ငါမင်းကို အသာလေး ရိုက်သတ်ပစ်လို့ရတယ်..
Vol. 62 Ch. 930
လင်းရီ လက်ဖက်ရည်ခွက်ကို လက်ထဲ မွှေ့ကစားလိုက်ရင်း လီရွှယ်ရုန်ကို ကြည့်လိုက်သည်။
“ အဘိုးကြီး ... ကျုပ်ဘယ်သူလဲဆိုတာ မသိရင် အပြင်မှာ စုံစမ်းလိုက်ဦး...… ဒီနေရာမှာ ခင်များရဲ့ ဝါစဉ်ကို ကြွားလုံးထုတ်နေတာက ပျင်းဖို့ကောင်းတယ်..”
ပြောပြီးနောက် လင်းရီ အပြုံးလေးဖြင့် ထွက်ခွာဟန်ပြင်လိုက်သည်။
“ အဲ့မှာ ရပ်စမ်း…”
လင်းရီ ခြေတစ်လှမ်းလှမ်းပြီးခါရှိသေး ဖူဟိုင်ရှန်းမှ ရုတ်တရက် ဟန့်တားလာခဲ့၏။
“ အကြီးအကဲလီက မင်းကို ထွက်သွားဖို့ ပြောနေပြီမို့လို့လား…”
လင်းရီ လှည့်ပြီး ဖူဟိုင်ရှန်းထံ အကြည့်ပို့လိုက်သည်။ “ ခင်များလည်း မဆင်မခြင် မလုပ်ရင် ပိုကောင်းလိမ့်မယ်… မဟုတ်လို့ကတော့ ကျုပ်ဘက်က သေအောင် ရိုက်နှက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး..”
ပြောပြီးနောက် လင်းရီ၏ အကြည့်က လီရွှယ်ရုန်ထံ ကျရောက်သွားခဲ့ပြီ “ အဲ့ကျွန်းပေါ်မှာ ဘာတွေဖြစ်ပျက်နေလဲ ကျုပ်မသိဘူး...ဒါပေမယ့် လုံး၀ သာမန်မဟုတ်တာတော့ သေချာတယ်…… ခင်များတို့ လီမိသားစုရဲ့ အရွယ်အစားနဲ့ဆို ကျွန်းပေါ်မှာ ဘာပဲ ရှိနေရှိနေ အဲ့ဒီအရာကို ထိတွေ့ဖို့ မထိုက်တန်ဘူး… ဒီတော့ လက်လျော့ပြီး အိမ်မှာ နေပြီး မြေးပဲအေးဆေးထိန်း…”
ပြောပြီးနောက် လင်းရီ လှည့်ထွက်သွားတော့သည်။
“ မင်း…”
“ တော်ပြီ.. သူ့ကို ပေးသွားလိုက်..” လီရွှယ်ရုန် ပြောလိုက်သည်။
လင်းရီထွက်ခွာသွားခဲ့သည်ကို ကြည့်ရင်း ဖူဟိုင်ရှန်း မလိုလားမှုပေါင်း များစွာတို့ဖြင့်
“ အကြီးအကဲလီ… သူ့ကို ဘာလို့ ဒီတိုင်း လွှတ်ပေးလိုက်ရတာ.. သူ တစ်ခုခု သိထားတယ်ဆိုတာ သေချာတယ်…”
“ မဖြစ်နိုင်ဘူး..”
