နာချင်လွန်း၍ ရောက်ရာအရပ်မှအပြေးလေးလာသူ
Vol. 62 Ch. 922
လင်းရီ ယွမ်တစ်သန်းကျော်ကို ထပ်မံ၍ သာမန်လျှံကာ သုံးလိုက်သည်ကို မြင်တော့ ဝူဖေးယွဲ့၏ ကမ္ဘာကြီးအပေါ် အမြင်များအား တစ်မျိုးအသွင် ပြောင်းလဲစေခဲ့ပြန်သည်။
သူ့ရင်ဘက်ထဲ အနည်းငယ် နာကျင်နေမိသည်။
ဆက်ဆံရေး တည်ဆောက်ဖို့ဆိုရင်တောင် အဲ့လောက် ပိုက်ဆံအများကြီး သုံးနေရတာကြီးကတော့ မဟုတ်သေးဘူးမလား…
ကတ်များ ရရှိပြီးနောက် အုပ်စု နှစ်ခုခွဲ၍ ရေချိုးလိုက်ကြပြီး ရေပူစမ်းထဲ ဝင်လိုက်ကြသည်။ ထို့နောက်တွင်တော့ အားပါးတရ အနှိပ်ခံကြလေသည်။
“ အစ်ကိုရီ.. ရန်ကျင်းနဲ့ ကျိုးဟိုင် ရေချိုးစင်တာနှစ်ခုက ဘာတွေကွာတယ်လို့ထင်လဲ..”
“ ဒီက ဖိတာ နှိပ်တာတွေက တော်တော်လေး ပြင်းတယ်…သာမန်လူသာဆို ခံနိုင်မှာတောင် မဟုတ်ဘူး…”
“ ဆရာ… ကျွန်မအခု ဖိနေတဲ့ နေရာက ကျောက်ကပ်တုံ့ပြန်တဲ့နေရာလေ… ဒီလောက်အကြာကြီး ဖိတာတောင် ဘယ်လိုမှ မနေဘူးဆိုတော့ ဆရာ့ရဲ့ ကျောက်ကပ်အားက အရမ်းကောင်းတယ်ဆိုတဲ့ သဘောပဲ…” အမျိုးသမီး အနှိပ်ပညာရှင်မှ ပြောလိုက်သည်။
“ အင်း… မင်းပြောတာ လုံးဝ မမှားပါဘူး…”လင်းရီ ရယ်မောလိုက်၏။
“ အစ်ကိုရီ ဘယ်တော့လောက် ဒီကပြန်မှာ… အချိန်ရရင် ညီမ သူငယ်ချင်းတစ်ချို့နဲ့ မိတ်ဆက်ပေးချင်သေးလို့…” ချိန်ရန် ပြောလိုက်သည်။
“ မလုပ်နဲ့.. ငါ မနက်ဆို ပြန်တော့မှာ..” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ငါ လူစိမ်းတွေနဲ့လည်း မတွေ့ချင်ဘူး… သူတို့ကို ခေါ်မနေနဲ့…”
ချိန်ရန် တခစ်ခစ် ရယ်မောလိုက်ပြီး “ ကျွန်မအစ်မကို အပိုင်သိမ်းဖို့ စီစဉ်နေတာလား…”
“ ဘာလို့… မင်းက ငါ့ကို အသစ်လေးတွေနဲ့ ထပ် မိတ်ဆက်ပေးချင်နေလို့လား..”
“ ညီမ မပြောဘူးနော်…” ချိန်ရန် ပြောလိုက်ပြီး “ တကယ်လို့ အစ်မမီသာ သိသွားခဲ့ရင် သေအောင် ရိုက်နှက်လောက်တယ်…”
ကလင် ကလင် ကလင်..
