← Chapters

ငါနင့်ကို တစ်မနက်ခင်းလုံး စောင့်နေတာ

Vol. 62 Ch. 928

ငါနင့်ကို တစ်မနက်ခင်းလုံး စောင့်နေတာ

Vol. 62 Ch. 928

ထိုစဉ် ကားထဲတွင်တော့

“ နင့်လက်ကို အဲ့နေရာနားက ဖယ်လိုက်စမ်း…”

လျန်ရူရွှယ် မျက်နှာနီရဲလျက် ပြောရင်း သူမ ကိုယ်မှာ ပျော့ခွေလုမတတ် ဖြစ်နေလေသည်။

“ ငါ ဒီကို ရောက်ဖို့အတွက် မိုင်ပေါင်းများစွာ ခရီးနှင်လာခဲ့ရတာ… လက်ဗလာနဲ့တော့ ပြန်မသွားနိုင်ပေါင်…”လင်းရီ ပြောလိုက်ပြီး “ သူခိုးတောင် ဘယ်တော့မှ လက်ဗလာနဲ့ မပြန်ဘူးဆိုတဲ့ စကား မင်းကြားဖူးတယ်မလား…”

“ ဒါဆို နင် ညင်ညင်သာသာလေး လုပ်နော်…. အဲ့တာက အရမ်းနာတယ်…” လျန်ရူရွှယ် ညုတုတုလေသံဖြင့် ပြောလိုက်သည်။

သူမ အဘယ်ကြောင့် လင်းရီကို ခွင့်ပြုမိလိုက်လဲ သူမကိုယ်တိုင်လဲ မသိပေ။

အတိုင်းအတာတစ်ခုထိတိုင်အောင် သူမ၏ ခံစားချက်များက ထိန်းချုပ်မှုအောက်မှ လွတ်ကင်းနေလေသည်။

ဆိုရလျှင်… မီးတောင်မှ ချော်ရည်များ ပေါက်ကွဲထွက်လာသကဲ့သို့ဖြစ်၏။

“ ဒါပေါ့… ဒါပေါ့….”

အချိန်တို့ ကုန်မှန်းမသိ ကုန်ဆုံးသွားခဲ့ပြီးသည့်နောက် လျန်ရူရွှယ် ကိုယ်ကိုလှည့်၍ သူမ၏ ထိုင်ခုံနေရာသို့ ပြန်ထိုင်လိုက်၏။

“ မင်း ခြေထောက်ကို ဘာလို့ တအား ညစ်ထားတာ… ငါလည်း မင်းခြေထောက်တွေကို မထိပဲနဲ့…”

“ နင်ကများ မေးရတယ်ရှိသေး..” လျန်ရူရွှယ် လင်းရီကို မျက်လုံးလှိမ့်လိုက်ပြီး “ အားလုံး နင့်အမှားပဲလေ….”

“ ဘာဆိုင်လို့ ငါ့အမှားဖြစ်ရမှာ…” လင်းရီ အပြစ်ကင်းဟန်လေးဖြင့် “ မင်း ခန္ဓာကိုယ်က ငါ့ထိန်းချုပ်မှုအောက်မှာလဲ မဟုတ်…”

“ သောက်ပေါက်တတ်ကရတွေ….”

လျန်ရူရွှယ်၏ မျက်နှာမှာ နဂိုကထက် နှစ်ဆ နီရဲလာခဲ့ပြီး “ ညသန်းခေါင်တောင် ရောက်တော့မယ်.. မြန်မြန် ငါ့ကို အိမ်ပြန်ပို့ပေးတော့..”