လီရွှယ်ရုန် ပြောလိုက်ပြီး “ သူ မသိလောက်သေးဘူး… မဟုတ်ရင် သူ ဒီလိုက်လာခဲ့မှာတောင် မဟုတ်ဘူး…”
“ ဒါဆို ကျုပ်တို့ သူ့ကို ထိန်းသိမ်းထားပြီး စစ်မေးကြည့်ကြရင် မကောင်းဘူးလား…”
“ အဲ့လိုလည်း မင်း လုပ်နိုင်မှာ မဟုတ်ဘူး..” လီရွှယ်ရုန် ပြောလိုက်ပြီး “ မင်းလည်း ဂျန်းနီပြောလို့ ကျွန်းပေါ်က အခြေအနေတွေအကြောင်း သိပြီးလောက်ရောပေါ့.. သူက ဂျန်းနီထက် မြင့်မားတဲ့ အဆင့်မှာရှိတယ်.. ပြီးတော့ သူက တောင်ထိပ်ကို ရက်နှစ်ဆယ်အတွင်း ရောက်ခဲ့တဲ့သူနော်.. သူမင်းကို အသာလေးရိုက်နိုင်တယ်ဆိုတာ နောက်ပြောင်ကျီစယ်ပြီး ပြောနေတာမဟုတ်ဘူး…တကယ်လို့ မင်းတို့နှစ်ယောက် ချကြရင် သေချာပေါက် ခံရမယ့်သူက မင်းပဲ…”
ဖူးဟိုင်ရှန်း စကားအပိုမပြောတော့ချေ။ အကြီးအကဲလီပင် ယခုလို ပြောလာပြီးဖြစ်သောကြောင့် သူ့ဘက်က စောဒကတက်နေလျှင်လည်း အချည်းနှီးမျှသာဖြစ်၏။ ထို့ကြောင့် မကျေမချမ်းမှုများကို အံကြိတ်ရင်း ပြန်လည် မျိုချလိုက်ရတော့သည်။
လင်းရီ အခန်းထဲမှ ထွက်လာသည်ကို မြင်တော့ လီဂျန်းနီမှ သူ့အား နက်နက်ရှိုင်းရှိုင်းကြည့်လိုက်၏။
ဒီလောက် မြန်မြန်ကြီး ထွက်လာခဲ့တယ်ဆိုတော့ ညှိနှိုင်းဆွေးနွေးတာ အဆင်မပြေလို့များလား…
“ အဲ့တော့… နင်အဘိုးကို ဘာတွေလဲ ပြောခဲ့တာ….”
“ ဘာမှ မဟုတ်ပါဘူး.. မင်းအဘိုး ခုတလော တော်တော်လေး စိတ်ဆတ်နေတာ မြင်တော့ ငါ သူ့ဒေါသတွေကို ဖောက်ထုတ်ပစ်လို့ရအောင် ညဉ့်ငှက်မယ်လေး နှစ်ယောက်လောက် ခေါ်လိုက်လို့ အကြံပေးခဲ့လိုက်တယ်…”
လီဂျန်းနီ “….. “
“ ကောင်းပြီ… ငါ့ လိုက်မပို့နဲ့တော့… ဘာပဲဆိုဆို မင်းက လီမိသားစုထဲက …. ငါနဲ့ အရမ်းနီးကပ်နေရင် မင်းအတွက် ကောင်းမှာ မဟုတ်ဘူး…”
လီဂျန်းနီ ခေါင်းညိမ့်လိုက်ပြီး ကပ်လျက်လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်ကာ လင်းရီ ထွက်သွားသည်ကို နောက်မှ ကြည့်နေလိုက်သည်။
ဆယ်မိနစ်ကျော်ကြာအောင် လမ်းလျှောက်ပြီးနောက် လင်းရီ ရပ်ကွက်လမ်းလေးများကြားထဲမှ ထွက်လာခဲ့ပြီး ဖြစ်၏။ သို့နှင့် တက္ကစီတစ်စီး ငှားလိုက်ပြီး ဝူဖေးယွဲ့နှင့် တွေ့ဆုံရန် ပန်ဂုဟိုတယ်သို့ ဦးတည်လိုက်လေသည်။
သို့သော်လည်း ခရီးလမ်းခုလတ်၌ ဗန်ကားတစ်စီးမှ နောက်ယောင်ခံလိုက်နေကြောင်း လင်းရီ ရုတ်တရက် သတိပြုမိသွားခဲ့၏။
သူ သေချာသွားအောင် နောက်ထပ် မိနစ် အနည်းငယ်ကြာသည်အထိ ဆက်လက်စောင့်ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ လင်းရီ အတွေးလွန်နေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်နိုင်လေသည်။
“ ငါ့အစ်ကို.. ကျုပ် ပန်ဂု ဟိုတယ် မသွားတော့ဘူး…. လူပြတ်တဲ့နေရာကိုသာ မောင်းလိုက်တော့…”
“ ဟမ်…”
ဒရိုင်ဘာမှာ ရှော့ခ်ရသွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသည့် မျက်နှာထားဖြင့် “ ညီလေး.. မင်း အဲ့လို မလုပ်ပါနဲ့လားကွာ…. အစ်ကိုက ရိုးရိုးသားသား တက္ကစီမောင်းစားနေတာပါ… ပိုက်ဆံလည်း အဲ့လောက် မချမ်းသာပါဘူး.. မင်း ဓားပြတိုက်ချင်ရင်တောင် တခြားတစ်ယောက်ရှာလိုက်… မင်းတောင် ပြန်သနားသွားမယ့် ငါ့ပိုက်ဆံအိတ်လေးကိုတော့ မက်မောမနေစမ်းပါနဲ့ကွာ…”
“ ငါ့အစ်ကို.. ခင်များ အထင်လွဲနေပြီ.. ကျုပ်တို့နောက်က ကားတစ်စီး နောက်ယောင်ခံလိုက်နေလို့…. သူတို့ကို ကိုင်တွယ်ဖို့ ဘယ်သူမှ မရှိတဲ့နေရာကို မောင်းသွားပေးဖို့ ပြောနေတာ..”
