← Chapters

အားနည်းတဲ့ အမျိုးသမီးတွေကို အနိုင်ကျင့်​နေတယ်

Vol. 86 Ch. 4.803

အားနည်းတဲ့ အမျိုးသမီးတွေကို အနိုင်ကျင့်​နေတယ်

Vol. 86 Ch. 4.803

"သခင်မလေး... ဧည့်သည်လာတယ်!!"

အံ့အားသင့်နေသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် မိန်းကလေးငယ် တစ်ဦးသည် သူမ၏စကတ်ကို ကိုင်လျက် ပြေးထွက်လာခဲ့သည်။ သူမ၏ မျက်လုံးကြီးများက စိုစွတ်နေကာ လုရွှမ်အား မျက်နှာငယ်လေးဖြင့် ကြည့်နေသည်။

"သခင်လေး.... လက်နက်ဝယ်ချင်လို့လား"

"ကျွန်မတို့ ဒီမှာ အကုန်ရှိတယ်... အရမ်းလည်း စျေးသက်သာတယ် သခင်​လေးဝယ်ရင် အရှုံးပေါ်မှာ မဟုတ်ပါဘူး... ဝယ်တဲ့အခါလည်း လှည့်စားခံရမှာ မဟုတ်ဘူး"

လုရွှမ်သည် အနည်းငယ် ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရတာကြောင့် ပြုံးပြီး ပြောလိုက်သည်။

"ဘာမှဝယ်ဖို့ မရှိပါဘူး"

သူ စကားမဆုံးခင်မှာပဲ မိန်းကလေးမှာ အမြီးနင်းမိတဲ့ ကြောင်တစ်ကောင်လို ရုတ်တရက် ခုန်တက်သွား၏။

"အာ... ဒါဆို မင်းဒီကိုဘာလုပ်တာလဲ ဟမ့် ရှင်ကျွန်မတို့ဆိုင်းဘုတ်ကို ခိုးဖို့လာတာလား? လူဆိုးကောင် ရှင့်ကိုရိုက်ပစ်မယ် ရိုက်ပစ်မယ်"

ကလေးမလေးသည် အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး သူမ၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်းထက်ပင် နိမ့်သည်။ ယခုမူ သူမ စိတ်ဆိုးသွားသောအခါတွင် မနာလိုဖြစ်နေသော ကြက်​ပေါက်ကဲ့သို့ပင် တံမြက်စည်းကို ကိုင်ကာ လုရွှမ်အား ရိုက်နှက်တော့သည်။

လုရွှမ်သည် သူမကို မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် မခုခံခဲ့ပေ။ ကလေးမလေးက တံမြက်စည်းကို အကြိမ်အနည်းငယ် ဝှေ့ယမ်းပေမယ့် မျက်ရည်တွေသာ စီးကျလာခဲ့သည်။

"ချွန်းရှောင်...နင် ဘာလုပ်နေတာလဲ? တံမြက်စည်းကို မြန်မြန်ချလိုက် ကိုယ့်ကိုကိုယ် မနာကျင်စေနဲ့"

ထိုအချိန်တွင် သူရဲကောင်းပီသတဲ့ မျက်နှာထားနဲ့ ကျင့်ကြံသူ မိန်းကလေးတစ်ယောက်ရဲ့ ပြေးထွက်လာလေသည်။ သူမက ကလေးမလေးကို အမြန်ဆွဲကိုင်လိုက်ပြီး သူမ နောက်ကွယ်မှာ အကာအကွယ် ပေးလိုက်သည်။

လုရွှမ် တစ်ဖက်လူကို မျက်လုံးများဖြင့်သာ တစ်ချက် အကဲခတ် ကြည့်လိုက်သည်။ သူမသည် အရပ်ရှည်သော်လည်း ပိန်လွန်းသည်။ သူရဲကောင်းဆန်တဲ့ပုံ ပေါက်ပေမယ့် သူမမျက်လုံးတွေက ပင်ပန်းနွမ်းနယ်မှုတွေ ပြည့်နေ၏။

