လက်နက်သန့်စင်ခြင်း
Vol. 86 Ch. 4.805
၎င်းသည် လျှို့ဝှက်ဆန်းကြယ်အဆင့် လက်နက်ကို သန့်စင်မှာ ဖြစ်သောကြောင့် သဘာဝအားဖြင့် လိုအပ်ချက်များစွာ မရှိပေ။ လုရွှမ်သည် ဓားကိုကြည့်ကာ ရိုးရှင်းသောတွက်ချက်မှုတစ်ခု ပြုလုပ်လိုက်သည်။
"ပါဝင်ထားတဲ့ အရင်းအမြစ်တွေက ဝိညာဉ်စွမ်းအင်တွေကို ဆုံးရှုံးသွားခဲ့ပြီးပြီ... သူတို့ကိုဖယ်ရှားပြီးရင် စွမ်းအင် သိပ်မကျန်လောက်တော့ဘူး... ဓားကိုပြန်လည် သန့်စင်ဖို့က မဖြစ်နိုင်သလောက်ပဲ ဆိုပေမယ့် တစ်ဖက်သွား ဓားအနေနဲ့ သန့်စင်မယ်ဆိုရင်တော့ လုံလောက်ပါတယ်"
လုရွှမ် သူ့လက်ဖဝါးကို ပွတ်ဆွဲလိုက်သော် သူ့လက်ဖဝါးထဲတွင် အနီရောင် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထိုမီးသည် စိတ်ဝိညာဥ်မီးတောက်သာ ဖြစ်ပြီး အမြင့်ဆုံးလက်နက်ကို သန့်စင်ခြင်းဟု လူသိများသော ထူးဆန်းသော မီးပဲဖြစ်သည်။
"စိတ်ဝိညာဥ်မီးတောက်?"
ဟုန်ရှန်ယင်းသည် သူမပါးစပ်ကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်ကာ စိတ်လှုပ်ရှားနေပါ၏။ စိတ်ဝိညာဉ်မီးတောက်ဆီက အသိအမှတ်ပြု ခံရသူများသည် လက်နက် သန့်စင်ခြင်း၏ အရှင်သခင်များသာ ဖြစ်ပေသည်။
စိတ်ဝိညာဉ်မီးတောက်သည် ပဉ္စမအဆင့်သို့ ရောက်ရှိသွားပြီမို့ ထူထဲသော တစ်ဖက်သွား ဓားသည် လျင်မြန်စွာပဲ အရည်ပျော်သွားသည်။
လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားများ လွင့်ထွက်ပြီး ထူထဲသော တစ်ဖက်သွားဓားကို ဖွဲ့စည်းထားသော အရည်တွေဟာ ထောင်ပေါင်းများစွာသော ချည်မျှင်များ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ အနက်ရောင် အရည် အနည်းငယ်က ရွှန်းလဲ့လဲ့ အရောင်များဖြင့် တဖြည်းဖြည်း တောက်ပလာသည်။
လုရွှမ် သူ့လက်များကို လှုပ်ယမ်းမနေဘဲ သန့်စင်မှုကို ထိန်းချုပ်ရန် သူ့စိတ်ဝိညာဉ် စွမ်းအားကို အားကိုးနေခဲ့သည်။ ပစ္စည်းအနည်းငယ်သည် အဆက်မပြတ် လောင်ကျွမ်းနေပြီး လုရွှမ်၏ စိတ်ဝိညာဥ် စွမ်းအားနဲ့အတူ သံထည်အဖြစ် ပေါင်းစည်းသွားသည်။
အလင်းရောင်သည် မှိတ်တုတ်မှိတ်တုတ် တောက်ပနေစဥ် အရည်ထုထည်သည်လည်း အမှန်တကယ်ပင် ရောင်စုံအလင်းများကို ထုတ်လွှတ်ပေးနေသည်။
"ငါတို့က ဒီဓားကို ရောင်းချင်တာဆိုတော့ လှအောင်လုပ်ရမယ်!"