“ တကယ်ကြီးလား.. ငါ တက္ကစီမောင်းလာတာ နှစ်ပေါင်းမနည်းတော့ဘူး ဒီလိုမျိုး တစ်ခါမှ မကြုံဖူးသေးဘူး… မင်းတို့ကောင်တွေ ငါ့ကို စချင်လို့ ကြံဖန်ပြီး ဗီဒီယိုတွေ ရိုက်နေကြတာလားကွ…”
“ မဟုတ်ဘူး… ကျုပ်လုပ်နေတာ ကျုပ်သိတယ်… ကျုပ် ခင်များဆီ ယွမ်နှစ်ရာ ထပ်လွှဲပေးလိုက်မယ်ဗျာ.. လူပြတ်တဲ့ နေရာကိုသာ မောင်းသွားပေး…”
ပိုက်ဆံ ဝင်လာသည်ကို မြင်တော့ ဒရိုင်ဘာမှ ထွေထူး စဉ်းစားမနေတော့ချေ။
ပိုက်ဆံ အရင်လွှဲပြီး ဓားပြတိုက်သူ မရှိကြောင်းတော့ တက္ကစီဦးလေးကြီးမှာ လုံးဝသေချာလေသည်။ ထို့ပြင် ခရီးသည်ကောင်လေး၏ ရုပ်ရည်မှာလည်း ချောမောပြေပြစ်လှပြီး အကျင့်စာရိတ္တလည်း ကောင်းမွန်ပုံရ၏။
တစ်နာရီကျော်အောင် မောင်းနှင်ပြီးနောက် တက္ကစီဦးလေးကြီးမှ ဆဠမ အဝိုင်းပတ်လမ်းသို့ မောင်းနှင်လာပြီး အဆောက်အအုံတစ်ခုကို ညွှန်ပြလိုက်၏။ ထို့နောက်
“ အဲ့ အဆောက်အအုံ ပိုင်ရှင်က ဆောက်နေရင်း ပိုက်ဆံပြတ်သွားလို့ ဒီတိုင်း မပြီးသေးပဲ ပစ်ထားတာ… ပုံမှန်ဆို အဲ့နေရာကို ဘယ်သူမှ မလာကြဘူး.. မင်းအတွက် အဆင်ပြေမယ်ထင်တာပဲ…”
“ အင်း… မဆိုးပါဘူး.. ခင်များက ဒီလိုနေရာတွေကိုလည်း သိနေတယ်ပေါ့…”
“ ဟားဟား…. ရန်ကျင်းက ကြီးတယ်ဆိုပေမယ့်ငါမသိတဲ့ နေရာမရှိဘူး…”
“ ကြိုက်သွားပြီ…”
လင်းရီ လက်မထောင်ပြပြီးနာက် ကားထဲမှ အပြုံးလေးဖြင့် ထွက်လိုက်ကာ နောက်ရှိ ဗန်ကား မှီလာမည်ကို စောင့်နေလိုက်သည်။
နောက်ဆုံး၌ သူ့နောက် လိုက်နေသည်မှာ ဗန်ကားတစ်စင်းမျှတင် မဟုတ်ဘဲ မာစီတီး တစ်စင်းနှင့် BMW 7 စီးရီး တစ်စင်းတို့လည်း ရှိနေကြောင်း လင်းရီ သတိထားမိသွားခဲ့၏။
ထို့နောက် လူဆယ်ဦးကျော်မှာ ကားထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြလေသည်။
လင်းရီ ထိုအထဲ နှစ်ယောက်ကိုတော့ မျက်မှန်းတမ်းမိလိုက်သည်။
သူတို့က ခရိုခ၀ ကျွန်းပေါ်၌ လင်းရီ တွေ့ခဲ့ရသည့် ဝေ့ကျင်းလိန်နှင့် စွေ့ကွမ်းတဲ့တို့ပင်။
သို့သော်လည်း ဤအခိုက်အတန့်တွင်တော့ ဝေ့ကျင်းလိန်နှင့် စွေ့ကွမ်းတဲ့တို့က အုပ်စု၏ ခေါင်းဆောင်များ မဟုတ်ကြချေ။ သူတို့ဘေးတွင်တော့ အနက်ရောင် ဝတ်စုံပြည့်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေသည်။
သူ၏ ခန္ဓာကိုယ်အရပ်အမောင်းက ၎င်းတို့နှစ်ယောက်ထက်ပင်ရှည်လျားနေပြီး သန်မာသည့် အရှိန်အဝါတို့အား ပိုင်ဆိုင်ထား၏။
