← Chapters

ချောင်လု

Vol. 86 Ch. 4.806

ချောင်လု

Vol. 86 Ch. 4.806

လုရွှမ်၏ လက်နက်သန့်စင်ရာတွင် ပါ၀င်သည့် အရာများက အလွန်နက်နဲလှသည်။ ဟုန်ရှန်ယင်းမှာ လုံးဝ နားမလည်နိုင်သော်လည်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။ သူမ၏မျက်လုံးများ နီရဲလာပြန်ပြီး သူမတို့ ကမ္ဘာ့နံပါတ်တစ် ကမ္ပည်းပြားက အကောင်းအတိုင်း ရှိ​နေတော့မယ်လို့ သူမ သိနေပြီ။

ကမ္ပည်းပြားတစ်ခုမျှသာ ဖြစ်သော်လည်း ယနေ့အချိန်အထိ သူမ၏မိသားစုထံ အပ်နှံခံထားရသော ဂုဏ်သိက္ခာတစ်ခု ဖြစ်သည်။ ၎င်းသည် မိသားစုတစ်ခုလုံး အတွက် သူမ၏ နောက်ဆုံးဘဝ ထွက်သက်အထိ ကာကွယ်ရမယ့် အရာပင်။

လုရွှမ်သည် မိန်းကလေး နှစ်ဦးအား ရွှမ်ခုန်းတောင်မှရရှိသော ဝိညာဉ်စွမ်းအား မွေးမြူနည်း အတတ်ပညာကို သင်ကြားပေးခဲ့သည်။ အဆင့်က နည်းနည်း နိမ့်နေပေမယ့် လေ့ကျင့်မှုရဲ့ အကျိုးသက်ရောက်မှုက အတော်လေး ကောင်းမွန်နေပါသေး၏။

မိန်းကလေး နှစ်ဦးတွင် ထူးကဲသော စွမ်းရည်များရှိပါက လက်ရှိအဆင့်ကို အခြေခံ၍ ၎င်းတို့၏ စိတ်ဝိညာဉ် စွမ်းအားကို အနည်းဆုံးနှစ်ဆတိုးရန် ပြဿနာရှိလိမ့်မည် မဟုတ်ပေ။

"စကားမစပ်... ဧကရာဇ်အဆင့် လက်နက်ကို သန့်စင်ဖို့ လိုအပ်ချက်များ ရှိသေးလား?"

"မရှိဘူး.... ဧကရာဇ်အဆင့် လက်နက် ဖြစ်နေသရွေ့ အဆင်ပြေတယ်... အဆင့်ပိုမြင့်တော့ ပိုကောင်းတာပေါ့"

ချွန်းရှောင်မှာ လုရွှမ်ကိုကြည့်ရင်း မျက်နှာငယ်လေးက အနည်းငယ် နီရဲလာခဲ့​လေသည်။ သူမသည် ကယ်တင်ရှင်ကို တံမြက်စည်းနဲ့ ရိုက်ထုတ်မိလုနီးပါးကို ဖြစ်သွားခဲ့မှန်း မှတ်မိနေပါသေးသည်။

"အိုး ကောင်းပြီ ဒီလက်နက်နှစ်ခုကို အရင်ရောင်းရအောင်... အလုပ်ရုံက အခုအချိန်မှာ ကျဆင်းနေပေမယ့် လေလံအိမ်နဲ့တော့ အဆက်အသွယ် ရှိတုန်းပဲမလား?"

လုရွှမ် လေလံအိမ်သို့ မသွားဝံ့ပေ။ အကယ်၍ အဆိုပါ လက်နက်များကို သူက လေလံတင်ရောင်းချနေပြီ ဖြစ်ကြောင်း လူသိသွားလို့ ၎င်းတို့သည် မြင့်မားသော စျေးနှုန်းများ ရရှိနိုင်မည်ဆိုပါက အံ့သြစရာ ဖြစ်သွားလိမ့်မည်။

ဟုန်ရှန်ယင်းက ခေါင်းညိတ်လေသည်။

"ဟုတ်တယ်... ကျွန်မမှာ ညီအစ်မ နည်းနည်းတော့ ကျန်ပါသေးတယ်... ကျွန်မတို့ရဲ့ လက်နက် သန့်စင်ရေး အလုပ်ရုံက သူတို့ရဲ့ အထောက်အပံ့နဲ့ ရှင်သန်နိုင်ခဲ့တာ... ကျွန်မတို့က ဒီလက်နက်တွေကို သူတို့ဆီကတဆင့် ရောင်းချနိုင်ခဲ့တယ်"