“ ကောင်းပြီလေ…”

ထို့နောက် လင်းရီ လျန်ရူရွှယ်ကို အိမ်အနားသို့ ပြန်လိုက်ပို့လိုက်သည်။

သူတို့ပြန်ရောက်တော့ လင်းရီ နဂိုထားခဲ့သည့် မီးရှူးမီးပန်းများက မရှိတော့ချေ။ ရန်ကျင်းရှိ ကင်းလှည့်ရဲတပ်ဖွဲ့က အမှန်တကယ် အလုပ်လုပ်ကြောင်း အထင်းသား မြင်တွေ့နိုင်လေသည်။

သို့သော်လည်း သူတို့ လျန်ရူရွှယ် အိမ်ပေါက်ဝရောက်တော့ လျန်ရူရွှယ် ချက်ချင်း ကားပေါ်မှ မဆင်းသွားသေးချေ။

“ နင် ဘယ်အချိန် ကျိုးဟိုင်ပြန်မှာ…”

“ မနက်ဖြန်…” လင်းရီ ပြောလိုက်ပြီး “ မင်းနဲ့တွေ့ပြီးပြီဆိုတော့ တခြား ဘာလုပ်စရာမှ မရှိတော့ဘူးလေ… ဒါကြောင့်မို့ မနက်ဖြန် ပြန်တော့မယ်..”

“ နင် ဒီလည်း အခေါက်တိုင်း ရောက်ဖြစ်နေတာ မဟုတ်ပဲနဲ့ လျှောက်မလည်တော့ဘူးလား…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဖြစ်ချင်တော့ ငါ မနက်ဖြန်အားတယ်… နင် သွားချင်ရင် လိုက်ပို့ပေးလို့ရတယ်နော်…”

“ မရဘူး… အချိန်ရတုန်း ပြန်မှဖြစ်မှာ… အမေ့ကို နှစ်သစ်ကူးပစ္စည်းတွေ ဝယ်ပေးဖို့လည်း ကျန်နေသေးတယ်..” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ခုက ဆောင်းတွင်းလေ… ရန်ကျင်းမှာ ဘာပျော်စရာမှလည်း သိပ်မရှိဘူး…. ရာသီဥတု သာယာမှပဲ တစ်ခေါက်ပြန်လာခဲ့တော့မယ်…”

“ ဒါဆို ငါနင့်ကို မနက်ဖြန် လိုက်ပို့ပေးမယ်…”

“ မလိုဘူး..” လင်းရီ ပြောလိုက်ပြီး “ ငါတို့အချင်းချင်း မြင့်သင့်တာတွေ မြင်ပြီးကြပြီကိုပဲ အပြင်လူတွေမှ မဟုတ်တော့တာ… ကိုယ့်ဘာကိုယ်ပဲ သွားလိုက်တော့မယ်..”

“ နင့် အဲ့ဒီပါးစပ်ကြီးက လျှောက်လျှောက်မပြောစမ်းနဲ့..” လျန်ရူရွှယ် လင်းရီကို ထုံးစံအတိုင်း ခါးဆွဲလိမ်လိုက်ပြန်သည်။

“ ငါသွားပြီ… နင်လည်း ပြန်တော့… ဟိုတယ်ရောက်တဲ့အချိန်ကျ ဝီချက်ကနေ လှမ်းပြီး အသိပေးလှည့်…”

“ အင်း…”

ဒေါက် ဒေါက် ဒေါက်…

လျန်ရူရွှယ် ကားပေါ်မှ ဆင်းတော့မည့် အချိန်တွင် တစ်စုံတစ်ဦးမှ ကားမှန်ပြတင်းပေါက် လာခေါက်သည့် အသံကို သူမ ရုတ်တရက် ကြားလိုက်ရ၏။

အပြင်တွင်တော့ ရဲယူနီဖောင်း ဝတ်စုံနှင့် အရာရှိနှစ်ဦး ရှိနေပြီး လင်းရီကို ဒေါသတကြီး လက်ညိုးထိုး၍ “ တံခါးဖွင့်လိုက်စမ်း….”

