လမ်းတလျှောက်မှာ အခက်အခဲတွေ အတက်အကျတွေ အများကြီး ကြုံခဲ့ရပြီးပြီ... ကျွန်တော်ရဲ့ ခွန်အားက မမြင့်နိုင်ပေမယ့် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့တော့ မခဲယဉ်းပါဘူး"
"ဟား ဟား ဟား!"
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ကောင်းကင်ဘုံသခင် တစ်ယောက်က မျှော်စင်နယ်ပယ် သခင်အုပ်စုရှေ့မှာ သူ့ကိုယ်သူ ကာကွယ်နိုင်တဲ့ အစွမ်းရှိတယ်လို့ ပြောခဲ့တယ်တဲ့။ ဒါဟာ ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံး ဟာသတစ်ခုပါပဲ။
လီလင်က "ကောင်လေး ယုံကြည်မှု လွန်ကဲနေတာက မာနကြီးစေတယ်... အဲ့လိုပဲ ရူးသွပ်ခြင်းရဲ့ နောက်တစ်ဆင့်က ပျက်စီးခြင်းပဲ... မာနကြီးလွန်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့ လူတွေကို ငါမြင်ဖူးတယ်!"
"မကြီးပြင်းတဲ့သူတွေကို ပါရမီရှင်တွေလို့ မခေါ်ပါဘူး"
လုရွှမ်ကလည်း ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
"ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တဲ့ မင်းသမီးကို ကျေးဇူးတင်ပါတယ်... အကြီးအကဲနဲ့ ဧည့်ဝတ်ကျေပွန်တဲ့ မင်းသမီးကိုလည်း ကျေးဇူးတင်ပါတယ် မင်းသမီးက ကျွန်တော့်ကို သဘောကျဖို့ လုံးဝ ရည်ရွယ်ချက် မရှိပါဘူး.... မင်းသမီးလေးက ကြင်နာမှုကြောင့်သာ ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တာ... မဟုတ်ရင် သူမရဲ့ နာမည်နဲ့ အနာဂတ်ကို ထိခိုက်သွားမှာ ဖြစ်ပါတယ်... ဒီလိုမျိုး ဘယ်သူတွေက ဆက်ပြောဦးမလဲ မသိနိုင်ဘူး... ကျွန်တော် ထွက်သွားပါ့မယ်!"
"ကောင်းပြီ မင်း ဘယ်လောက်ဝေးဝေး သွားနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"
လုရွှမ် လီလင်ကို ဦးညွှတ်ကာ ကောင်းကင်ကို မျှော်ကြည့်ပြီးနောက် နန်းတော်မှ ထွက်ကာ ပြေးထွက်သွားခဲ့သည်။
ခန်းမကြီးထဲတွင် ဆူညံသံများ ထွက်ပေါ်လာသည်။ ကျင့်ကြံသူ အငယ်တန်းများက လုရွှမ်ကို ကျယ်လောင်စွာ ကျိန်ဆဲနေကြပြီး လီလင်ကိုတော့ ချော့မော့နေကြသည်။ ဆန့်ကျင်ဘက်အနေနှင့် လုရွှမ်ကို ကြည့်နေသော ကျင့်ကြံသူ များစွာ၏ မျက်လုံးများသည် အလွန်ပြောင်းလဲသွားကာ အနည်းငယ် သဘောကျသွားကြပုံပဲ။
"အဖေ... ကျွန်တော်တို့ သူ့နောက်ကို လိုက်သွားရမလား?"
