ကျောင်းခမ်း
Vol. 86 Ch. 4.798
ချင်းလန်က ပုလင်းသေးသေးလေးကို အမြန်ထုတ်ပြီး အဂ္ဂိရတ်ဆေးကို သူမလက်ထဲကို ထည့်ပေးလိုက်သည်။
"ဒါက တတိယတန်း အဂ္ဂိရတ်ဆေးရဲ့ အရည်အသွေး ဖြစ်မယ်... ဒါဆို ကျေးဇူးပြုပြီး ဆိုင်ရှင်ကို သွားမေးကြည့်ဦးမှာမလို့ ဒီမှာ ခဏလောက်စောင့်ပေးပါ"
လုရွှမ်လည်း ခေါင်းညိတ်လိုက်ပြီး ချင်းလန်က အမြန်ပဲ ပြေးထွက်သွားသည်။
"တတိယအဆင့်?"
လုရွှမ်သည် ကြယ်တစ်သောင်းကမ္ဘာတွင် သတ်မှတ်ထားသော အဂ္ဂိရတ်ဆေး အဆင့်များနှင့် မရင်းနှီးသလို သူ့ဆေးလုံးက အဆင့်မြင့်လား နိမ့်လား မသေချာပေ။ သို့သော် ချင်းလန်ရဲ့ မျက်လုံးထဲမှာ အံ့သြမှု အရိပ်အမွတ်တွေ ရှိနေတာကြောင့် အနည်းဆုံးတော့ ဒီကစံချိန်စံညွှန်းနဲ့ ကိုက်ညီကြောင်း ပြသနေပါပြီ။
ဧည့်သည်တွေကို ဖျော်ဖြေပေးတဲ့ အကူမလေးက ဒီလို ပိုင်းခြားသိမြင်တဲ့ မျက်လုံးမျိုး ရှိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒီနေ့ ထန်းတန်းဖောင့်ကို လာခဲ့တာ တန်ပါပြီ။
"ဒီသူငယ်ချင်းလေး... ကျွန်တော်က ကျောင်းခမ်းပါ....ဒီဆေးလုံးက ခင်ဗျားပိုင်တယ် ဆိုတာ ဟုတ်လား မသိဘူး"
သခင်လေးတစ်ယောက်က ယပ်တောင်ကို ဝှေ့ယမ်းရင်း ရောက်ရှိလာသည်။ သူက ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော ကာလဖြစ်ကာ သူ့ဘေးက လူနှစ်ယောက်စလုံးသည် နတ်မီးနယ်ပယ်၌ ရှိနေကြသည်။
"လုရွှမ်ပါ ဟုတ်တယ် အဲဒီဆေးလုံးက ကျွန်တော့်ဟာ"
"ဝယ်လိုက်ပြီ! ဘယ်လောက်နဲ့ ရောင်းချင်လဲ"
လုရွှမ် ပြုံးပြီး ခေါင်းခါလိုက်သည်။
"တောင်းပန်ပါတယ် ဒီဆေးက တစ်လုံးပဲ ရှိသေးတယ်... ကျွန်တော်ဒီမှာ အဂ္ဂိရတ်ဆရာ ရာထူးကို လျှောက်ထားဖို့ ရောက်နေတာ "
"သြော် ကျွန်တော် မြင်ပါတယ်။ အစ်ကိုလုရဲ့ အရည်အချင်းက အရမ်း ထူးခြားပါတယ် ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ထန်းတန်းဖောင့်ထဲဝင်ဖို့က အရမ်းခက်ခဲတယ်... နှစ်စဉ်နှစ်တိုင်း ကောင်းကင်ဆေးလုံးခန်းမကို အရည်အချင်းရှိတဲ့ အဂ္ဂိရတ်ဆရာ ဘယ်နှစ်ယောက်လောက် တက်နေချင်လဲ မသိပေမယ့် ကံမကောင်းစွာနဲ့ပဲ သူတို့အားလုံး ကျရှုံးခဲ့တယ်"