"အဲဒါ ကောင်းတယ်"

လုရွှမ် နောက်တစ်ကြိမ်တွင် အပြင်မထွက်တော့ဘဲ ဟုန်မိသားစု၏ လက်နက်သန့်စင်ရေး အလုပ်ရုံတွင် တိတ်တဆိတ် လေ့ကျင့်ခဲ့သည်။

ဟုန်ရှန်ယင်းသည် ချွန်းရှောင်ကို အပြင်သို့ ခေါ်ဆောင်သွားပြီး ရင်းနှီးသော သူငယ်ချင်းများနှင့် ဆက်သွယ်ကာ ပတ်ဝန်းကျင်က သတင်းများကိုလည်း မေးမြန်းခဲ့သည်။

ဆန်းကြယ်ကောင်းကင်ဂိုဏ်း။

ဆန်းကြယ်ကောင်းကင်ဂိုဏ်းနှင့် ဆန်းကြယ်ကောင်းကင်အိမ်တော် အကြား စကားလုံးကွာခြားချက် တစ်ခုတည်းသာ ရှိပေမယ့် တကယ်တော့ ၎င်းတို့ နှစ်ခုကြားတွင် ကြီးမားသော ဆက်စပ်မှု ရှိ​လေသည်။ ယနေ့ ဆန်းကြယ်ကောင်းကင်အိမ်တော်သည် ဂိုဏ်း၏ အကိုင်းအခက် တစ်ခုဖြစ်ကြောင်း ကောလဟာလများ ရှိခဲ့သည်။

ဆန်းကြယ်ကောင်းကင်အိမ်တော်သည် ယခုအခါ အလွန်ဂုဏ်သိက္ခာ ရှိလာပြီ။ ဆန်းကြယ်ကောင်းကင်ဂိုဏ်းက အဓိကအင်အား ကိုးခုအနက်မှ တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သော်လည်း ဂုဏ်သတင်းအရ ဆိုလျှင် ဆန်းကြယ်ကောင်းကင်အိမ်တော်နှင့် နှိုင်းယှဉ်ရန် ဝေးကွာလှသည်။

ဤအခိုက်အတန့်တွင် ဟုန်ရှန်ယင်းသည် ဆန်းကြယ်ကောင်းကင်ဂိုဏ်းက အကြီးအကဲဟောင်း၏ မြေးဖြစ်သူ ချောင်လုနှင့် တွေ့ဆုံရန်အတွက် ရောက်လာခဲ့သည်။

သူတို့နှစ်ယောက် အခင်ဆုံး သူငယ်ချင်းတွေဖြစ်ရတဲ့ အကြောင်းအရင်းကတော့ မိန်းကလေး ချောင်လုဟာ သူမရဲ့ တာဝန်တွေကို လုံးဝ လျစ်လျူရှုထားလို့ပါပဲ။ သူမသည် ကိုယ်ခံပညာ လေ့ကျင့်မှုကို သိပ်စိတ်မဝင်စားသော်လည်း လက်နက်များကို သန့်စင်ရန် အတွက်မူ အလွန်စိတ်အား ထက်သန်သူဖြစ်သည်။

သူမသည် အခြားသူများ၏ လှောင်ပြောင်ခြင်းကို ခံရပြီး ဂိုဏ်းအတွက် ရှက်စရာဟုပင် မကြာခဏ ခေါ်ဝေါ်ခံခဲ့ရသည်။

သို့ရာတွင် ကမ္ဘာ့နံပါတ် ၁ လက်နက်သန့်စင်သူ ဟုန်ရှန်ယင်း နှင့် သူမ၏ ဆက်ဆံရေးသည် သူ့နည်းသူ့ဟန်အတိုင်း ဆက်လက် တည်ရှိနေပါ​​​သေးသည်။ ၎င်းတို့နှစ်ဦးစလုံးသည် နူးညံ့ပြီး လှပသော်လည်း ယောက်ျားလေးနှစ်ယောက်ဟု ပြောင်ပြောင်လှောင်ပြောင် ခေါ်ဝေါ်နေကြဆဲ ဖြစ်သည်။

ဟုန်ရှန်ယင်းတို့နှစ်ဦးသည် အတားအဆီး မရှိဘဲ တည့်တည့်လျှောက်သွားကာ ချောင်လုရှိသည့် ခြံဝင်းဆီသို့ ရောက်သွားခဲ့ကြသည်။ အဝေးကနေ ကောင်မလေးတစ်ယောက်ရဲ့ ဒေါသကျိန်စာတွေနဲ့ ရံဖန်ရံခါ ရောထွေးနေတဲ့ အသက်ရှုသံတွေကို ခံစားရလေသည်။

