အစ်ကိုရီကို ထိခိုက်ဝံ့တဲ့သူတွေ ၊ မနက်ဖြန် အထိ အသက်မရှင်နိုင်ဘူး
Vol. 62 Ch. 923
လုချိန် ခေါင်းညိမ့်လိုက်သည်။
“ ငါ အပေါ်တက်သွားပြီး တစ်ခုခု သွားလုပ်မယ်.. လုံခြုံရေး အစောင့်တွေကို သူတို့ ဘာသံပဲ ကြားကြား မတက်လာခဲ့နဲ့လို့ မှာထားလိုက်…”
ခန်းမ မန်နေဂျာမှာ ထက်မြက်သည့် လူတစ်ယောက်ဖြစ်သည့်အလျောက် ဘာဖြစ်နေလဲဆိုတာကို ချက်ချင်းနားလည်သွားတော့၏။
“ စီအီးအိုလု… ကျုပ်တို့ တကယ်ကြီး ဒီကိစ္စ ဥက္ကဌကျောက်ဆီ တင်ပြဖို့ မလိုဘူးလား…”
“ မလိုဘူး… ဘာမှ အရေးကြီးတာ မဟုတ်ဘူး….” လုချိန် ပြောလိုက်ပြီး “ ပြီးတော့ ငါ့ ဦးလေးက အရမ်း အလုပ်များတဲ့လူ… သူ့အချိန်တွေကို မဖြုန်းတီးတာ အကောင်းဆုံးပဲ…”
“ ကောင်းပါပြီ.. ဒါဆို ကျုပ် လုံခြုံရေး အစောင့်တွေကို ရှစ်လွှာဆီ မတက်ဖို့ အသိပေးထားလိုက်ပါ့မယ်..”
“ ကောင်းပြီ… မင်း လုပ်စရာရှိတာ သွားလုပ်တော့..”
ညွှန်ကြားချက်များ ပေးပြီးနောက် လုချိန် ဓာတ်လှေကားစီး၍ ရှစ်လွှာသို့ တက်လာခဲ့သည်။
“ ရို… ဒါ ငါတို့ရဲ့ စီးအီးအို လု မဟုတ်လား…”
သူတို့ ဓာတ်လှေကားထဲမှ ခြေလှမ်းချချချင်း လုချိန် ရေချိုး၀တ်ရုံကို ခါးစည်းထားသည့် မျက်မှန်နှင့် အမျိုးသားတစ်ဦးအား ပက်ပင်းတိုးမိလေသည်။
အမျိုးသားမှာ အသက်သုံးဆယ် ဝန်းကျင်ခန့်မျှရှိသေးကာ ဖော်ရွေပြီး ခင်မင်ဖွယ်ကောင်းသည့် အရှိန်အဝါတို့က အနီးတစ်ဝိုက် ပျံ့လွင့်နေတော့၏။
ထိုအမျိုးသားနာမည်ကတော့ ကျန်းရင်းကျယ်ပင်။ သူသည်လည်း လုချိန်ကဲ့သို့ ရန်ကျင်း၏ လူငယ်သခင်လေး တစ်ဦးဖြစ်၏။ လုချိန်နှင့်လည်း စီးပွားရေး ကိစ္စများ မကြာခဏဆိုသလို ပြောဆိုဆွေးနွေးဖူးကာ လက်တွေ့တွင်တော့ သူတို့ချင်း၏ ဆက်ဆံရေးက အရမ်းကြီး မရင်းနှီးကြချေ။
“ မင်းလည်း လာမယ်ဆို ဘာလို့ ကြိုမပြောတာ… ငါ မင်းအတွက် ကောင်းတာလေးတွေ စီစဉ်ပေးထားမှာပေါ့… ကောင်မလေးတွေက ပထမဆုံး အတွေ့အကြုံယူမယ့် ကောလိပ်ကျောင်းသူလေးတွေနော်… ထူးရှယ်လေးတွေ…”
“ အရေးမကြီးတာနဲ့ ငါလည်းမင်းဆီ မခေါ်လိုက်တာ..”ကျန်းရင်းကျယ် အပြုံးလေးဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး နောက်ရှိ သက်တော်စောင့်များအား တစ်ချက်ကြည့်လိုက်ရင်း “ မင်း ညီကိုတွေ ခေါ်လာပြီး ဒီမှာ လာကဲတာလား…”
