← Chapters

သူ့ကို မြန်မြန် မောင်းထုတ်လိုက်

Vol. 62 Ch. 927

သူ့ကို မြန်မြန် မောင်းထုတ်လိုက်

Vol. 62 Ch. 927

စုံလင်သည့် ရောင်စုံ မီးပန်းတို့က ကောင်းကင်ယံ၌ လင်းထိန်နေသည်။

မရေမတွက်နိုင်သည့် လမ်းသွားလမ်းလာတို့မှ သွားလာနေခြင်းကို ခေတ္တရပ်တန့်၍ ကောင်းကင်အား ငေးမောကြည့်ရှုနေကြသည်။

ယင်းက ရန်ကျင်းမြို့ရှိ ပွဲတော်အငွေ့အသက်ကို ပို၍ အသက်ဝင်လာစေသည်။

ရောင်စုံသည့် အလင်းတို့က ပြတင်းပေါက်ရှေ့ရှိ လှပသည့် မျက်နှာလေးထက် အလင်းပြန်နေပြီး လျန်ရူရွှယ်မှာ လုံးလုံးလျားလျား အံ့အားသင့်မိနေတော့၏။ ထို့ပြင် သူမ၏ မျက်လုံးများကလည်း ရဲတက်လာလေသည်။

ဤသည်က လင်းရီလက်ချက် ဖြစ်ကြောင်း သူမ နှစ်ခါ စဉ်းစားနေရန် မလိုအပ်ပေ။ သို့တိုင်အောင် လင်းရီ ရန်ကျင်းသို့ ကိုယ်တိုင် ရောက်လာသည်ကိုတော့ သူမ မယုံကြည်နိုင် ဖြစ်နေလေသည်။

“ နင် အိမ်ရှေ့ရောက်နေတာကို ဘာလို့ ငါ့မပြောတာ… အောက်မှာ စောင့်နေ…”

ထိုသို့ ပြောပြီးနောက် လျန်ရူရွှယ် ဖုန်းချလိုက်ကာ သာမန် အဝတ်အစားတစ်စုံကို ကောက်ဝတ်၍ အောက်ထပ်သို့ အလျင်အမြန် ဆင်းပြေးလာသည်။

သူမ အိမ်အောက်ရောက်တော့ သူမ မိဘများကလည်း ပြတင်းပေါက်မှနေ၍ မီးရှူးမီးပန်းများ ကြည့်နေကြောင်းကို အံအားသင့်စွာဖြင့် မြင်တွေ့လိုက်ရ၏။

“ ရှောင်မီ... ညဉ့်နက်နေပြီကို ဒါက ဘယ်တုန်း…” လျန်ချွင်းရှောင်မှ မေးလိုက်၏။

လျန်ရူရွှယ်မှာ အသက်သုံးဆယ်ရှိနေပြီးဖြစ်သော်လည်း ညဉ့်နက်သန်းခေါင်ကြီး အပြင်ထွက်သည့် ကိစ္စကတော့ အလေးအနက် ထားကို ထားရမည့် ကိစ္စတစ်ခုပင်။

“ လင်းရီ ဒီရောက်နေလို့လေ… အပြင်မှာ မီးပန်းတွေဖောက်နေတာလည်း သူပေါ့… " လျန်ရူရွှယ် တံခါးဝ၌ ဖိနပ်စီးနေရင်း မကြည့်ပဲ ရှင်းပြလိုက်သည်။

“ အိုး.. လက်စတတ်တော့ အဲ့ကောင်ကိုး… “ လျန်ချွင်းရှောင်ပြောလိုက်ပြီး “ ငါက ဘာလို့များ ငါတို့အိမ်အပြင်ဘက်မှာ ဒါတွေလာဖောက်နေပါလိမ့်ဆိုပြီး ထူးဆန်းနေတာ…”

လျန်ရူရွှယ် မျက်နှာ အနည်းငယ် ရဲတက်လာခဲ့သည်။ ပြောပြနေရန်မလိုပဲ ယင်းက သူမအတွက်ဖြစ်ကြောင်း သိသာလေသည်။

ယခုတော့ သူမမိဘများပါ ထိုအကြောင်း သိရှိသွားတော့ မနေနိုင်ပဲ ရှက်သွေးဖြန်းလာမိ၏။

“ အွန်း… သမီး ပြန်လာတာနောက်ကျမယ်… အမေတို့ အိပ်နှင့်ကြ….”