"ဟုတ်ပါတယ် အစ်ကို... ကျွန်တော်ခင်ဗျားကို ရေအေးတွေ လောင်းချနေတာ မဟုတ်ပါဘူး ပြင်ဆင်ထားသင့်တယ် ထင်လို့ ပြောပြတာ... ကျွန်တော််မိသားစုထဲမှာလည်း အဂ္ဂိရတ်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်.... အစ်ကိုလု ဒီမှာ အဆင်မပြေဘူးဆိုရင် ကျွန်တော့်ဆေးဆိုင်ကို လာပြီး ကြိုးစားကြည့်လို့ ရတယ်နော်"
ကျောင်းခမ်း မှိတ်ပြလိုက်တော့ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်က အလွန်ပါးလွှာသော သတ္တုစာရွက်ကို အမြန် ထုတ်ပေးလိုက်သည်။
လုရွှမ် ယူကြည့်လိုက်တော့ အရှေ့ဘက်မှာ "နတ်ဆေးလုံးခန်းမ" ဆိုတဲ့ စာလုံးတွေ ရေးထားတာကို တွေ့ရကာ ကျောဘက်တွင်တော့ လူတစ်ယောက်၏ ရုပ်ပုံပါ၏။ ၎င်းက ကျောင်းခမ်းပင်။ လုရွှမ် မပြုံးဘဲ မနေနိုင်လိုက်ပေ။ အံ့သြစရာကောင်းတဲ့လူပဲ။
"သခင်လေးကျောင်းခမ်း.... မင်း ကျုပ်တို့နေရာကိုလာပြီး လူစုဆောင်းနေပြန်ပြီ မဟုတ်လား"
အေးစက်စက် အသံနဲ့ ညည်းညူသံလေး ထွက်ပေါ်လာလေသည်။ ခန်းမထဲသို့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြတ်လျှောက်လာကာ ချင်းလန်ကလည်း ဂရုတစိုက် လိုက်လာခဲ့သည်။
ကျောင်းခမ်းက "ဆိုင်ရှင်လျောက်... မတွေ့တာကြာပြီ နေကောင်းရဲ့လား"
ဆိုင်ရှင်လျောက်က တဆတ်ဆတ် တုန်ကာ အော်ဟစ်လေ၏။
"သခင်လေးကျောင်းခမ်း ကျုပ်ကို အနိုင်ကျင့်ဖို့ မလာသရွေ့တော့ သဘာဝကျကျ နေကောင်းနေမှာပါ"
သူက လုရွှမ်ကို လှည့်ကြည့်လိုက်ရင်း အပေါ်အောက်ပါ တစ်ခါတည်း အကဲခတ်လိုက်သည်။ လုရွှမ် ကောင်းကင်ဘုံသခင် စတုတ္ထအဆင့်မှာ ရှိနေတာကို တွေ့လိုက်ရတော့ မျက်မှောင်ကြုတ်သွား၏။
"ဒါက အစောတုန်းက အဂ္ဂိရတ်ဆေးကို သန့်စင်ထားတဲ့ သခင်လေးလား?"
"မှန်ပါတယ်!"
