← Chapters

ရှေ့ဟောင်းနှောင်းဖြစ်

Vol. 62 Ch. 918

ရှေ့ဟောင်းနှောင်းဖြစ်

Vol. 62 Ch. 918

လင်းရီ၏ စကားလုံးများက ဝူဖေးယွဲ့၏ ခြေလှမ်းများကို ရပ်တန့်သွားစေကာ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားစေသည်။

“ သွားစို့.. ဒီနေရာက စကားပြောမကောင်းဘူး..”

လင်းရီ ရယ်မောလိုက်ပြီး ဝူဖေးယွဲ့နောက်သို့ အလျင်အမြန်ပဲ လိုက်မှီလာလေသည်။

“ ဒါဆို စားဖို့ တစ်နေရာလောက် ရှာစမ်းဗျာ… ဒီမှာ ဗိုက်ဆာနေပြီ..”

ဝူဖေးယွဲ့ လင်းရီကို အပြင်ဘက်ရှိ စားသောက်ဆိုင် အသေးလေးထံသို့ ခေါ်ဆောင်လာခဲ့သည်။

စားသောက်ဆိုင်မှာ စားပွဲခြောက်လုံးခန့်နှင့် ဘန်ဂလို အသေးစားလေး တစ်ခုဖြစ်ပြီး အပူပေးရန်အတွက် မီးလည်း ဖိုထားသေးသည်။

ယခုလို နေထိုင်မှု ပုံစံက လင်းရီနှင့် ဝူဖေးယွဲ့ကို ပို၍ ရင်းနှီးလာအောင် ပြုလုပ်ပေးနေသည်။ ယင်းက အဘယ်ကြောင့်ဆိုသော် သူတို့ ငယ်စဉ် ဂေဟာ၌ ရှိတုန်းက ဘဝမှာလည်း ယခုလိုမျိုးသာ ဖြစ်၏။ ထိုအချိန်တုန်းကတော့ သူ မီးဖိုထဲရှိ မီးဖြင့် သွားသွားပြီး လက်ကမျဉ်းသောကြောင့် ဝမ်ချွေ့ပင်း၏ ကြိမ်ဒဏ်အား မြည်းစမ်းခဲ့ရသည်မှာလည်း မရေမတွက်နိုင်အောင်ပင်။

အခန်းမှာ အင်မတန်နွေးထွေးနေသောကြောင့် လင်းရီ သူ၏ လေဖောင်း ဂျက်ကတ်ကို ချွတ်လိုက်ပြီး ဝူဖေးယွဲ့ကတော့ သူ၏ ချည်ထည်ကုတ်ကို ချွတ်လိုက်သည်။

လင်းရီကတော့ ယွမ် ငါးသောင်းကျော်မျှ ပေးရသည့် ကန်ဇို လက်ပြတ်အင်္ကျီအား ဝတ်ဆင်ထားချိန်တွင် ဝူဖေးယွဲ့ကတော့ အပြာရင့်ရောင် ဆွယ်တာတစ်ထည်အား ဝတ်ဆင်ထား၏။ သို့သော်လည်း နောက်ဆုံးလျှော်ဖွပ်ထားသည့် အချိန်က ဘယ်တုန်းကမှန်း မသိရကာ အမည်းရောင်သို့ပင် ကူးပြောင်းလို့ နေချေပြီ။

နှစ်ဦးမှာ စားပွဲ၌ ထိုင်ချရင်း ဝူဖေးယွဲ့ကတော့ အချိန်အတန်ကြာသည်အထိ လင်းရီနှင့် မျက်လုံးချင်း မဆုံဝံ့ ဖြစ်နေကာ စကားလည်း တစ်ခွန်းမျှ မပြောပေ။

စကားစပြောမည်ဟု ဆုံးဖြတ်လိုက်သည့် အချိန်၌ သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေကာ ထစ်အထစ်အ ဖြစ်သွားခဲ့လေသည်။

“ မင်း.. ဒီနှစ်ပိုင်းတွေ အဆင်ပြေတယ်မလား..”

“ ပြေပါတယ်.. ပိုက်ဆံတောင် နည်းနည်းပါးပါး ရှာနိုင်လိုက်သေး..”

“ အင်း.. ငါတို့ ပိုက်ဆံရှာနိုင်နေသရွေ့တော့ အကုန်အဆင်ပြေပါတယ်..” ဝူဖေးယွဲ့ ရိုးသားစွာ ပြုံးလိုက်ပြီး “ အမေနဲ့ အမေတို့ကော နေကောင်းကြတယ်မလား..”