“ အဲ့ကောင်စုတ်လေးကို မြန်မြန် ဒီကနေ မောင်းထုတ်သွားလိုက်…." ရှန်းရှူးရီ ပြောလိုက်၏။

“ ဟင်…”

လျန်ရူရွှယ် ကြက်သေသေသွားပြီး “ အမေ လင်းရီကို အမြင်မကြည်တာတွေများ ရှိနေတာလား..”

အကယ်၍ သူမ လင်းရီကို မတွေ့ချင်ပါက အဆင်ပြေသော်လည်း ယခုတော့ မောင်းထုတ်လို့နေလေသည်။

သူတို့ အရင်ကလည်း ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေ စကားပြောထားကြသေးတယ် မဟုတ်ဘူးလား.. ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး သဟဇာတ မဖြစ်ကြတော့တာလဲ…

“ မရှိပါဘူး…” ရှန်းရှူးရီ ပြောလိုက်ပြီး “ အမေတို့အိမ်က ဒုတိယ အဝိုင်းပတ်လမ်းနားမှာ… အနီးမှာ ထျန်းအန်းမန်လည်း ရှိတယ်… ဒီနှစ် အထက်ကြီးပိုင်းတွေက ရန်ကျင်းမှာ ဗျောက်နဲ့ မီးရှူးမီးပန်းတွေကို ဖောက်ခွင့် မပြုထားဘူး.. နင် သူ့ကို မြန်မြန် မခေါ်ထုတ်သွားရင် နှစ်ယောက်လုံး အဖမ်းခံရမှာပေါ့.. အဲ့ခါကျ နင့်အဖေကိုလည်း သူများတွေ ကဲ့ရဲ့ကြကုန်လိမ့်မယ်..”

“ အား… သမီး နားလည်ပြီ..”

လျန်ရူရွှယ် အရေးတကြီး ထွက်ခွာသွားခဲ့၏။ သို့သော်လည်း ကောင်းကင်ရှိ မီးရှူးမီးပန်းတို့ကတော့ ရပ်တန့်သွားခြင်း မရှိသေးချေ။

ဧည့်ခန်း ပြတင်းပေါက်ရှေ့တွင် ရပ်နေရင်း ရှန်းရှူးရီ လင်းရီ၏ အကြံကို မည်သို့ မရိပ်မိဘဲ နေမည်နည်း။

နှုတ်ခမ်းတွန့်ကွေးသွားခဲ့ကာ အပြုံးတစ်ခုက ထွက်ပေါ်လာသည်။

သူလည်း သူ့အဖေလို လူကို ထင်မှတ်မထားတာတွေ အရမ်းလုပ်ပြတတ်တာပဲ…

ရပ်ကွက် အပြင်ဘက်တွင်တော့ လမ်းပေါ်၌ လူတို့ ပို၍ပို၍ စုဝေးလာပြီး မီးရှူးပန်းဖောက်သည်ကို ထွက်ကြည့်နေကြလေသည်။

လျန်ရူရွှယ် လေဖောင်းအင်္ကျီဝတ်လျက် လင်းရီထံ သော့သော့လေး ပြေးလာခဲ့၏။

လင်းရီကတော့ သံပူတုန်း နာနာထု၍ ယခု အခွင့်အရေးကို အသုံးချပြီး ယနေ့ည ဟုန်းရမ်းရအောင် ရိုက်ရန် စိတ်ထဲ၌ အကြံအစည်များ ရေးဆွဲနေလေသည်။

မျှော်လင့်မထားစွာဖြင့် လျန်ရူရွှယ်မှာ သူ့အနားရောက်လာသည်နှင့် တစ်ပြိုင်နက် ကားထံ ဆွဲခေါ်သွားခဲ့တော့သည်။

“ မင်းကတော့ တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ… ငါ့ကိုကျ အမြဲတမ်း ရိုမန်းတစ် မဆန်တတ်ဘူးပြောပြီး ခုကျ ငါ ရိုမန်တစ်ဆန်ဆန် လုပ်ပြနေပြန်တော့လည်း ချက်ချင်းလက်ငင်း ဆွဲခေါ်သွားနေတယ်… ငါတို့ အချိန်ယူ ခံစားချက်တွေ အစပျိုးပြီး ဟိုတယ်သွားလို့ကော မရဘူးလား…”

“ ဘာကို အစပျိုးချင်နေတာ…”

လျန်ရူရွှယ်မှာ မျက်နှာဖုံး တပ်ထားပြီး ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် ကြည့်လိုက်ကာ “ ရန်ကျင်းမှာ မီးရှူးပန်းတွေ ဖောက်တာကို ဘန်းထားတယ်… ငါသာ အိမ်က ထွက်လာတာ နည်းနည်းလေး နောက်ကျသွားရင် နင်တော့ သေချာပေါက် အဖမ်းခံရပြီပဲ…”

