ပြီးပြည့်စုံသော အဂ္ဂိရတ်ဆေး
Vol. 86 Ch. 4.799
အရည်အသွေးမြင့် အဂ္ဂိရတ်ဆေးများကတော့ ရရန်ခဲယဉ်းပါသည်။ ကောင်းကင်ဆေးလုံးခန်းမက ထိပ်တန်း အဂ္ဂိရတ်ပညာရှင် တချို့ပင်လျှင် အရည်အသွေးမြင့် အဂ္ဂိရတ်ဆေးကို သန့်စင်ရန် အခွင့်အရေး လိုအပ်ပါသည်။
မတူညီသော အဂ္ဂိရတ်ဆေးများမှာ မတူညီသောအာနိသင်များရှိပြီး သဘာဝအတိုင်း ကွဲပြားသော အဆင့်များရှိသည်။ ဥပမာအားဖြင့် ချင်းလန် လုရွှမ်ကို သန့်စင်ရန် တောင်းဆိုထားသော ယွမ်ယွမ်ဆေးသည် တတိယအဆင့် ဆေးလုံး ဖြစ်သည်။
နာမည်တူသော ဆေးလုံးများကို မတူညီသော လူများဖြင့် သန့်စင်ပါက သဘာဝအားဖြင့် မတူညီသော အဆင့်များ ရှိသည်။ တူညီသော အဂ္ဂိရတ်ဆေးကို အဆင့်ကိုးဆင့် ခွဲခြားထားပြီး ပထမအဆင့်မှာ အနိမ့်ဆုံးဖြစ်ကာ အဆင့်၉မှာ အမြင့်ဆုံး ဖြစ်လေသည်။ အဆင့်၁၀ကတော့ သဘာဝအတိုင်း ပြီးပြည့်စုံသော အဂ္ဂိရတ်ဆေး ဖြစ်သည်။
မတူညီသော အဆင့်များကို သန့်စင်လိုပါက တခြားသူများထက် သာလွန် ခြားနားသော ကျင့်ကြံမှု အဆင့်များ လိုအပ်သည်။ လုရွှမ်သည် လက်ရှိ ကောင်းကင်ဘုံသခင် စတုတ္ထအဆင့်တွင် ရှိနေသည်ဟု ယူဆပါက သူ၏ အရည်အချင်းသည် ကောင်းမွန်ပါက၊ သူသည် တတိယတန်း အဂ္ဂိရတ်ဆေးများကို သဘာဝအတိုင်း သန့်စင်ပေးနိုင်မှာ ဖြစ်သည်။
အကယ်၍ ထိုဆေးကို ပဉ္စမအဆင့် သို့မဟုတ် အထက်တန်း အဆင့်အထိ သန့်စင်ပေးနိုင်ပါက ၎င်းသည် တန်ဖိုးရှိပြီး ကောင်းကင်ဆေးလုံးခန်းမ၏ တံခါးခုံကို ဝင်ရောက်နိုင်မည်။ အခွင့်အရေးရှိပါက ဆရာအဖြစ် အဂ္ဂိရတ်ပညာရှင်တစ်ဦးကို ကိုးကွယ်နိုင်သည်။ ဒါကတော့ ကြီးမြတ်လှပေလိမ့်မည်။
ထို့ကြောင့် လုရွှမ်၏ ကျင့်ကြံမှု အဆင့်ကို မြင်ပြီးနောက် ဆိုင်ရှင်လျောက်သည် နောက်ကလိုက်ကြည့်ရန် စိတ်မဝင်စားတော့သဖြင့် ချင်းလန်အား လုပ်ပိုင်ခွင့် အားလုံးကို ပေးကာ အုပ်ထိန်းခွင့်ပေးလိုက်သည်။
လုရွှမ်၏ မျက်နှာပေါ်က ရှက်ရွံ့မှု အနည်းငယ် ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် ချင်းလန် ရုတ်တရက် သဘောပေါက်သွားလေသည်။
"ယွမ်ယွမ်ဆေးကို ဘယ်လို သန့်စင်ရမှန်းမသိဘူး မဟုတ်လား? ဒါမှမဟုတ် ဒီပစ္စည်းတွေက ဘာလဲဆိုတာ မသိဘူးလား?"