ထိုအချိန်တွင် အချိန်ကိုက်ပင် လူတစ်စု ပြေးဝင်လာသည်။ သူတို့၏ရှေ့တွင် ဖြူစင်သော အသားအရည်နှင့် အမျိုးသားတစ်ဦးသည် အပြုံးတစ်ပွင့်ဖြင့် လိုက်ကြည့်နေသည်။ လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးသည် သူ့နောက်တွင် စောင့်ကြပ်နေ၏။ သူကတော့ ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို ပိုက်ကာ ပြပွဲကို ဂုဏ်ယူစွာ ကြည့်နေကြသည်။

"ညီမလေးဟုန်... ဒီနေ့ ရာသီဥတု သာယာတယ်... လမ်းလျှောက်ထွက်ကြရော ဘယ်လိုလဲ"

ဟုန်ရှန့်ရှုံ ဟူသော နာမည်သည် ယောက်ျားဆန်လွန်းသောကြောင့် သူမက အမည်ကို ဟုန်ရှန်ယင်းဟု ပြောင်းလိုက်​လေသည်။

"လီလုံ.... သိပ်ရင်းနှီးတဲ့ အခေါ်အဝေါ်နဲ့ လာမအော်ပါနဲ့..... ငါနင်နဲ့မရင်းနှီးဘူး... ဒီမှာဘာလာလုပ်တာလဲ... ဒီနေရာကလည်း မကြိုဆိုဘူး ထွက်သွားတော့!"

လီလုံက တခစ်ခစ်ရယ်လိုက်ပြီး "မင်းငါ့ကို အခုမရင်းနှီးချင်တောင် နောက်ကျရင် ရင်းနှီးရမှာပဲ မဟုတ်ဘူးလား?"

ထိုလူက ပြောကာ ဟုန်ရှန်ယင်းကို လက်ဖဝါးများဖြင့် ပွေ့ဖက်ရန် လက်ဟန်ပြလျက်ပြောသည်။ ဟုန်ရှန်ယင်းသည် လီလုံ၏ မျက်နှာကို နောက်ပြန်လက်ဖြင့် ပါးရိုက်လိုက်ပြီး ဒေါသတကြီး အော်လိုက်သည်။

"ထွက်သွား!"

လီလုံ၏ မျက်နှာမှာ နီရဲလာပြီး ဒေါသထွက်လာ၏။

"ခွေးမလေး!! ဘာကကောင်းလဲ ဆိုးလဲ ဆိုတာတောင် မသိဘူး.... မင်းက ဘာကောင်းတာ ရှိလို့လဲ? အရှုံးသမား တစ်ယောက်ကများ... ဒီသခင်ငယ်က မင်းအတွက် လမ်းတစ်ခုကို စဉ်းစားနေလို့သာ.... ဟမ့် အခု ငါတို့က ငယ်​ငယ်​က ချစ်​သူ​တွေဖြစ်​ခဲ့လို့ မင်းကို လွတ်​​မြောက်​ခွင့်​​ပေးလိုက်မယ်​... မဟု​တ်ရင် မင်း ဘယ်​လို​သေလို့ သေသွားရမှန်းတောင်​ သိ​မှာ မဟုတ်ဘူး!"

ဟုန်ရှန်ယင်းသည် လီလုံကို ရှုတ်ချလှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်နေသည်။

"ဟိုတုန်းက ငါလည်းနင့်ကို မကယ်တင်ခဲ့သင့်ဘူး.... နင့်ကို အဲဒီမြင်းအောက်မှာ သေခိုင်းခဲ့ရမှာ... အနည်းဆုံးတော့ ဒီရွံရှာစရာကောင်းတဲ့ ပုံစံကို ငါကြည့်​နေစရာ မလို​တော့ဘူး နင်က ဒီလူကို ခွေးလို ဆက်ဆံနေတာ မဟုတ်ဘူးလား?"

