ငယ်တုန်းက စိတ်ဓာတ် မဟုတ်တော့ဘူး
Vol. 62 Ch. 919
အခန်းထဲတွင်တော့ ဝူဖေးယွဲ့အပြင် လူသုံးယောက် ရှိနေကြသည်။
တစ်ဦးမှာ ရုံးခန်းစားပွဲနား ထိုင်နေပြီး ကျန်နှစ်ယောက်ကတော့ ဆိုဖာပေါ်တွင် ခြေလက်နှစ်ဖက် ကား၍ ထိုင်နေကြ၏။
လင်းရီဝင်လာသည်ကို မြင်တော့ နှစ်ယောက်လုံးမှ ပျင်းတိပျင်းရွဲ မျက်လုံးအစွန်အဖျားနှင့်သာ တစ်ချက်ကြည့်လိုက်ကြသည်။
“ မင်း ဘယ်သူတုန်း…”
“ ငါ ဘယ်သူလဲ မင်းသိစရာမလိုဘူး.. ငါ့အစ်ကိုရဲ့ လစာကို အရင်ပေးလိုက်…”
“ ဝူဖေးယွဲ့.. မင်းက တစ်ခုခုတော့ တစ်ခုခုပဲ… ငါ့နား အကြွေးလာတောင်းသလိုမျိုး လူတောင် ခေါ်လာလိုက်သေးတယ်ပေါ့..”
ပြောလိုက်သူကတော့ စားပွဲတွင် ထိုင်နေသည့် ဝူဝန်းလုံ ဆိုသူပင်။ သူက အနက်ရောင် လေဖောင်း အင်္ကျီအား ဝတ်ထားပြီး လင်းရီကို အေးစက်သည့် အကြည့်တို့ဖြင့် စူးစိုက်ကြည့်နေလေသည်။
“ မန်နေဂျာဝူ.. စိတ်မရှိပါနဲ့ဗျာ.. သူက ကျုပ်ညီလေးပါ… အိမ်ပြန် နှစ်သစ်ကူးဖို့ အတွက် လာကြိုတာပါဗျ..”
ဝူဖေးယွဲ့ အပြုံးလေးဖြင့် ပြောလိုက်၏။
အကျဉ်းထောင်ထဲ၌ အချိန်ငါးနှစ် ကုန်ဆုံးပြီးနောက် ငယ်စဉ်ကကဲ့သို့ ဆိုးသွမ်းမိုက်ရူးရဲဆန်သည့် ကောင်လေးမဟုတ်တော့ချေ။
“ အဲ့ကောင် ဘယ်သူလဲ ငါဂရုမစိုက်ဘူး....ငါမင်းကို ယွမ် ငါးရာပေးမယ်… ယူချင်ယူ… မယူချင်လစ်…” ဝူဝန်းလုံ မိုက်မိုက်ရိုင်းရိုင်း ပြောဆိုလိုက်သည်။
“ မန်နေဂျာဝူ.. ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့လားဗျာ..” ဝူဖေးယွဲ့ ပြောလုက်ပြီး “ ကျုပ်ရဲ့ မိသားစုက ဒီငွေလေးကို မျှော်ပြီး နှစ်သစ်ကူးဖို့ စောင့်နေကြတာ… တကယ်လို့ ခင်များ ယွမ်ငါးရာတည်းပေးရင် ကျုပ်တို့ ဒီနှစ် နှစ်သစ်ကူး ပွဲလုပ်နိုင်မှာမဟုတ်ဘူး..”
“ ကုမ္ပဏီတစ်ခုလုံးကလည်း ပရောဂျက်ပြီးဖို့ လောနေတာပဲ.. တကယ်လို့ အချိန်မီ မပြီးနိုင်ဘူးဆိုရင် ငါလည်း ယိုးမ နှစ်သစ်ကူးနိုင်မှာ မဟုတ်ဘူး…” ဝူဝန်းလုံ ယွမ်ငါးရာထုတ်၍ ဝူဖေးယွဲ့ထံ ပစ်ပေါက်လိုက်ပြီး “ ယူပြီး ထွက်သွား… ငါခဏနေကျရင် လုပ်စရာ ရှိသေးတယ်…”
“ ဒါက….”
