← Chapters

လှုပ်ရှားဆောင်ရွက်

Vol. 86 Ch. 4.804

လှုပ်ရှားဆောင်ရွက်

Vol. 86 Ch. 4.804

ထို့နောက် လုရွှမ်၏ လက်ဖဝါးသည် ထူထဲသော တစ်ဖက်သွားဓားကို တစ်လက်မ၏ လေးပုံသုံးပုံ အကွာသို့ လှန်လိုက်သည်။

ရုတ်တရတ် ဟစ်အော်သံကဲ့သို့ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ အသံသည် အစပိုင်းတွင် ကျယ်လောင်ခြင်း မရှိသော်လည်း တဖြည်းဖြည်း ကျယ်လောင်လာပြီး နောက်ဆုံးတွင် မိုးခြိမ်းသံကဲ့သို့ ဖြစ်လာသည်။

"ဓားကောင်းပဲ!"

လုရွှမ်ဆို၍ ပြဿနာရှာဖို့ ဦးဆောင်သူထံ ပစ်ချလိုက်သည်။

"မင်းတို့အခု ထွက်သွားနိုင်ပြီ ငါတို့ လက်နက် သန့်စင်ရေး အလုပ်ရုံက ဒီနေ့ အနားယူဖို့ ပိတ်ပြီ.... ထွက်သွားတော့!!"

ဒီလူတွေကို ခုခံကာကွယ်လာမယ့် အချိန်ကိုတောင် မစောင့်ဘဲ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး လေပြင်းတွေဖြင့် ထိုလူအားလုံးကို လွှင့်ပစ်လိုက်လေသည်။ တစ်ယောက်ပြီး တစ်ယောက် တဗြုန်းဗြုန်းဖြင့် မြေပြင်ပေါ်ကို လဲကျသွားပါတော့သည်။

ထိုလူများစွာ အံ့သြတုန်လှုပ် သွားကြ၏။ သူတို့​က မတ်တပ်ရပ်၍ တစ်ယောက်ကို တစ်ယောက် အတန်ကြာ ကြည့်ပြီးနောက် သခင်တစ်ဦးနှင့် တွေ့မိသွားကြောင်း ချက်ချင်း သိလိုက်ကာ အမြန်ပဲ ထွက်ပြေးသွားကြသည်။

လုရွှမ် လှည့်ကြည့်လိုက်တော့ ဟုန်ရှန်ယင်းနဲ့ ချွန်းရှောင်တို့က သူ့ကို ဦးညွှတ်ချနေတာ တွေ့လိုက်ရသည်။ လုရွှမ် သူတို့နှစ်ယောက်ကို အမြန် ထောက်ကူလိုက်ပြီး။

"မင်းတို့တွေ သိပ်ယဉ်ကျေးနေစရာ မလိုပါဘူး... မတရားတာတွေ ကြုံနေတာတွေ့လို့ ကူညီဖို့ ငါ့ဓားကို ဆွဲထုတ်လိုက်ရုံပဲ လုပ်ခဲ့တာ!"

"ကျေးဇူးအများကြီး တင်ပါတယ် သခင်လေး... သခင်လေးကြောင့်သာ မဟုတ်ရင် ကျွန်မတို့ ဘိုးဘေးတွေဆီက ရခဲ့တဲ့ ကမ္ပည်းပြားကို ပေးလိုက်ရမှာတောင် ကြောက်ရတယ်"

ဟုန်ရှန်ယင်းက ဆိုလာသည်။ သူမ၏ အသံမှာ ရှိုက်ကြီးတငင် ပြောနေရသလို နစ်ဝင်နေပြီး မျက်လုံးများလည်း နီရဲနေသည်။ ပြီး​တာနဲ့ မျက်​ရည်​​တွေ လိမ့်​ဆင်း​လာ​လေတော့၏။

ယခင်က ဝေဖန်မှုများနှင့် ကြုံလာရသောအခါတွင် သူမသည် အစွမ်းကုန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ထိုဘေးဆိုးကြီးများ ပြီးဆုံးသွားပြီး သူမ၏ ခံစားချက် အစစ်အမှန်ကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။

