← Chapters

စာရင်းထဲကို မထည့်တာ

Vol. 62 Ch. 916

စာရင်းထဲကို မထည့်တာ

Vol. 62 Ch. 916

“ ဒါဆို စစ်ဆေးပေးလို့ မရဘူးပေါ့…” လင်းရီ မေးလိုက်သည်။

“ မင်းဘယ်လိုထင်လဲ…”

“ ဟယ်လိုဆာ… ကျွန်မတို့က ဒီမှာ အကျဉ်းသားတွေရဲ့ အချက်အလက်ကို သိမ်းဆည်းထားတယ်ဆိုပေမယ့် လူသိရှင်ကြား ထုတ်ပြလို့မရတာကြောင့် ကူညီပေးနိုင်မှာ မဟုတ်ဘူးရှင့်…”

လင်းရီကို အရှက်မရစေလို၍ ဖုန်းကျယ်မှ ယဉ်ကျေးသည့် လေသံဖြင့် ပြောလာခဲ့၏။

“ ဒီကိစ္စက ကျုပ်အတွက် အရမ်းအရေးကြီးနေလို့ အနောက်တံခါးသုံးပြီး လုပ်ပေးလို့မရဘူးလား… ကျုပ် မြူနီစီပယ်ပါတီရဲ့ အတွင်းရေးမှူးနဲ့လည်း ရင်းနှီးပါတယ်..”

အကျဉ်းထောင်စောင့် အမျိုးသမီးနှစ်ဦးလုံး ကြက်သေသေသွားခဲ့လေသည်။

ဒါ ဒိတ်ဒိတ်ကျဲကြီးပဲ…

သူက မြူနီစီပယ်ပါတီ အတွင်းရေးမှူးနဲ့တောင် ရင်းနှီးနေတယ်…

“ မင်း ဘာအိပ်မက်တွေ လာယောင်နေတာ… မင်း တကယ်ကြီး ပါတီအတွင်းရေးမှူးနဲ့ သိတယ်ပြောနေတယ်… ကိုယ့်ကိုယ်ကို ဘာကောင်ထင်နေတာ မင်းကများ…. “ လျိုကျစ်း လင်းရီကို လက်ညိုးထိုး ပြောဆိုလိုက်ပြီး “ မင်းစကားလုံးနဲ့တင် ငါမင်းကို ဖမ်းလိုက်လို့ရတယ်ဆိုတာ ယုံလား..”

လင်းရီ ပြုံးလိုက်သည်။ သို့သော် စိတ်မတိုသွားခဲ့ပေ။

“ ဒါဆိုလည်း ကျုပ်ဘာကျုပ်ပဲ ကိုင်တွယ်ရတာပေါ့..”

ပြောပြီးနောက် လင်းရီ ဖုန်းထုတ်၍ လှည့်ထွက်သွားလိုက်တော့သည်။

“ အစ်ကိုလျို.. ရှင့် လုပ်ပုံကြီးက သိပ်မဟုတ်သေးဘူး ထင်တယ်..” ဖုန်းကျယ် ပြောလိုက်ပြီး “ သူက ဒီကို သတင်းလာမေးတာလေ… တကယ်လို့ မရဘူးဆိုရင်လည်း ကောင်းကောင်းမွန်မွန် ပြောရောပေါ့…”

“ ငါလည်း ကောင်းကောင်းပြောမလို့ပါပဲ…” လျိုကျစ်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “ ဒါပေမယ့် သူပြောတာ သူက မြူနီစီပယ် ပါတီ အတွင်းရေးမှူးနဲ့ သိနေတယ်ဆိုပဲ.. သူ့ကိုယ်သူ ဘာကောင်ကြီးများ မှတ်နေလဲမသိဘူး.. အတွင်းရေးမှူးဝူလို အရေးကြီးတဲ့ လူမျိုးနဲ့ သိချင်တိုင်း သိလို့ရတယ်များ ထင်နေလားမသိဘူး..”

