← Chapters

သူက မင်း အပြစ်ပြုလို့ မရတဲ့သူပဲ..

Vol. 62 Ch. 924

သူက မင်း အပြစ်ပြုလို့ မရတဲ့သူပဲ..

Vol. 62 Ch. 924

ကျန်သူများအားလုံး လုံးဝ တုတ်တုတ်မလှုပ်ဝံ့ကြတော့ချေ။

ကျန်းရင်းကျယ် ခေါ်လာခဲ့သည့် လူတစ်ချို့ကတော့ အဝေးသို့ ထွက်ပြေးသွားခဲ့ပြီး ဖြစ်ကာ တိုက်ခိုက်ချင်စိတ်များ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားကြလေသည်။

လင်းရီ ထိုကဲ့သို့သော ပါမွှားယင်ကောင်လေးများကို လျစ်လျူရှု၍ ဝူဝန်းလုံထံ လှမ်းလာပြီး သကောင့်သားအား လွင့်ထွက်သွားအောင် ပိတ်ကန်လိုက်သည်။

“ ဒေါသ အထွက်ဆုံးလူက သနားစရာ အကောင်းဆုံးလူပဲတဲ့.. အဲ့ဒီ စကားက မင်းလိုလူမျိုးကို ပြောချင်တာဖြစ်မယ်…” လင်းရီ ပြောလိုက်ပြီး “ ငါ မင်းကို နေ့ခင်းတုန်းက အခွင့်အရေး ပေးထားခဲ့ပြီးပြီ… အဲ့တာကို ဒီဘာလာလုပ်တာ… သေလမ်း လာရှာတာလား ဟုတ်လား…”

“ အဟွတ် အဟွတ်…”

လင်းရီ၏ ကန်ကျောက်ခြင်းကို ခံရပြီးနောက် ဝူဝန်းလုံ သွေးတစ်လုတ် အန်ထုတ်လုပ်ကာ ချောင်းအဆက်မပြတ် ဆိုးတော့သည်။

“ ကျေးဇူးပြုပြီး .. ကျေးဇူးပြုပြီး ထပ်မရိုက်ပါနဲ့တော့…. ငါသေရပါတော့မယ်…”

ဝူဝန်းလုံ ရင်ဘက်ကို ဖိထားရင်း သွေးချောင်းများ အဆက်အပြတ် ဆိုးနေလေသည်။ သူ၏ ရင်ဘက်ထဲ၌ မီးဘောလုံးကြီး ပြေးလွှားနေသကဲ့သို့ ခံစားနေရကာ အလွန်အမင်း မသက်မသာ ဖြစ်အောင် ပြုလုပ်နေတော့၏။

“ သေမှာကြောက်ရင် ဒီကို ငါယီး လာလုပ်နေတာလား..”

ပြောပြီးနောက် လင်းရီ လုချိန်ကို ကြည့်လိုက်သည်။

“ ဒါမှမဟုတ် ဒီကောင်က အရမ်းတွေ တတ်နိုင်စွမ်းနေတယ်ထင်လို့ ဒီကောင့်အားကိုး ပုဆိန်ရိုးလုပ်နေတာ ဟုတ်လား…’

“ ငါ အရှုံးပေးတယ်… ဆက်မတိုက်တော့ဘူး..” လုချိန် အမောတကော ပြောဆိုလိုက်ပြီး “ ဒီရဲ့ စင်တာက ငါ့ဦးလေးအပိုင်… တကယ်လို့ မင်း အခုချက်ချင်းရပ်ပြီး အေးဆေးထွက်သွားမယ်ဆို ငါတို့ ကိစ္စ ကြေပြီပဲ.. ဒါပေမယ့် ငါ့ဦးလေး သိသွားလို့ကတော့ သူသေချာပေါက် မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး…”

“ အနှိပ်ခံလို့တောင် မပြီးသေးတာကို မင်းက ငါ့ ထွက်သွားစေချင်နေတယ်ပေါ့….”

“ ဒါဆိုလည်း ငါမင်းကို သတိမပေးဘူး မပြောနဲ့… ငါ့ဦးလေး ရောက်လာတဲ့အချိန်ကျရင် မင်း သေမှာ ကျိန်းသေတယ်ကွ….”