ဟုန်ရှန်ယင်းနဲ့ ချွန်းရှောင်တို့သည် ကြက်ပေါက်စလေးတွေလို အားတက်သရော ခေါင်းညိတ်ပြလိုက်ကြသည်။ ပုံသဏ္ဌာန် မရသေးသော်လည်း အရည်၏ တောက်ပသော အလင်းရောင်ကို ကြည့်ရုံဖြင့် သူမတို့ကို အလွန်အမင်း စိတ်လှုပ်ရှားနေစေပြီ။
အတွင်းလူများက တံခါးကိုသာ စိုက်ကြည့်နေကြပြီး အပြင်ဘက်က လူများကလည်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။
ဟုန်ရှန်ယင်းသည် လက်နက် သန့်စင်ခြင်းတွင် အလွန် ထက်မြက်သော်လည်း ကံမကောင်းစွာပဲ သူမအား လမ်းညွှန်ပေးမည့်သူ မရှိခဲ့ပေ။ လုရွှမ်၏ ယခုလှုပ်ရှားမှုကို ကြည့်လိုက်ရာ စိတ်တည်ငြိမ်မှုနှင့် ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်စွမ်းက သူမရဲ့ လက်ရှိစွမ်းရည်ကို လုံးဝ ကျော်လွန်သွားလေပြီ။ ဒါ့အပြင် ဝိညာဉ်စွမ်းအားဖြင့်သာ လုံးဝ သန့်စင်သွားတာကို သူမ တွေ့လိုက်ရသည်။
"လက်နက်ကို သန့်စင်ဖို့ ရွေးချယ်ထားတဲ့ ကောင်းကင်သလင်းကျောက်က ခိုင်ခံ့တဲ့ ပုံသဏ္ဌာန်ရှိရမယ်... ဒါပေမဲ့ အဲဒီသလင်းကျောက်ကို သန့်စင်ပြီးရင် မီးတောက်နဲ့ လောင်ကျွမ်းသွားအောင် လုပ်လို့ မဖြစ်ဘူး သတိထားရမှာက သလင်းကျောက်က သူ့အနေအထားကို အချိန်အကြာကြီး သိမ်းဆည်းထားနိုင်မှာ မဟုတ်ဘူး"
“မီးတောက်က ပြင်းရမယ်...ခဏအတွင်း အရည်ပျော်နိုင်ရမယ် နှောင့်နှေးမနေသင့်ဘူး အချိန်နည်းနည်းတော့ သက်ရောက်မှု မရှိဘူးလို့ ထင်ရပေမယ့် အတွင်းပိုင်းမှာတော့ ကြီးမားတဲ့ ခြားနားချက်တစ်ခု ဖြစ်နေပြီ.... သန့်စင်မှုကို စုဆောင်းမိထားတဲ့အခါ အကျိုးသက်ရောက်မှုက လုံးဝ ကွဲပြားသွားလိမ့်မယ်”
"မင်းတို့အားလုံးမှာ အရည်အချင်းကောင်းတွေရှိပေမယ့် မင်းတို့ရဲ့စိတ်ဝိညာဉ် စွမ်းအားက နောက်ကျနေသေးတယ်.... မင်းတို့ကို စိတ်ဝိညာဉ်သန့်စင်နည်းတွေကို ငါခဏနေရင် သင်ပေးမယ်... စိတ်စွမ်းအားတွေ ပိုအားကောင်းနေသရွေ့တော့ လက်နက်သန့်စင်မှုကို ထိန်းချုပ်ဖို့က ပိုလွယ်လာလိမ့်မယ်"
လုရွှမ်သည် လက်နက်ကို သန့်စင်နေစဉ်တွင် ၎င်းတို့နှစ်ဦးကို ပေါ့ပေါ့ပါးပါး သင်ကြားနေသေးသည်။