ပြောပြီးနောက် သိပ် မကျေနပ်သေးဟန်ဖြင့် လျိုကျစ်း ဆက်လက် အကျဉ်းစောင့် မိန်းကလေး နှစ်ဦးအား ဆက်လက် လက်ချာကျွေးလိုက်လေသည်။

“ နောက်ပြီး မင်းတို့.. တကယ်လို့များ ဒီနေ့ ငါသာ ဒီနေရာမှာ မရှိလို့ကတော့ အဲ့ကောင်ပြောတဲ့ စကားကို မျက်စိမှိတ်ပြီး ယုံကြည်လိုက်ကြမှာမလား.. ဒီကိစ္စ ဘယ်လောက်အတိုင်းအတာအထိ ရောက်သွားနိုင်လဲ မင်းတို့ သိလား…”

အမျိုးသမီးနှစ်ယောက်ကေတာ့ လျိုကျစ်းကို လျစ်လျူရှုလိုက်ကြသည်။ တွန်ဘွိုင်းကေနှင့် ထောင်စောင့် အမျိုးသမီးမှ ဖုန်းကျယ်နှင့်အတူ တစ်နေရာသို့ လျှောက်သွားလိုက်ပြီး “ ငါတော့ အစ်ကိုလျိုက သူ့ရာထူးနဲ့ သူများကို အနိုင်ကျင့်ချင်နေတယ်လို့ပဲ ထင်တယ်…”

“ သူကအဲ့လိုလူစားမျိုးပဲလေ…” ဖုန်းကျယ်ပြောလိုက်ပြီး “ ဒီမှာစောင့်နေ… ငါ တစ်ချက် သွားကြည့်လိုက်ဦးမယ်..”

“ နင်တကယ်ကြီး သူ့နား ဝီချက်သွားတောင်းမယ်ပေါ့…"

“ ဝီချက်က အရေးမကြီးဘူး.. ငါသူ့ကို သွားနှစ်သိမ့်ပေးမလို့..” ဖုန်းကျယ် ပြောလိုက်ပြီး “ ဒါက အခြေအနေကို အခွင့်ကောင်းယူတယ်လို့ ခေါ်တယ်.. ဘယ်သူသိနိုင်မှာ .. ဒီကနေတစ်ဆင့် ထင်မှတ်မထားတဲ့ အဆင့်တွေ ရောက်သွားနိုင်တယ်လေ..”

“ ဟီးဟီး… နင်က တကယ့်ကို အကြံသမားပဲ… သွားသွား… ကံကောင်းပါစေ…” တွန်ဘွိုင်းကေနှင့် အမျိုးသမီးမှ ပြောလိုက်ပြီး နင်သာ သူ့ကို အပိုင်သိမ်းနိုင်ခဲ့မယ်ဆို Dior ရေမွှေးတစ်ဘူးတည်းတင် မဟုတ်ဘူး… ငါ ဟုန်ပေါင်းကြီးကြီးပါ ပေးမယ်…”

“ အိုကေ… သဘောတူတယ်..”

ဖုန်းကျယ် ထွက်ခွာသွားသည်ကို မြင်တော့ လျိုကျစ်း ခေါင်းငဲ့၍ တစ်ချက်ကြည့်လိုက်သည်။ မတတ်နိုင်သော်လည်း စိတ်ထဲပို၍ ဒေါသထွက်လာမိလေသည်။ သို့သော်လည်း သူဘာမျှ မပြောနိုင်ပေ။ မည်သို့ဆိုစေ သူက အရာရှိ တစ်ဦးမျှသာ ဖြစ်၏။ ကိုယ်ရေး ကိုယ်တာ ကိစ္စများအား ဝင်စွက်ဖက်ပိုင်ခွင့် မရှိချေ။

ရုံးခန်းထဲမှ ထွက်လာရင်း ဖုန်းကျယ် အပြင်၌ ဖုန်းနှင့် ဂိမ်းဆော့နေသည့် လင်းရီကို မြင်တွေ့လိုက်ရသည်။ သူ၏ အသွင်က အေးအေးလူလူဖြင့် စိတ်ဓာတ်ကျနေသည့်ပုံပင် ပေါက်မနေချေ။