“ မင်း ဘာမင်း ယူချင်ရင် မယူချင်နေ ငါ စောက်ဂရုမစိုက်ဘူး… ငါ့ကို အာရုံတော့ လာမစားနဲ့…”
ဝူဖေးယွဲ့ အမူအရာ ရုပ်ဆိုးသွားခဲ့သည်။ သူ ကြမ်းပြင်၌ ကျနေသည့် ယွမ်ငါးရာကို ကြည့်ရင်း သက်ပြင်းချလိုက်၏။
ပိုက်ဆံ တစ်ကျပ်ပင် တွယ်ရာမြက်ပင်ကဲ့သို့ သဘောထားရမည် ဖြစ်ကာ ယွမ်ငါးရာဆိုလျှင်တော့ ထွေထူးပြောနေရန်ပင် လိုမနေချေ။
“ အား….”
ဝူဖေးယွဲ့ ပိုက်ဆံကောက်ရန်အတွက် ခါးကိုင်းနေစဉ် ရုတ်တရက် အော်ဟစ်သံ တစ်သံကို ကြားလိုက်ရ၏။
လှည့်ကြည့်လိုက်တော့ အပြင်ထွက်ရန် တံခါးဝသို့ ရောက်နေသည့် ဝူဝန်းလုံမှာ လင်းရီ၏ ခြေကန်ချက်ကြောင့် ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်နေလေသည်။
“ မင်းကများ ပိုက်ဆံမပေးဘဲ ထွက်သွားချင်နေတယ်ပေါ့..”
“ ဟာ…ဟျောင့်… ရီ… မင်း ဘာလုပ်နေတာတုန်းကွ.. ပြဿနာ မရှာချင်စမ်းပါနဲ့ကွာ..”
ဝူဖေးယွဲ့ လင်းရီကို သွားဆွဲလိုက်သည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အချိန်အကြာကြီး အလုပ်လုပ်ပြီသည့်နောက် ပရောဂျက် လုပ်နေသည့် လူတိုင်းက လူကောင်းမပါကြောင်း ဝူဖေးယွဲ့ ကောင်းကောင်းကြီး သိထားလေသည်။
“ မင်းငါ့ကို ထိခိုက်ရဲတယ်… မင်းက သေဖို့ တောင်းဆိုနေတာပဲကွ..” ဝူဖေးယွဲ့ ကြမ်းပြင်မှ ကုန်းရုန်းထ၍ အော်ငေါက်လိုက်၏။
“ ငါမင်းကို ပြောလိုက်မယ်.. ဒီနေ့ မင်းတို့ တစ်ပြားမှ မရရုံတင် မကဘူး.. လျော်ကြေး ယွမ်နှစ်သောင်းမပေးရင် ဘယ်ကောင်မှ ထွက်သွားဖို့ စိတ်မကူးနဲ့…”
ဝူဝန်းလုံ စကားပြောပြီးနောက် ဆိုဖာပေါ် ထိုင်နေသည့် လူနှစ်ယောက်မှ သူတို့ဘေးရှိ သံတုတ်ကြီးများအား ကောက်ယူရင်း လင်းရီထံ ခြိမ်းခြောက်သည့် အသွင်ဖြင့် လှမ်းလာကြလေသည်။
“ အစ်ကိုလုံ … အဲ့လိုတော့ မလုပ်လိုက်ပါနဲ့ဗျာ…. ကျုပ် တောင်းပန်ပါတယ်… ကျုပ်ညီက ငယ်ရွယ်သေးပြီး ဆင်မခြင်နိုင်သွားတာကြောင့် သူ့အဆင့်ရောက်အောင် ကိုယ့်ကိုယ်ကို မနိမ့်ချလိုက်ပါနဲ့… ကျုပ် ပိုက်ဆံလည်း မယူတော့ဘူး.. ဒီကိစ္စ ဒီမှာတင် မေ့လိုက်ကြရအောင်လား…”
“ မေ့ကြရအောင်… ငါယီးကို မေ့ပေးရမှာလား သူတောင်းစား အလုပ်သမားကများ… မင်းမှာ ဘာစောက်ဆင့်ရှိလို့ ငါနဲ့ လာညှိနေတာ…”
“ အစ်ကို မင်း.. ဒီကိစ္စ စိတ်မပူနဲ့…” လင်းရီ ပြောလိုက်ပြီး “ ဒီနေ့ ကျွန်တော် သူတို့ကို တစ်ကျပ် မပေးရုံတင်မကသေးဘူး.. သူ့ရဲ့ ကျောက်ကပ်ကိုပါ လှီးထုတ်ပစ်မယ်..”
