← Chapters

ဆင်ခြင်တုံတရားမရှိသော တွက်ချက်မှု

Vol. 86 Ch. 4.796

ဆင်ခြင်တုံတရားမရှိသော တွက်ချက်မှု

Vol. 86 Ch. 4.796

စကားတစ်ခွန်းမှ မပြောဘဲနဲ့တင် လုရွှမ်က ပြဿနာ ရှာသူတစ်ယောက်ဖြစ်ကြောင်း ချက်ချင်း ကောက်ချက် ချလိုက်သလိုပင် လူခုနစ်ယောက်က ရှေ့သို့ ပြေးထွက်လာ လုရွှမ်ကို ဝိုင်းထားလိုက်သည်။

"ကောင်လေး မင်း ​ပြဿနာ လာရှာနေတာလား? မင်းနာမည်၊ မင်းရဲ့ ကျင့်ကြံမှု အဆင့်နဲ့ မင်းရဲ့ဂိုဏ်းက ဘယ်မှာလဲ ငါ့ကို ပြောပြစမ်း!"

"မိုက်မဲတဲ့စကားတွေ ရပ်လိုက်တော့...မင်းရဲ့ ဂရုမစိုက်တဲ့ အကြည့်​တွေကို ကြည့်လိုက်တာနဲ့ကို မင်းလူကောင်း မဟုတ်ဘူးဆိုတာ ငါသိတယ်... အဲဒါကြောင့် မင်းကိုလက်ထိပ်ခတ်ပြီးမှ စကားပြောရအောင်"

လူခုနစ်ယောက်က ရိုင်းစိုင်းစွာ အော်ဟစ်နေကြပြီး လုရွှမ်ရဲ့ နောက်မှာ ရပ်နေတဲ့ လူနှစ်ယောက်က ရှေ့တစ်လှမ်းတိုးပြီး လုရွှမ်ရဲ့ နောက်ကျောကို လက်နဲ့ ဖိထားလိုက်သည်။ သူ့ရှေ့ကလူက ​မှော်တံဆိပ်ပြားကို ထုတ်ပြီး လုရွှမ်ရဲ့နဖူးမှာ ကပ်လိုက်သည်။

မှော်တံဆိပ်ပြား ထွက်လာသည်နှင့် တပြိုင်နက် လုရွှမ်သည် ရွှမ်ခုန်းတောင်တွင် သူမြင်ဖူးခဲ့သော တားမြစ်ဝိညာဉ်ရေငွေ့ထက် ပိုမိုပြင်းထန်သော တားမြစ်ထားသော ဝိညာဉ်ရောင်ဝါကို ချက်ချင်း ခံစားလိုက်ရသည်။

မှော်တံဆိပ်ပြားရဲ့ နိယာမစွမ်းအင်တွေက ထင်ရှားစွာ မပေါ်လာသေးသော်လည်း ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ပြင်းထန်စွာ ချုပ်နှောင်ထားသည်။ ဒီကောင့်ကို ကပ်ထားရင် နတ်မီးနယ်ပယ်ရဲ့ သာမာန်သခင်တွေက ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူက ကောင်းကင်ဘုံသခင် တစ်ယောက်ပဲ။

သူ့နောက်ကွယ်မှာ သူ့ကို ဘယ်သူက ကြံစည်နေပါစေ ဒီလိုပစ္စည်းမျိုးကို အသုံးချဖို့ တကယ်ကို သတ္တိရှိနေတာပဲ။ တစ်ဖက်သား၏ ဆုံးဖြတ်ချက်သည် အလွန်ခိုင်မာကြောင်း ပြသရာ ရောက်နေပြီ။ ထိုလူ့လက်ထဲသို့ ကျရောက်သွားသည်နှင့် မသေလျှင်ပင် ခန္ဓာကိုယ်က ပြတ်တောက်သွားမှာ သေချာပါသည်။

ဤလူများသည် မာနထောင်လွှားလေ့ ရှိကြပြီး သူတို့၏ လှုပ်ရှားမှုများသည် အလွန်ကျွမ်းကျင် ပိုင်နိုင်ကြသည်။ လုပ်စားနေကျ ထင်ပါရဲ့။

