← Chapters

အကြီးဆုံး သခင်မလေး

Vol. 86 Ch. 4.800

အကြီးဆုံး သခင်မလေး

Vol. 86 Ch. 4.800

"ကောင်းပြီ ဆိုင်ရှင်လျောက် ပြောတာ မှန်တယ်... ဒီလို ဉာဏ်ကြီးရှင်ကို လျစ်လျူမရှုထားသင့်ဘူး"

ယွမ်ယွမ်ဆေးကို သူမ မြင်လိုက်ရသောအခါ အကြီးအကျယ် ထိတ်လန့်သွားခဲ့သည်။ သူမတို့ရဲ့ ယွမ်ယွမ်ဆေးသည် အရောင်ကင်းပြီး အရသာကင်းသည်။ သို့သော် ပြီးပြည့်စုံသော အဂ္ဂိရတ်ဆေး များသည် ၎င်းတို့၏ ဂုဏ်သတ္တိများကို ပြောင်းလဲစေနိုင်ကြောင်း အဂ္ဂိရတ်လောကတွင် ကောလဟာလများ ရှိနေခဲ့တာကို သူမ ကောင်းကောင်းသိပါသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက ပြီးပြည့်စုံသော ပစ္စည်းတစ်ခု ဖြစ်နေလို့ပါပဲ။ သူတို့နှစ်ယောက် အရေးကြီးဧည့်သည် အခန်းကို ရောက်တဲ့အခါ လုရွှမ်နဲ့ ချင်းလန် ဘယ်မှာမှ မတွေ့ရတော့ပေ။

"သူတို့ဘယ်မှာလဲ?"

ဆိုင်ရှင်လျောက်က သူ့နဖူးကို ရုတ်တရက် ရိုက်လိုက်ပြီး။

"အရေးကြီးဧည့်သည် အခန်းကိုဆို သွားဖို့ဆို ဧည့်ခန်းကို ဖြတ်သွားလိမ့်မယ်...သခင်လေးကျောင်းခမ်းက သူတို့ကို တားထားတာ ဖြစ်ရမယ်"

အကြီးဆုံး သခင်မလေးက ကျိန်ဆဲလေ၏။

"ဒီလူယုတ်မာ သေနာကတော့... ငါ့ကို ထပ်ခါထပ်ခါ လာနှိုးဆော်နေတယ်... ငါ့ဒေါသက ကောင်းတယ်လို့များ ထင်နေလား?"

လူနှစ်ယောက်သည် ဧည့်ခန်းဆီသို့ ပြင်းပြင်းထန်ထန် ပြေးထွက်သွားကာ မျှော်လင့်ထားသည့်အတိုင်း အဝေးကနေတောင် ချင်းလန်ရဲ့ အော်ဟစ်သံကို ကြားနေရလေသည်။

"သခင်လေးကျောင်းခမ်း ရှင်အရမ်း လွန်လာပြီနော်... သခင်လေးလုရွှမ်က ကျွန်မတို့ ကောင်းကင်ဆေးလုံးခန်းမကလူ"

"ချင်းလန်... မင်းဘာတွေ စိတ်ပူနေတာလဲ မင်းမျက်နှာက နီနေတယ်နော်... သခင်လေးလုရွှမ်ကို မင်းတို့လူ မဟုတ်ဘူးလို့ ငါလည်း မပြောခဲ့ပါဘူး....ငါကသူ့ကို ငါတို့ရဲ့ ဆိုင်ကိုလာကြည့်ဖို့ ဖိတ်ခေါ်ချင်တာပါ... ငါ ပြောစကားအတိုင်း ဈေးနှိုင်းကြည့်....!"

အကြီးဆုံး သခင်မလေးက အမြန် ပြေးထွက်လာ၏။

"ကျောင်းခမ်း ရှင်ထပ်လာပြန်ပြီ.... ကျွန်မတို့ရှင့်ကို မကြိုဆိုဘူး အခုထွက်သွားတော့!"

ကျောင်းခမ်းကတော့ တခစ်ခစ်ရယ်ပြီး သူ့ယပ်တောင်ကို ဝှေ့ယမ်းလိုက်လေသည်။

"အိုး...သခင်မလေးရောင်းယွဲ့ကိုး... မတွေ့တာကြာပြီနော် ကျစ် ကျစ်... သခင်မလေးရောင်းယွဲ့ကတော့ တကယ့်ကို သူရဲကောင်း တစ်ယောက်လို အရှိန်အဝါတွေ ရှိနေတုန်းပဲ!"