လင်းရီ စကားပြောတော့မည့် ဆဲဆဲတွင် ဝူဖေးယွဲ့၏ ဖုန်းသံ မြည်လာလေသည်။
မူလကတော့ ဝူဖေးယွဲ့ များများ စဉ်းစားမနေချေ။ သို့သော်လည်း သူ စခရင်ကို တစ်ချက်ကြည့်လိုက်တော့ အမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့တော့၏။
“ ဘာလဲဖြစ်တာ…” လင်းရီ ဝူဖေးယွဲ့ဘက်သို့ လှည့်၍ မေးမြန်းလိုက်သည်။
“ ဝူဝန်းလုံ ငါ့ဆီ ဖုန်းခေါ်လာနေတယ်…” ဝူဖေးယွဲ့ စိတ်အတွင်းမှ ထိတ်လန့်နေဟန်ဖြင့် ပြောလိုက်သည်။
“ ဟို ဖက်တီးလား….”
“ မင်း ရိုက်ခဲ့တဲ့လူလေ..”
“ အဆင်ပြေတယ်…ကိုင်လိုက်… သူဘာပြောလဲ နားထောင်ကြည့်ကြတာပေါ့..”
တစ်ချိန်တည်း၌ ချိန်ရန် သီးသန့်ခန်းထဲရှိ အနှိပ်သည်အား သီချင်းသံတိုးရန် အချက်ပြလိုက်၏။ သို့မှသာ ဖုန်းခေါ်ဆိုမှုအပေါ် မသက်ရောက်မည်ဖြစ်သည်။
ဝူဖေးယွဲ့ ဖုန်းကိုင်လိုက်၏။ သို့သော်လည်း သူ ဘာမျှ မပြောရသေးခင် ဝူဝန်းလုံ၏ ကျိန်ဆဲသံကို အရင်ကြားလိုက်ရလေသည်။
“ ဝူဖေးယွဲ့… ကိုယ်မြေကိုယ်နိုးလေး.. မင်း အခု ဘယ်ရောက်နေတာ… ဟမ်.. မင်း စောက်ရမ်း အံ့ဩဖို့ကောင်းနေတဲ့ကောင် ဟုတ်လား… မင်းညီကို ရိုက်ခိုင်းရုံတင် မကသေးဘူး.. တခြား အလုပ်သမားတွေကိုပါ အုံကြွအောင် လုပ်လိုက်သေးတယ်… ငါမင်းကို ပြောလိုက်မယ်… ဒီကိစ္စ ခုထိ မပြီးသေးဘူးကွ… မင်းရန်ကျင်းကနေ ထွက်ပြေးနိုင်မယ် မထင်နဲ့.. မင်းရဲ့ ခြေထောက်နှစ်ချောင်းလုံး မချိုးရရင် ငါ့မျိုးရိုးနာမည် ဝူမဟုတ်တော့ဘူး….”
“ ကျုပ် သူတို့ကို အားပေးအားမြောက် မလုပ်ခဲ့ဘူး မန်နေဂျာဝမ်… အဲ့တာ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး..” ဝူဖေးယွဲ့ ရှင်းပြလိုက်သည်။
သူယနေ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ စကားအပို မပြောဘဲ ထွက်လာခဲ့သည်မှာလည်း ယခုလို ဖြစ်လာမည်ကို စိုးရွံ့သောကြောင့်ပင်။
ကံဆိုးစွာဖြင့် သူအစိုးရွံ့ဆုံး ကိစ္စကြီးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလို့လာလေသည်။
“ သောက်ရေးမပါတာတွေ…”ဝူဝန်းလုံ ဖုန်းထဲမှ အကျယ်ကြီး အော်ဟစ်လိုက်ပြီး “ မင်းသာ ပြဿနာ လာမရှာဘူးဆိုရင် ဒီလိုတွေ ဖြစ်ပါ့မလားကွ… ပြီးတော့ မင်းငါ့နား ယွမ် တစ်သိန်းတောင် ညစ်သွားခဲ့သေးတယ်…. ဒါ ခြိမ်းခြောက် ဓားပြတိုက်မှု မြောက်တယ်ကွ နားလည်လား… မြန်မြန် မင်းအခု ဘယ်သင်္ချိုင်းရောက်နေလဲ ပြောလိုက်စမ်း.. ရဲခေါ်လိုက်ရင် ပိုပိုပြီး ရှုပ်ထွေးလာလိမ့်မယ်…”
“ ဒါက….”