“ ဆာ… ကျွန်မတို့ဘက်က ရှင့်ကို တကယ်ကြီး ကူညီနိုင်စွမ်း မရှိတာပါနော်.. ရှင်ဒီမှာ ထိုင်စောင့်နေလည်း အလကားပဲ..” ဖုန်းကျယ် အညင်သာဆုံး လေသံဖြစ်အောင် ပြောဆိုရင်းဖြင့် လင်းရီမာန ထိခိုက်သွားမည်ကို စိုးရိမ်နေရှာသည်။

“ အဆင်ပြေပါတယ်… ကျုပ် ဒီမှာထိုင်နေတာက တစ်စုံတစ်ယောက်ကို စောင့်နေတာ..”

“ တစ်ယောက်ယောက်ကို စောင့်နေတာ… သူငယ်ချင်း လာမှာကိုလား…”

“ ဘယ်သူလဲတော့ ကျုပ်လည်း မပြောတတ်ဘူး… သူတို့ပြောတာတော့ ခဏနေ ကျုပ်ကို တစ်ယောက်ယောက် လာကြိုပေးမယ်ဆိုပဲ…”

“ အာ… “ ဖုန်းကျယ် အနည်းငယ် ဝေခွဲမရဖြစ်သွားခဲ့သည်။

သူက ဘယ်သူ့ကို မျှော်နေတာ…

ထိုခဏ၌ ဖုန်းကျယ် အလျင်လိုနေသည့် ခြေသံများကို ကြားလိုက်ရပြီး သူမ လှည့်ကြည့်လိုက်တော့ ထောင်ပိုင်ကြီး ဖြစ်နေကြောင်း သတိပြုမိလိုက်၏။

ထို့ပြင် ထောင်ပိုင်ကြီး၏ အမူအရာက အရေးကြီးနေဟန်ဖြင့် သုတ်ခြေတင် ပြေးလာနေလေသည်။

“ ဒါရိုက်တာဝမ်..”

အုပ်ချုပ်ရေး အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုများအရ အကျဉ်းထောင်မှာ စီရင်စု အုပ်ချုပ်ရေး၏ လက်အောက်တွင် တည်ရှိပြီး ထောင်ပိုင်များက ဌာနအသီးသီး၏ မန်နေဂျာများနှင့် ဆင်တူလေသည်။

ဖုန်းကျယ်ကို မြင်တော့ ဝမ်မင်တုန်း ခေါင်းညိမ့်ပြလိုက်သည်။ သို့သော်လည်း မျက်နှာအမူအရာမှာတော့ အနည်းငယ် မပျော်ရွှင်နေသည့် အသွင် ဖြစ်နေခဲ့၏။

“ မင်းတို့ကောင်တွေ ဘာလုပ်နေကြတာ… မစ္စတာလင်း တစ်ယောက်လုံး ဒီရောက်နေတာကို အထဲ ကြိုဆိုမယ် မရှိဘူး… သူ့ကို အပြင်မှာတောင် ထိုင်စောင့်ခိုင်းထားသေးတယ်…”

ဝမ်မင်တုန်းမှာ ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေလေသည်။ အတွင်းရေးမှူးဝူမှ သူ့အား ဤကိစ္စကိုင်တွယ်ရန် ပုဂ္ဂိုလ်ရေးအရ ပြောဆိုထားပြီး ကိစ္စများကသာ အဆင်ပြေပြေ မရှိပါက သူလည်း ဒုက္ခအကြီးကြီးနှင့် တွေ့ချေပြီ။

“ ကျ…ကျမ…”

ဖုန်းကျယ်၏ ဦးနှောက်မှာ တင်္ဒဂမျှ အောက်ဆီဂျင်ပြတ်သွားသကဲ့သို့ ဖြစ်နေပြီး လက်ရှိ အဖြစ်အပျက်များကို လိုက်မမှီနိုင် ဖြစ်နေလေသည်။