“ ဒီမနက်ခင်းတုန်းက ကျားကို ကြောက်ရကောင်းမှန်းမသိတဲ့ ကြောင်ပေါက်လေးတစ်ချို့ ငါ့ပိုက်နက်ထဲ ပြဿနာ လာရှာသွားတယ်… ငါ့လူတွေကို ရိုက်နှက်သွားရုံတင် မကသေးဘူး ယွမ်တစ်သိန်းပါ အမြတ်ထုတ်သွားသေး… သူတို့ ဒီမှာရှိနေတယ် သတင်းရထားလို့ ငါ့ကောင်တွေခေါ်ပြီး ချက်ချင်းလာခဲ့တာ…”
“ ငါယိုး… အဲ့တာ အမှန်ပဲလား.. ဘယ်ကောင်က အဲ့လောက်ထိ သတ္တိတွေကောင်းနေတာ… သူတို့ ရန်ကျင်းကနေ ခြေနှစ်ချောင်းနဲ့ မထွက်သွားချင်ကြဘူးတဲ့လား…”
“ တစ်နယ်တစ်ကြေးက အလုပ်လာလုပ်တဲ့ကောင်တွေပေါ့… ကြွက်သားကြီးကြီးနဲ့ဆိုတော့ မိမိုက်သလို လုပ်ချင်နေကြတာ…”
“ ငိုးပဲ.. စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ…” ကျန်းရင်းကျယ် ပြောလိုက်ပြီး “ အဲ့ကောင်တွေ အခု ဘယ်မှာ.. ဒီမှာ ရှိနေတယ်မလား… ငိုးပဲ စောင့်ဦး… ခုသွားကြမယ်..”
လုချိန် ခေါင်းညိမ့်လိုက်ပြီး မေးတစ်ချက်ငေါ့၍ “ အခန်း ရှစ်ရာ့ကိုးမှာ … ငါအခု အဲ့ကို သွားမလို့…”
“ ခဏစောင့်.. ငါ့ဘော်ဒါတွေလည်း ဒီမှာ ရှိနေကြတယ်… သူတို့ကိုပါ ခေါ်ပြီး အတူသွားတွေ့ကြမယ်..”
“ မလိုဘူး.. မလိုဘူး.. ဒါက အသေးအမွှားလေး.. ငါတစ်ယောက်တည်းနဲ့ ဖြစ်တယ်…” လုချိန် အပြုံးလေးဖြင့် ပြောလိုက်သည်။
“ အဲ့လိုလုပ်လို့ ဘယ်ဖြစ်မှာ.. ငါတို့ချင်းသိတာ ဒီလောက်ကြာနေပြီကို မင်း ကိစ္စက ငါ့ကိစ္စပဲ…” ကျန်းရင်ကျယ် ရင်ဘက်ပုတ်၍ ပြောလိုက်ပြီး “ တကယ်လို့ ငါက အကြောင်းမသိရင် အဆင်ပြေသေးတယ်.. ခု အကြောင်းသိသွားပြီဆိုတော့ ကူညီမှကို ဖြစ်မှာ…”
ပြောပြီးနောက် ကျန်းရင်ကျယ် အခန်း 802 နှင့် 803 တံခါးများကို တွန်းဖွင့်လိုက်ပြီး “ ညီကိုတို့.. ဒီကို ပြဿနာ လာရှာနေတဲ့ကောင်တွေ ရှိတယ်… ငါနဲ့ လိုက်ပြီး အဲ့ကောင်တွေကို သင်ခန်းစာပေးချင်ရင် ထွက်ခဲ့ကြ…”
“ ငိုးမ ဒါမျိုး မပါရိုးထုံးစံရှိလား… သေချာပေါက် လိုက်မှာပေါ့ကွ…”
ကျန်းရင်းကျယ် ပြောပြီးသည့်နောက် အခန်းအသီးသီးမှ လူခုနစ်ဦးခန့် ထွက်လာပြီး တစ်ချို့ဆို လည်ပင်းဇက်ကြောများချိုးကာ ချက်ချင်းလက်ငင်း တိုက်လိုခိုက်လိုသည့် သွင်ပြင်များ ဖြစ်နေကြလေသည်။
“ ညီကိုတို့… ငါမင်းတို့ကောင်တွေကို မိတ်ဆက်ပေးမယ်..” ကျန်းရင်းကျယ် လုချိန်ကို ကြည့်၍ ပြောလိုက်ပြီး “ ဒါ ငါ့ဘော်ဒါပဲ.. သူက ရန်ကျင်း စီးပွားရေး အဝန်းထဲက .. ခု ဘယ်ဂျောင်ကမှန်း မသိတဲ့ အလုပ်သမားနှစ်ယောက်ရောက်လာပြီး ပြဿနာရှာနေလို့… အားလုံး… ကူညီကြမယ်မလား…”