“ ငိုးမ… ရိုက်ကြစမ်း…”
သံတုတ်ကိုင်ထားသည့် လူနှစ်ယောက်မှ လင်းရီထံ ပြေးဝင်လာကြသည်။
အခြေအနေ မဟန်သည်ကို မြင်တော့ ဝူဖေးယွဲ့ လင်းရီရှေ့သို့ ပြေးဝင်ကာပေးလိုက်၏။
လင်းရီ အလျင်အမြန်ပင် ပြန်တွန်းထုတ်လိုက်ပြီး ပထမသူလက်ထဲရှိ သံတုတ်ကို လု၍ ခေါင်းကို ရိုက်ပစ်လိုက်သည်။
တစ်ဖက်သူမှာ ခေါင်းတစ်ပတ်လည်သွားခဲ့ပြီး ချက်ချင်းလဲကျ ဘဝကူးပြောင်းသွားခဲ့တော့၏။
၎င်းကိုမြင်တော့ ကျန်တစ်ယောက်မှာ သံတုတ်ကြီးကိုင်ထားရင်း သေးထွက်လုမတတ် ကြောက်ရွံ့သွားခဲ့ကာ နေရာ၌ ရပ်နေရင်း ဆက်လက် မလှုပ်ရှားဝံ့တော့ချေ။
လင်းရီ သူ့လက်ထဲရှိ သံတုတ်ကို ဒုတိယလူအား ချိန်ရင်း “ မင်း လှုပ်ရဲရင် … ငါမင်းကို သတ်မယ်..”
အခန်းမှာ ညံသံအတိ ဖြစ်သွားခဲ့၏။ ဝူဝန်းလုံ လင်းရီကို ငေးကြည့်ရင်း ထပ်တူထပ်မျှ ကြောက်လန့်တုန်လှုပ်နေလေသည်။
“ ဝူကြီး… မင်း ညီကို ပြောလိုက်စမ်း… မဆင်မခြင် လျှောက်မလုပ်နဲ့လို့.. ငါ မင်းရဲ့ လစာကို အခုထုတ်ပေးမယ်..”
လင်းရီ သံတုတ်ကို ဘေးသို့ မကြည့်ပဲ လွင့်ပစ်လိုက်ပြီး “ မင်းဘာလို့ အစောကြီးကတည်းက ဒီလို မလိမ္မာတာ… ကျုပ်အစ်ကို ဘယ်လောက်ရဖို့ ရှိလဲ ကျုပ်မသိဘူး… သူ့ကို ယွမ်နှစ်သောင်းပေးလိုက်… ဒါဆို ဒီကိစ္စ ဒီမှာတင်ပြီးပြီ..”
“ ယွမ်နှစ်သောာင်း… သူ့လစာတောင် အဲ့လောက်မရှိဘူး... နှစ်သောင်းက အရမ်းများတယ်..”
“ ငါ့ လေကုန်အောင် လာလုပ်နေတယ်.. သေချင်နေပြီလား..”
ထိုအခိုက် ဝူဝန်းလုံ နောက်၌ သံတုတ်ကိုင်ရင်း ကြောက်နေသည့် သူ့လူအား မျက်စိအချက်ပြလိုက်၏။ တစ်ဖက်သူလည်း နားလည်သွားခဲ့ကာ သံတုတ်ကို တင်းတင်းဆုပ်၍ လင်းရီနောက်မှ တအား ရိုက်ထည့်လိုက်သည်။
လင်းရီ မျက်မှောင်ကြုတ်သွားခဲ့ပြီး ဒေါသထွက်စ ပြုလာလေသည်။
“ မင်းမေ*** ငါ့ကို သဘောကောင်းတဲ့ကောင်လို့များ ထင်နေတာလား…”
လင်းရီ တစ်ပတ်လှည့်၍ ဒုတိယလူ၏ ရင်ဘက်ကို ဆောင့်ကန်လိုက်သည်။
တစ်ဖက်သူမှာ သွေးတစ်လုတ် အန်ထုတ်ရင်း ဒုတိယထပ် ပြတင်းပေါက်မှ တစ်ဆင့် အောက်သို့ ပြုတ်ကျသွားခဲ့၏။
ဤတစ်ကြိမ်တွင်တော့ ဝူဖေးယွဲ့ပင် ရူးခါနေအောင် ထိတ်လန့်သွားခဲ့လေသည်။ သူ ပြတင်းပေါက်သို့ အလျင်အမြန်ပြေးကြည့်လိုက်ပြီး အောက်၌ ဘာမျှမဖြစ်သွားသည်ကို မြင်တော့မှ စိတ်သက်သာရာရသွားခဲ့၏။
လင်ရီ ဝူဝန်းလုံထံ တစ်လှမ်းချင်း လှမ်းသွားလိုက်ပြီး “ စောက်ရမ်း သတ္တိတွေ ကောင်းနေတယ်ပေါ့… ဘာလို့ ငါနဲ့မှ လာကစား ချင်နေရတာ…”
“ ငါ…ငါ ပြောလိုက်မယ်.. ဒါ ယွင်လု အုပ်စုပိုင်တဲ့ ပရောဂျက်.. မင်း ဒီသူဌေးကို အပြစ်ပြုလို့မရဘူး… ငါ မင်းကို လစာ ပေးလိုက်မယ်.. ဒါပေမယ့် မင်း ပြဿနာ ဆက်မရှာရင် ပိုကောင်းမယ်…”
လင်းရီ ခြေထောက်မြောက်၍ ဝူဝန်းလုံ၏ ပိတ်ကန်လိုက်၏။
“ အဲ့တော့ ငါက ကြောက်ပေးရမှာလား..”