“ အာ… ငါသတိလက်လွတ်ဖြစ်သွားပဲ… ဒါဆို ဒီကနေ အမြန် သွားကြမယ်လေ…”

“ မြန်မြန်… လမ်းကြားလေးထဲ မောင်းသွားလိုက်…”

“ လမ်းကြားထဲ မောင်းပြီး ဘာသွားလုပ်မှာ… ကားထဲ ဒချိမှာလည်းမဟုတ်…”

“ ငါတို့အိမ်နားမှာ လုံခြုံရေး ကင်မရာတွေ အပြည့်ရှိတယ်.. တကယ်လို့ နင့်မျက်နှာကို ကင်မရာက ဖမ်းမိသွားရင် ကောင်းမှာမဟုတ်ဘူး… လမ်းကြားတွေထဲက ကင်မရာတွေကျတော့ မကောင်းတာတွေက များတယ်… အဲ့လိုဆို ကင်မရာတွေကို အေးဆေးရှောင်လို့ရတယ်လေ..”

“ လခွမ်း… ငါ့နောက်ကျောတောင် မလုံမလဲ ဖြစ်လာသလိုပဲ…”

လင်းရီ လမ်းကြိုလမ်းကြားများကြား မောင်းသွားလိုက်ပြီး နောက်ဆုံး အမှောင်ခပ်အုံ့အုံ့ဖြစ်သည့် နေရာ၌ ကားရပ်လိုက်သည်။

“ ခုလောက်ဆို အဆင်ပြေရောပေါ့..”

“ ဒါပေမယ့် နင်ခုလေးတင် လမ်းဆုံသုံးခု ဖြတ်ပြီး မီးနီတွေ ကျော်လာခဲ့တယ်နော်.. ဒါက ကျိုးဟိုင်မဟုတ်ဘူး… နင် ဆင်ဆင်ခြင်ခြင်မောင်း…” လျန်ရူရွှယ် ပြောလိုက်၏။

“ အဆင်ပြေတယ်..” လင်းရီ ပြောလိုက်ပြီး “ ကားက ရန်ရန်ရဲ့ကားလေ… နံပါတ်လိုက်ရင် သူ့အဖေဆီ ရောက်သွားမှာပဲ… ဘယ်သူမှ စုံစမ်းစစ်ဆေးရဲမှာ မဟုတ်ဘူး…”

“ ရန်ရန်ရဲ့ကား…” လျန်ရူရွှယ် ရေရွတ်လိုက်ပြီး “ ဘာလို့ ရင်းနှီးနေပါလိမ့်ဆိုပြီး ထူးဆန်းနေတာ လက်စသတ်တော့ အန်ကယ်ချိန်ရဲ့ကားကိုး.. ကြည့်ရတာ အဲ့ကလေးမ ယူမောင်းလာခဲ့တယ်နဲ့တူတယ်..”

“ ဘယ်သူပိုင်လဲ ဘယ်သူက ဂရုစိုက်နေမှာ.. ငါ့ဆီ ခြေရာခံလို့ မရရင် ပြီးရော … ဟုတ်တယ်မလား…”

လျန်ရူရွှယ် လင်းရီကို သံသယဖြစ်စွာ ကြည့်လိုက်ရင်း “ ဒါဆို နင် ရန်ကျင်းရောက်နေတာ ငါ့ဆီ အရင်မဆက်သွယ်ပဲ ဘာလို့ ရန်ရန်ကို သွားဆက်သွယ်တာ.. နင်တို့နှစ်ယောက် ရေချိုးစင်တာ ထပ်သွားပြန်ပြီလို့ ငါ့မပြောနဲ့နော်..”

“ အာ….”