ခဏအကြာတွင် အရည်များအား စိတ်ဝိညာဉ် စွမ်းအားဖြင့် ထိန်းချုပ်ကာ ပုံသဏ္ဌာန်ဟာ ဓားသန္ဓေသားအဖြစ်သို့ ပြောင်းလဲသွားသည်။ ဒီဓားဟာ အမျိုးသမီးတွေ အသုံးပြုတဲ့ ဓားမျိုးဖြစ်ပြီး အမျိုးသမီးတွေက ငွေကြီးကြီးသုံးချင်ကြတာ သဘာဝပါပဲ။
ပုံသဏ္ဌာန်သည် အလွန်လှပပြီး ပေါ့ပါးသည်။ အထူးသဖြင့် ဓားပေါ်ရှိ ပုံစံအတိုင်းပဲ ဖြစ်သည်။ ဦးတည်ရာ လှည့်လာသည်နှင့်အမျှ အရောင်များ ပြောင်းသွားကာ အလွန်စွဲမက်ဖွယ် ကောင်းလှသည်။
"လက်နက်ကို သန့်စင်တဲ့အခါ ပထမအဆင့်မှာ ပစ္စည်းနဲ့ ရင်းနှီးကျွမ်းဝင်ထားဖို့ အရေးကြီးတယ်... ပြီးရင် မီးတောက်များများ လိုအပ်တယ် ဒါမှ ကိုယ့်ဆန္ဒအတိုင်း ပုံသွင်းနိုင်မှာ... ဒုတိယအဆင့်က အရေးအကြီးဆုံးဖြစ်တဲ့ အခင်းအကျင်း ဖွဲ့စည်းခြင်းပဲ... ဒါက ပိုလို့တောင် လိုအပ်တယ်.... စိတ်ဝိညာဉ်စွမ်းအားနဲ့ အခင်းအကျင်း အပေါ် နားလည်ထားဖို့ ပိုလိုအပ်တယ်”
"ဥပမာ- ဒီဓားကို မိန်းကလေးတွေအတွက် လုပ်တာ... အလှကို အလေးထားပေမယ့် ဂုဏ်သတ္တိနဲ့ လုပ်ဆောင်ချက်တွေကို အလျှော့မပေးရဘူး... ဒါကြောင့် ဓားကို သန်မာဖို့အတွက် ဓားကိုယ်ထည်ကို ခိုင်ခံ့အောင်လုပ်ဖို့ လိုတယ်.. ဒီနည်းနဲ့ဆို ဓားက ထက်မြက်တဲ့ပုံ ပေါက်သွားလိမ့်မယ်"
“ကျင့်ကြံသူ အမျိုးသမီးတွေရဲ့ ခွန်အားတွေက များသောအားဖြင့် ခံနိုင်ရည် လုံလုံလောက်လောက် မရှိလို့ ဝိညာဥ်စွမ်းအင်ကို စုစည်းနိုင်တဲ့ အခင်းအကျင်းကို ထည့်ထားကြတတ်တယ်... ဓားရှည်ကို ဆွဲထုတ်ပြီးတာနဲ့ အလင်းအမှောင်တွေကို လှပတဲ့ အရောင်းအဆင်းနဲ့ ပိုထုတ်နိုင်စေတယ်"
လုရွှမ် ဖြည်းဖြည်းချင်း ပြောပြသည်။ သူပြောပြီးသောအခါတွင် ဓားကိုယ်ထည်သည် လုံး၀ ဖွဲ့စည်းထားပြီးပြီ။ လုရွှမ်သည် လေထဲတွင် ကစားနေသော အခင်းအကျင်း ပုံစံများစွာကို ဓားကိုယ်ထည်နှင့် အံဝင်ခွင်ကျဖြစ်အောင် ထည့်သွင်းလိုက်သည်။
"ဒါက မလုံလောက်ရင် ယန်စွမ်းအင် ဒါမှမဟုတ် ယင်စွမ်းအင် နည်းနည်း ထပ်ထည့်ရမယ်... ဒါပေမဲ့ သက်ရောက်မှုက လုံးဝမတူဘူး!"