လင်းရီ ခါး အနည်းငယ်ကိုင်း၍ လုချိန် မျက်နှာကို ခပ်ဆတ်ဆတ် ရိုက်နှက်လိုက်ပြီး “ ဒါဆို ငါလည်း မင်းသိအောင် ပြောလိုက်မယ်.. တကယ်လို့ မင်းဦးလေး လာရင် မင်းဦးလေးကိုပါ ငါရိုက်မယ်ကွာ…”

လုချိန် လင်းရီကို မီးဝင်းဝင်းတောက်လျက် ကြည့်လိုက်ရင်း “ ဒါဆို ရန်ကျင်းရဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ကြတာပေါ့.. မင်း ဝံ့ရဲ့လား…”

“ ကောင်းပြီလေ ပြောစမ်း… မင်းဘာလုပ်ချင်တာ… ငါမင်းနဲ့ ကစားပေးမယ်…”

“ ငါအခု ငါ့ဦးလေးကို ခေါ်လိုက်မယ်… မင်းသူ့ကို သွားရှာလိုက်…. ငါတို့က ဒီမှာစောင့်နေမယ်….”

“ ငါ့ဘက်ကတော့ မရှာနိုင်ဘူး… ဖြစ်စေချင် မင်း ဦးလေးကို ဒီလာခိုင်းလိုက်… တစ်လက်စတည်း သူ့လူတွေပါ ခေါ်ခဲ့ဖို့လည်း ပြောလိုက်…”

“ ဟမ့်.. မောက်မာတယ်…” လုချိန် နှာခေါင်းရှုံ့လိုက်ပြီး “ ဒါဆိုလည်း မင်း စောင့်နေလိုက်… ပြီးမှ ငါ့ကို အခွင့်အရေး မပေးဘူး လာမပြောနဲ့…”

လုချိန် သူ့ဖုန်းကို ထုတ်လိုက်ပြီး သူ့ဦးလေး ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

“ဦးလေး… ရှစ်လွှာမှာ ကျွန်တော် အနိုင်ကျင့်ခံနေရတယ်… ဦးလေးလူတွေ ခေါ်ပြီး မြန်မြန်လာခဲ့ပါဦး…”

“ ဘယ်မြေနိုးက ငါ့တူကို အနိုင်ကျင့်ရဲတာတုန်းကွ…. စောင့်နေ.. ဦးလေး အခုပဲ လာနေပြီ…”

ပြောပြီးနောက် တစ်ဖက်သူမှ ချက်ချင်း ဖုန်းချသွားခဲ့သည်။ လုချိန် ဘေးနံရံ၌ မှီလိုက်ရင်း သူ့ နှုတ်ခမ်းထောင့်စွန်းရှိ သွေးများအား လက်ဖြင့် သုတ်လိုက်၏။

“ မင်း စောင့်နေ.. ခဏနေ ငါ့ဦးလေး ရောက်လာတော့မှာ…” လုချိန် ပြောလိုက်ပြီး “ ဒီနေ့ မင်း ထွက်သွားချင်ရင်တောင် ထွက်သွားလို့ မရတော့ဘူး..”

“ မင်းတို့ ရွေ့ပြောင်း အလုပ်သမားတွေက ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးနေကြတာပဲ… စီအီးအိုလုက အေးဆေးလေး ပြီးသွားချင်တာ အသိသာကြီးက မင်းက ဒီလိုဖြစ်အောင် တမင် တွန်းပို့နေတယ်… မင်းကိုယ်မင်း တိုက်ခိုက်ရေး ကောင်းတာနဲ့ပဲ ရန်ကျင်းက မင်းအပိုင် ဖြစ်နေပြီလို့များ ထင်နေလား…” ကျန်းရင်းကျယ်လည်း အခြေအနေပေါ် မူတည်၍ တစ်ခွန်းနှစ်ခွန်း ဝင်ပက်လိုက်သည်။

လုချိန်၏ ဦးလေး လာနေပြီဟူသည့် အသံကြားသည်နှင့် ကျန်းရင်းကျယ်မှာ စတင်၍ မောက်မောက်မာမာ ပြုမူနေလေပြီ။

လင်းရီ ကျန်းရင်းကျယ်ထံ အကြည့်ပို့လိုက်၏။

“ သူ့ဦးလေးပြီးရင် မင်းအလှည့်ပဲ… ခုတော့ ခဏ အေးဆေးနေနှင့်ဦး..”