“ ပြဿနာ မရှိဘူး..” ထိုအထဲ တစ်ယောက်မှ ပြောလာခဲ့ပြီး “ အားလုံးက ညီကိုတွေကိုပဲ… ဒီလို အသေးမွှားကိစ္စလေးကတော့ ဘာပေါက်… ဘယ်သူ့ကို ဘယ်လို ရိုက်ပေးရမလဲပဲပြောလိုက်…”
“ လူတိုင်းကို ကျေးဇူးတင်ပါတယ်.. ဒီကိစ္စ ပြီးသွားခဲ့ရင် အားလုံးကို တစ်ဝိုင်းလိုက်လုပ်ပေးပါ့မယ်..” လုချိန် ပြောလိုက်ပြီး “ ဟိုနှစ်ကောင်ကတော့ ခု အခန်း ရှစ်ရာ့ကိုးမှာ… သွားကြတာပေါ့…”
“ သွားကြစို့…”
သို့နှင့် နှစ်ဆယ်ကျော်သော လူအုပ်ကြီးမှာ အခန်း 809 သို့ ဦးတည်လိုက်ကြလေသည်။
ဆူဆူညံညံအသံများက အနီးအခန်းထဲရှိ လူများအား ဆွဲဆောင်သွားခဲ့ပြီး အနှီ တိုက်ခိုက်လိုသည့် စိတ်ဝိဉာဏ်များဖြင့် ပြည့်နှက်နေသည့် လူအုပ်ကြီးကိုမြင်တော့ အသံတစ်သံ မထွက်ဝံ့ကြတော့ပဲ တိုးတိုးတိတ်တိတ်ဖြင့်သာ အခြေအနေကို စောင့်ကြည့် လေ့လာနေကြတော့သည်။
တစ်ချိန်တည်းတွင် လင်းရီအခန်းထဲရှိ လေးဦးစလုံးကလည်း အပြင်ဘက်ရှိ အသံဗလံများကို ကြားမိလိုက်ကြ၏။
ဝူဖေးယွဲ့ လဲလျောင်းနေရာမှ ထ၍ သူ့အင်္ကျီများကို အလျင်စလို ကောက်ဝတ်လိုက်သည်။
“ အစ်ကို… နေဦး… ကျွန်တော် အပြင်ထွက်ကြည့်လိုက်မယ်…”
“ မင်း မဖြစ်ဘူး.. အပြင်မှာ လူတွေ အများကြီးပဲ..”
လင်းရီ ဝူဖေးယွဲ့ ပခုံးပေါ် လက်တင်လိုက်ပြီး “ အပြင်မှာ လူ ဘယ်လောက်ရှိရှိ ပြဿနာမရှိဘူး.. ဒီမှာပဲနေ…”
“ အစ်ကိုကြီးဝူ.. ရှင်စိုးရိမ်မနေနဲ့..” ချိန်ရန်မှ အသီးစားရင်း ပြောလိုက်ပြီး “ ကျွန်မ တခြားကိစ္စတွေတော့ မပြောရဲဘူး.. ဒါပေမယ့် ရန်ကျင်းမှာ အစ်ကိုရီကို တစ်စုံတစ်ယောက်က ထိခိုက်ရဲရင် သူတို့ မနက်ဖြန် နေထွက်တာကို မြင်နိုင်မှာ မဟုတ်ဘူး… ကျွန်မ စကားကို ယုံကြည်ထားလိုက်…”
“ ဒါက…”
ဝူဖေးယွဲ့ အနည်းငယ် စိတ်ပူပန်နေဆဲပင်။ တစ်ဖက်အဖွဲ့၏ လူအင်အားက မနည်းမနောကြီး ရှိနေကာ အကယ်၍ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့မည် ဆိုလျှင်ကော။
ပြောပြီးနောက် လင်းရီ ရေချိုးဝတ်ရုံကို ခါးတွင်ပတ်ပြီး ညှပ်ဖိနပ်စီး၍ အပြင်သို့ ထွက်လာခဲ့လိုက်သည်။
လင်းရီ အပြင်သို့ ထွက်ခါရှိသေး လုချိန်နှင့် ကျန်သူများ ရောက်လာနေသည်ကို မြင်တွေ့လိုက်ရလေသည်။
“ စီအီးအိုလု… အဲ့ဒီကောင်….”