လင်းရီ ခေါင်းငဲ့စောင်းရင်း လျန်ရူရွှယ်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

လျန်ရူရွှယ် တည်ငြိမ်သည့် အမူအရာဖြင့် “ ဖွင့်လိုက်လေ… ငါတစ်ယောက်လုံး ရှိနေတာကို နင်က ဘာတွေ ကြောက်နေတာ….”

“ ကျွတ် ကျွတ်.. ဒီလိုမျိုး အာဏာရှိတဲ့ အမျိုးသမီး တစ်ယောက် ရထားတာ ဘယ်လောက် အဆင်ပြေလိုက်လဲ…”

ပြောရင်းဖြင့် လင်းရီ ကားမှန်ပြတင်းပေါက်ကို ချလိုက်သည်။

“ ဘာကိစ်စလဲ…”

“ လမ်းဘေးမှာ မီးပန်းလွှတ်တာ မင်းမလား..”

“ အိုး.. ကျုပ်ကို မှတ်မိကြတယ်ပေါ့…”

“ မင်းကများ ပြန်မေးနေသေးတယ်.. ငါတို့မင်းကို ဒီမှာ စောင့်ဖမ်းနေတာကွ…”

“ ကောင်းပြီလေ…. အဲ့တော့ ဘာလဲလုပ်မှာ…”

“ မင်းငါတို့ကို ရူးချင်ယောင် ဆောင်ပြနေတာလား…” ဝဖိုင့်ဖိုင့်နှင့် ရဲအရာရှိ တစ်ဦးမှ လင်းရီကို လက်ညိုးထိုး ပြောလိုက်ရင်း “ ရှေ့တစ်လတုန်းက ရန်ကျင်းမှာ မီးရှူးမီးပန်း မဖောက်ရဆိုတဲ့ စည်းမျဉ်းထုတ်ထားတယ်.. အဲ့တာတောင် မင်းက မီးရှူးမီးပန်းတွေကို ဘယ်နှကီလိုမှန်းမသိ ဝယ်ပြီး လူသွားလမ်းပေါ်မှာတောင် ဖောက်ပြနေတယ်… ဒီမှာဟျောင့်… တကယ်လို့မှ မင်းကို ငါ နှစ်ဝက်လောက် အချုပ်ထဲ မထည့်ထားဘူးဆိုရင် ငါ့ပခုံးပေါ်က တံဆိပ်တောင် ပြန်ပေးလိုက်ရကိန်း ရှိတယ်ကွ…”

“ နင့်လို ကင်းလှည့်ရဲလေးက ဒီလိုမျိုး လုပ်ဖို့ အရည်အချင်း မမှီဘူးထင်တာပဲ…” ထိုအခိုက် လျန်ရူရွှယ်မှ ဝင်ပြောလိုက်သည်။

“ ရို.. မင်းက ငါ့ကို သင်ခန်းစာပေးမယ်ပေါ့.. ဟုတ်လား မိန်းကလေး….”

“ ငါ အမှန်အတိုင်း ပြောနေတာ…”လျန်ရူရွှယ် ပြောလိုက်ပြီး “ နင်တို့ ဥပဒေကို အတင်းအကြပ် အသုံးချနေတဲ့ အပေါ် ငါ မသိကျေးကျွံ ပြုပေးလိုက်မယ်… နင်တို့ကလည်း ဒီကိစ္စကို ဆက်ပြီး မလိုက်နဲ့တော့…”

ကင်းလှည့်ရဲ အရာရှိနှစ်ဦးမှာ ခေတ္တမျှ ကြက်သေသေသွားပြီး ထို့နောက် အားပါးတရ ဟားတိုက်ရယ်မောကြတော့သည်။

“ ငါတို့ကို ခြိမ်းခြောက်နေတယ်ဟ… ရန်ကျင်းမြို့ကြီးမှာ ငါတို့ကို လာခြောက်ဖို့ကြိုးစားနေတယ်…”

လျန်ရူရွှယ် ဘေးရှိ အိမ်ကို လက်ညိုးထိုးပြလိုက်ပြီး “ ငါနေတာ အဲ့အိမ်မှာ…. နင်တို့ကို ခြောက်လှန့်နေတယ်လို့ ထင်သေးလား…”