လင်းရီခြေကန်ချက်ကြောင့် ဝူဝန်းလုံ သွေးများ အန်ထုတ်လိုက်ရပြီး “ ညီလေး… မ…မလုပ်ပါနဲ့တော့… မင်း ဘယ်လောက်လိုချင်လဲပြော… ငါအခု ပေးပါ့မယ်…”
“ ခုနတုန်းကဆိုရင်တော့ ယွမ်နှစ်သောင်းနဲ့ ပြီးပြီ… ဒါပေမယ့် ခု အနည်းဆုံး ယွမ်နှစ်သိန်းပဲ… ကျုပ်ကို အခွင့်အရေး မပေးဘူးလို့ လာမပြောနဲ့..”
“ ငါ့လက်ထဲ အဲ့လောက် ပိုက်ဆံအများကြီး မရှိဘူး… ငါ့မှာ ယွမ်တစ်သိန်းထဲ ရှိတယ်..”ဝူဝန်းလုံမှ စိတ်ပျက်သည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး “ ငါက ဒီရဲ့ လုပ်ငန်းခွင်ကို ကြီးကြပ်ဖို့ပဲ ရောက်လာခဲ့တာ… ငါ့မှာ အဲ့လောက် ပိုက်ဆံအများကြီး မရှိတာ တကယ်ပါကွာ..”
“ ရီလေး… ငါလည်း အဲ့လောက်က လုံလောက်ပြီလို့ ထင်တာပဲ… လက်ခံလိုက်ပါ… ငါတို့ တကယ်ကြီး ဒီလိုလူတွေကို အပြစ်ပြုလိုက်လို့ မဖြစ်ဘူးကွ…” ဝူဖေးယွဲ့ ကူပြောပေးလိုက်၏။
“ ကောင်းပြီလေ… ဒါဆိုလည်း ယွမ် တစ်သိန်းပဲပေါ့..”
ဝူဝန်းလုံ ကြောက်လန့်တုန်လှုပ်စွာဖြင့် ယွမ် ရှစ်သောင်းကို ဝူဖေးယွဲ့ထံ လွှဲပြောင်းပေးလိုက်ပြီး ငွေသားဖြင့် ယွမ်နှစ်သောင်း ပေးလိုက်သည်။ ထိုအခါ လင်းရီလည်း ကိစ္စကို ရပ်တန်းက ရပ်လိုက်လေသည်။
သူတို့ ရုံးခန်းထဲက ထွက်လာတော့ အပြင်၌ လူအုပ်ကြီး၏ ဝန်းရံခြင်းကို ခံလိုက်ရ၏။ ဝူဖေးယွဲ့ကို မြင်တော့ အားလုံးက ဝိုင်းလာကြပြီး “ ဝူကြီးဟျောင့်… ဘာတွေလဲ ဖြစ်နေတာ… မင်းတို့ ဘာကိစ္စ စကားများနေကြတာ…” အသက်လေးဆယ်အရွယ်ရှိ အမျိုးသားတစ်ဦးမှ မေးလိုက်သည်။
“ ဒီလိုကွာ… ငါ့ညီလေးက နှစ်သစ်ကူး အိမ်ပြန်ဖို့ လာခေါ်တယ်… ဒါနဲ့ ငါလည်း ငါ့လုပ်အားခ သွားတောင်းတော့ တစ်လပြည့် မပေးနိုင်ဘူးတဲ့.. အဲ့တာနဲ့ ငါတို့လည်း စပြီး စကားများကြတာပဲ…”
“ ဘာကွ... ဘာကို မပေးတာ… သူတို့ စလာတုန်းက ပြောထားတာ နေ့အလိုက် လုပ်အားခ တွက်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား.. ဘာလို့ အခု မပေးဘူး ဖြစ်သွားခဲ့တာ..”