ထက်မြက်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်တဲ့အတွက် လုရွှမ်လည်း သူ့စိတ်ထဲက အပြုံးလေးနဲ့ ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။ လုရွှမ် သူမနဖူးကို ပြန်ရိုက်လိုက်ပြီး လုရွှမ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေတော့သည်။
"ရှင်က လူလိမ်တော့ မဟုတ်ပါဘူးနော်? ဟုတ်တယ်မလား... ဒီလိုလုပ်ရအောင် ကျွန်မမှာ ကြယ်တစ်သောင်းကမ္ဘာရဲ့ ပစ္စည်းခွဲခြမ်းစိတ်ဖြာ မှတ်တမ်းတင်ထားတဲ့ စာအုပ်ရှိတယ်... အရင်ကြည့်လိုက်ပါ"
"ကျေးဇူးတင်ပါတယ်!"
လုရွှမ် ဝမ်းသာအားရ လက်ခံလိုက်သည်။ သူ့ရဲ့ ဝိညာဉ်စွမ်းအားက အရမ်းကို အစွမ်းထက်ပါ၏။ စာအုပ်နှစ်အုပ်သည် အလွန်ထူသော်လည်း လုရွှမ် ၎င်းတို့ကို အနည်းငယ်မျှသာ လှန်ကြည့်ကာ သူ့စိတ်ထဲတွင် အကြောင်းအရာများကို မှတ်သားထားလိုက်သည်။
စာအုပ်နှစ်အုပ်ကို ချင်းလန်ထံ ပြန်ပေးပြီးသောအခါ သူမမှာ သံသယစိတ်များဖြင့် ထွက်သွားခဲ့လေသည်။
ဒီကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နဲတဲ့ အရာတွေ အများကြီး ရှိပါ၏။ သူမဟာ အဂ္ဂိရတ်ပညာကို လေ့လာနေပေမယ့် အတွင်းမှာရှိတဲ့ အကြောင်းအရာ အားလုံးကို ထိန်းချုပ်ချင်တယ် ဆိုရင်တော့ အလုပ်က ဆယ်နှစ်ကျော် ကြာပါလိမ့်မယ်။
ရုတ်တရက် သူမမျက်နှာနီရဲသွားသည်။ ဤသခင်လေး လုရွှမ်ကို သူမကို စနောက်နေတာများလား။
လုရွှမ်သည် အဂ္ဂိရတ်စားပွဲပေါ်ရှိ ပစ္စည်းများကို တစ်ဖန် ပြန်ကြည့်လိုက်သော် သူ၏ယခင်က စိတ်ရှုပ်ထွေးမှုကို ဖယ်ရှားနိုင်လိုက်ပြီ။ ယခုအခါ အရာအားလုံးကို သူနားလည်သွားပြီ ဖြစ်သည်။
ယွမ်ယွမ်ဆေးသည် ယွမ်စွမ်းအင်ကို ပြန်လည် ရရှိစေသောဆေး ဖြစ်သည်။ ဤသဘာဝဆေးများသည် ကျင့်ကြံခြင်း ကမ္ဘာတစ်ခုလုံးတွင် အလိုအပ်ဆုံးနှင့် အသုံးအများဆုံး ဆေးများဖြစ်သည်။
ကောင်းကင်ဘုံသခင် နယ်ပယ်အောက်ရှိ လူများ အသုံးများပါသည်။ နယ်ပယ်နိမ့်လေ ယွမ်စွမ်းအင်ကို ပြန်လည် ရယူခြင်း၏ အကျိုးသက်ရောက်မှုမှာ သဘာဝအတိုင်း မြန်ဆန်လေဖြစ်သည်။