ထိုစကားကို ကြားတော့ ကင်းလှည့်ရဲ အရာရှိ နှစ်ဦးလုံး ကြက်သေသေသွားခဲ့တော့သည်။ သူတို့ ဖြည်းညင်းစွာဖြင့် အိမ်ကို လှမ်းကြည့်ရင်း အနည်းအငယ် ရှိုးတို့ရှန့်တန့် ဖြစ်သွားခဲ့ကြ၏။

သူတို့က ဤနယ်တစ်ဝိုက်တွင် တာဝန်ကျသူများ ဖြစ်သောကြောင့် ဤဧရိယာကို သူတို့ လက်ဖမိုးကဲ့သို့ ကောင်းစွာ နားလည်ထားလေသည်။

ဤနေရာ၌ နေထိုင်သူအားလုံးမှာ သာမန်မဟုတ်သည့် အထောက်အထားများ ပိုင်ဆိုင်ထားကြပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူတို့ အပြစ်ပြုစော်ကားရန် မတတ်နိုင်ပေ။

မည်သို့ဆိုစေကာမူ လူတိုင်းက ဒုတိယ အဝိုင်းပတ်လမ်း၌ နေထိုင်နိုင်ကြသည် မဟုတ်ချေ။

“ မိန်းကလေး.. မင်းကို တစ်ချက်ကြည့်လိုက်တာနဲ့ ရန်ကျင်းကမှန်း သိသာတယ်… မင်း အတွေ့အကြုံရှိလို့ ငါတို့ကို ဒီလှည့်ကွက်နဲ့ လာပြီး အရူးလုပ်နေတာမလား…” ဝဖိုင့်ဖိုင့်နှင့် ရဲအရာရှိကြီးမှာ လှည့်ကွက်ထဲ မရောက်သွားသည့် လူလည်ကြီးသွင်ပြင်ဖြင့် ပြုံးစစ ပြန်မေးခွန်းထုတ်လိုက်သည်။

“ ငါလည်းပြောပြလိုက်မယ်.. ငါဆိုတဲ့ကောင်က ဒီမှာ အလုပ်လုပ်လာတာ သုံးနှစ်ရှိနေပြီ.. လူဘောက်သောက်နဲ့ ကြုံဖူးတယ်… ဒီလှည့်ကွက်လောက်လေးနဲ့ ငါ့ကို လှည့်စားလို့ရပြီ ထင်နေတာလား… ကားထဲက ခုချက်ချင်းထွက်… နှစ်ယောက်လုံး ငါနဲ့လိုက်ခဲ့ကြ….”

“ မင်းတို့နှစ်ယောက်လုံး အသာတကြည်နဲ့ လိုက်ခဲ့ရင်ကောင်းမယ်နော.. မဟုတ်လို့ကတော့ ဒီကိစ္စက ပိုပြီး ချဲ့ကားသွားလိမ့်မယ်…” အရာရှိ နောက်တစ်ဦးမှ ပြောလိုက်၏။

“ နင်တို့ကို အရူးလုပ်နေတယ်လို့ ထင်နေကြတယ်ပေါ့..” လျန်ရူရွှယ် အေးစက်စွာ မေးမြန်းလိုက်၏။

“ ဘာလဲ…. မင်းက ကြည့်ကောင်းတာနဲ့ပဲ ငါတို့က သနားစိတ်ဝင်ပြီး လွှတ်ပေးလိုက်ရမှာလား… လုံးဝပဲ… “ ဝဖိုင့်ဖိုင့် အရာရှိကြီးမှ လက်ရမ်းခါပြလိုက်ပြီး “ ဒီကိစ္စ မပြီးသေးဘူး…. မင်းတို့ နှစ်ယောက်လုံးကို သေသေချာချာလေး ကိုင်တွယ်မှ ဖြစ်မှာ.. ငါ့ကိုများ ဘာမှမသိတဲ့ကောင်လို့များ ထင်နေတာလား…. ငါ့ကို အဲ့လောက် အရူးလုပ်ရလွယ်တယ်လို့များ ထင်နေတယ်လား…”