"ဒီကလေးက သေဖို့ရှာနေတာ... နောက်မှ သွားရှာလိုက်မယ် အခုတောင် လီမိသားစုရဲ့ မျက်နှာသာပေးမှုကို စိတ်ပူနေရပြီ"
ထန်းယွမ်ကြယ်သည် အလွန် ကြီးမားပြီး ထန်းယွမ်မြို့သည်လည်း ဤကမ္ဘာပေါ်တွင် အတက်ကြွဆုံး နေရာဖြစ်သည်။ လုရွှမ် နန်းတော်မှ ထွက်ပြေးလာပြီးနောက် ထန်းယွမ်မြို့သို့ ရောက်လာခဲ့သည်။
သူ့နောက်ကနေ အမြီးလို လိုက်လာနေတဲ့ လူတွေရှိမှန်း သိပေမယ့် လုရွှမ် ဒါကို အလေးအနက် မထားပါဘူး။ လီမိသားစုက သူ့ကို စောင့်ကြည့်ဖို့ လူမလွှတ်လိုက်ရင်သာ ထူးဆန်းနေပေလိမ့်မည်။
အခြားဂိုဏ်းများနှင့် မင်းမျိုးမင်းနွယ်များမှ ဖြစ်ကောင်းဖြစ်မည့် ကျင့်ကြံသူများလည်း သူ့နောက်သို့ လိုက်နေကြမှန်း လုရွှမ် တိတ်တဆိတ် ခံစားရသည်။ သို့သော် သူတို့ကို လျစ်လျူရှုပြီး လိုက်ခွင့်ပြုလိုက်သည်။
ဖီးနစ်အနှစ်သာရနှင့် သွေးပါရှိခြင်းကြောင့် လုရွှမ် သူ လွတ်မြောက်လိုပါက ဘာပြဿနာမှ မရှိနိုင်ဘူးဟု ယုံကြည်ထားခဲ့သည်။ သူတို့ ဆက်လက် လိုက်ချင်ပါက လိုက်ပါစေ။
ထန်းယွမ်မြို့သည် အလွန်တက်ကြွပြီး လူဦးရေများသောကြောင့် အမျိုးမျိုးသော ခွန်အားများဖြင့် ကျင့်ကြံသူများနှင့် အလွန် စည်ကားနေသည်။ လုရွှမ်သည် တလမ်းလုံး ကြည်ညိုလေးစားမှု အပြည့်ရှိသော ရောင်ဝါများကို မြင်တွေ့ရလေသည်။
ထန်းယွမ်မြို့ထဲသို့ ဝင်ရောက်လာသူများ အားလုံးသည် အနည်းဆုံးတော့ ခွန်အားရှိသူများသာ ဖြစ်ကြသည်။ ဆိုင်ငယ်များနှင့် ဈေးဆိုင်ငယ်များသည် ကျင့်ကြံရေး ပစ္စည်းများ၊ ဖျော်ရည်များနှင့် ကောင်းကင်နှင့်မြေကြီး၏ ရတနာများကို ရောင်းချကြသည်။ ၎င်းတို့သည် အမျိုးအစား အမျိုးမျိုးရှိကာ အလွန်ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်၏။
လုရွှမ် ပစ္စည်းတချို့ကို ရွေးချယ်ခဲ့သည်။ သူ့အမြင်အရ တောင်တစ်သောင်းကမ္ဘာတွင် အလွန်ရှားပါးသော အရာများက ယခု နေရာတိုင်းတွင် တရုတ်ဂေါ်ဖီထုပ်ကဲ့သို့ များပြားနေသည်။
လမ်းမထက် ဖြတ်သွားပြီးနောက် လုရွှမ်၏စိတ်သည် ရုတ်တရက် တုန်လှုပ်သွားပြီး သူပြန်လှည့် လာခဲ့သည်။ ဒီဆိုင်လေးက လမ်းပေါ်မှာ ချရောင်းတဲ့ သာမာန်ဆိုင်သေးသေးလေးပဲ ဖြစ်သည်။ ပစ္စည်းတွေရဲ့ တန်ဖိုးက မမြင့်ပါ။ အသွင်အပြင်ကလည်း သာမန်ပင်။