လုရွှမ် သူ့လက်ညှိုးကို ထိုးညွှန်လိုက်သည်နှင့် ဖီးနစ်အခိုးအငွေ့များသည် ဓားကိုယ်ထည်ထဲသို့ ပြေးဝင်သွားလေ၏။ စူးစူးဝါးဝါး အော်သံနှင့်အတူ ဓားသည် လေထုထဲမှ ခုန်ဆင်းလာပြီး လုရွှမ့အနားသို့ အလိုအလျောက် ပျံသန်းလာသည်။
ဓားသည် အလွန်သွက်လက်ပြီး ပျံသန်းနေစဉ်အတွင်း သူထိန်းချုပ်နိုင်သော အရောင်များဖြင့် အလင်းတန်း တစ်ခုစီကို ဆွဲထုတ်သွားရာ အလွန်လှပလွန်းပေသည်။ ဟုန်ရှန်ယင်း၏ မျက်လုံးများမှာ တစ်စုံတစ်ခုကို လွမ်းဆွတ်နေသလို ချစ်ခြင်းအပြည့်ဖြင့် ကြည့်နေသည်။
ဝုန်း!
ကောင်းကင်မှာ မိုးခြိမ်းသံတွေ ရုတ်တရက်စုပြီး လှည့်ပတ်နေသည်။
မိုးခြိမ်းတိမ်တိုက်ကြီးက ကြီးကြီးမားမားမဟုတ်ပေမယ့် အလွန်ဖြူစင်ပါသည်။ လူတော်တော်များများရဲ့ မျက်လုံးတွေက မိုးကြိုးတိမ်တိုက်နောက်ကို လိုက်ကာ ကြည့်လိုက်တော့ ကမ္ဘာ့နံပါတ် (၁) လက်နက် သန့်စင်ရေး အလုပ်ရုံကို ဦးတည်သွားကြတာ တွေ့လိုက်ရသည်။
"ဒါက မိုးကြိုးမုန်တိုင်းပဲ... ဟုန်ရှန်ယင်းက တော်ဝင်လက်နက်ကို တကယ်ကြီး သန့်စင်နိုင်သွားတာလား"
"မိုးကြိုးရဲ့ အရှိန်ကို ကြည့်ရတာ တကယ်ကြီး ဖြစ်မယ်"
လမ်းမတွေပေါ်မှာ ဆွေးနွေးမှုတွေ အများကြီး ရှိလာခဲ့သည်။
ကောင်းကင်ပြစ်ဒဏ်လက်နက်သန့်စင်ရေး အလုပ်ရုံထဲက လက်နက်သန့်စင်သူ များစွာလည်း ထိတ်လန့်ကာ တစ်ယောက်ပြီး တစ်ယောက် အမြန် ထွက်လာကြသည်။
"လူအိုကျောင်း... ဒါက တကယ်ဖြစ်နိုင်ပါ့မလား"
အဘိုးအိုတစ်ဦးသည် ကောင်းကင်ယံက မိုးခြိမ်းသံများကို တိတ်တဆိတ် ကြည့်ကာ ခဏအကြာတော့ လှောင်ပြောင်လိုက်လေသည်။
“ဘာကြောက်စရာ ကောင်းလို့လဲ? ဒါက တော်ဝင်လက်နက်ကြီးရဲ့ မိုးခြိမ်းသံ မဟုတ်ဘူး... နည်းနည်းတောင် နိမ့်နေသေးတယ် အဆင့်၉ လျှို့ဝှက်ဆန်းကြယ်အဆင့် လက်နက်ပဲ စိတ်ပူစရာ မလိုဘူး"
"ဟာဟား အဲဒီကောင်မလေးမှာ အရင်းအမြစ်နည်းနည်းပဲ ရှိတော့တယ်လို့ ကြားမိတယ်... ဒီတစ်ကြိမ် ရှုံးသွားရင်တော့ အနာဂတ်မှာ အရင်းအနှီး ပြန်ဆပ်နိုင်မှာတောင် မဟုတ်ဘူး... သူ့မိသားစုရဲ့ ကမ္ဘာမှာ နံပါတ်တစ်ဆုတံဆိပ်ကလည်း သေချာပေါက် သူများကို ပေးလိုက်ရတော့မှာပဲ"
လုရွှမ်သည် ကောင်းကင်ကို မော့ကြည့်ကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သေချာသည်မှာ အနည်းငယ် နိမ့်နေသေးသည်။ သူကြိုးစားမှု အားလုံးကို ကုန်ဆုံးသွားသော်လည်း ပစ္စည်း အရည်အသွေးက အနည်းငယ် ဆိုးနေသေး၏။