“ သူတို့အကုန်အဆင်ပြေတယ်… သူတို့နှစ်ယောက်ကို စိတ်ပူမနေနဲ့..”

“ အဲ့တာကောင်းတယ်..” ဝူဖေးယွဲ့ ခေါင်းညိမ့်ပြီး ဆက်ပြော၏။

“ မင်းဘာစားမလဲ.. စားချင်တာမှာလေ… ငါကျွေးမှာပေါ့…”

“ ခေါက်ဆွဲတစ်ပွဲနဲ့ ကြက်သွန်ဖြူနည်းနည်းဆိုရပြီ..”

“ ဆိုင်ရောက်လာပြီးတော့မှ မင်းက ခေါက်ဆွဲစားမလို့လားကွ.. ပိုကောင်းတာလေး မှာစားစမ်းပါ… “ ဝူဖေးယွဲ့ ပြောလိုက်ပြီး “ ဒီက ဝက်သုံးထပ်သားက မဆိုးဘူး.. ငါမင်းဖို့ တစ်ပွဲ မှာပေးမယ်..”

“ ရပြီ.. ခေါက်ဆွဲဆိုရပြီ… ကျွန်တော် ခေါက်ဆွဲကြိုက်တတ်တာ အစ်ကိုလည်း သိသားနဲ့…”

ဝူဖေးယွဲ့ လက်ဝှေ့ယမ်းလိုက်ပြီး “ အစ်မကြီး … ဒီဘက်ဝိုင်းကို ဝက်စတူး ခေါက်ဆွဲနှစ်ပွဲ ချပေးပါ…”

“ အရက်နှစ်လုံးကောနော် အစ်မကြီး..” လင်းရီမှ ထပ်ပေါင်း အော်ဒါမှာလိုက်၏။

“ ရစေမယ် ရစေမယ်..”

“ ငါမသောက်တော့ဘူး.. မွန်းလွဲပိုင်းကျ အလုပ်ရှိသေးတယ်..” ဝူဖေးယွဲ့ ပြောလိုက်သည်။

“ လုပ်မနေနဲ့တော့.. ကျွန်တော်နဲ့ ပြန်လိုက်ခဲ့..” လင်းရီ ပြောလိုက်ပြီး “ နှစ်တွေ ဘယ်လောက်တောင် ကြာနေပြီလဲ…. ကျွန်တော်စကားအများကြီး မပြောချင်ဘူး.. အမေ တော်တော်လေး သတိရနေတာကို အစ်ကိုကြီး နားလည်…”

“ ငါ့မှာ ပြန်သွားဖို့ မျက်နှာ မရှိတော့ဘူး..” ဝူဖေးယွဲ့ ပြောလိုက်ပြီး “ အပြင်မှာ နေ့တိုင်း ဆိုးသွမ်းပြီး အမေ့ကိုတောင် နှလုံးရှော့ခ်ဖြစ်အောင် လုပ်လိုက်သေးတယ်.. တကယ်လို့ ငါက သူတို့ သွေးသားအရင်းဆိုရင်တော့ အဆင်ပြေပါတယ်… ဒါပေမယ့် ငါက မွေးစားသားလေ…. ဟင်း…….”

ဝူဖေးယွဲ့ သက်ပြင်းအရှည်ကြီး ချလိုက်သည်။ မျက်ရည်များလဲ ဝဲနေပြီး “ မင်းငါ့ကို အစ်ကိုလို့ ခေါ်နေသေးတာကိုပဲ ကျေနပ်လှပါပြီကွာ.. ဒါပေမယ့် မင်းနဲ့ ပြန်လိုက်ရလောက်တဲ့အထိတော့ ငါ့မျက်နှာ မကြီးသေးဘူး..”

မကြာမီ ဆိုင်ရှင်အစ်မကြီးမှ ခေါက်ဆွဲနှစ်ပွဲနှင့် အရက်နှစ်လုံး လာချပေး၏။ လင်းရီ ဝူဖေးယွဲ့ဘက်သို့ ခွက်တစ်ဖက် ပို့ပေးလိုက်ပြီး သူ့အတွက် ကြက်သွန်ဖြူ အနည်းငယ် ခွာလိုက်လေသည်။