“ သူ့ဦးလေး ဘယ်သူလဲ မင်းသိလား…” ကျန်းရင်းကျယ် နှာခေါင်းရှုံ့လိုက်ပြီး “ မသိရင် မှတ်ထား… စီအီးအိုလုရဲ့ ဦးလေးက ကျောက်ဟိန်တုန်း... ဒီနေရာရဲ့ ဘော့စ်တင် မကသေးဘူး.. ရန်ကျင်းရဲ့ ဖျော်ဖြေရေးနယ်ပယ် တစ်ဝက်လောက်က သူ့ဦးလေး လက်ခုပ်ထဲမှာ ရှိတယ်.. ပြီးတော့ မနှစ်က ရန်ကျင်းရဲ့ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဆယ်ဦးထဲတောင် အရွေးချယ်ခံခဲ့ရသေး… သူ့ဦးလေးလို လူစားမျိုးက မင်းလောက်တော့ ချွေးတောင် မထွက်ပဲ အေးဆေးကိုင်တွယ်လို့ရတယ်ကွ နားလည်လား…”

“ ဟီးဟီး….” ထိုစဉ် ဝူဝန်းလုံ၏ နှာရှုံ့သံ ထွက်ပေါ်လာပြီး “ဥက္ကဌကျောက်နဲ့ သူ့မျိုးဆက်တွေ အကုန်လုံးက ကြိုးစားတဲ့ စီးပွားရေး သမားတွေချည်းပဲ… နှစ်ပေါင်းများစွာ ကြာလာပြီးတဲ့နောက် သူတို့က လူပေါင်းစုံနဲ့ တွေ့ကြုံဖူးပြီးသွားပြီ… မင်းလိုလူကို နှစ်ခါတောင် လှည့်ကြည့်နေမှာ မဟုတ်ဘူး….”

“ ဒါဆိုလည်း ငါစောင့်ပြီး သူငါ့ကို ဘယ်လို ကိုင်တွယ်မလဲ ကြည့်စမ်းမယ်…”

တင်းတောင်…

ထိုအခိုက်အတန့်တွင် ဓာတ်လှေကား တံခါး ပွင့်ဟလာခဲ့ပြီး သက်လတ်ပိုင်း အမျိုးသားတစ်ဦး ထွက်လာခဲ့၏။

ထိုလူက လုချိန်၏ ဦးလေး ကျောက်ဟိန်တုန်း ဖြစ်ကြောင်း သံသယ ဖြစ်နေရန် မလိုပေ။

သူ့နောက်တွင်တော့ ဝတ်စုံပြည့်ဖြင့် သားနားခန့်ညားစွာ ဝတ်ဆင်ထားသည့် လူလေးဦး ရှိနေကြသည်။ ၎င်းတို့ကတော့ သူ၏ သက်တော်စောင့်များ ဖြစ်မည်မှာ မုချမလွဲပင်ဖြစ်၏။

“ ငါ့တူ……..”

သူ့တူလေး၏ သနားစဖွယ် အခြေအနေကို မြင်တော့ ကျောက်ဟိန်တုန်း၏ အမူအရာ အကျည်းတည်သွားခဲ့ပြီး တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် ဝါးမျိုချင်နေသည့် အသွင် ပေါက်လာခဲ့တော့သည်။

“ ဦးလေး… ဒီကောင်ပဲ.. သူ ကျွန်တော်တို့ ဆောက်လုပ်ရေးခွင်ကို လာပြီး ပြဿနာ ရှာရုံတင် မကသေးဘူး…ကျုပ်လူတွေကိုပါရိုက်နှက်ပြီး ပိုက်ဆံညစ်သွားသေးတယ်… ဒါတင်ပဲလားဆို အလုပ်သမားတွေကိုပါ အုံကြွပြီး သပိတ်မှောက်အောင် လုပ်လိုက်သေး… သူ့ကြောင့်မို့ ပရောဂျက်လည်း ခု ရပ်တန့်လိုက်ရပြီ..”

“ မင်းအသာနေ… ဦးလေး လုပ်လိုက်မယ်..”

ကျောက်ဟိန်တန်း မတ်တပ်ရပ်ပြီး လင်းရီနှင့် အကြည့်ချင်း ဆုံလိုက်၏။ သို့သော်လည်း သူ၏ အမူအရာမှာ ချက်ချင်းဆိုသလို သဘာဝမကျ ဖြစ်သွားခဲ့လေသည်။

အချိန်တင်္ဒဂမျှ ကုန်ဆုံးသွားခဲ့၏။

သို့တိုင်အောင် ကျောက်ဟိန်တုန်း မလှုပ်ရှားဝံ့သလို မည်သည်ကိုမျှလည်း မဆိုချေ။ လင်းရီကိုသာ ငေးမောကြည့်နေတော့သည်။

“ မင်း….မင်းက ကျိုးဟိုင်က မစ္စတာလင်းလား…”

လင်းရီ မျက်ခုံးပင့်၍ ကျောက်ဟိန်တုန်းကို ကြည့်လိုက်သည်။

“ ကျုပ်ကို သိနေတယ်လား….”