"ချွန်းရှောင် သခင်လေးကို ကျေးဇူးတင်ပါတယ်... အရင်က သခင်လေးအပေါ် အမှားလုပ်မိလို့လည်း တောင်းပန်ပါတယ်"

လုရွှမ် ကလေးမလေးကို ငုံ့ကြည့်ရင်း ပြုံးလိုက်သည်။

"တောင်းပန်ပါတယ် မပြောနဲ့တော့... မင်းတို့မိန်းက​လေး နှစ်ယောက်က ဒီလိုကြီးမားတဲ့ လက်နက်သန့်စင်တဲ့ အလုပ်ရုံတာဝန်ကို ထမ်းဆောင်ထားရတာနဲ့တင် ခါးသီးမှုတွေ အရမ်းများနေနှန်း စိတ်ကူးကြည့်လို့ ရပါတယ်... ငါ မင်းကို သနားမိတယ် ဒါပေမဲ့ အရမ်းလည်း လေးစားမိပါတယ်"

ဟုန်ရှန်ယင်းက သူမရဲ့ ကျေးဇူးတင်စကား ရပ်လိုက်ပြီး မျက်ရည်တွေကို သုတ်လိုက်သည်။

"သခင်လေး ကျွန်မတို့နေရာကို ရောက်လာတာ ဘာကိစ္စရှိလို့လဲ?"

"မှန်တယ် လက်နက်သန့်စင်သူအဖြစ် အလုပ်လျှောက်ထားဖို့ ကျွန်တော်ဒီကို ရောက်လာတာပါ!"

ဤစကားများသည် လုရွှမ် သူတို့ကို ယခင်က ကူညီပေးခဲ့သည့်ထက်ပင် သူတို့အား အံ့အားသင့်စေခဲ့သည်။ ခဏလောက် ထိတ်လန့်သွားပြီးနောက် ဟုန်ရှန်ယင်းက။

"သခင်လေးက ကျွန်မတို့ရဲ့ နေရာမှာ လက်နက်သန့်စင်သူအဖြစ် လျှောက်ထားဖို့ လာပြောတာလား?"

လုရွှမ် ခေါင်းညိတ်ပြီး "ဟုတ်တယ် မင်းပြောတာမှန်တယ်"

ဟုန်ရှန်ယင်း၏ မျက်လုံးများ တောက်ပသွားသည်။ လုရွှမ်၏ ယခင်အဆင့်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားပြီးပြီ။ ဒါ့အပြင် လုရွှမ်ရဲ့ အဆင့်သည် သူမထက် သာလွန်သည်ဟု သူမယုံကြည်သွားခဲ့​ပြီးသား။

သို့သော် ယခုအခါ လက်နက် သန့်စင်ရေး အလုပ်ရုံသည် ဘောင်အလွတ်နီးပါး ဖြစ်နေပါ​ပြီ။ လုပ်ငန်း လည်ပတ်ရန်အတွက် အလုပ်ရုံ၏ လက်နက် သန့်စင်ရေး ကိရိယာ အချို့ကိုပင် ရောင်းချနေရတာ ဖြစ်သည်။

ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲများတွင် လက်နက်သန့်စင်သူ ဖြစ်ဖို့ဆိုတာ ဆွဲဆောင်မှု ရှိတဲ့အရာ မဟုတ်တော့ပေ။ ထို့အပြင် လုရွှမ်က ထူးခြားသော လက်နက်သန့်စင်သူ ဖြစ်နေပြီ။ ဟုန်ရှန်ယင်းက သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး။

"သခင်လေး... ကျွန်မရှင့်ကို သံသယ၀င်မိလို့ တောင်းပန်ပါတယ်.. ဒါပေမဲ့ ကျွန်မတို့ရဲ့ လက်ရှိ အခြေအနေကို ရှင်မြင်ပြီးပြီ ကျွန်မတို့ဆီ လာချင်တာ သေချာရဲ့လား?"