လုရွှမ် တုံ့ပြန်မှု မရှိတဲ့ ပုံပေါက်နေတာကို မြင်လိုက်ရတော့ လူခုနစ်ယောက်ဟာ လုရွှမ် ခုခံဖို့ မဝံ့ရဲကြဘူးလို့ ထင်တဲ့အတွက် ရှေ့ကို တွန်းပို့လိုက်​ကြသည်။

ရယ်စရာကောင်းတာက ထန်းယွမ်မြို့ရဲ့ ဈေးထဲမှာ ရန်ဖြစ်တာတွေ ခွင့်မပြုဘူးတဲ့။ ဒါက ရှေးခေတ်က ပြဌာန်းခဲ့တဲ့ စည်းကမ်းပဲ။ လီမိသားစုမှ ဦးဆောင်ပြီး အဓိကဂိုဏ်းကြီး ကိုးခုမှ ပူးပေါင်းကြီးကြပ်သည့် ဓလေ့က ဒါကိုတောင် ကျော်လွန်မထားနိုင်ဘူးတဲ့လား။

စည်းမျဥ်း စည်းကမ်းအရ မနာခံဘဲ ခုခံဝံ့ပါက တိုက်ရိုက် သတ်ပစ်နိုင်သည်။

လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် အနှံ့အပြားသို့ ပျံ့နှံ့သွားပြီး လူတိုင်း တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ လမ်းသွားလမ်းလာများ၏ မျက်လုံးများတွင် သနားခြင်း၊ စာနာခြင်းနှင့် ကြည်နူးခြင်းများ အစုံအလင် ရှိကြောင်း သဘာဝအတိုင်း မြင်နေရသည်။

အမူအရာနှင့် လှုပ်ရှားမှုများသည် ဤလူခုနစ်ယောက်၏ အပြုအမူကို အစောကတည်းက ကျင့်သားရ​နေကြောင်း ပြသနေပါသည်။

မနီးမဝေးတွင် ရောင်စုံအ၀တ်အစားများ ဝတ်ထားသည့် လူငယ်နှစ်ဦးသည် စားသောက်ဆိုင်တစ်ခုရှိ ပြတင်းပေါက်တစ်ခုတွင် ထိုင်ကာ ထိုအဖြစ်အပျက်များကို အဝေးက ကြည့်နေကြသည်။

"အစ်ကိုကျောင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ.... သူ့ဓားကို လှန်လိုက်ပေမယ့် အစွမ်းထက်တဲ့ လှုပ်ရှားမှုတစ်ခုတောင် မလုပ်ရသေးဘူး လှည့်ကွက်နည်းနည်းနဲ့ ထောင်ချောက်ထဲ ဖမ်းမိသွားပြီ တော်လိုက်တာ တော်လိုက်တာ"

"အစ်ကိုဝမ်က ကျွန်တော့်ကို ချီးကျူးနေပြန်ပါပြီ.... ဒီအတိုင်း တိုင်းပြည် ကျက်သရေရှိဖို့ လုပ်ရတာပါ!"

"အစ်ကိုကျောင်း လုရွှမ်က သေခြင်းတရားကို ထိုင်စောင့်နေမယ်လို့ မင်းထင်လား?"

"ဟာဟားဟား သူ မခုခံတော့ ဘာဖြစ်လဲ? မခုခံတော့ရော ဘာဖြစ်လဲ...သူ့အသက်က သူ့အပေါ်မှာ မူတည်မ​နေ​တော့ပါဘူး"

လုရွှမ်၏ လက်များ တုန်ခါသွားပြီး အနောက်မှ ဖိထားသော လူနှစ်ယောက်၏ လက်များသည် လုရွှမ်နောက်ကျောမှ အလွန်တရာ ယောက်ျားပီသသော ယန်စွမ်းအားများ ထွက်ပေါ်လာတာကို ခံစားလိုက်ရသည်။

ထိုကဲ့သို့ အကြမ်းဖက်မှုများသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ရပ်တန့်မသွားနိုင်ဘဲ ဒီရေတက်လာခြင်း ကဲ့သို့ပင်။ လုရွှမ် ခုခံနိုင်စွမ်းရှိမည်ဟု မမျှော်လင့်ထားခဲ့သလို ကောင်းကင်ဘုံသခင်၌ ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားများ ရှိလာမည်ဟုလည်း မမျှော်လင့်ခဲ့ပေ။