ဆိုင်ရှင်လျောက်က ထပ်ပြီး မျက်မှောင်ကြုတ်သွားလေသည်။
“အိုး သခင်လေးလုရွှမ်... ဒါက ဒီလိုပါပဲ ကျုပ်တို့ ကောင်းကင်ဆေးလုံးခန်းမက ထန်းယွမ်မြို့တစ်ခုလုံးရဲ့ ဒုတိယနေရာမှာ ရှိပါတယ်... အဂ္ဂိရတ်ဆေးဆရာတွေ အလိုချင်ဆုံး နေရာလည်း ဖြစ်တယ် ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က ဒီနိယာမကို ထိန်းထားဖို့ပါ ပိုလျှံတာထက် ချို့တဲ့တာက ပိုကောင်းပါတယ်”
"ဒါဆို သခင်ငယ်ရဲ့ အဂ္ဂိရတ်ပညာကို လူကိုယ်တိုင် စမ်းသပ် အကဲဖြတ်ဖို့ လိုပါတယ်... သခင်လေး တစ်ခုခု လွဲမှားနေသလား သံသယရှိစရာ ရှိလား စစ်ဆေးဖို့ပါ။"
လုရွှမ် စကားမပြောခင်မှာပဲ ကျောင်းခမ်းက အရင်အော်လိုက်လေသည်။
"အို အဘိုးကြီး... ခင်ဗျားက ကျွန်တော့်ညီအစ်ကို လုရွှမ်က ငယ်ငယ်ရွယ်ရွယ်နဲ့မို့ အဆင့်အတန်း မမြင့်ဘူးလို့ ထင်တယ်ပေါ့... ခင်ဗျားကို လှည့်စားနေတယ်လို့ ထင်တယ်ပေါ့ သိပ်စော်ကားနေတာပဲ... အစ်ကိုလုရွှမ် ကျွန်တော်တို့ ဆိုင်ကိုပဲ သွားရအောင် ခင်ဗျားကို စိတ်မပျက်စေရဘူး!"
ကျောင်းခမ်း လုရွှမ်လက်ကို ဆွဲကိုင်လိုက်ပြီး သူ့ကိုဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သူဆွဲလိုက်သော်ငြား လုရွှမ် ခန္ဓာကိုယ်သည် လုံးဝ မလှုပ်ရှားလာပေ။
ဆိုင်ရှင်လျောက်က သူ့အဆင့်ကို စမ်းသပ်ချင်ခဲ့တာ သာမန်ပဲ ဖြစ်သည်။ ဒါက ကျောင်းခမ်းရဲ့ ဆိုင်ကို သွားစမ်းကြည့်ဖို့ မလိုတော့တာလည်း ဖြစ်နိုင်တယ်လေ။
စိတ်ဆိုးလိုက်ရင် ကျောင်းခမ်းရဲ့ သွေးထိုးလှုံ့ဆော်မှုထဲကို ရောက်သွားလိမ့်မည်။ သူ့ရဲ့ အစွမ်းအစတွေကို ထုတ်ပြပြီးရင် သူ ဘယ်လိုလုပ် လွယ်လွယ်နဲ့ ထွက်သွားနိုင်ပါ့မလဲ။ ပြီးမှ ကောင်းကင်ဆေးလုံးခန်းမကို ပြန်လာရရင် ဟာသကြီး ဖြစ်နေမှာပေါ့။
ဒီကျောင်းခမ်းက သူရဲကောင်းဆန်ပါသည်။ သို့သော် သူ့အတွေးတွေက အရမ်းနက်နဲ၏။ သူသည် ကောင်းကင်ဘုံသခင် အဆင့်ဖြင့် အဂ္ဂိရတ်ဆိုင် တစ်ခုကို တာဝန်ယူနိုင်သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
ကျောင်းခမ်း လုရွှမ်ကို ထိတ်လန့်စွာကြည့်၍ လုရွှမ်ခြေဖဝါးကို နေရာကနေ ရွေ့အောင် ကြိုးစားပေမယ့် တစ်ဖက်က ဘယ်လိုလုပ်လုပ် မလှုပ်လာတာကို ခံစားလိုက်ရသည်။
တကယ့်ကို လေးနက်တဲ့ ကျင့်ကြံမှုပဲ။ သူသည်လုရွှမ်ကို လျင်မြန်စွာ ကြည့်လိုက်ရာ လုရွှမ်ရဲ့ မျက်လုံးများထဲက လျစ်လျူရှုမှုကို မြင်လိုက်ရချိန် လုရွှမ်သည် ထက်မြက်သူဖြစ်ကြောင်း သူ့စိတ်ထဲ သဘောပေါက်သွားသည်။
"သခင်လေးကျောင်းခမ်း လွန်လာပြီလို့ မထင်ဘူးလား?"