ဝူဖေးယွဲ့ သက်ပြင်းချလိုက်ပြီး “ ဒီလူတွေက လေသံကို တစ်နေ့တစ်မျိုး ပြောင်းနေကြပဲလေ.. တကယ်လို့ ဒီနေ့ ငါ့ညီသာ သူတို့နဲ့ ရန်မဖြစ်ဘူးဆိုရင် သူတို့ ထုတ်ပေးမယ်တောင် မထင်ဘူး…”
“ ငါချီး… ဒီလိုဆို ယီးမှ မလုပ်ဘူး… ပိုက်ဆံတောင်းပြီး ထွက်မယ်…”
“ ဟုတ်တယ်…. ငါတို့ ရမယ့် ပိုက်ဆံတွေ သွားတောင်းကြစို့…”
ဝူဖေးယွဲ့ အပိုစကား ထပ်မပြောပေ။ စကားလုံးတစ်ချို့ ပြောပြီးနောက် လင်းရီနှင့်အတူ ထွက်သွားခဲ့လေသည်။
အကယ်၍ သူတို့ကသာ သူ့အား ပိုက်ဆံလိုက်တောင်းပေးရန် တောင်းဆိုလာခဲ့ပါက ဆောက်လုပ်ရေး လုပ်ငန်းခွင်အား အုံကြွအောင် ဦးဆောင်သည့် အသွင် ရောက်သွားပေမည်။ ယင်းက လင်းရီကိုပါ ပါဝင်ပက်သက်သွားစေနိုင်သည်။
သို့သော်လည်း ဤအလုပ်သမားများက သူနှင့် ရင်းနှီးနေကာ ခေါင်းပုံဖြတ်ခံရမည်ကိုလည်း မလိုလားပေ။ ကျန်သည်ကတော့ ၎င်းတို့ရွေးချယ်မှုအပေါ်တွင်သာ မူတည်လေသည်။
“ ရီ… ဒီမှာ ခဏစောင့်.. ငါ ပစ္စည်းတွေ သွားသိမ်းလိုက်ဦးမယ်…”
“ တန်ဖိုးကြီး ပစ္စည်းတွေလား…”
“ မင်းအစ်ကိုကြီးမှာ ဘယ်နားက တန်ဖိုးကြီး ပစ္စည်းရှိနိုင်ပါ့မလား.. ငါ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေပေါ့ဟ…”
“ အဲ့တာဆို ပြန်ယူမနေနဲ့တော့… ဘာပဲဆိုဆို နှစ်သစ်ကူးရောက်ဖို့က လိုသေးတယ်… အမေကလည်း အားလုံး ပြင်ဆင်ပြီးလုနီးပါး ဖြစ်နေပြီ.. တကယ်လို့ အစောကြီး ပြန်လိုက်ရင် အမေ့ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး.. ဒီတော့ ရန်ကျင်း ခဏပတ်ပြီး အစ်ကို့ကို အဝတ်အစား သုံးလေးစုံလောက် လိုက်ဝယ်ပေးမယ်…”
“ မင်း ငါ့ကို ဝယ်ပေးစရာ မလိုပါဘူး… ခု လက်ထဲ တစ်သိန်း ရှိနေပြီဆိုတော့ ငါလည်း ချမ်းသာနေပြီ..” ဝူဖေးယွဲ့ ပြုံးလိုက်ပြီး “ ဒါပေမယ့် ငါတို့ အဖေနဲ့ အမေအတွက်တော့ တစ်ထည်နှစ်ထည်လောက် ဝယ်သွားပေးသင့်တယ် ထင်တာပဲ..”
ဝူဖေးယွဲ့၏ စကားလုံးများက ရိုးရှင်းပြီး လက်တွေ့ကျသော်လည်း လင်းရီကတော့ ရင်ထဲ နေလို့ ကောင်းမနေချေ။
သူ့ အစ်ကိုကြီးထံ၌ တစ်ချိန်က ရှိခဲ့ဖူးသည့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့နှင့် ထက်သန်သည့် စိတ်ဝိဉာဏ်တစ်ချို့ လုံးဝ ပျောက်ဆုံးသွားခဲ့ပုံရ၏။