လုရွှမ် ထိုနှစ်​ယောက်ရဲ့လက်ကို တစ်ချက်စီ လိမ်ချိုးလိုက်တာနဲ့ လက်များ ကျိုးသွားကာ ခန္ဓာကိုယ်များ ပျံထွက်သွားသည်။ စူးရှသောအသက်ရှုသံသည် ၎င်းတို့၏ ယွမ်စွမ်းအားကို တခဏချင်း ဖောက်ထွင်းသွားကာ သူတို့၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွား၏။ ပြင်းထန်သွားသော ဒဏ်ရာကြောင့် သွေးများက နေရာအနှံ့မှ ထွက်လာခဲ့သည်။

သူ့ရှေ့ကလူက ရုတ်တရက် အော်လိုက်သည်။

"ဟေး... မင်းက ခုခံဖို့ သတ္တိရှိတယ်ပေါ့... လက်နက် ချလိုက်စမ်း!"

လုရွှမ် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ချိန် ခရမ်းရောင် ဖီးနစ်နတ်မီး တောက်လောင်လာကာ သူ့လက်ဖဝါးကို ဖုံးအုပ်ထားသည့် မီးလုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ထူးဆန်းမီးတောက်?"

အဲဒီလူက ဗဟုသုတ ရှိတာကြောင့် အော်ဟစ်ပြီး အမြန်ပဲ ပြန်ဆုတ်သွား၏။

ဤလူများ၏ ကျင့်ကြံမှုနှင့် အပြုအမူများကို မြင်လိုက်ရသည်နှင့် ဤလူခုနစ်ယောက်သည် မည်သူမည်ဝါ ဖြစ်ကြောင်း လုံးဝ မသိခဲ့သလို စိတ်ဆန္ဒအတိုင်း မောင်းနှင်ထားသော ရုပ်သေးများသာ ဖြစ်ကြောင်း လုရွှမ် နားလည်သွားသည်။

ဒါ​ပေမဲ့ ဒီလူ​တွေကို ကရုဏာပြနေရင် ဟာသ​လေး​ ဖြစ်သွားမှာပေါ့။

ဖီးနစ်နတ်မီးက ပြေးထွက်သွား၍ တစ်ဖက်လူရဲ့ လက်ဖဝါး​ပေါ်ကို ချက်ချင်း ဖုံးလွှမ်းပစ်လိုက်သည်။ လုရွှမ် သူ့လက်ဖဝါးကို ဖြန့်လိုက်သောအခါ မှော်တံဆိပ်ပြားက သူ့လက်ထဲ ရောက်လာသည်။ ဒီလူတွေကို ဒီလိုကောင်းတဲ့အရာကို အသုံးချခွင့်ပေးလိုက်တာက အရင်းအမြစ်တွေကို ဖြုန်းတီးပစ်ရာ ကျလိမ့်မယ်။

မီးတောက်များသည် တစ်ဖက်လူရဲ့ လက်တစ်ခုလုံးကို လျင်မြန်စွာ ဖြတ်ကျော် ဖုံးလွှမ်းသွားခဲ့ပြီ။ ယခုအခါ ဖီးနစ်နတ်မီးသည် တတိယအဆင့်သို့ ရောက်ရှိသွားကာ အငွေ့အသက်နဲ့ ခြိမ်းခြောက်နိုင်မှု နှစ်ခုစလုံးသည် သိသိသာသာ တိုးမြင့်လာခဲ့သည်။

နတ်မီးနယ်ပယ်က သခင်တွေအပေါ် ခြိမ်းခြောက်မှုမှာလည်း အလွန် တိုးများလာပါပြီ။ နတ်မီးသုံးလုံးထက် ပိုထွန်းထားသော နတ်မီးနယ်ပယ်ရှိ လူအတွက် လက်ရှိ ဖီးနစ်နတ်မီးသည် အနည်းငယ် မလုံလောက်သေးသော်လည်း ဤကောက်ကျစ်သော ဖရဲသီးအနည်းငယ်ကတော့ ဖီးနစ်နတ်မီးကို ခုခံရန် ဝေးကွာနေသေးသည်။