ဝူဝန်းလုံ လင်းရီကို လက်ညိုးထိုးပြလိုက်ပြီး “ ဝူဖေးယွဲ့ရဲ့ ညီလေးဆိုတာ သူပဲ…သူပဲ ကျွန်တော့်ကို ရိုက်နှက်ပြီး ယွမ်တစ်သိန်း ဓားမြတိုက်သွားခဲ့တာ..”
“ စောက်ကလေး…. မင်းက ငါ့ပိုင်နက်ထဲ လာဝံ့နေတဲ့အထိ သတ္တိ သိပ်ကောင်းနေတယ်ပေါ့… မင်း ငါ လုချိန် ဘယ်သူဆိုတာ မင်းသိလား…”
“ မင်းမေ** ဘာဖြစ်ဖြစ် ငါနဲ့ ဘာဆိုင်တုန်း..” လင်းရီ ပြောလိုက်ပြီး “ ငါ့အစ်ကို လုပ်အားခကျ မပေးချင်ဘဲနဲ့ ငါတို့ကို လုပ်အားဒါန ပေးနေတယ်လို့များ မင်းထင်နေတာလား.. ဟမ်…”
လုချိန်နှင့် ကျန်းရင်းကျယ်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့ ဒေါသ မထွက်ရုံမျှမက၊ နောက်သို့ လှန်၍ပင် ရယ်မောလိုက်ကြသေးသည်။
“ တခြားမြို့ကနေလာတဲ့ ရွေ့ပြောင်းအလုပ်သမားလေးက ငါ့ကို ဒီလို လေသံမျိုး ပြောဝံ့နေတယ်…” လုချိန် ပြောလိုက်ပြီး “ ရန်ကျင်းမှာ ဘယ်သူမှ မင်းလောက် သတ္တိကောင်းမယ်တောင် မထင်ဘူး…”
“ စီအီးအိုလု… ဘာလို့ လေကုန်ခံနေဦးမှာ… တစ်ခါတည်း ဆော်ကြတာပေါ့..”ကျန်းရင်းကျယ် ပြောလိုက်ပြီး “ ဒီလိုကောင်မျိုးတွေကို မှတ်လောက်သားလောက်အောင်မှ မသင်ပြပေးဘူးဆိုရင် သူတို့အဆင့်အတန်း ဘယ်နေရာမှာ ရှိနေလဲဆိုတာ နားလည်မှာ မဟုတ်ဘူး…”
လုချိန် ခေါင်းညိမ့်လိုက်သည်။
“ လုပ်လိုက်ကြစို့.. ဒီကောင် ယွမ်တစ်သိန်း ဓားပြတိုက်သွားတယ်မလား… ဒီနေ့ ဒီကောင် အတိုးပါ ပြန်ပေးရမယ်..”
“ ကောင်းပြီလေ…”
လုချိန်၏ အမိန့်ပေးမှုအောက်တွင် လက်သီးတပြင်ပြင် လုပ်နေကြသည့် နှစ်ဆယ်ကျော်သော လူအုပ်ကြီးမှာ လင်းရီထံ ပြေးဝင်လာကြသည်။
လင်းရီကတော့ နေရာ၌ မြဲမြံစွာ ရပ်နေလေသည်။ သူ ပထမလူ ပြေးလာနေသည်ကို မြင်တော့ ဆံပင်မှ ဆွဲ၍ နံရံထံ ကောက်ပစ် ပစ်လိုက်၏။
ပစ်ပြီးချိန်တွင်တော့ သူ့လက်ထဲ ဆံပင် လက်တစ်ဆုပ်ခန့် ပြန်ပါလာခဲ့လေသည်။
ဘန်း…
အင့်…
အပစ်ပေါက်ခံလိုက်ရသူ၏ မျက်နှာရှေ့ခြမ်းတစ်ခုလုံး သွေးချင်းချင်းရဲသွားခဲ့ကာ ချက်ချင်း မေ့မြောသွားခဲ့တော့၏။
အဆိုပါ သွေးထွက်သံယို မြင်ကွင်းက ပြေးလာနေသူတိုင်းကို ရပ်မှန်းမသိ ရပ်တန်းသွားစေသည်။ အကုန်လုံးက သစ်ငုတ်ကြီးတွယ်ထားသကဲ့သို့ မြေပြင်တွင် ရပ်နေရင်း လင်းရီကို ငေးကြည့်လိုက်ကြ၏။ သူတို့ မျက်ဝန်းထဲတွင်တော့ မယုံကြည်နိုင်မှုက အထင်းသား ပေါ်လွင်နေသည်။
လုချိန်နှင့် ကျန်းရင်းကျယ်တို့ပင် လင်းရီ ထိုမျှ မဆင်မခြင်နိုင်လိမ့်မည်လို့ မျှော်လင့်မထားကြချေ။
“ ကျန်းကြီး.. ဒီကောင် ဘယ်ကမ္ဘာက ရောက်လာခဲ့တာ… သောက်ရမ်း ကြောက်ဖို့ ကောင်းလွန်းတယ်..”