“ ငါမင်းကို ရာဝမ်းကျွန်းပေါ်မှာ တစ်ခါမြင်ဖူးတယ်… အိုက်ယား…. မစ္စတာလင်းကလည်း ရန်ကျင်းရောက်လာလိမ့်မယ်လို့တောင် ကျုပ် မမျှော်လင့်ထားဘူး.. မကြိုဆိုမိတာ ကျုပ်အမှားပါ…”

၎င်းကိုကြားတော့ လူတိုင်း ရှော့ခ်ရသွားခဲ့ကြတော့၏။

ကျောက်ဟိန်တုန်းမှ လင်းရီအား ပယ်ပယ်နှယ်နှယ် သင်ခန်းစာပေးမည့် ပုံကို အားလုံးက စိတ်ကူးယဉ်ထားကြသော်လည်း ယခုလို ဖြစ်သွားလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပေ။ ထို့ပြင် လုချိန် ဦးလေး၏ လေသံမှာ ရိုကျိုးနေပြီး အနည်းငယ် ဖိနပ်လျက်ချင်နေသည့် အရိပ်အမြွက်လေးများပင် ပါဝင်နေသည်။

ငါလခွမ်းတွေ ဖြစ်နေတာလားဟ…

သူ့လိုလူစားမျိုးက ရွေ့ပြောင်းအလုပ်သမား တစ်ယောက်ကို ကြောက်ရွံ့နေတယ်….

“ ကျုပ်ကို သိနေတယ်ဆိုတော့ စကားပြောရ ပိုအဆင်ပြေသွားတာပေါ့….” လင်းရီ ပြောလိုက်ပြီး “ ခင်များ ချစ်လှပါချည်ရဲ့ဆိုတဲ့ တူလေးက ကျုပ်ကို လူအုပ်စုနဲ့ ပြဿနာ လာရှာတယ်… ကျုပ်လည်း ရွေးချယ်စရာ မရှိတော့ လက်ပါလိုက်ရတာပဲ… ခင်များကို မျက်နှာသာ မပေးလို့ ဆိုပြီး အပြစ်လာမတင်နဲ့.. မကျေနပ်ရင် ခင်များ လူတွေကို လှုပ်ရှားခိုင်းလို့ရတယ်….”

“ မဟုတ်တာ မဟုတ်တာ… မစ္စတာလင်းကလည်း… ကျေးဇူးပြုပြီး ကျုပ်ကို အခွင့်အရေး တစ်ခုလောက်ပေးပါ.. ကျုပ်တူလေးက ငယ်ရွယ်ပြီး ဦးနှောက်ကလည်း ဖြုတ်လောက်နဲ့မို့… ပြီးတော့ သူ့မိဘတွေကလည်း အလိုလိုက်ထားတာတွေပါ ပေါင်းလိုက်တော့ ဆန်ကုန်မြေလေး ဖြစ်နေတာပါ…. ကျုပ် သူ့ကိုယ်စား တောင်းပန်ပါတယ်… ကျေးဇူးပြုပြီး မစ္စတာလင်းက ကိုယ့်ကိုယ်ကို သူ့အဆင့်အတန်းရောက်အောင် မနိမ့်ချလိုက်ပါနဲ့…”

“ ခင်များကိုယ်ခင်များ သောက်ရမ်း အရေးပါတဲ့လူလို့များ ထင်နေတာလား… ခင်များ ဖြစ်စေချင်တာနဲ့ပဲ ကျုပ်က အခွင့်အရေး ထပ်ပေးရမယ်ပေါ့..”

လင်းရီ ကျောက်ဟိန်တုန်း၏ ပခုံးကို ဆွဲပြီး ဘေးသို့ တွန်းထုတ်လိုက်သည်။

ထို့နောက် လုချိန်၏ ရင်ဘက်ကို ကန်ကျောက်လိုက်ပြီး ဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွားစေသည်။

“ ပြီးပြီ…ကျုပ် ဒီနေ့ ဒီလောက်နဲ့ စိတ်လျော့မယ်...”