ဆိုင်ရှင်လျောက်က သူ့ကျင့်ကြံမှု အဆင့်ကို အခြေခံ၍ သိသာထင်ရှားသော ယွမ်ယွမ်ဆေးကို သန့်စင်ရန် စီစဥ်လိုက်တာ ဖြစ်ပေမည်။ အဂ္ဂိရတ်စားပွဲပေါ်တွင် အရိုးရှင်းဆုံး အဂ္ဂိရတ်မီးဖြစ်သည့် မီးတောက်တစ်ခုရှိသည်။
ဤပစ္စည်းများကို စုစုပေါင်း နှစ်ကြိမ် သန့်စင်နိုင်ပြီး တစ်ကြိမ်သာ ပြုလုပ်နိုင်လျှင်ပင် လိုအပ်ချက်များက မြင့်မားနေသေးသည်။ သို့သော်လည်း ကောင်းကင်ဘုံသခင်များ အသုံးပြုသော ဆေးကို သန့်စင်ရာတွင် အမှားအယွင်း ရှိသွားပါက လုရွှမ်သည်လည်း မိမိကိုယ်ကို သတ်သေသွားနိုင်သည်။
ဆေးဖက်ဝင် ပစ္စည်းများကို ယူပြီးနောက် လုရွှမ်သည် ထိုအဂ္ဂိရတ်ဆေးကို အသုံးမပြုဘဲ စိတ်ဝိညာဥ်မီးတောက်ကိုသာ ထုတ်လိုက်သည်။ စိတ်ဝိညာဥ်မီးတောက်ကို ဆေးလုံး သန့်စင်ရန်အတွက် နတ်မီးဟု ခေါ်ဆိုသော်လည်း အဂ္ဂိရတ်ဆေးများကို သန့်စင်ရန်အတွက် အသုံးပြုသည့် အကျိုးသက်ရောက်မှုသည် အညီအမျှ သာလွန်ထူးခြားသော်လည်း ၎င်းသည် လက်နက်များကို သန့်စင်ရန်အတွက် ပိုသင့်တော်ပါသည်။
လောင်ကျွမ်းခြင်း၊ သန့်စင်ခြင်း၊ ပေါင်းစည်းခြင်းတို့ ပြီးဆုံးသွားသော် စိတ်ဝိညာဉ်မီးတောက်၏ လွှမ်းမိုးမှုအောက်တွင် အနည်းငယ် နီရဲနေသော ဆေးလုံး၃လုံး လုရွှမ်၏ လက်ဖဝါးထဲသို့ လှိမ့်ဝင်လာခဲ့သည်။
အဂ္ဂိရတ်ဆေးသည် လုံးဝန်ချောမွေ့ပြီး တောက်ပြောင်သော မျက်နှာပြင်ဖြင့်နှင့် အမွှေးရနံ့ သင်းပျံ့သော ဆေးလုံးအနံ့က အဂ္ဂိရတ်ခန်းထဲတွင် ပျံ့သွားသည်။
"မိန်းကလေးချင်းလန်... ဝင်လာခဲ့ပါ"
လုရွှမ် အသံကို ကြားသောအခါ သူမအနည်းငယ် စိတ်ထိခိုက်သွားသည်။ ချင်းလန်သည် အဂ္ဂိရတ်ခန်း အပြင်ဘက်တွင် ရပ်နေကာ ဆိုင်ရှင်လျောက်က ဒီသခင်လေးက စိတ်မချရကြောင်း ပြောနေတုန်းက အံ့သြနေမိသေးသည်။
သူမ အသာ သက်ပြင်းချလိုက်သည်။ သူမ၏အမြင်အရ လုရွှမ်သည် တစ်စုံတစ်ခုကို ကောင်းကောင်း နားမလည်သေးတာကြောင့် သူမကိုမေးရန် လိုအပ်နေတာ ထင်ရှားပေသည်။
"သခင်လေး.. နားမလည်တာများ ရှိသေးလို့လား?"
သူမ ခဏလောက် အံ့အားသင့်ကာ ဆွံ့အသွားရှာသည်။ လုရွှမ်လက်ထဲက တောက်ပြောင်တဲ့ ယွမ်ယွမ်ဆေး ဝိုင်းဝိုင်းလေးကို ကြည့်ပြီး မျက်လုံးလေးတွေ ပြူးကျယ်သွားသည်။
"ရှင် ရှင် သန့်စင်လို့ပြီးပြီလား?"