"သခင်လေးအတွက် အခကြေးငွေကို ကျွန်မတို့ မပေးနိုင်ဘူး ကျွန်မတို့မှာ ပစ္စည်းအလုံအလောက်တောင် မရှိဘူး... အချိန်ကလည်း တစ်လခွဲပဲ ကျန်တော့တယ် အဲဒါပြီးရင် လက်နက် သန့်စင်တဲ့ အလုပ်ရုံကိုတောင် သိမ်းသွားနိုင်တယ်"

လုရွှမ် ဒေါသမထွက်ဘဲ ပြုံးလိုက်မိသည်။ သူ့မျက်လုံးတွေက ဒီမိန်းကလေးကို ပိုလို့​တောင် ချီးကျူးမိသွားသည်။

ကျင့်ကြံခြင်းလောကဟာ အန္တရာယ်များပြီး လူတို့ရဲ့ စိတ်နှလုံးက မှန်းဆလို့ မရပေ။ သတိမရှိရင် ဘယ်လိုလုပ် ရှင်သန်နိုင်ပါ့မလဲ။ ဟုန်ရှန်ယင်းသည် ယခုအချိန်အထိ ကလေးမလေးနှင့်အတူ အလုပ်ရုံကို ထိန်းသိမ်းထားနိုင်ခဲ့ကာ သူမ၏စိတ်သည် အလွန်ကြည်လင်ပြီး ငြိမ်သက်နေခဲ့သည်။

"စိတ်မပူပါနဲ့ မင်းတို့မိသားစုရဲ့ ကမ္ဘာ့နံပါတ် ၁ ကမ္ပည်းပြားကို လိုချင်တပ်မက်လို့ ဒီကို ရောက်နေတာ မဟုတ်ဘူး... အဲဒါက ငါ့အပေါ် ဘာသက်ရောက်မှုမှ မရှိဘူး ငါ့အတွက်ကတော့ ပိုက်ဆံရှာဖို့ပဲ... ကိုယ်လိုချင်တဲ့ အရာတွေကို ဝယ်ဖို့ အလုပ်ရုံတစ်ခုပဲ လိုတာ ပြီးရင် ကြယ်တစ်သောင်းကမ္ဘာက ထွက်သွားမှာ...."

"ငါ့ကိုယ်ငါ မမိတ်ဆက်ရသေးဘူး... ငါ့နာမည်က လုရွှမ်ပါ... မင်းငါ့နာမည်ကို မကြားဖူးသေးပေမယ့် ရက်အနည်းငယ်ကြာရင် မင်းသိလိမ့်မယ်လို့ ငါထင်တယ်... ရိုးရိုးသားသား ပြောရရင် မင်းရဲ့အလုပ်ရုံကို ငါရွေးချယ်ခဲ့တာက တခြားအလုပ်ရုံတွေက ငါ့ကိုလက်မခံဝံ့ဘူး ဆိုတာ သေချာပါတယ်... မင်းတစ်ယောက်တည်းပဲ”

"အခုတော့ တစ်ယောက်ကို တစ်ယောက် အားကိုးတကြီးနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်နိုင်မယ်လို့ ငါထင်ပါတယ်"

ဟုန်ရှန်ယင်းက ညင်သာစွာ ပြုံးပြီး။

"သခင်လေးက ရယ်စရာတွေ ပြောနေပါပြီ... ကျွန်မတို့က တစ်နေကုန် အလုပ်ရုံမှာ ကုန်ဆုံးနေတာ... အပြင်က သတင်းတွေအကြောင်း မသိဘဲတောင် ဖြစ်နေပြီ"