လင်းရီ ဝူဝန်းလုံနှင့် ကျန်းရင်းကျယ်ကို ကြည့်လိုက်ပြီး “ ဒါပေမယ့် ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စက ဒီနှစ်ကောင်ရဲ့ ပယောဂကြောင့်ဆိုတော့ ခင်များ သူတို့ကို ဘယ်လိုလုပ်ရမလဲ သိပါတယ်…. မဟုတ်ရင် ခင်များတူ မပြစ်မှားသင့်တဲ့သူတွေကို ပြစ်မှားမိပြီး အသက်ရှည်မှာ မဟုတ်ဘူး…”

“ ဟုတ် ဟုတ် မစ္စတာလင်း… ကျုပ်နားလည်ပါတယ်… ကျုပ် ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ပြီးတော့ မစ္စတာလင်းကို ဖြေရှင်းချက် ပြန်ပေးပါ့မယ်…”

“ ကောင်းပြီလေ.. ဒါဆိုလည်း ခင်များဘာသာ ကိုင်တွယ်လိုက်တော့…”

လင်းရီ ခေါင်းညိမ့်ပြီး အခန်း 809 ထံ ပြန်လာခဲ့လေသည်။

“ ဒီလူတွေကို မျက်စိရှေ့က ခေါ်ထုတ်သွားပြီး သင်ခန်းစာပေးလိုက်…”

“ နားလည်ပါပြီ ဘော့စ်…”

ကျန်းရင်းကျယ်ဘက်၌ လူအင်အားသာနေသော်လည်း ကျောက်ဟိန်တုန်း၏ သက်တောင်စောင့်များက မခေသူများဖြစ်ကြလေသည်။ ထို့ကြောင့် လူအုပ်ကြီးမှာလည်း မည်သည်ကိုမျှ အတွ့န်မတက်ရဲကာ နာနာခံခံနှင့် လိုက်ပါသွားခဲ့ကြ၏။

အကယ်၍ သူတို့ကသာ ကလန်ကဆန် ပြုမည်ဆိုပါက အသားနာမည်မှာ သံသယဖြစ်ရန် မလိုပေ။

လူတွေ ရှင်းသွား‌တော့ ကျောက်ဟိန်တုန်း လုချိန်ထံ သွား၍ စိတ်ပျက်နေသည့် လေသံဖြင့် “ ငါ့တူရာ… မင်း လူတွေ အများကြီး ရှိနေပါလျက်နဲ့ ဘာလို့ အဲ့လူကိုမှ သွားပြီး အပြစ်ပြုရတယ်လို့…”

“ ဦးလေး… အဲ့သူက ဘယ်သူတုန်း.. ဘာလို့အဲ့လောက်တောင် ဦးညွှတ်ပြီး ခယနေရတာ..”

“ သူက ငါတို့ သွားရှုပ်လို့မရတဲ့ လူစားမျိုးပဲ..”

“ ကျွန်တော်တို့ မိသားစုနှစ်ခု ပေါင်းစည်းလိုက်ရင်တောင် သူ့ကို အပြစ်ပြုလို့ မရဘူးပေါ့…”

“ ကျိုးဟိုင်မှာ သူ့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးက ယွမ်ဘီလီယမ် ဆယ်နဲ့ချီတယ်… ပြီးတော့ သူက အရမ်းလည်း ကောက်ကျစ်ပြီး ဉာဏ်ကလည်း များသေး…. သူ့အဆင့်ကို ငါတို့ သွားယှဉ်လို့မရဘူး.. ဒီနေ့ သူမင်းကို မသတ်သွားတာပဲ ကံကောင်းလှပြီ…” ကျောက်ဟိန်တုန်း ပြောလိုက်ပြီး “ ပြီးတော့ အဲ့ကောင်က အတိုက်အခိုက်လည်း အရမ်းတော်တယ်…မင်းတို့ အုပ်စုလောက်ကို မပြောနဲ့.. မင်းအခု ခေါ်လာတဲ့ လူအုပ်ထက် နှစ်ဆဆိုရင်တောင် သူက လက်တစ်ဖက်နောက်ပစ်ပြီး အေးဆေး ကိုင်တွယ်လို့ရတယ်.. ခု သူ ဘယ်လောက်ထိစွမ်းလဲ မင်းနားလည်ပြီလား…..”

All Chapters