"ကောင်းပြီလေ တစ်လခွဲလောက်ကြာရင် မင်း ဒီလောက် မာနကြီးနေသေးဦးမလား ငါကြည့်လိုက်ဦးမယ်.... အဲဒီအခါကျရင် မင်းငါ့အိမ်တံခါးကို လာလာငိုပြီး တောင်းဆိုနေတာကို ငါကြည့်ရဦးမှာပေါ့... ငါစောင့်နေမယ် သွားစို့"

လီလုံသည် ဒေါသတကြီးဖြင့် ​မျက်နှာကို အုပ်ထားကာ တံခါးကို ကန်သွင်းကာ အော်ဟစ်ကာ ထွက်သွားလေသည်။

"သခင်မလေး?"

ချွန်းရှောင်က ဟုန်ရှန်ယင်းကို ပွေ့ဖက်ရင်း ငိုချလိုက်​လေသည်။

"အဆင်ပြေပါတယ် ချွန်းရှောင်... မကြောက်ပါနဲ့ ငါဒီမှာရှိနေသရွေ့ နင့်ကိုဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး"

ထိုစဥ် နီးကပ်လာတဲ့ ခြေသံများကို ကြားလိုက်ရကာ နောက်ထပ် အခြားလူတစ်စု ဝင်လာသည်။ လုရွှမ် စကား ဝင်ပြောချင်ပေမယ့် မျိုသိပ်ထားလိုက်တယ်။ မျှော်လင့်ထားတဲ့အတိုင်း သစ်ပင်ကြီးတွေက လေကို ဆွဲဆောင်တယ်။ ဒီနေရာမှာ အမှားအမှန်တွေ အများကြီးရှိပေမယ့် ဒီလူတွေရဲ့ ခြိမ်းချောက်နိုင်တဲ့ အသွင်အပြင်ကို ကြည့်ပြီး မငြိမ်းချမ်းမှု​တွေနဲ့ ငွေရှာဖို့ ဒီမှာရှိနေတာ ထင်ရှားပါ၏။

ခလွင်း!

ဓားရှည်တစ်လက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ အလွန် လေးလံသောကြောင့် ကြမ်းပြင်မှာ အနည်းငယ်ပင် တုန်ခါသွားသည်။

"သခင်မလေးဟုန်... မင်း စီးပွားရေး လုပ်နေတာ မဟုတ်ဘူးလား? မင်းတို့ရဲ့လက်နက် သန့်စင်ရေးအလုပ်ရုံက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ငါကြားတယ်.... မင်းလုပ်ထားတဲ့ ဓားဖက်သွားဓားက ပေါင်နည်းနည်း တိုနေတယ်... ဒါကိုပဲကြည့်လိုက်... ငါတစ်ဖက်သွား ဓားတွေကို အကြိမ်ပေါင်းများစွာ သုံးဖူးတယ်... ဓားသွားတွေ အကုန်ကွဲသွားပြီ”

"ဒါ့အပြင် ယွမ်စွမ်းအင်ရဲ့ ကူးစက်မှုက မထင်မရှားနဲ့... ဖြုန်းတီးရာ ကျလွန်းတယ်... ဒါက လက်နက်မဟုတ်ဘူး... သံလှံတောင် သူ့ထက်တောင် ပိုကောင်းဦးမယ်... ငါ့ပိုက်ဆံပြန်ပေးပြီး ငါတို့ပစ္စည်းတွေ အတွက် လျော်ပေး!"

ဟုန်ရှန်ယင်းရဲ့ အမူအရာ ပြောင်းလဲသွားသည်။ သူမသည် လျင်မြန်စွာ ငုတ်တုတ်ထိုင်ချကာ ဓားရှည်ကို မြှောက်၍ ဂရုတစိုက် စစ်ဆေး​ကြည့်လိုက်သည်။

ဓား၏လက်ကိုင်တွင် ဤဓားကို သူမလုပ်ခဲ့ကြောင်း အတည်ပြုသည့် လက်နက် သန့်စင်ရေး အလုပ်ရုံ၏ အမှတ်အသားပါရှိသည်။ ဓားပေါ်တွင် ချစ်ပ်ပြားအချို့ ရှိနေပြီး ၎င်းတို့သည် ကွေးကွေး ကောက်ကောက်ပင် ဖြစ်နေ​ပြီ။