စျေးရောင်းသူရဲ့ အဆင့်က မမြင့်ဘဲ သူတော်စင်အဆင့်ပဲ ရှိလေသည်။ သူ့မျက်လုံးတွေက ထက်မြက်တဲ့ လုရွှမ်ကို မြင်လိုက်တာနဲ့ ရုတ်တရက် ရပ်လိုက်ပြီး တင်းကုပ်ပေါ်က ပစ္စည်းတွေကို အမြန် စရောင်းလိုက်ပါတော့၏။
လုရွှမ်သည် အနက်ရောင် သံတုံးတစ်ခုဆီက ဆွဲဆောင်ခံလိုက်ရသည်။ ဤအနက်ရောင် သံအပိုင်းအစသည် သူ့အား ရွှေဒြပ်စင် နတ်ပုတီးစေ့နှင့် တူသော ခံစားချက်ကို ပေးစွမ်းလေသည်။
(ဝမ့်ရှန်းကမ္ဘာ = တောင်တစ်သောင်းကမ္ဘာ)
ရွှေဒြပ်စင်နတ်ပုတီးစေ့က လိရှောင်းထံ လွှဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်သည်။ အကယ်၍ တောင်တစ်သောင်းကမ္ဘာတွင် နတ်တောင်တန်းကို စိုက်ထူလိုပါက ဒြပ်စင်သုံးပါရဲ့ ရှားပါးရတနာများ လိုအပ်ပါသေးသည်။ သူဒီမှာတွေ့ရမယ်လို့တော့ မမျှော်လင့်ထားပေ။
ဤအနက်ရောင် သံအပိုင်းအစသည် အလွန်ထင်ရှားသောပုံ မပေါက်တာကြောင့် လုရွှမ်မှာ မျက်စိကွယ်လုနီးပါး ဖြစ်သွားသည်။ ၎င်းက သာမန်သံတုံးကဲ့သို့ ဖြစ်ကာ ရောင်ဝါ အတက်အကျ လုံးဝ မရှိပေ။
လုရွှမ် သံတုံးကို ဖမ်းကိုင်လိုက်စဥ် သူ့နှလုံးသားက ထိတ်လန့်သွားလေသည်။
"ဒီကအစ်ကို...ဒီသံတုံးက ဘယ်လို ပစ္စည်းလဲ?"
လုရွှမ်သည် ဤအရာက ဘယ်လို ပစ္စည်းဖြစ်ကြောင်း ဘယ်သူမှ သိလိမ့်မည်မဟုတ်ဟု စိတ်ချ ယုံကြည်ထားသည်။ တစ်ဖက်လူက သူ့လောက် အစွမ်းထက်ပြီး ပေါင်းစည်းထားသော ဝိညာဉ်တစ်ခုမှလည်း မရှိပေ။
ဈေးရောင်းသူရဲ့ နယ်ပယ်က လက်နက်များအပေါ် အာရုံခံနိုင်ခြင်း မရှိပေ။ မျှော်စင်နယ်ပယ်ကတော့ ယခုလို တင်းကုပ်သေးသေးလေးကို ထောက်ထားလိမ့်မည် မဟုတ်ပေ။ သို့သော် ဈေးရောင်းသူ၏ မျက်လုံးများက အလွန်ထက်မြက်ပြီး ဤအရာက အသုံးမဝင်ကြောင်းတော့ သူသိသည်။
သူက ပြုံးပြီးပြော၏။
"တကယ် ရိုးရိုးသားသား ပြောရရင် ဒီပစ္စည်းက ဘာလဲဆိုတာ ကျွန်တော်လည်း မသိဘူး ဒါပေမဲ့ ခင်ဗျား ကြိုက်ရင်တော့ ခင်ဗျားအတွက် သဘာဝအတိုင်း အထောက်အကူ ဖြစ်လိမ့်မယ်.... ဒါကြောင့် စွမ်းအင်ကြည်လင်တဲ့ အကြီးအကဲက ကျွန်တော့်ကို အရည်အချင်းတစ်ခု ပေးမယ်ဆိုရင် ကျွန်တော် ရောင်းမယ်လေ"