“ ကျွန်တော် ငယ်ငယ်တုန်းက သူများတွေနဲ့ ရန်ဖြစ်လာရင် အစ်ကိုပဲ ကျွန်တော့်ဘက်ကနေ အမြဲတမ်း ရပ်တည်ပေးခဲ့တာ မဟုတ်ဘူးလား… ဒါပေမယ့် အဲ့ဒီတုန်းက ဘာတွေဖြစ်ပျက်သွားလဲ ကျွန်တော်လည်း မသိဘူး.. အားလပ်ရက် အိမ်ပြန်လာတော့ အမေ့မေးတော့လည်း ဘာမှမပြောဘူး.. ကျွန်တော့်ကို ဆူရင်း ငိုပဲငိုနေတာ.. “

“ အဲ့ဒီအချိန်လောက်တုန်းက … မင်းက တက္ကသိုလ် ပထမနှစ်… ယွဲ့လေးကျ အထက်တန်း နောက်ဆုံးနှစ်.. တစ်နေ့ ကျောင်းဂိတ်ပေါက်ဝမှာ အမေ့ကို လူဆိုးတွေ နှောင့်ယှက်နေကြတယ်ပြောတော့ ငါလည်း အဲ့ကောင်တွေနဲ့ စာရင်းသွားရှင်းတာပဲ.. သူတို့ကလေးယောက်…. ငါ သူတို့နဲ့ ရန်မဖြစ်ပါဘူးကွာ… ဒီတိုင်း တစ်ယောက်ကိုပဲ ဓားနဲ့ထိုးခဲ့တာ…” ဝူဖေးယွဲ့ အရက်ခွက်ကို လက်ထဲ ကိုင်ထားရင်း ဆက်လက်၍ “ ဒါပေမယ့် ကံဆိုးချင်တော့ ငါဓားနဲ့ ထိုးလိုက်တဲ့ကောင်က ရန်ချိန်မှာ လွှမ်းမိုးမှုတစ်ချို့ရှိတဲ့ မိသားစုထဲက ဖြစ်နေခဲ့တယ်… ငါတို့ရဲ့ နွမ်းပါးတဲ့ အခြေအနေနဲ့ဆိုတော့ နောက်ဆုံး အဖမ်းခံလိုက်ရတာပေါ့ကွာ..”

“ ရှောင်ယွဲ့ ဒီအကြောင်း ကျွန်တော့်လည်း မပြောပါလား…”

“ ငါ သူ့ကို မပြောဖို့ ပြောထားတာ…” ဝူဖေးယွဲ့ ပြောလိုက်သည်။

“ ငါပြန်လွတ်လာတော့ အဲ့ဒီ မိသားစုက ငါ့ပြန်လာရှာတယ်… ငါလည်း တကယ်ကို ရွေးချယ်စရာ မရှိတာနဲ့ ထောင်စောင့်ဦးလေးကြီးကို ရန်ကျင်းမှာ အလုပ်ရှာပေးဖို့ ပြောခဲ့တာပဲ.. အနှစ်ချုပ်ရရင်တော့ ငါ ပြန်သွားရမှာကို ရှက်လို့…”

“ တစ်ယောက်တည်း မသောက်နဲ့… အတူသောက်ကြစို့..”

“ လာ.. ချီးယား…”

နှစ်ယောက် ခွက်ချင်းတိုက်လိုက်ကြသည်။

“ ဂါး… အရက်က ပြင်းသားဟ…” လင်းရီ မျက်နှာမဲ့လျက် ပြောလိုက်၏။

“ မပြင်းပါဘူး… မင်းသောက်နေကြ မဟုတ်လို့ နေမှာပါ..”

“ ဒါဆို ကျွန်တော်နဲ့ ပြန်လိုက်ခဲ့… မောက်ထိုင်အရက်နဲ့ ဧည့်ခံမယ်…”

“ ငါ့အစာအိမ်နဲ့ အဲ့လိုအရာမျိုးတွေ အရသာခံလို့ မရတော့ဘူး… သောက်တာက ဖြုန်းတီးတာပဲ..”