သူမသည် ယွမ်စွမ်းအင်ကို ဓားသွားထဲသို့ တွန်းပို့လိုက်သော် ယွမ်စွမ်းအင်ရဲ့ လှုပ်ရှားမှုတွေက မထင်မရှား ဖြစ်နေတာကို ခံစားလိုက်ရသည်။ ၎င်းက အောက်ခြေမရှိတဲ့ တွင်းလိုပဲ ယွမ်စွမ်းအင်တွေကို စုပ်ယူသွား၏။

စိတ့ဝိညာဉ် စွမ်းအားဖြင့် ခံစား​ကြည့်လိုက်ပြီးနောက် သူမမျက်ခုံးများ တဖြည်းဖြည်း တွန့်ချိုးသွားသည်။ သူမက တုံးမနေသူ မဟုတ်ပေ။ ဤလူသည် သူမကို ဒုက္ခဖြစ်စေချင်လို့ ဤလက်နက်ကို အသုံးချနေကြတာပဲ ဖြစ်လေသည်။

ဒါပေမဲ့ သူတို့လုပ်ထားတယ်လို့ သိထားရင်တောင် သူတို့က ဘာလုပ်နိုင်မှာလဲ။ ကိုယ့်မှာ အပြစ်အနာအဆာတွေကို ဖယ်ရှားဖို့ ခွန်အားမရှိရင် တခြားသူတွေက ကိုယ့်ကို အနိုင်ကျင့်ဖို့ အခွင့်အရေး ရသွားမှာပဲ။ ကိုယ်လုပ်နိုင်တာ ဘာမှမရှိဘူး။ သေသေချာချာ မတတ်မြောက်ထားတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရတော့မည်။

လုရွှမ် သူ့မျက်လုံးထဲတွင် လူတိုင်း၏ အမူအရာများကို မြင်​နေရသည်။ ရောက်လာကြသော လူများ၏ မျက်နှာများမှာ လှောင်ပြောင်မှု အပြည့်ဖြင့် တမင်သက်သက် ပြဿနာရှာနေတာ သံသယ မရှိပေ။ ဟုန်ရှန်ယင်းမှာ မျက်မှောင်သာ ကြုတ်ထားပြီး သူမ လိုချင်တာကို မလုပ်ဆောင်နိုင်ဘူး ဆိုတာ သိသာပါ၏။

"သခင်မလေး?"

ချွန်းရှောင်သည် ဟုန်ရှန်ယင်း၏ အဝတ်အစားများကို တင်းတင်းကျပ်ကျပ် ဆွဲလိုက်ထား၏။ တစ်ချိန်တည်းတွင် သူမသည် ဒေါသထွက်သလို ကြောက်လည်း ကြောက်လန့်နေရာ အလွန်သနားစရာ ကောင်း​နေသည်။

“သခင်မလေးဟုန်... မင်းရဲ့ အလုပ်ရုံတံခါးဝမှာ ကမ္ဘာ့နံပါတ် (၁) ဆိုင်းဘုတ်ကို ကပ်ထားတယ် ပြဿနာရှိရင် လျော်ကြေးပေးရမယ်... ဟုတ်တယ်ဟုတ် ငါတို့က မင်းပြဿနာကို မဖြေရှင်းနိုင်လို့ စည်းကမ်းချက်တွေကို လိုက်နာပြီး လျော်ကြေးငွေ သုံးဆ ပေးဆောင်စေချင်ရုံပဲ”

ချွန်းရှောင်က "ရှင်တို့ကို ကျွန်မတို့က ဘယ်လို လျော်ကြေးပေးဖို့ တတ်နိုင်မှာလဲ? ကျွန်မတို့ကို အနိုင်လာကျင့်နေတာ အသိသာကြီး"

"ဟားဟား ဟားဟား ဟားဟား"

"ကောင်မလေး မင်းပြောတာတွေက မှားနေပြီ... မင်းကို ကြည့်ရတာ ရုပ်ရည် ကောင်းပါတယ်။ မင်းဒီမှာ ဒုက္ခရောက်ရတာ မတရားဘူး ငါတို့လို အစ်ကို​တွေနဲ့ လိုက်ခဲ့မလား? မင်းကို အရသာရှိတဲ့ အစာတွေကို စားခွင့်ပေးမယ် မင်းရဲ့ကျင့်ကြံမှုကို မြန်မြန်ဆန်ဆန် တိုးတက်လာအောင် လုပ်ပေးမယ် ?”