တစ်ဖက်လူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ လမ်းရှည်တစ်လျှောက် အော်ဟစ်သံများကို အတိုင်းသား ကြားလိုက်ရသည်။ ထိုလူက တုန်လှုပ်ခြောက်ခြားစွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး လှည့်ပတ် ပြေးနေ၏။

သူသည် သူ့လက်ထဲတွင် ရှိသမျှ နည်းလမ်းပေါင်းစုံဖြင့် ပြင်းပြင်းထန်ထန် ခုခံရန် အသုံးပြုခဲ့သော်လည်း အသက်ရှူချိန် အနည်းငယ် အတွင်း၌ပင် သူ့လက်တစ်ခုလုံး လောင်ကျွမ်းသွားပြီး သူ့လက်မောင်းကို လွှမ်းကာ သူ့တစ်ကိုယ်လုံး အနှံ့ ပျံ့သွားတော့မည်။

လုရွှမ် မီး​တောက်ကို ပြန်ယူလိုက်သည်။ ဤကိရိယာမျိုးသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော်လည်း အသက်​တော့ မသေစေချေ။

"ပြောပါ မင်းကို ဘယ်သူက ဒီကို ပို့လိုက်တာလဲ"

လုရွှမ် မေးလိုက်သည်။

ထိုလူမှာ လုံးဝကို ထိတ်လန့်သွားခဲ့သည်။ ယခုအခိုက်အတန့်တွင် သူသည် သေခြင်းတရား လမ်းကြောင်းထဲမှ ကျဥ်းမြောင်းစွာ လွတ်မြောက်လာနိုင်ခဲ့ရာ သူ့စိတ်ဝိညာဥ်တွေ ကြေကွဲလုနီးပါး ဖြစ်သွားတဲ့အထိ ချောက်ချားသွားသည်။

အညစ်အကြေးစားပြီး ဆီးသောက်ခိုင်းရင်တောင် ဒီအချိန်မှာ သူ့ကို ကြံစည်တဲ့သူကို ပြောပြချင်တယ်လို့ မပြောချင်ပါဘူး။ သို့သော် ယခုကတော့ မတူတော့ချေ။

"သခင်လေးဝမ်ချီနဲ့... သခင်လေးကျောင်းကျိုပါ!"

သူက အမြန်အော်လိုက်သည်။

"သူတို့ အခု အနီးအနားမှာ ရှိနေသင့်တယ်... ဘယ်မှာလဲ?"

"စွေ့ရှန်းနန်းဆောင်!"

"ထွက်သွားစမ်း!"

လူခုနစ်ယောက်မှာ လှိမ့်ကာတစ်လှည့် တွားသွားရင်း တစ်လှည့် အမြန် ထွက်ပြေးသွားကြသည်။ လုရွှမ် သူ့ရဲ့စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်လိုက်သော် မကြာမီတွင် တံခါးရှေ့ရှိ ကမ္ဗည်းပြားပေါ်တွင် "စွေ့ရှန်းနန်းဆောင်" ဟူသော မြင့်မားခမ်းနားသည့် စားသောက်ဆိုင်ကို ရှာတွေ့သွားခဲ့သည်။

လုရွှမ်သည် သူရပ်နေတဲ့ နေရာမှာ ဖျတ်ခနဲ ပျောက်ကွယ်လုနီးပါး ဖြစ်သွားကာ စွေ့ရှန်းနန်းဆောင်ဆီသို့ ပြေးထွက်သွားခဲ့သည်။ လူအုပ်ကြားထဲမှာတော့ လုရွှမ်ကို ပစ္စည်းတွေကို ရောင်းလိုက်တဲ့ ဈေးသည်သည် သူ့ပစ္စည်းတွေကို သိမ်းကာ ထွက်ပြေးသွားလေသည်။

စွေ့ရှန်းနန်းဆောင် အပေါ်ထပ်တွင်။

သခင်လေးကျောင်းကျိုက ကြွေးကြော် ကျိန်ဆဲလိုက်​လေသည်။

"အမှိုက်တွေ!!"

သခင်လေးဝမ်ချီကတော့ အနည်းငယ် စိုးရိမ်တကြီး ဖြစ်လာသည်။

"အစ်ကိုကျောင်း အဲဒီကလေးက ငါတို့ဆီ လာနေပြီ!"