ဒီရဲ့ ခပ်ချောချော အစ်ကိုလေးက တကယ့်ကို ဒိတ်ဒိတ်ကျဲကြီးလား…

“ ရပါတယ်… ရောက်လာပေးတဲ့အတွက် ကျေးဇူးပါ ဒါရိုက်တာဝမ်…”

“ သွားကြစို့ဗျာ.. ဒီနေရာက စကားပြောကောင်းတဲ့ နေရာမဟုတ်ဘူး.. ကျုပ် ရုံးခန်းထဲ သွားကြစို့…”

ဝမ်မင်တုန်း၏ အသံကို ကြားတော့ လျိုကျစ်းနှင့် တွန်ဘွိုင်းကေ အကျဉ်းစောင့် အရာရှိတို့မှာ အထဲမှ ပြေးထွက်လာလေသည်။

“ ဒါရိုက်တာဝမ်..” နှစ်ယောက်လုံး ပြိုင်တူ နှုတ်ဆက်လိုက်ကြ၏။

“ လျိုကျစ်… မင်းက ဒီနေရာမှာ ဝန်ထမ်းဟောင်း.. မင်း ဘာ စောက်ခြေမပါတာတွေ လုပ်နေတာ… လူကို ဘယ်လို ဧည့်ခံရမလဲ မင်းနားမလည်ဘူးလားကွ…”

လျိုကျစ်း ဆံပင်မွေးထောင်အောင် ကြောက်လန့်သွားခဲ့သည်။

ဧကန္တ … သူတကယ်ကြီး အတွင်းရေးမှူးဝူနဲ့ သိနေတာများလား…

“ ဒါရိုက်တာဝမ်….ခင်များ စိတ်နည်းနည်းလောက်လျှော့စမ်းပါဦး..” လင်းရီ ပြုံးလိုက်ပြီး “ သူ ကျုပ်ကို အထဲခေါ်ပြီး ကြိုဆိုပါတယ်… ဒါပေမယ့် ပြန်မောင်းထုတ်ခဲ့တာလေ…”

“ ဘာ… ဒီမျိုးမစစ်…” ဝမ်မင်တုန်း ဒေါသ တိုင်ကီဆူမှတ်သို့ ရောက်ရှိနေပြီး “ စောင့်နေ… ငါ ခဏနေကျရင် မင်းနဲ့ ရှင်းမယ်…”

ပြောပြီးနောက် ဝမ်မင်တုန်း လင်းရီကို ဖော်ရွေစွာ ကြည့်လိုက်ပြီး “ မစ္စတာလင်း… တကယ်လို့ နောက် တစ်ခုခု လိုအပ်တာရှိရင် ကျုပ်ကို တိုက်ရိုက် ခေါ်လိုက်နော်.. လူကိုယ်တိုင် လာစရာ မလိုပါဘူး… ပြီးတော့ အတွင်းရေးမှူးဝူကိုလည်း ဒုက္ခပေးစရာ မလိုပါဘူး.. ကျုပ် လုပ်နိုင်တဲ့ အတိုင်းအတာထဲ ရှိသရွေ့ သေချာပေါက် ကူညီပါ့မယ်..”

“ ကောင်းပြီလေ.. ကျေးဇူးပါ ဒါရိုက်တာဝမ်…”

“ ဟုတ် ဟုတ်… ဒီဘက်ကို ကြွပါ မစ္စတာလင်း.. “

“ ဒါရိုက်တာဝမ်က ယဉ်ကျေးလွန်းနေပါပြီ…”

လင်းရီတို့နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း ဖုန်းကျယ်နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်တို့မှာ မျက်လုံးအရောင် တလက်လက် ဖြစ်နေခဲ့ကြသည်။

“ ရုပ်ရည်လည်းရှိ.. အာဏာလည်းရှိ.. ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းထားလဲနော်..” ဖုန်းကျယ်မှ အချစ်ဆိပ်တက်နေဟန်ဖြင့် ကယောင်ခြောက်ခြားပြောဆိုလိုက်သည်။

“ အရေးကြီးဆုံးက ဘဝင်လည်း မြင့်မနေဘူး.. ဒါက အရမ်းကို အံ့ဩဘနန်းကြီးပဲ..”