ဝူဖေးယွဲ့ မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။
ယခုလို အခြေအနေ ရောက်နေမှတော့ သူ၏တည်နေရာ ပြောပြသည်က အကြီးစား သေလမ်းရှာသည်နှင့် မခြားနားပေ။ ရန်ကျင်းကဲ့သို့ နေရာအကျယ်ကြီး၌ အကယ်၍ သူသာ မပြောပြဘူးဆိုပါက သူတို့ သေသည်အထိ ရှာဖွေလျှင်တောင် တွေ့နိုင်လိမ့်မည် မဟုတ်ချေ။
“ ငါတို့အခု ရွှေကော်ထန်ချွမ်မှာ…. မင်း လာခဲ့လိုက်..”
ပြောလိုက်သူက လင်းရီပင်။
“ ရီ .. မင်း ဘာလို့….” ဝူဖေးယွဲ့ ကြက်သေသေသွားခဲ့သည်။
ဒါက ထောင်ခြောက်ဆီ တန်းတန်းမတ်မတ် ပြေးဝင်နေတာနဲ့ မတူသွားဘူးလား….
“ စောက်ကောင်စုတ်လေး… မင်းမှာ သတ္တိတော့ ရှိသားပဲကွ.. မင်း သောက်ရမ်းအံ့ဩဖို့ကောင်းတယ်ထင်ရင် ထွက်မပြေးနဲ့… အဲ့မှာ စောင့်နေ..”
လင်းရီ စိတ်အေးသက်သာစွာ ပြုံးလိုက်ပြီး “ စောင့်နေတယ်… လာမှာသာ လာခဲ့…”
“ ငိုးမ.. ဇောင်းကြွနေတယ်ပေါ့…. မင်း ဒီနေ့တော့ အသေပဲ…”
ကျိန်ဆဲပြီးနောက် ဝူဝန်းလုံ ဖုန်းချသွားခဲ့လေသည်။
“ ရီ.. မင်းဘာလို့ ငါးစာကို ဟပ်လိုက်တာ… မင်းက သူတို့ကို လက်စားချေနိုင်အောင် ဖိတ်ခေါ်နေတာပဲကွ…”
“ ကျွန်တော်သိတယ်…. ဒီကောင်တွေက အခေါင်းမမြင်ရမခြင်း မျက်ရည်ကျမယ့် ကောင်တွေ မဟုတ်ဘူး.. သူတို့ဆီကနေ အစ်ကို တစ်သက်လုံး ပုန်းမနေနိုင်ဘူးလေ .. ဟုတ်တယ်ဟုတ်… တကယ်လို့ အဲ့လိုလုပ်လိုက်ရင် သူတို့ကို ကြောက်နေတဲ့ ပုံစံ ပေါက်သွားလိမ့်မယ်..”
“ ဒါပေမယ့် ငါတို့က ဒီလိုလူစားမျိုးတွေကို အပြစ်မပြုနိုင်ဘူးလေကွာ…” ဝူဖေးယွဲ့ ပြောလိုက်ပြီး “ နောက်ပြီးတော့ ငါတို့က အပြင်လူတွေ… တကယ်လို့ ဒီမှာ ပဋိပက္ခ ဖြစ်ပြီဆို သေချာပေါက် ငါတို့ပဲ ခံရမှာ….”
“ ဘာကြောက်စရာ ရှိလို့.. မစ်ချိန်တစ်ယောက်လုံး ဒီမှာရှိနေတာကို သူတို့ လုပ်နိုင်တာ ဘာရှိမယ်ထင်လဲ…”
လင်းရီထိုသို့ပြောပြီးနောက် ဝူဖေးယွဲ့ တစ်ခြား ဘေးတစ်နေရာတွင် လဲလျောင်းနေသည့် ချိန်ရန်ကို သတိရသွားခဲ့၏။
ထိုသို့ဆိုလျှင်တော့ သူတို့ သိပ်အန္တရာယ် မရှိသည့်ပုံပင်။
“ အစ်ကိုရီ.. နောက်မနေစမ်းပါနဲ့.. ဒီလို လူတွေလောက်ကတော့ ရှင့် လက်တစ်ဖက် နောက်ပစ်ထားပြီးတော့တောင် အေးဆေး ကိုင်တွယ်လို့ရပါတယ်…ကျွန်မကိုတောင်မှ လိုမနေဘူး..” ချိန်ရန် ပြောလိုက်သည်။
“ အဲ့လိုမပြောနဲ့လေ… ပြီးကျရင် အရှုပ်တော်ပုံတွေ ကို ရှင်းပေးဖို့ ရှိသေးတယ်….”