“ ငါ… ငါလည်း သေချာမသိဘူးဟ…”
“ ဒါဆို ငါတို့ တိုက်ခိုက်ကြဦးမှာလား..”
“ ဘာဖြစ်မလဲ အရင်စောင့်ကြည့်ကြတာပေါ့…”
“ စောက်ကြောက် တစ်သိုက်တွေ..”
လင်းရီ ပြောရင်းဖြင့် လုချိန်ထံ လှမ်းလာခဲ့သည်။ သို့သော် မည်သူ တစ်ဦးတစ်ယောက်ကမျှ သူ့၏ လမ်း၌ ပိတ်ပင်ဝံ့ခြင်း မရှိကြချေ။
ဖြောင်း…
လင်းရီ လက်မြောက်၍ လုချိန်၏ မျက်နှာကို ပိတ်ရိုက်လိုက်၏။ တစ်ဖက်သူမှာ မူးဝေသွားပြီး ကြမ်းပြင်သို့ လဲကျသွားခဲ့လေသည်။
“ မင်းတို့ လက်စားချေဖို့ ရောက်လာခဲ့ကြတာ မဟုတ်ဘူးလား… ဘာလို့ မတိုက်ကြတာ…” လင်းရီပြောလိုက်ပြီး “ မင်းတို့ ရန်ကျင်းကကောင်တွေ ကိုယ့်ကိုယ်ကို သိပ်ကြီးမြတ်တယ် ထင်နေကြတယ် မဟုတ်ဘူးလား… ခု ဘာလို့ ကြမ်းပြင်မှာ ဝပ်နေတာ.. မိမိုက်သလို မလုပ်တော့ဘူးလား..”
“ ငါ-ိုးပဲ….” လုချိန် အာခေါင်ခြစ် အော်ဟစ်လိုက်ပြီး “ မင်းတို့ကောင်တွေ ငါ့ယီး လုပ်နေကြတာလား.. ငါ အရိုက်ခံလိုက်ရတာကို မင်းတို့ ကန်းနေကြလား… အကုန် မသာပေါ်ကုန်ကြပြီလား…”
ခေါင်းဆောင်၏ ဒေါသတကြီး ကျိန်ဆဲသံကို ကြားတော့မှသာ ကျန်လူများ လှုပ်ရှားရကောင်းမှန်း အသိဝင်လာကြလေသည်။
“ -ိုး… လူတိုင်းပဲ … အတူတက်….”
“ ရှေ့က ကောင်ကို နမူနာ ယူရကောင်းမှန်း မသိတော့လည်း နမူနာ ထပ်ပေးရတာပေါ့.. လာကြစမ်း ကြိုက်သလောက်…”
ဝှစ်… ဘန်း…
လင်းရီ သူ့နား ဦးဆုံး ရောက်လာသည်ကို လှည့်၍ ကန်ကျောက်လိုက်ပြီး နောက်ရှိ လူအုပ်ကြီးထံ လွင့်စင်သွားစေခဲ့ကာ ဖရိုဖရဲ ဖြစ်သွားစေလိုက်သည်။
ထို့နောက် ခေါင်းမော့၍ ကျန်သူများကို လက်ညိုးထိုးလိုက်ပြီး“ မင်းတို့ကို ဘယ်ကောင် စည်းရုံးလိုက်လဲ ငါမသိဘူး… ဒါပေမယ့် ထပ်လှုပ်ရဲရင် ဒီကနေ လေးဘက်ထောက်ပြီး ထွက်သွားရမယ်ဆိုတာ ငါအာမခံတယ်…”