လုရွှမ်သည် မိုးကြိုးဘေးဒုက္ခကို သူ့ဗိုက်ထဲသို့ တိုက်ရိုက် မျိုချလိုက်သည်။ ထို့နောက် မိုးကြိုးများက ဓားပေါ်တွင် ပြန့်ကျဲသွားကာ ဓားသည် အသက်ဝိညာဉ် ရှိနေသကဲ့သို့ ပို၍ပို၍ သွက်လက်လာသည်။
အထူးသဖြင့် ပျံသန်းနေချိန်တွင် ထွက်လာသည့် အလင်းရောင်သည် အထူးလျှို့ဝှက် ဆန်းကြယ်သည့် ဖီးနစ်၏ အရိပ်အယောင်များ ပါရှိလေသည်။
လုရွှမ် ဓားကို ဟုန်ရှန်ယင်းထံ ပေးလိုက်သည်။
"ဒါက တော်ဝင်အဆင့်လက်နက် မဟုတ်ပေမယ့် တော်ဝင်လက်နက်လို လုပ်ဆောင်နိုင်တဲ့ စွမ်းရည် နချို့တော့ ပါတယ်... ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်မယ်လို့ ယုံကြည်လို့ရတယ်"
ဟုန်ရှန်ယင်းကတော့ စိတ်လှုပ်ရှားစွာဖြင့် ငိုနေလေပြီ။ လက်နှစ်ဘက်စလုံးဖြင့် ဓားကို ကိုင်ထားလိုက်ချိန် မျှော်လင့်ချက် အလင်းရောင်ကို ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။ ရင်ဘတ်ထဲတွင် နွေးထွေးမှုတွေကြောင့် မျက်ဝန်းများက စိုစွတ်လာတော့သည်။
လုရွှမ် ရုတ်တရက် ပြုံးပြလိုက်ပြီး။
"ဒူးထောက်မနေနဲ့နော်.. ငါ လက်မခံနိုင်ဘူး။ ပိုက်ဆံရှာဖို့ ငါရောက်လာခဲ့တာလို့ ပြောပြီးသား... ဒီလက်နက် သန့်စင်ရေး အလုပ်ရုံကို လောလောဆယ်တော့ အရင်သိမ်းထားရမယ်”
"ကောင်းပြီလေ .... လေလံပွဲမှာ ရောင်းချင်ရင်တော့ နည်းနည်းလိုနေသေးတယ်.... ငါ့မှာ ပစ္စည်းတချို့ ကျန်နေသေးတယ် ဆိုတော့ သန့်စင်လိုက်ဦးမယ်"
လုရွှမ်သည် တခြားပစ္စည်းများကို မဖယ်ရှားမီတွင် အညစ်အကြေးများနှင့် ပေါင်းစပ်ကာ ၎င်းတို့ကို ထပ်မံသန့်စင်ခဲ့သည်။ သိပ်မကြာခင်မှာပဲ ဓားပျံတစ်စင်းဟာ ကြည်လင် ပြတ်သားပြီး ဖောက်ထွင်းမြင်နိုင်လောက်အောင် ပါးလွှာသော ပုံသဏ္ဌာန်ဖြင့် ပေါ်ထွက်လာ၏။
လုရွှမ် ဓားပျံကို ချွန်းရှောင်အား ပေးလိုက်သည်။ သူမ ဓားပျံကို လွှတ်လိုက်သော် ဓားပျံသည် လွှတ်လိုက်ချိန်တွင် ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ စိတ်ဝိညာဉ် စွမ်းအားဖြင့်ပင် ခဏတာမျှ အာရုံ မခံစားနိုင်ပေ။ ၎င်း ပြန်ပေါ်လာသောအခါတွင် ဘယ်သူမှ သတိမပြုမိဘဲ ကြာပွတ်ပေါ်ကို ပြုတ်ကျနေပြီ ဖြစ်သည်။
"လေပြင်းနိယာမရဲ့ အပြောင်းအလဲလေး တစ်ခုပဲ!"