မိန်းကလေးတွေရဲ့ မသိစိတ်ကလည်း မှန်လှချည်လားဟ…

“ ငါနင့်ကို ပြောလိုက်မယ်… ဒါက ရန်ကျင်းဆိုရင်တောင် ငါဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ ချက်ချင်း ပိတ်ချခိုင်းလို့ရတယ်ဟဲ့…”

“ မင်းဘာတွေ လျှောက်တွေးနေတာ..” လင်းရီ ခပ်တည်တည် လေးလေးနက်နက်ဖြင့် “ ငါ မြို့တော်ဝန်လျန်ရဲ့ ပညာဉာဏ်ကြီးမားတဲ့ ဆုံးမမှုအောက်မှာ ရေချိုးတာကော အနှိပ်ခံတာကော အကုန် လက်လျော့လိုက်ပြီးသား…”

ကလင် ကလင် ကလင်…

ထိုအခိုက် ဖုန်းသံမြည်လာပြီး ချိန်ရန်ထံမှ ဖြစ်နေကြောင်း လင်းရီ သတိထားမိလိုက်၏။

ချိန်ရန်၏ နာမည်ကိုမြင်တော့ လျန်ရူရွှယ်ဖုန်းကို ဆတ်ခနဲဆွဲယူလိုက်ပြီး ဖုန်းဖြေလိုက်၏။

“ အစ်ကိုရီကတော့ လုံးဝ အမေးဇင်းပဲ … ဟီးဟီး.. ညီမ မီးရှူးပန်းတွေ ဖောက်တာ မြင်လိုက်တယ်… အစ်မ အိမ်အောက် ဆင်းမလာသေးဘူးလား… ဒီည အစ်မမီကို အိပ်ရာကနေ မထနိုင်တော့တဲ့လောက်အထိ ဟုန်းရမ်း ရိုက်ပစ်လိုက်နော်…”

လျန်ရူရွှယ် မျက်နှာ မည်းသည်းသွားခဲ့တော့သည်။

ဘယ်လိုတောင် ဥပဒေမဲ့ ဖြစ်နေလိုက်လဲ…

“ အမ်… အင်း… အဆင်ပြေပါတယ်… “

လင်းရီ ကျိန်ဆဲချင်လောက်သည်အထိ စိတ်ထဲမှ ဒေါသထွက်နေတော့သည်။

ဒါမှ တကယ်ခွေးဖြစ်တာ…

“ အစ်ကိုရီ… ရှင့်လေသံက ဘာလို့ အဲ့လောက်တောင် အားနည်းနေရတာ.. နှစ်ခါလောက် အနှိပ်ခံလိုက်လို့ ရှင်အားနည်းသွားခဲ့တာလား…” ချိန်ရန် ပြောလိုက်ပြီး “ ရှင့်လက်ရှိ အခြေအနေကြီးနဲ့ အစ်မမီကို ဘယ်လို အပိုင်သိမ်းမလဲ…”

“ သောက်ပေါက်တတ်ကရတွေ လျှောက်မပြောစမ်းနဲ့… ငါတို့ နှစ်ယောက်က ရိုးရိုးသားသားတွေ.. ဒါပဲ.. ဖုန်းချပြီ…”

“ အင်းပါ အင်းပါ.. ကံကောင်းပါစေနော်.. ဟုန်းရမ်းကို အမိအရ ရိုက်နိုင်ပါစေ သိလား…”

ပြောပြီးနောက် ချိန်ရန် ဖုန်းချသွားခဲ့သည်။

ကားထဲတွင်လည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကာ ကျီးအားသံတို့ ဖြတ်သန်းသွားခဲ့လေသည်။

“ နင် ဒါကို ဘယ်လိုရှင်းမလဲ… နင်ပြောတော့ ရေချိုးစင်တာ သွားတဲ့အကျင့်ကို ဖျောက်ပစ်လိုက်ပါပြီဆို..”

“ ငါက စွန့်လွှတ်လိုက်ပြီးသား..ဒါပေမယ့် အဲ့ ရန်ရန်ပဲ ငါ့ကို ဆွဲခေါ်သွားခဲ့တာ… မဟုတ်ရင် မင်း အိမ်လိပ်စာ ငါဘယ်လိုသိမလဲ… ငါက အပြစ်ကင်းပြီးသားပါကွာ…”

“ နင့်ကို မယုံဘူး..” လျန်ရူရွှယ် မျက်လုံးလှိမ့်လိုက်၏။ သို့သော်ငြား လင်းရီ ရေချိုးစင်တာ သွားသည့် ဖြစ်ရပ်ကို သူမစိတ်ထဲ ဆက်လက် သိမ်းထားမနေတော့ချေ။

“ နင် ရန်ကျင်းကို ဘာလဲလာလုပ်တာ..”

“ နှစ်သစ်ကူးလေ… ဒါကြောင့်မို့ မင်းကို လာတွေ့တာ….”