လုရွှမ်ကတော့ ဒီအကြောင်းအရာကို တိုက်ရိုက်ဖယ်လိုက်ပြီး။

"တစ်လခွဲအတွင်းမှာ မင်း ဧကရာဇ်လက်နက်တွေနဲ့ တော်ဝင်လက်နက်တွေ ထုတ်ပြရမယ်... မဟုတ်ရင် ကမ္ဘာ့နံပါတ် (၁) ကမ္ပည်းပြားကို သိမ်းသွားလိမ့်မယ်ဆိုတာ ငါကြားမိတယ်... ဒါဆို ဘာလို့ အချိန်ဖြုန်းနေတာလဲ? မင်းရဲ့ လက်ရှိတိုးတက်မှုက ဘယ်လိုလဲ မင်းရဲ့ သန့်စင်မှုက ဘယ်လိုလဲ... တစ်လခွဲ ပြီးရင်တော့ ကမ္ဘာ့နံပါတ်တစ် ကမ္ဗည်းပြားကို သူများယူသွားတော့ ငါမ​မြင်ချင်ဘူး"

လုရွှမ်၏ သန်မာပြီး ပြတ်သားသောပုံစံသည် အမျိုးသမီးနှစ်ယောက်ကို ထိန်းထားရန် ခက်ခဲစေသည်။ ဒါပေမဲ့ လုရွှမ် ပြောတာမှန်တယ်။ သူတို့မှာ အချိန် မရှိတော့ဘူး။

"သခင်လေးလုရွှမ် ဒီဘက်ကို ကြွပါ..."

"ငါ့ကို လုရွှမ်လို့ခေါ်ရင် ရပြီ... ယဉ်ကျေးနေစရာ မလိုပါဘူး"

လုရွှမ် ပြုံးပြီး ပြောလိုက်သည်။ သို့နှင့် သူတို့ သုံးယောက်က အိမ်နောက်ဖေးကို ထွက်လာခဲ့ကြသည်။ အခင်းအကျင်း ဖွဲ့စည်းပုံက အရမ်းကောင်းပေမယ့် ဘိုးဘေးစဥ်ဆက် လက်ဆင့်ကမ်းလာခဲ့တာမို့ လုရွှမ်သည် ဤဖွဲ့စည်းပုံသည် အနည်းငယ် ခေတ်နောက်ကျနေပြီဟု ခံစားလိုက်ရသည်။

၎င်းကို ဆက်လက် ထိန်းသိမ်းလိုပါက၊ သင်သည် အလုပ်ရုံအတွက် ကြီးမားသောကုန်ကျစရိတ်တစ်ခု ဖြစ်သည့် သလင်းကျောက် အများအပြားကို အသုံးပြုရမည်။

အလယ်တွင် သုံးမီတာခန့်ရှည်သော အချောထည်တစ်ပိုင်း ဓားတစ်ချောင်းကို လုရွှမ် တွေ့လိုက်ရသည်။

အောက်ခြေက မီးသည် အဆက်မပြတ် တောက်လောင်နေသော်လည်း ၎င်းသည် ပစ္စည်း၏ အနှစ်သာရကို ထိန်းသိမ်းထားရုံသာ တတ်နိုင်သည်။ ထင်ရှားသည်မှာ ဤဓားသည် အကြာကြီး ဗလာနတ္တိ ဖြစ်ထားခဲ့ပုံပင်။ မီးတောက်ဖြင့် ထိန်းသိမ်းထားသောကြောင့်သာ မဟုတ်ပါက ပစ္စည်း၏ လုပ်ဆောင်နိုင်မှုများကို တဖြည်းဖြည်း ဆုံးရှုံးသွားလိမ့်မည်။

သို့သော်လည်း ဤမျှလောက်သော နတ်ဓားလို ရောင်ဝါမှာ တစ်ဝက်ထက်မနည်း ကွယ်ပျောက်သွား​ပြီ ဖြစ်သည်။ ၎င်းကို တော်ဝင်လက်နက်အဖြစ် သန့်စင်လိုကြောင်း လုရွှမ် သူ့ဘာသာသူ ဆုံးဖြတ်ခဲ့သည်။

သူ့ဘေးကို တစ်ချက် ကြည့်လိုက်တော့ ဓားအကြီးကြီး တစ်ချောင်းပဲရှိကာ ပစ္စည်းနှစ်ခုတောင် မပြင်ဆင်ထားဘူး။ နည်းနည်းတော့ ချို့တဲ့တယ်လို့ ပြောရမည်။