ဆိုင်ရှင်လျောက်သည် မည်းမှောင်နေသော မျက်နှာထားဖြင့် အော်ပြောသော်လည်း ကျောင်းခမ်းနဲ့ ပတ်သက်၍ သူဘာမျှ မတတ်နိုင်တာတော့ ထင်ရှားလေသည်။
ထိုအချိန်တွင် သူ့ဘေးနားရှိ ချင်းလန်က ဝင်ဆိုတော့သည်။
"သခင်လေးကျောင်းခမ်း ရှင်ဒီလိုပဲ ထပ်ခုပ်ပြန်ပြီ.... ဆက်လုပ်နေရင် ကျွန်မတို့ ညီအစ်မတွေရဲ့ လစာတွေက ရှင့်ကြောင့် အနုတ်ခံရတော့မှာနော်"
ကျောင်းခမ်းက ရယ်ပြီး လုရွှမ်ရဲ့လက်ကို လွှတ်လိုက်သည်။
"ချင်းလန်ရယ်... ကျောင်းခမ်းက မင်းကို အနိုင်ကျင့်ဖို့ ခွင့်ပြုပေးနိုင်မှာတဲ့လား? နောက်ပြီး မင်းကို အနိုင်ကျင့်ရဲတဲ့သူက ငါနဲ့ မဆိုင်ပါဘူးကွာ... ဒီလိုဆိုရင်ရော မင်း ငါတို့ရဲ့ဆိုင်ကို လာပါ့လား...ငါမင်းကို လစာ နှစ်ဆပေးမယ်"
"သခင်လေးကျောင်းခမ်းက ဟာသတွေ လုပ်ရတာ အရမ်းကြိုက်တာပဲနော်... ကျွန်မကဒီမှာ အလုပ်လုပ်နေပြီလေ... ရှင့်နေရာမှာ ဘာသွားလုပ်ရမှာလဲ"
ကျောင်းခမ်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ချင်းလန်.... မင်းက ငါ့ကို တကယ်နားလည်တယ် မင်းလိုမျိုး ငါ့ကို နားလည်တဲ့လူက နည်းနည်းပဲ ရှိတယ်.... ကောင်းပြီလေ ငါ အရင်ထွက်သွားမယ် ဒါပေမဲ့ ငါ့ကလေးချင်းလန်ကို ဝမ်းနည်းအောင် မလုပ်တော့ပါဘူး"
ထိုသို့ပြောပြီးနောက် သူသည် အပြုံးဖြင့် ထွက်ခွာသွားကာ လုရွှမ်အား လက်ဝှေ့ယမ်းပြသွားခဲ့သည်။ ထို့နောက် အခြားလှပသော အကူများဆီသို့ လျှောက်သွားလေသည်။
လုရွှမ်သည် အရာအားလုံးကို မျက်လုံးဖြင့် သေးသေးလေးမှ အကြီးကြီးအထိ မြင်နေရသည်။ အကူတစ်ယောက်တွင် ထိုသို့သော နည်းလမ်း တစ်ခုရှိသည်။ အထက်တန်းစားရှိ လူများသည် စွမ်းအားကြီးမားကာ သူတို့သည် ကောင်းကင်ဆေးလုံးခန်းမကို အလွန်အလေးအမြတ် ထားတတ်ကြသည်။
ဆိုင်ရှင်လျောက် ပြုံးပြီး ချင်းလန်ဘက် လှည့်ပြောလိုက်သည်။
"သခင်လေးကို အဂ္ဂိရတ်ခန်းထဲ ခေါ်သွားလိုက်!"