“ သူက ဘဝင် မမြင့်တာတော့ မဟုတ်လောက်ဘူး… ဒီတိုင်း သူ့အဆင့်မှာ ငါတို့လိုလူတွေကို စာရင်းထဲ ထည့်စရာမလိုတာပဲ ဖြစ်မှာပေါ့…” ဖုန်းကျယ် ပြောလိုက်ပြီး “ ဘီလီလျံနာတွေ သူတောင်းစားနဲ့တွေ့ရင်တောင် အပြုံးလေးနဲ့ ပြုံးပြနှုတ်ဆက်ကြသလိုပဲလေ…”

“ အမှန်ပဲ… ငါတို့ကိုက အဆင့်အတန်းခြင်း ကွာခြားလွန်းပါတယ်…”

ထိုသို့ပြောပြီးနောက် နှစ်ယောက်လုံး လျိုကျစ်းကို လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် မသိမသာ ကြည့်လိုက်ကြသည်။

သူ့လိုလူမျိုးပဲ ဘာမှမဟုတ်တဲ့ ရာထူးလေးနဲ့ ကြံဖန်ပြီး ဘဝင်တွေ မြင့်… ဒါကလည်း‌ ကောင်းတာပဲ.. ဒီနေ့ သင်ခန်းစာပြီးသွားရင် အနာဂတ်ကျ နိမ့်နိမ့်ချနေသွားမလားဆိုတာတော့မေးခွန်းထုတ်စရာဖြစ်သွားပြီ…

……………….

ရုံးခန်းထဲရောက်တော့ ဝမ်မင်တုန်း လင်းရီကို ဆိုဖာပေါ် ထိုင်ရန် ပျူငှာလိုက်ပြီး အကြမ်းအိုး ငဲ့ပေးလိုက်၏။

“ မစ္စတာလင်း.. ခုနလေးတင် အတွင်းရေးမှူးဝူ ကျုပ်ဆီ ဖုန်းဆက်လာတယ်… မစ္စတာလင်း အဆင်ပြေအောင် ကြည့်လုပ်ပေးလိုက်ပါတဲ့… ဒီတော့ ပြောဗျာ.. မစ္စတာလင်း ဘာလိုလဲ…"

ဝမ်မင်တုန်း၏ လေသံမှတစ်ဆင့် ထိုလူလဲ မြေခွေးအိုကြီးပင် ဖြစ်ကြောင်း လင်းရီ တပ်အပ်သိလိုက်သည်။

ဝူကျောင်းယို၏ ပုံရိပ်ကို အမွှန်းတင်ရင်း သူ့ဘက်က စိတ်ဇောထက်သန်မှုကို ဖော်ပြခဲ့လေသည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သွားသည်ဟု ပြော၍ ရ၏။

“ ကျုပ် လူရှာချင်လို့… သူ့နာမည်က ဝူဖေးယွဲ့… လွန်ခဲ့တဲ့ သုံးလလောက်ကပဲ ဒီရဲ့ အကျဉ်းထောင်ကနေ နှစ်ပြည့်နဲ့ လွတ်သွားခဲ့တာ.. ကျုပ်သူနဲ့ ဆက်သွယ်လို့ရမယ့် အချက်အလက်လေးတွေ လိုချင်လို့ … ခင်များမှာ ရှိတယ်မလား…”