ဟုန်ရှန်ယင်းလည်း ရှက်ရွံ့စွာနဲ့ ခေါင်းညိမ့်ပြလိုက်ပါ၏။ ဘိုးဘေးတွေ လက်ထက်ကတည်းက အပ်နှင်းထားတဲ့ ဆိုင်းဘုတ်က သူမလက်ထဲမှာ ပျောက်ကွယ်လုနီးနီး ဖြစ်နေပြီဆိုတာ သူမသိပါသည်။

"အင်း သိပ်တော့ မဆိုးပါဘူး!"

ဟုန်ရှန်ယင်း ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး ဝမ်းသာအားရ မျက်ရည်များက ပြည့်နှက်လာခဲ့သည်။

"သခင်လေးလုရွှမ်... ကျွန်မတို့ကို ကယ်ဖို့ နည်းလမ်းရှိသေးတယ်လို့ ပြောနေတာလား?"

သူမက စိတ်လှုပ်ရှားစွာနဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ရလိုက်သလို အော်လိုက်ပေမယ့် လုရွှမ်ကတော့ ပြုံးပြီးပြောလေ၏။

"ဒီဓားက အသုံးမဝင်ပေမယ့် ပစ္စည်းက မဆိုးဘူး... တော်ဝင်လက်နက်ကို ထုလုပ်လို့ မရပေမယ့် သန့်စင်ဖို့တော့ ဖြစ်နိုင်ပါသေးတယ်... ထိပ်တန်း လျှို့ဝှက်ဆန်းကြယ်အဆင့် လက်နက်တစ်ခုကို ဖန်တီးလို့ ရတယ်"

မိန်းကလေး နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာ မကျေမနပ် ဖြစ်နေတာကို မြင်တော့ လုရွှမ်က ပြုံးပြုံးလေးနဲ့။

"ဓားကိုရောင်းပြီး ပစ္စည်းတွေဝယ်ဖို့ လေလံခန်းကို သွားလိုက်.... ငါ့မှာ ပစ္စည်းတချို့ ရှိတယ်... ပစ္စည်း လုံလောက်ရင် ဒီဟာကို ပြန်သန့်စင်ဖို့ အဆင်ပြေပြီ"

မိန်းကလေး နှစ်ယောက်၏ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်မှု များစွာဖြင့် ပြည့်နှက်သွားသည်။ ဤအရာများသည် မည်သူမဆို ကိုင်တွယ်ရန် အလွန်ခက်ခဲသော်လည်း လုရွှမ်ပါးစပ်မှ အလွန်ရိုးရှင်းသော ကိစ္စတစ်ခုကို ဖော်ပြနေသလို ခံစားရသည်။

"စိတ်မပူပါနဲ့....ငါအားလုံးကို ဂရုစိုက်ပါ့မယ် အခု ဒီဓားကို အရင်ပြင်ရအောင် မင်းတို့က လက်နက်တွေ သန့်စင်တဲ့နေရာမှာ အားကောင်းတယ်လို့ ငါမြင်ရတယ်... ဒါကြောင့် ဘေးကနေ စောင့်ကြည့်ပြီး အဆင်မပြေရင် ငါ့လက်ကို ရိုက်ချလိုက်..."

ကောင်မလေး နှစ်ယောက်လည်း ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်၏။ လုရွှမ်က သူတို့ကို ယဉ်ယဉ်ကျေးကျေးပြောပြီး လက်နက်လုပ်နည်းကို သင်ယူစေချင်နေတာ ထင်ရှား​လေသည်။

ဒါက လက်နက်လောကထဲကို အရောက်လှမ်းဖို့ ကောင်းမွန်တဲ့ ကုသိုလ်တစ်ခုပဲ။ ပိုက်ဆံဘယ်လောက်သုံးနေပါစေ ဒီလိုအခွင့်အရေးမျိုးကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူးလေ။

All Chapters