“ အသေးအမွှားလေးပါ…. တကယ်လို့ ဒီကိစ္စ အစ်ကိုရီနဲ့ပတ်သက်နေတာကို သိရင် သူ ပျော်ပျော်ကြီးတောင် ကူညီပေးလိမ့်ဦးမယ်…”
“ ဒါဆို ငါ အားနာမနေတော့ဘူး…”
…………….
တစ်ချိန်တည်း၌ ကားသုံးစီးမှာ ရေချိုးစင်တာသို့ ဦးတည်ထွက်လာနေသည်။
ရှေ့ဆုံး တစ်စီးကတော့ အနက်ရောင် ဘန်ထလေ ဖြစ်၏။ ဝူဝန်းလုံမှာ အရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်ရင်း အနောက်ခုံရှိ လူငယ်အား ရှေ့ခုနစ်ဘဝလောက်က ဆွေမျိုးတော်စပ်ခဲ့သည့် အဘေးတစ်ယောက်နှယ် တလေးတစား ဆက်ဆံနေသည်။
ထို့ပြင် သူ့မျက်နှာပေါ်ရှိ အပြုံးကလည်း ဖြည်းဖြည်းချင်း ကြီးထွားလာခဲ့ကာ စိတ်ပျော်ရွှင်ဖို့ကောင်းသည့် တစ်စုံတစ်ခုကို ကြုံတွေ့ထားသကဲ့သို့ ဖြစ်နေလေသည်။
“ သူတို့ ခုရောက်နေတဲ့ နေရာက ငါ့ဦးလေး ပိုင်တဲ့ နေရာလို့ အဲ့ကောင်တွေ ထင်ထားကြမှာ မဟုတ်လောက်ဘူး…”
ပြောလိုက်သူကတော့ လုချိန်ဖြစ်ပြီး ယွင်လု ကော်ပိုရေးရှင်းကြီး၏ အထွေထွေ လက်ထောက်မန်နေဂျာလည်း ဖြစ်သည်။
ယနေ့ မတော်တဆ ဖြစ်ပျက်မှုအပြီး ဝူဝန်းလုံ လုချိန်အား ဖုန်းခေါ်လိုက်လေသည်။ မူလကတည်းက ကုမ္ပဏီပရောဂျက်၏ အချိန်ဇယားမှာ တင်းကြပ်နေပါလျက်နှင့် ယခု အလုပ်သမားတို့က အုံကြွ၍ သပိတ်မှောက်လာသည်။ အဆိုပါ သတင်းကို ကြားကြားပြီးချင်း လုချိန် ရောက်ရာအရပ်မှ အပြေးလာ၍ ဤကိစ္စကို ကိုင်တွယ်ရန် စီစဉ်လိုက်ရခြင်းပင်။
“ လုံးဝသေချာတယ်… တကယ်လို့ သူတို့သိရင် အစကတည်းက သွားမှာ မဟုတ်ဘူး…” ဝူဝန်းလုံ ပြောလိုက်ပြီး “ ကျွန်တော့်အမြင်အရဆိုရင် ဒီ တစ်နယ်တစ်ကျေးက လာပြီး အလုပ်လုပ်တဲ့ကောင်တွေက ဘာသောက်သုံးမှ အသုံးမဝင်တဲ့ ဆန်ကုန်မြေလေးတွေ… သူတို့လက်ထဲ ပိုက်ဆံရှိတာနဲ့ ရေချိုးစင်တာ တန်းသွားတော့တာပဲ… အဲ့လိုလူစားမျိုးတွေက တစ်သက်လုံးကြီးပွားမယ့်ကောင်တွေ မဟုတ်ဘူး..”