ချင်းလန်က လမ်းပြ၍ လုရွှမ်ကို အဂ္ဂိရတ်ခန်းထဲ ခေါ်သွား၏။ အဂ္ဂိရတ်ခန်းသို့ ရောက်သောအခါ လုရွှမ် အခန်းကို တစ်ချက် ကြည့်လိုက်သည်။ သလင်းကျောက် အပိုင်းအစတစ်ခုသည် အလင်းရောင်ဖြင့် တောက်ပနေပြီး မှိန်ဖျော့ဖျော့ တုန်ခါမှုများလည်း ရှိနေသည်။
"ဒါက မှတ်ဉာဏ် သလင်းကျောက်ပါ... အဂ္ဂိရတ်ခန်းထဲက အရာအားလုံးကို မှတ်တမ်းတင်နိုင်တယ်"
လုရွှမ် ထိုကျောက်ရဲ့ အသုံးဝင်ပုံကို ရုတ်တရက်သိလိုက်သည်။
"အရင်က သခင်လေး သန့်စင်ထားတဲ့ ဆေးလုံးရဲ့ ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိတွေက အများကြီး ပါဝင်ပါတယ် ဒါပေမဲ့ ပစ္စည်းတွေကလည်း အရမ်းဇိမ်ခံတယ် ဒါကြောင့် ယွမ်ယွမ်ဆေးလုံးကို သန့်စင်ဖို့ သခင်လေးကို ဒုက္ခပေးရတော့မယ်... ကျွန်မတို့ရဲ့ ကောင်းကင်ဆေးလုံးခန်းမရဲ့ လိုအပ်ချက်တွေက တော်တော့်ကို မြင့်မားနေတော့မယ်လို့ မျှော်လင့်ပါတယ်... သခင်လေး ဒါတွေကို သုံးနိုင်ပါတယ်...ဒီရိုးရှင်းတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေက အနည်းဆုံး အဆင့်၅ အဂ္ဂိရတ်ဆေးကို သန့်စင်ဖို့ အသုံးပြုနိုင်ပါတယ်"
ချင်းလန်သည် အဂ္ဂိရတ်အခန်းတွင် ထားရှိထားသော ဆေးဖက်ဝင်ပစ္စည်းများကို ညွှန်ပြပြီး ထပ်မံ ဦးညွှတ်ကာ။
"ကျွန်မ အရင်ထွက်သွားပါ့မယ်... သခင်လေးကို မနှောင့်ယှက်တော့ပါဘူး"
ထိုစကားကို ပြောပြီးနောက် သူအယမ အဂ္ဂိရတ်ခန်းမှ ထွက်လာတော့မည်။
"ခဏနေဦး!" လုရွှမ် ပြုံးပြီးမေးလိုက်သည်။
"အဲဒီ ယွမ်ယွမ်ဆေးလုံးက ဘယ်လိုဆေးဖက်ဝင်ပစ္စည်း အမျိုးအစားလဲ? ဘယ်လို သန့်စင်တာလဲ? တတိယတန်းနဲ့ ပဉ္စမတန်း၊ အဲဒါက ဘယ်လိုမျိုးလဲ? ဪ ငါက ကမ္ဘာငယ်လေးက လာတာ... ကြယ်တစ်သောင်းကမ္ဘာကို ရောက်တာ တစ်ရက်ပဲရှိသေးတယ်"
ချင်းလန် မျက်လုံးများ ပြူးကျယ်သွားကာ အကြိမ်အနည်းငယ် မှိတ်ချလိုက်ပြီးနောက် သူမမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"သခင်လေးက တကယ်သတ္တိရှိတာပဲ ဘာမှ မမေးဘဲ တံခါးဝကိုတောင် ရောက်လာရဲတယ်... ကောင်းပြီလေ ကျွန်မ ရှင်းပြပါ့မယ်"
ကြယ်တစ်သောင်းကမ္ဘာတွင် ပထမတန်းစား ဆေးလုံးသည် အနိမ့်ဆုံးဖြစ်ပြီး နဝမတန်းသည် အမြင့်ဆုံး ဖြစ်သည်။ အထက်တန်း အဆင့်ဖြစ်သည့် အဆင့်၁၀ရှိ အဂ္ဂိရတ်ဆေးများလည်း ရှိကြောင်း ကောလဟာလများ ထွက်ပေါ်ထားပါသေးသည်။