လုရွှမ် မရယ်ဘဲ မနေနိုင်တော့ပေ။ သူ့အရည်အချင်း တစ်ခုကိုသာ ပေးလိုက်မယ်ဆိုရင် ဒီကလေးက ခြင်္သေ့လို ပြောရဲတော့မှာ သေချာပါသည်။ လေ့ကျင့်ရေး အရည်အချင်းက အရမ်းတန်ဖိုးကြီးပါသည်။ ဒါက ကမ္ဘာ့ရတနာအပိုင်းအစတွေ အတွက်သာ မဟုတ်ရင် လုရွှမ် လှည့်ထွက်သွားမှာ သေချာသည်။
ဒါပေမဲ့ ဒီလိုသဘောတူလိုက်ရင်လည်း အခွင့်ကောင်းယူ ခံရမှာ သေချာသည်လေ။
"မဖြစ်နိုင်ဘူး... စွမ်းအင်သလင်းကျောက် ၁၀၀၀ ပေးမယ်"
လုရွှမ် အပြုံးတစ်ဝက်နဲ့ ပြောလိုက်တော့ စျေးသည်ကလည်း ရယ်၍။
"အကြီးအကဲ... ကျွန်တော် ဒီပစ္စည်းကို မရောင်းတော့ဘူး"
"သေချာလား?"
"သေချာတယ်!"
လုရွှမ် ပစ္စည်းကို ပေါ့ပေါ့တန်တန် ချလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။ ရောင်းသူသည် တင်းကုပ်ပေါ်ရှိ ပစ္စည်းများကိုကြည့်ကာ အံ့အားသင့်သွားပြီး လုရွှမ်ကို နေခိုင်းချင်သော်လည်း ဘယ်နေရာမှာမှ ရှာမတွေ့တော့ပေ။
လုရွှမ် အဝေးသို့ လျှောက်သွားကာ လက်ဖဝါးကို လှန်လိုက်သောအခါ ကမ္ဘာ့ရတနာ၏ အပိုင်းအစ ဖြစ်သည့် သံတုံးတစ်ခု ပေါ်လာသည်။
"သူငယ်ချင်းလေး... နည်းနည်းလွန်တယ်လို့ မထင်ဘူးလား"
အမျိုးသမီး ကျင့်ကြံသူတစ်ယောက် လုရွှမ်ရှေ့မှာ ရုတ်တရက် ရပ်လိုက်၏။ သူမက လုရွှမ်လက်ထဲက သံတုံးကို စိုက်ကြည့်ရင်း ရယ်သံတွေ အပြည့်နဲ့။ သူမက လက်ကို ဆန့်လာ၏။ သဘောက လုရွှမ်အား သံတုံးကို လွှဲပေးရန် လှုံ့ဆော်နေခြင်းပင်။
လုရွှမ်ကတော့ စွမ်းအင်သလင်းကျောက် တစ်ထောင်ပါရှိသော အိတ်ကို ရှောင်တခင် လွှင့်ပစ်လိုက်သည်။
"မင်းက မပေးချင်ဘူးပေါ့ ဟုတ်လား ဒါဆိုလည်း ငါ့ကို အပြစ်မတင်နဲ့"
အမျိုးသမီးက အော်ဟစ်ရင်း လုရွှမ်ကို လက်ဖဝါးစွမ်းအင်ဖြင့် လွှဲရိုက်လိုက်သည်။ သူမက နတ်မီးနယ်ပယ်က ကျင့်ကြံသူဖြစ်လို့ လုရွှမ် သူမကို မျက်လုံးထဲ မထည့်ထားပေ။ ထို့ကြောင့် လက်ဝါးတစ်ဖက်ကို ဝေ့ယမ်း၍ ထိုအမျိုးသမီးရဲ့ လက်ဝါးစွမ်းအင်ကို ခုခံထားလိုက်သည်။
"ကောင်မလေး... မင်းတစ်ခုခု လုပ်ချင်တဲ့အခါ ကျိုးကြောင်းဆီလျော်မှု ရှိအောင် လုပ်တတ်ရမယ်.... သူ့အရာတွေကို ငါပြောင်းလဲခဲ့တာတော့ သေချာပါတယ် ဒါပေမဲ့ ကျန်ရစ်ခဲ့တဲ့ အရာတွေရဲ့ တန်ဖိုးက သူ့ကို အရမ်းကျေနပ်စေမှာ သေချာတယ်... မင်းက ဘယ်သူမလို့ ကြုံရာဝင်စွက်နေတာလဲ?"