“ အဲ့တာ မကောင်းဘူးလား.. ငါတို့ပေးလိုက်တဲ့ ပိုက်ဆံတွေနဲ့ ငါ့ဦးလေးရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ သွားဖြုန်းနေတယ်.. ငါ့အတွက် အရှုံးမရှိဘူးပေါ့…” လုချိန် ပြောလိုက်သည်။
ဝူဝန်းလုံ တမင်တကာ လုပ်၍ ရယ်မောလိုက်ပြီး “ သိပ်ဟုတ်တာပေါ့… အချိန်ကျလာတဲ့အချိန်ကျရင် ကျုပ်တို့ တံခါးတွေ တင်းတင်းပိတ်ထားလိုက်မယ်… သူတို့ ထွက်ပြေးချင်ရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး..”
“ အင်း… အပြင်လူနှစ်ယောက်က ရန်ကျင်းလာပြီး ကြီးစိုးပြနေတယ်… ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ သူတို့ နားမလည်ကြဘူးလား…”
“ ဟီးဟီး… သူတို့က ကျွန်တော်တို့ ပိုက်နက်ထဲမှာ လာပြီး ယှဉ်ပြိုင်ချင်နေတယ်ဆိုတော့ သခင်လေးလု ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ သူတို့ကို ပေးသိလိုက်မယ်…”
မကြာမီ ရွှေထန်ကော်ချွမ်သို့ လုချိန် သူ၏ လူများနှင့်အတူ ရောက်ရှိလာလေသည်။
သို့သော်လည်း သူ့ကားထဲရှိ လူအားလုံးကို မခေါ်ဆောင်သွားပေ။ အရည်အချင်းရှိသည့် လူတစ်ဒါဇင်လောက်ကိုသာ နောက်လိုက်အဖြစ် ခေါ်ဆောက်သွားပြီး ကျန်သူများကိုတော့ ထွက်ပေါက်တိုင်း၌ စောင့်ကြပ်ထားစေသည်။
“ စီအီးအို လု… ရောက်လာပြီလားခင်ဗျ…” လုချိန်ကို မြင်တော့ ခန်းမ မန်နေဂျာမှ လွှားကနဲ ရောက်လာပြီး ကြိုဆိုနှုတ်ဆက်လေသည်။
လုချိန် ခေါင်းတစ်ချက် ငြိမ့်လိုက်၏။
“ ဦးလေးရော…”
“ ဥက္ကဌကျောက်က အပေါ်မှာ မိတ်ဆွေတွေနဲ့ အစည်းအဝေးလုပ်နေပါတယ်ခင်ဗျ… ကျုပ် သတင်းသွားပို့ပေးရမလား ..”
“ နေတော့… ဟိုလိုအရေးကြီး ကိစ္စလည်း မရှိဘူး..” လုချိန် ပြောလိုက်ပြီး “ ခုလေးတင် ဝူဖေးယွဲ့လို့ ခေါ်တဲ့ လူတစ်ယောက် ဒီမှာ ပိုက်ဆံလာဖြုန်းသွားတယ်… ခု သူတို့ ဘယ်အခန်းထဲ ရှိနေလဲ ငါ့ကို ရှာပေးစမ်းပါ…”
ပုံမှန်ဆိုပါက ဧည့်သည်၏ သတင်းအချက်အလက်များကို သူတို့က ထိန်းသိမ်းပေးထားရန် ဝတ္တရားရှိသော်လည်း လုချိန်၏ အထောက်အထားက သာမန်ဟုတ်မနေခဲ့ချေ။ ထို့ကြောင့် သူ၏ အမိန့်အား သဘာဝအလျောက် နာခံရုံသာ တတ်နိုင်လေသည်။
“ သူတို့က ရှစ်လွှာရဲ့ အခန်း 809 ထဲမှာပါ စီအီးအိုလု…”