ရောင်းယွဲ့ သူမဝတ်စုံကို ​ပြန်ကြည့်လိုက်သည်။

"ဒါ ရှင့်ကိစ္စမဟုတ်ဘူး"

အော်ဟစ်လိုက်ပြီး လုရွှမ်ကို လှည့်ကြည့်လိုက်သည်။

"ဒါက သခင်လေးလုရွှမ် မဟုတ်လား? ကျွန်မကို ရောင်းယွဲ့လို့ ခေါ်နိုင်ပါတယ်... ကျေးဇူးပြုပြီး အရေးကြီးဧည့်သည် အခန်းကို ကြွပါ"

"အရေးကြီးဧည့်သည်... မင်းက တကယ့် အရေးကြီးဧည့်သည်လား? သခင်မလေး ကျွန်တော့ရော အတူ လိုက်ခဲ့မယ်ဆိုရင် စိတ်မဆိုးဘူးမလား"

ကျောင်းခမ်း ပြုံးပြီး ပြောလိုက်ပေမယ့် ရောင်းယွဲ့ကတော့ မျက်နှာမည်းကြီးနဲ့။

"မကြိုဆိုဘူး!"

ကျောင်းခမ်းက လုံးဝ စိတ်မဆိုးဘဲ ပြုံးပြီးပြောပြန်၏။

"အဲဒါက အစ်ကိုလုရွှမ် လိုချင်တဲ့အပေါ်မှာ မူတည်မှာကို ကြောက်ရတယ်နော်"

လုရွှမ် မရယ်ဘဲကို မနေနိုင်တော့ပေ။ ဒီကျောင်းခမ်းက တကယ့်ကို ပါရမီရှင်ပါ။ သူငြင်းလိုက်ရင် ကောင်းကင်ဆေးလုံးခန်းမနဲ့ အမြတ် မညှိနှိုင်းနိုင်တော့ဘူး။ ကျောင်းခမ်းက ထပ်ရောက်ပြီး မပူဆာရင်ဘဲ ထူးဆန်း​​နေလိမ့်မယ်။

ကျောင်းခမ်းနှင့်အတူ ဤနေရာတွင် နှစ်ဖက်စလုံးတွင် သူ့ကိုယ်သူ ပိုအကျိုးပြုနိုင်အောင် လုပ်ရမည်။

"သခင်လေးကျောင်းခမ်းက နောက်နေတာပဲ... ဒါက ကောင်းကင်ဆေးလုံးခန်းမ ဆိုတော့ အကြီးဆုံး သခင်မလေးက သဘာဝအတိုင်း ဆုံးဖြတ်ချက် ချနိုင်ပါတယ် တစ်ဖက်ကလည်း အရေးကြီးဧည့်သည် အခန်းက နည်းနည်း တိတ်ဆိတ်တော့ စကားပြောရတာ အဆင်ပြေတာပေါ့"

ကျောင်းခမ်း ပြန်ပြုံးပြလိုက်​လေသည်။ ရောင်းယွဲ့က ထက်မြက်တဲ့ လူတစ်ယောက်ပါ။ လုရွှမ်က သူမကိုရော ကျောင်းခမ်းကိုရော မစော်ကားချင်ဘူး ဆိုတာ သူမ သိပါ၏။ ဒါကြောင့် သူမ က ကျောင်းခမ်းကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။

"သခင်လေးကျောင်းခမ်းက အရမ်းယဉ်ကျေးနေပါပြီ...ရှင်က အရေးကြီးဧည့်သည် မဟုတ်ရင် ဘယ်သူက အရေးကြီးဧည့်သည် ဖြစ်ဦးမလဲ? ကျေးဇူးပြုပြီး ကြွပါ... ကျောင်းခမ်း ဆရာကြီးလုရွှမ်ကြောင့် ရှင့်ကို လိုက်ခွင့်ပြုမယ် ဒါပေမဲ့ ရှင်စကား မပြောရဘူး"

ကျောင်းခမ်းက တခစ်ခစ်ရယ်ပြီး ပါးစပ်ပိတ်ထားမယ့် အမူအရာမျိုး လုပ်​ပြလိုက်သည်။ အရေးကြီးဧည့်သည် အခန်းထဲကို ဝင်သွားတော့ ဆိုင်ရှင်လျောက်လည်း ထွက်သွားပြီး ချင်းလန်လည်း ပြန်လိုက်သွား၏။ သူတို့မျက်နှာမှာ စိတ်လှုပ်ရှားမှု အပြည့်ရှိနေသည်။