လျန်ရူရွှယ် ဘာမှမပြောဘဲ ခရီးသည် ထိုင်ခုံရှေ့ရှိ ပစ္စည်းထည့်သည့် အံအား ဆွဲဖွင့်လိုက်သည်။

သို့သော်လည်း ဘာမျှရှိမနေချေ။

ထို့နောက် သူမ လက်တင်သည့် သေတ္တာအတွင်း ဖွင့်ကြည့်လိုက်ပြီး အမျိုးစုံသည့် ပစ္စည်းများအား လှန်လောရှာဖွေရင်းဖြင့် ဆေးဝါးကွပ်ကဲမှု အဖွဲ့အစည်းမှ ပေးအပ်ထားသည့် အထူးတိုကင် လေးထောင့်ကတ်လေးတစ်ကတ်အား ရှာတွေ့သွားခဲ့၏။

လျန်ရူရွှယ် ကတ်ကို အရာရှိ နှစ်ဦးရှေ့ ဝှေ့ယမ်းပြလိုက်ပြီး “ ဒါ ဘာလဲ သိလား…”

အရာရှိနှစ်ဦးလုံး ကြက်သေသေသွားခဲ့ကြသည်။ ယခုကတ်ပြားက သာမန်လူတို့လက်ထဲ ရောက်ရန် မဖြစ်နိုင်သည့် ကတ်အမျိုးအစား တစ်ခုပင်။

“ လိုင်စင်နံပါတ်ကို သွားစစ်ကြည့်ပြီး ဒီကားကို ဘယ်သူပိုင်လဲ ကြည့်ကြည့်လိုက်…. နောင်ကျ နင်တို့ အလုပ်လုပ်ရင် မျက်လုံးကျယ်ကျယ်ဖွင့်ထားကြ… တွေ့ကရာကားကို ပိတ်မတားနဲ့…”

အရာရှိနှစ်ဦးလုံးမှ ချက်ချင်းလက်ငင်း အပိုးကျိုးသွားခဲ့ကာ လင်းရီနှင့် လျန်ရူရွှယ်တို့ နှစ်ဦးအား အလေးပြုလိုက်ကြပြီး

“ နား… နားလည်ပါပြီခင်ဗျ…”

လင်းရီ သူမကို လက်မထောင်ပြလိုက်သည်။

“ မိုက်တယ်..”

သူမ၏ အရှိန်အဝါကြီးသည့် ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းရန်အတွက် လျန်ရူရွှယ် ဘာမှမပြောဘဲ ကားတံခါးဖွင့်၍ ခြံဝန်းထဲ ဝင်သွားခဲ့လေသည်။

လင်းရီ ရဲအရာရှိ နှစ်ဦးကို လက်ရမ်းပြ နှုတ်ဆက်ရင်း မှန်ပြန်တင်၍ ပန်ဂု ဟိုတယ်သို့ ပြန်မောင်းလာခဲ့လိုက်၏။

သို့သော်လည်း သူ အခန်းသို့ ပြန်မသွားမီ အရံဟင်းတစ်ချို့နှင့် အရက်များမှာလိုက်ပြီး ရောက်သည်နှင့် သောက်ရန် စီစဉ်ထားလိုက်၏။

လင်းရီ မျှော်လင့်ထားသည့်အတိုင်း ဝူဖေးယွဲ့က မအိပ်သေးချေ။

“ လာ အစ်ကို... မအိပ်သေးဘူးထင်လို့ နည်းနည်း ၀ယ်ခဲ့တယ်…” လင်းရီ အပြုံးဖြင့် ပြောလိုက်၏။

“ ကောင်းပြီလေ…” ဝူဖေးယွဲ့ ပြန်ပြောပြောလိုက်ပြီး “ ဘာလိုလိုနဲ့ ငါးနှစ်တောင် ရှိသွားပြီပဲနော….”