"မင်းဘာကို ကြောက်​နေတာလဲ? အောက်တန်းကျတဲ့လူက ဒါကို သူ့မွေးရပ်မြေလို့များ ထင်နေတာလား? ဒီမှာ တောရိုင်းကောင်တွေလို ပြေးချင်ရင်တော့ သူ့ရဲ့ ခွန်အားပေါ်မှာပဲ မူတည်တယ်ကွ!"

သခင်လေးကျောင်းကျိုက စားပွဲကို ရိုက်ချလိုက်သည်။ ထိုစဥ် အမှောင်ထုထဲကနေ မျက်နှာပေါ်မှာ အရေးအကြောင်းတွေနဲ့ အသက်ကြီးကြီး အဘိုးကြီးတစ်ယောက် ထွက်လာသည်။ သူပေါ်လာသည်နှင့် တပြိုင်နက် သူ့ပတ်ဝန်းကျင် လေထုက အနည်းငယ်ပို၍ ပြင်းထန်လာပုံရသည်။

"လုရွှမ်ကို သွားဖမ်းလိုက်!"

"ဟုတ်!"

အဖိုးအိုက ပြတင်းပေါက်ကနေ ချက်ချင်း ပြေးထွက်သွားသည်။ သခင်လေးဝမ်ချီလည်း သူ့လျှာကို နှစ်ခါလောက် သဘောကျစွာ ကိုက်လိုက်ပြီး။

"အစ်ကိုကျောင်း အဲဒီလူက ခင်ဗျားတို့ကျောင်း မိသားစုက လေ့ကျင့်​ပေးထားတဲ့ တစ္ဆေအစောင့်ပဲ ဟုတ်တယ်မလား?... တစ္ဆေအစောင့်ရဲ့ ဇာတ်ကောင်ဆယ့်ခြောက်ပါး ဆောင်ပုဒ်က တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထွက်ပေါ်လာတတ်တာကို ပြောတာတဲ့...သူက စက္ကန့်ပိုင်းအတွင်း ရန်သူကို ထိုးနှက်ချက်တစ်ခုတည်းနဲ့ ဖျက်ဆီးပစ်နိုင်..."

သခင်လေးဝမ်ချီ စကားမဆုံးသေးခင်မှာမှာပဲ လူနှစ်ယောက် ပြတင်းပေါက်ထဲကနေ ပြေးဝင်လာကြ၏။ ၎င်းက လုရွှမ်နဲ့ အဘိုးကြီးပါပဲ။

"ခဏ​အတွင်း ပြန်​​ရောက်​​လာတာပဲ... ​ ​လေးစားပါတယ်​ ​လေးစားပါတယ်​"

ဝမ်ချီ ပြောပြီးတဲ့အခါ သခင်လေးကျောင်းကျိုမှာ ထိတ်လန့်ရင်း ဒေါသထွက်နေတဲ့ အကြည့်ကို သူမြင်လိုက်ရလေသည်။ အရင်က သူအရမ်းချီးကျူးခဲ့တဲ့ တစ္ဆေစောင့်ကို အခုလုရွှမ်က လက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင်ထားပြီ။ တစ္ဆေအစောင့်မှာ ခေါင်းငိုက်စိုက် ကျနေကာ ရင်ဘတ် တစ်ခုလုံး သွေးတွေလွှမ်းနေတာကို သူမြင်လိုက်ရသည်။

ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ အဘိုးအိုသည် စားပွဲပေါ် ပစ်ပေါက်ခံလိုက်ရသည်။ ခွက်များနှင့် ပန်းကန်များကို ကျယ်လောင်စွာ ပေါက်ကွဲသွားခဲ့သည်။

"ကောင်လေး... မင်းက ငါ့ရဲ့တစ္ဆေအစောင့်ကို သတ်ပစ်ရဲတဲ့အထိ သတ္တိကောင်းနေတယ်ပေါ့ ဟုတ်လား?"

ကျောင်းကျို သူ့စကားမဆုံးခင်မှာပဲ လုရွှမ်က ဖျတ်ခနဲ ရောက်လာကာ သူ့ပါးရိုက်ချလိုက်တာကြောင့် နောက်ပြန် လွင့်သွားတော့သည်။

All Chapters