ဘာမှမသိပုံပေါက်တဲ့ ဒီဆရာငယ်လေး လုရွှမ်က အဂ္ဂိရတ်ပညာမှာ ထိပ်တန်းပါရမီရှင် တစ်ယောက် ဖြစ်နေမယ်လို့ ဘယ်သူက ထင်ပါ့မလဲ။

"ဆရာကြီး...."

လုရွှမ် ရောင်းယွဲ့ကို အလျင်အမြန် ဝင်နှောင့်ယှက်လိုက်သည်။

"သခင်မလေး....လုရွှမ်လို့ပဲ ခေါ်ပါ ဆရာကြီး ဆရာကြီးလို့ ခေါ်တာမျိုးက ကျွန်တော် တကယ် နေသားမကျဘူး"

"ကောင်းပြီ ကျွန်မရှင့်ကို လုရွှမ်လို့ ခေါ်မယ်... ကျွန်မကိုလည်း ရောင်းယွဲ့လို့ ခေါ်နိုင်တယ်... မဟုတ်ရင် ကျွန်မအတွက်လည်း ခေါ်ရတာ အဆင်မပြေဘူး"

"ကျွန်​တော့်ကိုတော့ ကျောင်းခမ်းလို့ပဲ ခေါ်လိုက်ပါ"

ရောင်းယွဲ့ပ မျက်မှောင်ကြုတ်ပြီး "ရှင့်ကို စကားမပြောဖို့ ပြောထားတာ မဟုတ်ဘူးလား?"

ကျောင်းလမ်း ပါးစပ်ကို အမြန်ပိတ်ပြီး နောက်တစ်ကြိမ် ထပ်မပြောတော့ပါဘူးလို့ ကတိပေးဟန်ဖြင့် လက်ကို မြှောက်လိုက်သည်။

"လုရွှမ်... ရှင် သန့်စင်နိုင်တဲ့ အပြင်းထန်ဆုံး အဂ္ဂိရတ်ဆေး အဆင့်က ဘယ်လောက်ရှိမလဲ"

"ဒါကို ငါ မစမ်းဖူးသေးဘူး... ဒါပေမဲ့ ချင်းလန်ရဲ့ စာအုပ်ကို အရင်ဖတ်ဖူးပါတယ်... အဆင့်၅ အဂ္ဂိရတ်ဆေးနဲ့ ပတ်သက်ရင်တော့ ပြဿနာ မရှိ​လောက်ဘူး... အဆင့်၆ အဂ္ဂိရတ်ဆေး အကြောင်းကိုတော့ လေ့လာကြည့်ဖို့ လိုသေးတယ်"

ရောင်းယွဲ့ မျက်မှောင်ကြုတ်ပြီး သံသယတွေအပြည့်နဲ့ ပြောလိုက်သည်။

"လုရွှမ်... အဆင့်၄နဲ့ အထက် ဆေးလုံးတွေကို သန့်စင်ဖို့ ဆိုရင် နတ်မီးနယ်ပယ် ကျင့်ကြံမှုအဆင့် လိုတယ်... အဆင့်၆ဆို နတ်မီးနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေဖို့ လိုတယ်... ရှင် တကယ်လုပ်နိုင်မှာ သေချာရဲ့လား?"

လုရွှမ် စိတ်ချလက်ချ ခေါင်းညိတ်လိုက်ပြီး။

"မင်း စမ်းကြည့်လို့ရတယ်... ပျက်စီးသွားတဲ့ ဆေးဖက်ဝင်ပစ္စည်းဖိုးတွေကို ငါ ပေးပါ့မယ်"

"အဲဒါက မလိုအပ်ပါဘူး... ကျွန်မတို့ ကောင်းကင်ဆေးလုံးခန်းမက ချမ်းသာတယ်လို့ မပြောဝံ့ပေမယ့် ဒီဆုံးရှုံးမှုကိုတော့ ခံနိုင်ရည် ရှိပါတယ်!"