လင်းရီ စိတ်ရင်းအမှန်ဖြင့် ပြောဟန် ဆောင်လိုက်သည်။

လျန်ရူရွှယ်ကဲ့သို့ စစ်တပ်ဝန်းထဲ ကြီးပြင်းလာခဲ့သည့် ကလေးတစ်ယောက်က ညစ်ပတ်သည့် လှည့်ကွက်ပေါင်းစုံကို သိရှိထားပြီးဖြစ်သည်။

ထို့ကြောင့် ပေါက်တတ်ကရပြောသင့်သည့် အချိန်၌ ပေါက်တတ်ကရပြောပြီး ရိုးသားသင့်သည့် အချိန်၌ သူမဘက်ကလည်း ရိုးရိုးသားသား ပြန်ပြောတတ်သည်။သူမ ဘေးနား ရှိသည့် အချိန်၌ လက်တွေ့ကျကျပြုမူသည်က ပိုကောင်း၏။

“ တကယ်လား…"

“ မင်းက ဘာကို သံသယရှိနေတာ…” လင်းရီ ပြောလိုက်ပြီး “ မဟုတ်ရင် ငါက ရန်ကျင်းကို ဘာလာလုပ်တယ်ထင်လဲ…. အဲ့ဒီ ရေချိုးစင်တာ သွားဖို့ အတွက်လား…”

လျန်ရူရွှယ် ပါးစပ်အုပ်၍ တခစ်ခစ်ရယ်လိုက်ပြီး လင်းရီကို ကြည့်သည့် အကြည့်ထဲ၌ နူးညံ့မှုတို့ ရောယှက်လာသည်။

“ ငါ မီးရှူးပန်းတွေ အကုန်လုံးတော့ မကြည့်လိုက်ရဘူး… ဒါပေမယ့် ကျေးဇူးပဲ..”

“ စကားနဲ့ပဲ ကျေးဇူးတင်တော့မလို့လား… ဘယ်မှာလဲ မင်းရဲ့ လေးနက်မှု… ပြလေ..” လင်းရီ ပြောပြီးနောက် ဘေးဘီဝဲယာကို ကြည့်ရင်း အရိပ်အမြွက်ပေးဟန်ဖြင့် “ ဒါနဲ့ ဒီနားတစ်ဝိုက် ဟိုတယ်တွေ တော်တော်ပေါတယ်နော်..”

“ ဘာကို ဟိုတယ်ပေါတာ..” လျန်ရူရွှယ် ပြောလိုက်ပြီး လင်းရီအား ပကတိ ရိုးရှင်းသည့် အကြည့်ဖြင့် ကြည့်၍ “ အပြင်မှာ အကြာကြီးနေရင် ငါ့အဖေ လိုက်လာလိမ့်မယ်… ခဏဆို အိမ်ပြန်ရတော့မှာ…”

“ ငါရှီး… လူကဖြင့် သုံးဆယ်ကျော်နေပြီကို မင်းမိသားစုက လိုက်ချုပ်ချယ်နေတုန်းပေါ့…”

“ နင် ပြန်ပြောလိုက်စမ်း… ဘာတွေ လာပြောနေတာ… ဘယ်သူက သုံးဆယ်ကျော်နေလို့… ငါက ခုမှ သုံးဆယ်တင်းတင်း ပြည့်တာပါနော်…”

ပြောရင်းဖြင့် လျန်ရူရွှယ်၏ လက်က လင်းရီခါးထံ ရောက်လာပြီး လင်းရီကလည်း ခြေချော်လက်ချော်ဖြစ်သွားဟန်ဖြင့် မလှိမ့်တပတ်နှင့် လျန်ရူရွှယ်၏ ရှပ်အောက် လက်ရောက်သွားခဲ့တော့သည်။

“ ဟဲ့ ဟဲ့.. နင့်အဲ့လက်က ဘယ်ရောက်နေတာတုန်း… အဲ့နားမထိနဲ့လေ..”

“ ဟီးဟီး… ငါ့ကို တားနိုင်မယ် ထင်လို့လား…”

ထို့နောက် ကားအတွင်း ရုန်းရင်းဆန်ခတ် အနည်းငယ် ဖြစ်ပွားသွားခဲ့တော့သည်။

ထိုအခိုက်အတန့်တွင် ဈေးဝယ်ထွက်လာသည့် အသက်ကြီးကြီး အမျိုးသမီးတစ်ဦးမှ မလှမ်းမကမ်း အပေါ်အောက် လှုပ်ရမ်းနေသည့် ကားကိုမြင်တော့ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချမိလိုက်သည်။

“ ဟင်း...ခေတ်ကြီးက တဖြည်းဖြည်းနဲ့ ပျက်စီးလာနေပြီပဲ…”

All Chapters