"ဒါက တတိယအဆင့် အဂ္ဂိရတ်ဆေးပဲလေ အချိန်ဘယ်လောက်ယူရမှာလဲ"
လုရွှမ်က ပြုံးပြီး သူ့လက်ချောင်းကို လှန်လိုက်ရာ ချင်းလန်လက်ထဲသို့ ဆေးလုံးလေးများက ပျံသန်းသွားလေသည်။ သူမသည် ဆေးလုံးကို အံ့အားသင့်စွာ ယူရင်း ညင်သာစွာ ရှူလိုက်သည်။
အနည်းငယ် စိတ်ရှုပ်ထွေးပြီး ထူးဆန်းနေသလို ခံစားနေရ၏။ ယွမ်ယွမ်ဆေးက အရသာမရှိဘူး မဟုတ်လား? ဒါက တကယ်ပဲ ယွမ်ယွမ်ဆေးလား။ တူတော့ တူနေသလိုပဲ။
ဘယ်လိုဖြစ်လို့ ၃လုံးတောင်လဲ။ ယွမ်ယွမ်ဆေးက ဆေးဖက်ဝင်ပစ္စည်း တစ်ခုတည်းကနေ ၃လုံး သန့်စင်လို့ရနိုင်လား။
သူမသည် အသံသွင်းထားသော သလင်းကျောက်ကို လျင်မြန်စွာကြည့်ကာ ခဏအကြာတွင် သူမမျက်နှာမှာ အံ့သြမှုအပြည့်နှင့် တောက်ပသွားသည်။
"ကောင်းပြီ သခင်လေး... ခဏစောင့်နိုင်မလား? ဒီဆေးလုံးတွေကို ဆိုင်ရှင်လျောက်ဆီကို ပြန်သုံးသပ်ဖို့ ပို့ပေးရမှာမလို့ပါ"
ထိုသို့ပြောပြီးနောက် ချင်းလန် ထိတ်လန့်စွာ ထွက်သွားလေသည်။ ချင်းလန် အနည်းငယ် စိတ်ရှုပ်သွားတာကို မြင်လိုက်ရသဖြင့် ဆိုင်ရှင်လျောက်က အော်ဟစ်လိုက်၏။
"မအောင်မြင်ဘူးမလား ဟုတ်ပြီ မင်းငါ့ကို ပြောစရာ မလိုတော့ဘူး သူ့ကို ထွက်သွားဖို့ သွားပြောလိုက်တော့!"
ချင်းလန်က တိုးညှင်းစွာ အော်ဟစ်လိုက်သည်။
"ဆိုင်ရှင်လျောက် ... ဆရာထင်သလို မဟုတ်ပါဘူး... သခင်လေးလုရွှမ် သန့်စင်နိုင်သွားပါတယ်... ဒါက သူ သန့်စင်ထားတဲ့ အဂ္ဂိရတ်ဆေးပါ"
သူမသည် အဂ္ဂိရတ်ဆေးကို အလျင်အမြန် လွှဲပေးလိုက်သည်။ ဆိုင်ရှင်လျောက်မှာ အံ့အားသင့်သွားကာ။
"သုံးလုံး?"
"ဟေး ဘာလို့ နည်းနည်း နီပြီး မွှေးနေရတာလဲ"
ဆိုင်ရှင်လျောက်က ထပ်အော်ပြန်၏။ ထိုအခါ ချင်းလန်မှာလည်း ထမင်းကိုက်နေသော ကြက်တစ်ကောင်လို ခေါင်းတဆက်ဆက် ညိတ်ပြလိုက်သည်။
ဆိုင်ရှင်လျောက် တစ်လုံးကိုယူ၍ သေချာမြည်းစမ်းကြည့်လိုက်ရာ သူ့ဝမ်းဗိုက်အောက်ပိုင်းမှ စစ်မှန်သော ယွမ်စွမ်းအင်များ ထွက်ပေါ်လာသည့် အရိပ်အမြွက်များဖြင့် သန့်စင်သောစွမ်းအင်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ယွမ်စွမ်းအင်သည် အလွန်ဖြူစင်ပြီး ရောင်ဝါကလည်း အစွမ်းထက်လှရာ ခဏအတွင်း သူ့မျက်နှာက နီရဲလာတော့သည်။
"အိုး ဆိုင်ရှင်လျောက်... ဆရာ ရှက်နေတာလား? ဒါမှမဟုတ် အဆိပ်မိသွားလို့လား"
ချင်းလန်က စိုးရိမ်စွာ အော်ဟစ်လိုက်သည်။ ဆိုင်ရှင်လျောက် အသက်ရှုကြပ်သွားပြီး ရုတ်တရက် အော်လိုက်သည်။
"သခင်မလေးကို မြန်မြန် ဆင့်ခေါ်လိုက်!"