“ ငါ လီမိသားစုအိမ်ထဲ ထွက်လာကတည်းကရင် မင်းတို့ ငါ့နောက် လိုက်လာခဲ့ကြတာမလား…” လင်းရီ ခပ်ရေးရေး ပြုံး၍ ပြောလိုက်၏။
“ မစ္စတာလင်းက တကယ့်ကို ထူးကဲသာလွန်သူ ပီသပါပေတယ်.. ကျုပ်တို့ကို ဒီလောက် မြန်မြန်ရှာတွေ့သွားလိမ့်မယ်လို့တောင် ထင်မထားဘူး…” ဝတ်စုံပြည့်နှင့် အမျိုးသားမှ ပြုံးလိုက်ပြီး “ ကျုပ် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ… ကျုပ်နာမည် ဝေ့ရှောင်ချိ…. ရန်ကျင်း ဝေ့မိသားစုကပါ… ကျုပ် မစ္စတာလင်းကို ဝေ့မိသားစုဆီ အလည်ခေါ်ချင်လို့ အဆင်ပြေမလားမသိဘူး…”
“ ကြက်ပေါက်လေးက စွန်ရဲကို နှုတ်ဆက်နေတာ ကောင်းတဲ့အရာတွေ ဖြစ်လာမှာတော့ မဟုတ်ဘူးနော..” လင်းရီ ပြောလိုက်ပြီး “ ငါက ဒီတိုင်း အလည်လာတာ… ရယ်စရာကောင်းတဲ့ စိတ်ကူးတွေရှိရင် တစ်ခါတည်း စွန့်လွှတ်ထားလိုက်.. ဟိုနှစ်ယောက် ငါဘာကောင်လဲဆိုတာ သူတို့ ကောင်းကောင်းကြီးသိတယ်.. စိတ်မချမ်းမြေ့စရာတွေ ဖြစ်အောင် မလုပ်ချင်စမ်းနဲ့..”
“ မစ္စတာလင်း… ကျုပ်တို့က ဒီကို စိတ်ရင်းအမှန်နဲ့လာခဲ့တာ… ကျုပ်တို့ စကားကောင်းပြောနိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်…”
“ ဘာကို စိတ်ရင်းအမှန်နဲ့လဲ…” လင်းရီ ပြောလိုက်ပြီး “ လီရွှယ်ရုန်ကတောင် ငါ့ကို သဟုန်ပေါင်း လက်ဖက်ရည်နဲ့ ဧည့်ခံသေးတယ်… မင်းတို့က ငါ့ကို ဘာပေးလဲ.. ငါ့ကိုတောင် တက္ကစီဒရိုင်ဘာဆီ ယွမ်နှစ်ရာ အပိုထပ်ပေးရအောင် လုပ်လိုက်သေးတယ်.. အဲ့တာ မင်းတို့ ပြောနေတဲ့ ယီးစိတ်ရင်းအမှန်လား…”
“ အာ….”
ဤကဲ့သို့ သာမန်ရိုးကျမဟုတ်သည့် အဖြေက ဝေ့ရှောင်ချီကို ကြက်သေသေသွားစေခဲ့ပြီး ခေတ္တမျှကြာအောင် မည်သို့ပြန်ဖြေရမှန်းမသိ ဖြစ်သွားခဲ့လေသည်။
“ ငါ့အထင် မင်းတို့လည်း လီမိသားစုနဲ့ အကြံတူ ဉာဏ်တူတွေပဲ ဖြစ်မယ်… သူတို့တောင် ငါ့ကို ထိန်းမထားနိုင်မှတော့ မင်းတို့အတွက်လည်း ပိုပြီး ထူးခြားမသွားဘူး…” လင်းရီ ပြောလိုက်ပြီး “ နှုတ်ဆက်ကြတာပေါ့…”
လင်းရီ ဝေ့ရှောင်ချီကို ရှောင်ကွင်းပြီး ထွက်ခွာသွားလိုက်၏။ သို့သော်လည်း တစ်ဖက်သူမှ တည်ငြိမ်သည့် လေသံဖြင့် “ မစ္စတာလင်း.. ကျုပ်တို့ ဒီတစ်ကြိမ် တကယ့် စိတ်ရင်း အမှန်နဲ့ လာခဲ့တာ… တကယ်လို့ မစ္စတာလင်းက အသာတကြည် မလိုက်ခဲ့ချင်ဘူးဆိုရင်တော့ ကျုပ်တို့ လှုပ်ရှားရလိမ့်မယ်… မစ္စတာလင်း စိတ်မရှိဘူးလို့တော့ မျှော်လင့်တာပဲ….”