မျက်နှာကြီး မည်းမှောင်ထားသော အမျိုးသားတစ်ဦးသည် မထီမဲ့မြင်ပြုကာ ချွန်းရှောင်၏ပါးကို မရိုးမသား လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။ ချွန်းရှောင်မှာ အော်ဟစ်ပြီး ဟုန်ရှန်ယင်း အနောက်မှာ အမြန် ပုန်းနေလိုက်၏။

"ဟားဟားဟား "

လူတိုင်းက ရယ်မော လိုက်ကြပြန်သည်။

ထိုလူသည် စိတ်အား ထက်သန်နေပုံရသည်။ သူက ထူးထူးဆန်းဆန်းကြီး ပြုံးပြကာ လက်ဖဝါးကို ဖြန့်၍ သူမကို ဆက်ဖမ်း​လေသည်။

"ညီမလေး ဘာလို့ ပြေးနေတာလဲ? ဒီအစ်ကိုက မင်းကို အရမ်းသနားလို့...."

"ဖြောင်း!"

လက်ဖဝါးတစ်ဖက်က ပါးရိုက်လိုက်သံဖြင့် ထိုလူ၏မျက်နှာကို ပြင်းပြင်းထန်ထန် ယမ်းထွက်သွား၏။ ဟုန်ရှန်ယင်းသည် ကျယ်လောင်သော အသံနှင့်အတူ သူမသည် ဓားတစ်ချောင်းကို ဆွဲထုတ်ကာ လူတိုင်းအား ချိန်ထားလိုက်သည်။

"ထွက်သွား!"

"ခွေးမ! မင်းကိုယ်မင်း ဘယ်သူလို့ ထင်​နေတာလဲ? မင်းငါ့ကိုရိုက်ရဲတယ်ပေါ့ ငါ...."

“ဘန်း!”

မျက်နှာကြီး မည်းနေသော အမျိုးသားသည် အနောက်သို့ လွင့်သွားကာ အလုပ်ရုံအပြင်ဘက်၌ ပြုတ်ကျသွား​လေသည်။ သူ၏ ပါးစပ်ထောင့်များသည် သွေးများ ပြည့်နှက်နေပြီး မေးရိုးများပါ အက်ကွဲသွားသည်။

လုရွှမ် သူ့လက်ကောက်ဝတ်ကို ဝှေ့ယမ်းပြီး ပြုံးပြလိုက်သည်။

"မင်းကို ရိုက်ရဲတဲ့သူတွေမှ အများကြီးပဲ.... မင်းအရမ်း အရိုက်ခံချင်ရင်တော့ ငါမင်းကို တစ်ချက် ထိုးပေးမယ်"

"သခင်မလေးဟုန်... ဒီဓားကို ကျွန်တော်ကြည့်လို့ မရလား?"

ထိုစကားနဲ့အတူ ဟုန်ရှန်ယင်းရဲ့ အဖြေကို မစောင့်တော့ဘဲ တစ်ဖက်သွားဓားကို ယူ၍ လက်ထဲတွင် နှစ်ကြိမ်လောက် ဘယ်ညာ ဝေ့ကြည့်လိုက်သည်။

"ပြဿနာ​သေး​သေးလေးပဲ မဟုတ်ဘူးလား... ပြုပြင်လိုက်ရင် ပြီးသွားပြီ!"

လုရွှမ်သည် ဓားကို လက်ဖဝါးဖြင့် ပွတ်ဆွဲကာ ဓားသွားအစွန်းကို လက်ညိုးဖြင့် ဖြတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ဓားသည် အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ ၎င်း၏ချောမွေ့ တောက်ပမှုများကို ပြန်လည် ရရှိသွားခဲ့​လေသည်။

All Chapters