ချင်းလန်လည်း မြန်မြန်ပဲ ပြေးထွက်သွားသည်။ သို့သော် သူမ နောက်သို့ လှမ်းကြည့်လိုက်တော့ ဆိုင်ရှင်လျောက် ပြေးလာတာကို တွေ့လိုက်ရသည်။
"ငါကိုယ်တိုင် သွားလိုက်တာပဲ ပိုကောင်းမယ်!"
သူတို့နှစ်ယောက် အိမ်နောက်ဖေးကို ရောက်လာခဲ့၏။ ဤအဂ္ဂိရတ်လုပ်တဲ့ နေရာကို ဆိုင်ရှင်လျောက် အနေဖြင့် သဘာဝအတိုင်း ဝင်ရောက်ရန် အရည်အချင်း မပြည့်မီသော်လည်း သူသည် ဤအစောင့်များနှင့် ရင်းနှီးပြီးသား ဖြစ်သည်။
ဆိုင်ရှင်လျောက်နဲ့ ချင်းလန်တို့ သူတို့ဆီသို့ ပြေးလာသည်ကို မြင်တော့ ကြမ်းတမ်းသော အစောင့်တစ်ယောက်က အော်လေ၏။
"ဆိုင်ရှင်လျောက် ချင်းလန်... မင်းတို့အတွက် ငါဘာလုပ်ပေးရမလဲ စည်းကမ်းဟောင်းအရ မင်းတို့ကို ဝင်ခွင့်မပေးနိုင်ဘူး... ဘာပြောပေးရမလဲ"
"သွားပြီးတော့ သခင်မလေးကို ခေါ်လိုက်... ကျုပ် ထိပ်တန်း ပါရမီရှင်တစ်ယောက်နဲ့ တွေ့ထားတယ်... လုံးဝ လွှတ်ပေးလိုက်လို့ မဖြစ်ဘူး... ဟုတ်သားပဲ ဒါက သူသန့်စင်ထားတဲ့ အဂ္ဂိရတ်ဆေး.... ပြီးပြည့်စုံတဲ့ အဂ္ဂိရတ်ဆေးပဲ... သခင်မလေးကို ကြည့်ဖို့ မြန်မြန် ယူသွားပေးလိုက်"
ချင်းလန်ဟာ ခဏလောက် စိတ်ရှုပ်နေခဲ့သည်။ ပြီးပြည့်စုံတဲ့ အဂ္ဂိရတ်ဆေးတဲ့လား။ ဘာကိုမှ နားမလည်တဲ့ သခင်လေးလုရွှမ်က အဲဒါကို သန့်စင်လိုက်တာလား။
အစောင့်သည် အဂ္ဂိရတ်သန့်စင်မှုကို မသိသော်လည်း ပြီးပြည့်စုံတဲ့ အဂ္ဂိရတ်ဆေးရဲ့ အဓိပ္ပာယ်ကိုတော့ သူကောင်းကောင်း သိနေပါသေးသည်။
အဂ္ဂိရတ်ဆေး ရပြီးတဲ့ နောက်မှာတော့ သူလုံးဝ ဂရုမစိုက်ဘဲ မနေဝံ့တော့ပေ။ ဘေးနားက အစောင့်တွေကို ခေါ်ပြီး အိမ်နောက်ဖေးကို ပြေးထွက်သွားခဲ့လေသည်။
သိပ်မကြာခင်မှာပဲ သူရဲကောင်းပီသတဲ့ ရုပ်ရည်နဲ့ ချောမောလှပတဲ့ မိန်းကလေး ကျင့်ကြံသူတစ်ယောက် ပေါ့ပေါ့ပါးပါး ဝတ်စားပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာနဲ့ ထွက်လာလေသည်။ သို့သော် သူမ မျက်လုံးတွေက တောက်ပနေ၏။
"သူဘယ်မှာလဲ? ငါ့ကို မြန်မြန်ခေါ်သွားပေး!"
ဆိုင်ရှင်လျောက်က "သခင်မလေး စိတ်မပူပါနဲ့.... ကျုပ် သခင်လေးလုရွှမ်ကို အရေးကြီးပုဂ္ဂိုလ် အခန်းမှာ ကြိုဆိုဖို့ ချင်းလန်ကို ခိုင်းထားပါတယ်... အခု အရေးကြီးပုဂ္ဂိုလ် အခန်းကို တိုက်ရိုက်သွားလို့ ရပါတယ်"