“ အဲ့လိုဆိုတောင် ကျွန်တော်နဲ့ ပြန်လိုက်ခဲ့.. မလိုက်ရင်တော့ အတင်း ဆွဲခေါ်သွားမှာပဲ…”

“ တော်စမ်းပါကွာ.. ငါ့ဘဝကြီးက ဒီလိုဖြစ်ပြီးသွားမှတော့ ငါဘယ်လို ပြန်သွားရမှာ.. ငါ့ကို လူလိုသူလို ဆက်ဆံတာဆိုလို့ မင်းတစ်ယောက်တည်း ရှိတာပဲ ..” ဝူဖေးယွဲ့ စကားပြောရင်းဖြင့် မျက်လုံးက တစ်ဖန်ရဲတက်လာပြန်သည်။

“ ဒီနေ့ခေတ်လူတွေက ထောင်က ထွက်လာတဲ့လူတွေဆို လူလို့ မထင်ကြတော့ဘူးကွ…”

လင်းရီ ခေါက်ဆွဲတစ်လုတ် ပါးစပ်ထဲ ထည့်ရင်း မပီသသည့် လေသံဖြင့် “ ဂေဟာက ကလေးတိုင်းကိုပါ ထည့်တွက်လိုက်… တကယ်လို့ တစ်ယောက်ယောက်ကများ တစ်ခုခုပြောရဲရင် ကျွန်တော် သူတို့ကို သေချာပေါက် ရိုက်နှက်ပစ်မယ်…”

“ မင်းကတော့ ငယ်ငယ်တုန်းကလို ဆိုးသွမ်းနေတုန်းပဲလား… တကယ်လို့ မင်းသာ အဲ့ဒီတုန်းက ရန်ချိန် တက္ကသိုလ် သွားခဲ့မယ်ဆိုရင် တို့ညီကိုနှစ်ယောက် ထောင်ထဲ အတူတူဝင်လောက်ရတယ်…”

“ ဟားဟား… ဖြစ်နိုင်လောက်တယ်…”

ခေါက်ဆွဲတစ်ပွဲကုန်ရန် အချိန်တော်တော်ပေးဆပ်လိုက်ရသည်။

စစချင်းတုန်းကတော့ ဝူဖေးယွဲ့ကို တစ်ခွက်သောက်ရန် တော်တော်လေး တိုက်တွန်းယူရ၏။ သို့သော်လည်း နောက်ပိုင်းတွင်တော့ ခွက်ကို သူကိုယ်တိုင် ဆက်တိုက် မြှောက်လာလေသည်။

လင်းရီနှင့် ဝူဖေးယွဲ့မှာ ညီအစ်ကို ဆက်ဆံရေး ရှိထားသော်လည်း ထောင်ထဲရောက်နေစဉ်၌ အဆက်အသွယ် ပြတ်သွားခဲ့သောကြောင့် နှစ်ယောက်မှာ ပြန်တွေ့စဉ်၌ အနည်းငယ် နေရပြုရ ခက်ခဲနေကြခြင်းပင်။

“ စားပြီးပြီးမလား.. မြန်မြန် အထုပ်သိမ်းပြီး ရန်ချိန် ပြန်ဖို့ ပြင်တော့…”

“ ကောင်းပြီ..”

ဝူဖေးယွဲ့ ရင်ထဲ ခံစားချက်တို့ အနည်းငယ် ရှုပ်ထွေးနေသည်။ သို့သော်လည်း သူလင်းရီ၏ စရိုက်အကြောင်း ကောင်းကောင်းသိ၏။

သကောင့်သားက စိတ်ပိုင်းဖြတ်ပြီးပြီဆိုလျှင် မည်သူပြောလို့မျှ နားမဝင်တော့ချေ။

ထို့ပြင် သူကိုယ်တိုင်ကလည်း စိတ်ထဲ လိုက်သွား၍ တစ်ချက်ကြည့်ရန် ဆန္ဒရှိနေသည်။ မည်သို့ဆိုစေ နှစ်ပေါင်းများစွာကြာပြီးသည့်နောက် လူတိုင်း အိမ်ကို သတိရကြစမြဲပင် မဟုတ်ပေလော။

“ ငါပြန်ပြီး လခသွားထုပ်လိုက်ဦးမယ်.. ပြီးတာနဲ့ သွားကြတာပေါ့..”

“ သွားစို့… ကျွန်တော်လည်း လိုက်ခဲ့မယ်..”