အရေးကြီးဧည့်သည် အခန်းထဲတွင် ပစ္စည်း အပြည့်အစုံ တပ်ဆင်ထားပြီး ဤနေရာတွင်ပင် အဂ္ဂိရတ်ဆေးများကို သန့်စင်နိုင်သည်။ ချင်းလန်သည် အဆင့်၅ ဆေးဖက်ဝင်ပစ္စည်းများ၏ သုံးပုံကို အမြန်ပြေးယူခဲ့သည်။

ဆိုလိုတာက ကောင်းကင်ဆေးလုံးခန်းမမှာ အောင်မြင်မှုနှုန်း ငါးပုံတစ်ပုံ ရနိုင်ရင်တောင် တခြားနေရာမှာ သန့်စင်နိုင်တာထက် သခင်တစ်ယောက်အနေနဲ့ လေးစားခံရလိမ့်မယ်။

"ကောင်းပြီ လုရွှမ်... ကျွန်မတို့ အရင်ထွက်သွားပေးပါ့မယ်"

"မဟုတ်ဘူး... အချိန်အများကြီး မယူပါဘူး... မင်းတို့က ငါ့အတွက် အနှောင့်အယှက် မဖြစ်ဘူး"

လုရွှမ် ပြုံးပြီး ချင်းလန်ယူလာတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို လှည့်ကြည့်လိုက်သည်။ ပစ္စည်းတွေက ယွမ်ယန်နှင်းရည် ဟုခေါ်သော အဆင့်၅ အဂ္ဂိရတ်ဆေး အတွက် လိုအပ်သော ပစ္စည်းများပင်။ ဤဆေးသည် ကျင့်ကြံမှုကို ပိုမိုကောင်းမွန်စေလို့ နတ်မီးနယ်ပယ်က သခင်များ တွင်ကျယ်စွာ အသုံးပြုကြသည်။

အထူးသဖြင့် ယန်မီးသည် နတ်မီး၏ စွမ်းအားကို တိုးစေပြီး နောက်ထပ် နတ်မီးလုံးကိုပင် လင်းလာစေနိုင်သည်။ ယွမ်ယန်နှင်းရည်သည် နတ်မီးနယ်ပယ်ရှိ လူများအတွက် အလိုအပ်ဆုံး ဖြစ်သလို အရှားဆုံးဖြစ်တဲ့ အတွက် ဘယ်သူ့မှာမှ မရှိတတ်ပေ။

သူ့ကို စမ်းသပ်ရန်အတွက် ထိုသို့သော အဂ္ဂိရတ်ဆေးကို သန့်စင်ခိုင်းခြင်းသည် သူသန့်စင်လိုက်သော ယွမ်ယွမ်ဆေးတွင် ယန်မီးစွမ်းအင်ရဲ့ အရိပ်အယောင်ကို ခံစားခဲ့ရတာကြောင့် ဆိုတာ ထင်ရှားပါသည်။ ဒီကောင်းကင်ဆေးလုံးခန်းမက တကယ်ကို ဗဟုသုတရှိတာပဲ။

လုရွှမ်က အဲဒီလို တွေးနေပေမယ့် ရောင်းယွဲ့နဲ့ ကျောင်းခမ်းတို့ နှစ်ယောက်လုံးမှာ အံ့သြပြီး စိတ်ရှုပ်နေကြသည်။ အပြင်ထွက်စရာ မလိုဘူး။ ထိခိုက်မှာကို မကြောက်ဘူးလား။ အချိန်ဘယ်လောက်မှ မကြာဘူးတဲ့လား။

ဒါ မောက်မာ​နေတာလား ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေတာလားတော့ မသိတော့ပေ။

အဆင့်၉ အဂ္ဂိရတ်ပညာသည် ကျင့်ကြံမှုအဆင့်နှင့် ကိုက်ညီကြောင်း သတိပြုသင့်သည်။ ကောင်းကင်ဘုံသခင်သည် ပထမတန်းမှ တတိယအဆင့် အဂ္ဂိရတ်ဆေးများကိုသာ သန့်စင်ပေးနိုင်သည်။ စတုတ္ထအဆင့် ဆေးများကို သန့်စင်နိုင်သော်လည်း ကျင့်ကြံမှုက မလုံလောက်ချေ။