“ အမှန်ပဲ…” လင်းရီ ဝူဖေးယွဲ့၏ ဖန်ခွက်ကို ဖြည့်ပေးရင်း “ အစ်ကို အနာဂတ်အတွက် ဘာလုပ်ဖို့ စီစဉ်ထားလဲ… ရန်ကျင်း၊ရန်ချိန်နဲ့ ကျိုးဟိုင်မှာ ကျွန်တော့် အဆက်အသွယ်တွေရှိတယ်… အစ်ကို ဘာပဲလုပ်လုပ် ကျွန်တော့်ဘက်က အကူအညီပေးဖို့ အသင့်ပဲ….”

“ မလိုဘူး… ငါလမ်း ငါကိုယ်တိုင် ဖောက်မယ်….”

ဝူဖေးယွဲ့ ပြောလိုက်ပြီး “ ငါ့ဘဝမှာ မင်းရဲ့ လယ်ဗယ်လောက် မရောက်နိုင်ဘူးဆိုပေမယ့်… ဘာပဲဖြစ်ဖြစ်.. ငါက မင်းရဲ့ အစ်ကိုကြီးပဲလေ….ညီနား ကပ်စားတဲ့ အစ်ကိုကြီးတော့ ငါအဖြစ်မခံနိုင်ဘူး….”

လင်းရီ အရက်ခွက်ကိုင်ရင်း ကျီချင်းရန် ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို ပြန်လည် အမှတ်ရသွားခဲ့သည်။

မိသားစု တစ်ခု၌ အကြီးဆုံးသူက ဂုဏ်ယူတတ်ပြီး မိသားစုထဲ အကောင်းဆုံး ဖြစ်ချင်တတ်ကြသည်။

ယခု ဝူဖေးယွဲ့ကလည်း ထို့အတူပင်။

“ ကောင်းပြီလေ… ဒါဆို ကျွန်တော် ဝင်မပါတော့ဘူး… ဒါပေမယ့် တစ်ခုခု အကူအညီလိုရင်တော့ပြောပါ… အားနာစရာ မလိုဘူး…”

“ အင်း… အဲ့လောက်ဆိုရပြီ…” ဝူဖေးယွဲ့ ဝိုင်ခွက်ကို မြှောက်ရင်း “ ချီးယား…”

ထို့နောက် ညီကိုနှစ်ယောက် မနက်သုံးနာရီ မိုးလင်းသည်အထိ သောက်နေခဲ့ကြ၏။ သူတို့ နောက်တစ်နေ့ အိပ်ရာနိုးတော့ နံနက် ဆယ်နာရီပင် ကျော်နေချေပြီ။

နှစ်ယောက်မှာ ပစ္စည်းများ ထုပ်ပိုးသိမ်းဆည်းပြီးနောက် ဟိုတယ်၌ တစ်ခုခု စားသောက်ကာ တက္ကစီငှား၍ လေဆိပ်သို့ သွားရန် ဟန်ပြင်လိုက်ကြသည်။ ထိုစဉ် ချိန်ရန်ကားကိုတော့ လင်းရီ ဟိုတယ်၌သာ ပစ်ထားခဲ့လိုက်လေသည်။

သို့သော်လည်း သူတို့ တံခါးပေါက် အပြင်ဘက်သို့ ခြေချသည်နှင့် လီဂျန်းနီမှ သူ့ထံ လျှောက်လာနေကြောင်း လင်းရီ မြင်တွေ့လိုက်ရ၏။

“ နင် နောက်ဆုံးတော့ ထွက်လာပြီပေါ့…. ငါတော့ဖြင့် တစ်မနက်ခင်းလုံး စောင့်နေလိုက်ရတာ…”

All Chapters