“ မစ္စတာလင်း.. ဒီကိစ္စက လွယ်မယ်တော့ ကျုပ် မထင်ဘူး… ကျုပ်တို့ရဲ့ အကျဉ်းသားတွေက သတင်းအချက်အလက်တစ်ချို့ ထားသွားခဲ့ရတယ်ဆိုပေမယ့် အမှန်တကယ် ရှာတွေ့မယ်လို့တော့ အာမ မခံနိုင်ဘူး…” ဝမ်မင်တုန်း ပြောလိုက်ပြီး “ ဒါပေမယ့် ကျုပ်ဘက်ကတော့ အကောင်းဆုံး ကြိုစားပေးသွားပါ့မယ်…”

“ အဆင်ပြေပါတဘ်… ရမရပဲ ကူစစ်ဆေးပေး… ဘာမှ ရှာမတွေ့လည်း အဆင်ပြေတယ်…”

“ ကောင်းပြီလေ.. ဒါဆို ကျုပ်အခု တစ်ချက် စစ်ဆေးကြည့်လိုက်မယ်..”

သူ၏ လေးနက်မှု စိတ်ရင်းအမှန်ကို ဖော်ပြရန်အတွက် ဝမ်မင်တုန်း အခြားလူတစ်ဦး ခေါ်မနေတော့ပဲ သူကိုယ်တိုင် ကွန်ပျူတာကိုင်၍ စစ်ဆေးကြည့်လိုက်သည်။

လင်းရီ ဝူဖေးယွဲ့ ချန်ထားရစ်ခဲ့သည့် ဖုန်းနံပါတ်ကို ရရှိလိုက်သော်လည်း ထိုဖုန်းမှာ ဆက်ပိတ်ထားသည်ဟု ပြန်ဖြေနေသည်။

“ မလောနဲ့ဦး… ကျုပ် ဒီလူအပေါ် အထင်မြင် တစ်ချို့ရှိတယ်.. သူ အကျဉ်းကျခံနေရတုန်းက ဒီက အရာရှိတစ်ယောက်နဲ့ ဆက်ဆံရေး တော်တော်လေး ကောင်းခဲ့တယ်… ကျုပ် အဲ့အရာရှိ ခေါ်ပြီး သူ့အကြောင်း မေးရအောင် တောင်းဆိုပေးမယ်.. ဒါပေမယ့် သူတောင်မသိဘူးဆိုရင်တော့ ကျုပ်လည်း တခြား ဘာမှမတတ်နိုင်တော့ဘူး..” ဝမ်မင်တုန်း တောင်းပန် တိုလျှိုးသည့် လေသံဖြင့်ပြောလာခဲ့လေသည်။

“ ခု အကျဉ်းက လွတ်သွားပြီဆိုတော့ သာမန် တရားဝင် နိုင်ငံသား ပြန်ဖြစ်သွားပြီလေ… အထူးအကြောင်းပြချက် မရှိပဲနဲ့ သူ့ရဲ့ ဘဝကို ကျုပ်တို့ ဝင်စွက်ဖက်လို့မရဘူး..”

“ အဆင်ပြေပါတယ်.. ကျုပ်တော့ ဒီနေ့ ဒါရိုက်တာဝမ်ကို ဒုက္ခပေးမိပြီ..” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

“ အချင်းချင်းတွေကိုပဲဗျာ… အားနာနေစရာ မလိုပါဘူး..” ဝမ်မင်တုန်း ဖုန်းတစ်ချက်ဆက်၍ အသက်လေးဆယ် အရွယ်ရှိ ထောင်စောင့်ဟောင်းတစ်ဦးအား ဆင့်ခေါ်လိုက်လေသည်။

“ ကျန်းကြီး.. လွန်ခဲ့တဲ့ သုံးလက ဝူဖေးယွဲ့ဆိုတဲ့ အကျဉ်းသား ဒီကနေ တရားဝင် လွတ်မြောက်သွားတယ်… မင်း သူ့ကို မှတ်မိတယ်ဟုတ်…” ဝမ်မင်တုန်း ပြောလိုက်ပြီး “ ဒီဘက်က မစ္စတာလင်းက သူ့ရဲ့ အခြေအနေအကြောင်း သိချင်နေတာ… မင်း သိတာ သူ့ကို ပြောပြလိုက်…”

All Chapters