သူ စကားပြောပြီးပြီးချင်း ဝေ့ကျင်းလိန် ၊ စွန်းကွမ်းတဲ့နှင့် ကျန်သည့်လူများမှ လင်းရီကို စက်ဝိုင်းသဏ္ဍာန် ဝန်းရံထားလိုက်ကြသည်။
“ မင်းတို့နှစ်ယောက်က ငါ ကျွန်းပေါ်မှာ ကျွေးခဲ့တဲ့ ခြေကန်ချက်ကို ခုထိ မမှတ်မိသေးဘူးပေါ့…”
“ ငါတို့လည်း ဘယ်တတ်နိုင်မှာ..” ဝေ့ကျင်းလိန်မှ သက်ပြင်းချလိုက်ပြီး “ ငါတို့ရဲ့ တာဝန်က မင်းကို ပြန်ခေါ်လာခဲ့ဖို့ပဲ… ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ မျှော်လင့်တယ်…”
“ မပူးပေါင်းပေးဘူးဆိုရင်ကော… မင်းတို့က ငါ့ကို အများနဲ့ တစ်ယောက် တိုက်ခိုက်ကြမယ်ပေါ့…”
“ ငါမင်းရဲ့ ပြိုင်ဘက် မဟုတ်မှန်း နားလည်တယ်... “ ဝေ့ကျင်းလိန် ပြောလိုက်ပြီး “ ဒါကြောင့်မို့ ငါတို့နဲ့ ဒီရဲ့ အစ်ကိုကြီးကို အတူခေါ်လာခဲ့တာ… သေချာစဉ်းစားပေါ့.. မဟုတ်ရင်တော့ မင်း အခြေအနေကောင်းမှာတော့ မဟုတ်ဘူး…’
လင်းရီ ခေါင်း နောက်သို့လှည့်၍ ဝေ့ရှောင်းချီကို ကြည့်လိုက်သည်။
“ သူလား…”
ထိုအချိန် ဝေ့ရှောင်ချီမှ ခေါင်းလှည့်လာခဲ့ပြီး “ မစ္စတာလင်း .. ကျုပ် အင်အား မသုံးချင်ဘူး… ဒီတော့ ကျုပ်တို့နဲ့ အေးဆေးလိုက်ခဲ့.. ဒါနောက်ဆုံးတစ်ကြိမ် သတိပေးခြင်းပဲ…”
“ မလိုက်တော့ ယီးဖြစ်လားကွာ…”
“ ဒါဆိုလည်း ရိုင်းပြတယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့..”
ဝေ့ရှောင်ချီ၏ လက်၀ါးကြီးက လင်းရီ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ သူ၏ ဟန်ပန်က ပိန်သွယ်ပုံရသည့် လင်းရီကို မြေပေါ် ကိုင်ပေါက်ချင်နေပုံပင်။
သို့သော်လည်း သူ မည်သို့ ကြိုးစားနေစေကာမူ လင်းရီက တုတ်တုတ်မျှ မလှုပ်သွားချေ။ မြေအောက်၌ နက်ရှိုင်းစွာ အမြစ်တွယ်ထားသည့် သစ်ပင်ကြီးတစ်ပင်ကဲ့သို့ မလှုပ်မယှက် ရှိနေလေသည်။
“ မင်း အား ဒါအကုန်ပဲလား..” လင်းရီ ပြောလိုက်ပြီး “ ကြည့်ရတာတော့ မင်းလည်း ချို့တဲ့နေတဲ့ပုံပဲ…”
ပြောပြီးနောက် လင်းရီ ဝေ့ရှောင်ချီ၏ လက်မောင်းကို ပြောင်းပြန်လိန်ချိုးလိုက်ပြီး ကိုယ်ကို အဝေးသို့ ကန်ထုတ်ပစ်လိုက်၏။
“ နှစ်သစ်ကူးရောက်တော့မှာဆိုတော့ ပွဲဆင်နွှဲလို့ရအောင် လက်တစ်ဖက်တော့ ချန်ထားပေးလိုက်မယ်… ပြန်ပြီး မင်း မိသားစုက သေခါနီးကြီးတွေကို ပြောလိုက်…. ဒီထဲက ရေတွေက နက်ရှိုင်းတယ်… ဝင်ပြီး မပက်သက်တာ အကောင်းဆုံးပဲ…”