အဆုံးတွင်တော့ ဝူဖေးယွဲ့ကသာ ခေါက်ဆွဲဖိုး ရှင်းလိုက်ပြီး လင်းရီလည်း သူနှင့် တိုက်ခိုက်မနေတော့ချေ။

အစ်ကိုကြီးတစ်ယောက်အနေနှင့် အဘယ်ကြောင့် ညီဖြစ်သူအား ပိုက်ဆံရှင်းခွင့် ပြုလိမ့်မည်နည်း။

ခေါက်ဆွဲစားပြီးနောက် နှစ်ယောက်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ပြန်လာခဲ့ကြသည်။ ယခုတော့ အပြင်ဘက် မြင့်တက်လာသည့် နေအလင်းက ပို၍ တောက်ပလာသည့်နှယ်ပင်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ ရုံးခန်းက လုပ်ငန်းခွင်နှင့် အလှမ်းမဝေးသည့် အဆောက်အဦးသေးသေးလေး၌ တည်ရှိ၏။

ဝူဖေးယွဲ့ အပေါ် ရုံးခန်းထဲ တက်သွားတော့ လင်းရီ အောက်ထပ်၌ ထိုင်စောင့်နေရင်း ကျီချင်းရန်နှင့် စကားပြောလျက် အချိန်ဖြုန်းနေလိုက်သည်။

သို့သော်လည်း ခေတ္တစကားပြောပြီးနောက် သူ အပေါ်ထပ်မှ စကားများသံများကို နားစွန်နားဖျား ကြားလိုက်ရလေသည်။ ကြည့်ရသလောက်တော့ ပိုက်ဆံကိစ္စနှင့် စကားများနေကြသည့်ပုံပင်။

လင်းရီ ဖုန်းကို သူ့အိတ်ကပ်ထဲ ပြန်ထည့်၍ အပေါ်ထပ်သို့ တက်သွားလိုက်သည်။

ကြားနေရသည့် အသံများကလည်း တဖြည်းဖြည်းနှင့် ရှင်းလင်းပီသလာလေသည်။

“ မင်းက မပြီးခင် ထွက်သွားမယ်ဆိုတော့ ငါက ပိုက်ဆံဘယ်လိုပေးရမှာ..”

“ ကျုပ်တို့ အလုပ်စဝင်တုန်းကတည်းက လုပ်တဲ့ နေ့ရက်တိုင်းအတွက် ပိုက်ဆံပေးမယ်လို့ ပြောထားခဲ့တာမဟုတ်ဘူးလား… ခင်များ အခု ဘာလို့ စကားကို တစ်မျိုး ပြန်ပြောနေတာ..” ဝူဖေးယွဲ့က ပြန်ငြင်းခုန်လိုက်သည်။

“ ငါ အဲ့တာတွေ မသိဘူး.. တကယ်လို့ မင်း မေးခွန်းထုတ်ချင်တယ်ဆိုရင် ပရောဂျက်မန်နေဂျာကို သွားရှာလိုက်.. ငါ့ဘက်ကတော့ လအလိုက်ပဲ ရှင်းပေးနိုင်မယ်.. မင်းက ဒီလ မပြည့်ခင် ထွက်မယ်ဆိုတော့ တစ်ပြားမှ မရဘူး..”

“ ဒါကတော့ ခင်များ ကျိုးကြောင်း မညီညွှတ်လွန်းရာ ကျသွားပြီ… ကျုပ် ဒီမှာ ၂၆ရက် တစ်လနီးပါး အလုပ်လုပ်ခဲ့တာလေ… ခင်များ ကျုပ်ကို ဒီလိုလုပ်လို့ ဘယ်ရမှာ..”

“ စည်းမျဉ်းက စည်းမျဉ်းပဲ.. ဒါပေမယ့် မင်းအနေအထားက သနားစရာလေးဆိုတော့ ငါ ယွမ် ငါးရာ ထုတ်ပေးလိုက်မယ်… ယူပြီး မြန်မြန်လစ်လိုက်တော့..”

“ ယွမ် ငါးရာက တစ်ရက် လုပ်အားခလေ.. ကျန်တဲ့ရက်တွေအတွက် ကျုပ် လုပ်အားခတွေကျတော့ကော…”

“ ငါ့နဲ့ ကျိုးကြောင်းဆီလျော်ဖို့ လုပ်နေတာတွေ တော်လိုက်တော့… မင်း ဆက်လုပ်နိုင်ရင် လုပ်… မလုပ်နိုင်ရင် လစ်… ငါမင်းကို သဘောထားကြီးကြီးနဲ့ ယွမ်ငါးရာ ပေးပြီးသွားပြီ… တအား ကမ်းတက်မလာနဲ့…”

ဘန်း…

လင်းရီ တံခါးကို ဆောင့်ကန် ဖွင့်လိုက်ပြီး “ ငိုးမ စောက်ရမ်းတွေ အံ့အားသင့်ဖို့ကောင်းနေတယ်ပေါ့ ဟုတ်လား.. မင်း ဘယ်သူနဲ့ စကားပြောနေတယ် ထင်နေတာလဲ..”

All Chapters