နတ်မီးနယ်ပယ်မှ ကျွမ်းကျင်သူများသည် အဆင့်၄၊ အဆင့်၅ အဆင့်၆ အဂ္ဂိရတ်ဆေးများကို သန့်စင်ပေးကြပြီး မျှော်စင်နယ်ပယ်မှ ဆရာများကသာ အဆင့်၇မှ အဆင့်၉ အဂ္ဂိရတ်ဆေးများကို သန့်စင်ပေး​ကြသည်။ လုရွှမ်က ကောင်းကင်ဘုံသခင် စတုတ္ထအဆင့်သာ ဖြစ်သည်။

ပုံမှန်အားဖြင့် သူသည် ဒုတိယအဆင့် အဂ္ဂိရတ်ဆေးများကိုသာ သန့်စင်ပေးနိုင်သည်။ သူသည် ရံဖန်ရံခါ ပါရမီရှင်ဟု ယူဆသည့် တတိယအဆင့် အဂ္ဂိရတ်ဆေးများကို သန့်စင်ပေးနိုင်ခဲ့ပြီး သန့်စင်မှုက ပြီးပြည့်စုံသောကြောင့် ရောင်းယွဲ့ သူ့ကို ဆရာတစ်ပါးအဖြစ် လေးစား၏။

အဘယ်ကြောင့်ဆိုသော် လုရွှမ်သည် ဆရာသခင်ဖြစ်လာရန် အလားအလာ ရှိနေပြီဖြစ်သည်။ ဒါပေမဲ့ သူ့လက်ရှိအဆင့်နဲ့ အဆင့်၅ ဒါမှမဟုတ် အဆင့်၆ တွေကိုတောင် သန့်စင်နိုင်မယ်လို့ ပြောနေတာက လွန်လွန်းနေပြီလို့ ဆိုရမည်။

ကျောင်းခမ်း လုရွှမ်ကို တည့်တည့် စိုက်ကြည့်နေသည်။ လုရွှမ်သာ အဆင့်၅ သို့မဟုတ် အဆင့်၆ အဂ္ဂိရတ်ဆေးများကို အမှန်တကယ် သနွစင်နိုင်ခဲ့ပါက ရောင်းယွဲ့နဲ့ ရန်ဖြစ်ရရင်တောင် လုရွှမ်ကို ဖမ်းဆုပ်ထားမှာ ဖြစ်သည်။

ကောင်းကင်ဆေးလုံးခန်းမသည် နတ်ဆေးလုံးခန်းမကို အချိန်အကြာကြီး ဖိနှိပ်ထားခဲ့သည်။ လုရွှမ်ကိုသာ ဤနေရာတွင် လေ့ကျင့်ပေးမည်ဆိုပါက သူသည် အနာဂတ်တွင် ကောင်းကင်ဆေးလုံးခန်းမကို ကျော်တက်ဖို့ မပြောနှင့် မိသားစုကို စိုးမိုးရန်ပင် မဖြစ်နိုင်​တော့ပေ။

ယွမ်ယန်နှင်းရည်ကို ဘယ်လို သန့်စင်ရမလဲဆိုတာ သူ့စိတ်ထဲ ပြန်သုံးသပ်ပြီးနောက် လုရွှမ်သည် ဆေးဖက်ဝင် ပစ္စည်းတွေရဲ့ တစ်စိတ်တစ်ပိုင်းကို ယူလိုက်ပြီး လေထဲကို ပစ်တင်လိုက်တော့သည်။

ရောင်းယွဲ့၊ ကျောင်းခမ်းနဲ့ ချင်းလန်တို့ အားလုံး အံ့ဩသွားကြသည်။ ထို့နောက် လုရွှမ်သည် သူ့လက်ဖဝါးကို ဖြန့်ကာ လက်တစ်ဆုပ်စာ အနီရောင် မီးတောက်များကို ထုတ်လွှတ်လိုက်လေသည်။

အရင်ကတော့ ရောင်းယွဲ့ဟာ ပုံရိပ်သွင်းထားတဲ့ သလင်းကျောက်ထဲမှာ ဒီအနီရောင်မီးတောက်ကို မြင်ဖူးပါသည်။ သူမ ဘာကိုမှ မမျှော်မှန်းထားပါဘူး။ အဂ္ဂိရတ်ဆေး သန့်စင်သူ၊ လက်နက် သန့်စင်သူ အများစုအတွက် မီးတောက်ဟာ သူတို့ရဲ့ သင်္ကေတတွေ ဖြစ်ကာ ထိုသို့လူတွေက မီးတောက်တွေကို စုဆောင်းထားတတ်ကြပါ၏။

All Chapters