"ဟမ့် နင်က တခြားသူတွေထက် သာလွန်နေတာကြောင့် ဆိုပြီး တခြားသူတွေကို အနိုင်ကျင့်နေတာလေ... ငါက မကြည့်ရက်လို့"
"မင်း များသွားပြီ!"
လုရွှမ် ဒီအမျိုးသမီးနဲ့ ရိုင်းစိုင်းတဲ့ စကားတွေ ပြောနေဖို့ စိတ်မ၀င်စားပါဘူး။ သံတုံးပေါ်မှာ ကျရောက်နေတဲ့ သူမမျက်လုံးတွေက သူမ ထိုအရာကို ရယူလိုတာကြောင့် လူကောင်း ဟန်ဆောင်နေမှန်း ထင်ရှားလှသည်။
"အတင်းအကျပ် မလုပ်နဲ့တော့ ငါ ညှာမှာမဟုတ်ဘူး"
“ဟင် တကယ်လား”
အမျိုးသမီးက လေချွန်လိုက်ရာ လူ ခြောက်ယောက် ခုနစ်ယောက် ပြေးထွက်လာသည်။
"သူ့ငါ့ဥစ္စာကို လုယူထားတယ်... ပြန်ယူလာပေး!"
လုရွှမ် လှည့်ပတ်ကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင်က လမ်းသွားလမ်းလာတွေ နောက်ဆုတ်သွားကြလေသည်။ သူတို့မျက်လုံးထဲမှာ အကြည့်တွေက လူဆိုးတွေကို မြင်နေရသလိုပဲ။ သိသာပါတယ်။ ဒီလူတွေက ဒီလိုမျိုး ဆိုးသွမ်းမှုတွေ လုပ်လေ့ရှိပုံပဲ။
လုရွှမ်ကို သွားအနိုင်ကျင့်မိတာ သူတို့အတွက် ကံဆိုးလေပြီ။ လူအနည်းငယ် ကြားတွင် တင်းကုပ်ရှေ့တွင် သူမြင်ခဲ့သည့် အဘိုးအိုတစ်ဦးကို လုရွှမ် တွေ့လိုက်ရသည်။
သူ့လက်ဖဝါးကို လှန်လိုက်သည်နှင့် သံတုံးက အာသာက ကျောက်စိမ်းပြားထဲသို့ ပြေးဝင် ပျောက်ကွယ်သွားသည်။ သံတုံးအစား သူ့လက်ထဲတွင် ဓားရှည်တစ်လက်နှင့် လျှပ်စစ်မီးတောက်များ လင်းလက်လာသည်။
လူရှစ်ဦးသည် ၎င်းတို့၏ လက်များကို လက်နက်ကြီးများဖြင့် ဖုံးအုပ်ထားသော်လည်း မျက်နှာများကတော့ ထိတ်လန့်မှုအပြည့်နှင့်။
"မသေချင်ရင် ထွက်သွား!!"
လူရှစ်ဦးသည် ချက်ချင်းပင် ထိတ်လန့်ပြီး လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြသည်။
"ဘယ်သူက တိုက်ခိုက်နေတာလဲ? ဒီမှာ တိုက်ပွဲတွေကို ခွင့်မပြုဘူး ဆိုတာ မသိဘူးလား?"
အဲဒီအချိန်မှာပဲ လူခုနစ်ယောက် ပြေးထွက်လာခဲ့ပြန်သည်။