ဟုန်ရှန်ယင်းနဲ့ ချောင်လုတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သခင်မလေး ချောင်လုဟာ စိတ်ကူးယဉ် ဆန်းသစ်မှု တစ်ခုခုကို တီထွင်ရန် ကြိုးစားနေကြောင်း သိလိုက်သည်။

ဤအချိန်တွင် ချောင်လု၏ စိတ်နေစိတ်ထားသည် ခါတိုင်းထက် စိတ်တို ဒေါသထွက်လွယ်နေကြောင်း ရှင်းရှင်းလင်းလင်း ပေါ်လွင်​လေသည်။ မအောင်မြင်ရင် သူမ အော်ဟစ်မှာ သေချာပါ၏။ ဒါကြောင့် သူ့အဖေနဲ့ သူ့အဖိုးတောင် မကြာခဏ ရိုက်နှက်ခံရပြီး သူ့နည်းသူ့ဟန်နဲ့ ပစ်ထားခဲ့ရသည်။

ချောင်လုရဲ့ ယခုလို ဒေါသကြောင့် သူမ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်လိုသော ကျင့်ကြံသူ မိန်းကလေးများ မရှိကြပေ။ သူမတို့ပါ လှောင်ပြောင်ခံရမည်ကို ကြောက်ကြသည်လေ။ သို့သော် ဟုန်ရှန်ယင်းနဲ့ ချွန်းရှောင်တို့သည် တူညီသော အကျိုးစီးပွားနှင့် တူညီသော စိတ်ဆန္ဒများ ရှိကြသည်။

သူတို့၏ ပင်ကိုယ်စရိုက်များသည် အလွန်ကွဲပြားသော်လည်း မြင်မြင်ချင်း ထိမိသွားကာ နောက်ပြန် မဆုတ်နိုင်သော ခင်မင်မှုမျိုး ရှိထားကြသည်။

"ကျွန်မရဲ့ သခင်မလေးချောင်... ဘာကစားစရာ အသစ်အဆန်းတွေများ ထပ်လုပ်​နေတာလဲ?"

မိန်းကလေးချောင်လု၏ ခြံရှေ့တွင် အစောင့်အကြပ် မရှိပေ။

ပထမတစ်ချက်ကတော့ သူမကို နာကျင်အောင်လုပ်ဖို့ ဘယ်သူကမှ ဒီနေရာကို လာဝံ့တာ မဟုတ်ပေ။ ဒုတိယတစ်ခုကတော့ သခင်မလေး ချောင်လုရဲ့ ကြိမ်းမောင်းမှုကို ဘယ်သူမှ မခံနိုင်လို့ပဲ ဖြစ်နေသည်။ ထို့အပြင် ချောင်လု၏ဖခင်သည် ထိုသတင်းများ လူအများဆီ ပျံ့နှံ့သွားမှာကို ကြောက်ရွံ့​နေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ချောင်လုသည် သူမနေထိုင်ရာ ခြံဝင်းထဲတွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။

ဒီအတွက် သူမကတော့ အရမ်းကျေနပ်နေခဲ့သည်။

အပြင်မှ ရင်းနှီးတဲ့အသံတွေကို ကြားလိုက်တော့ တစ်စုံတစ်ခု ရိုက်ချိုးခံရသလိုမျိုး ဝင်းထဲမှ ပြင်းထန်တဲ့ အသံတွေ ထွက်ပေါ်လာတော့သည်။ ဟုန်ရှန်ယင်းနဲ့ ချွန်းရှောင်တို့ လှမ်းဝင်သွားတော့ ဓားရှည်ကြီးကို မြေပြင်ပေါ် ပြုတ်ကျသွားတာကို တွေ့လိုက်ရလေသည်။ ဒါက အခုမှ သန့်စင်ထားတဲ့ ဓားမှန်း သိသာပေမယ့် မအောင်မြင်ခဲ့ပါဘူး။

"အိုး နင်တို့ ဘယ်လိုလုပ် ဝင်လာ​​ကြတာလဲ"

ချောင်လုက လှမ်းအော်လိုက်ပြီး ဓားရှည်ကို သူ့နောက်ကျောဘက်ကို ပို့၍ ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည်။

အရင်က သူမ လုပ်ခဲ့တဲ့ တစ်ဖက်သွားဓားနဲ့ အတိအကျနီးပါး တူနေတာကို ကြည့်ရင်း ဟုန်ရှန်ယင်းသည် ဤအချစ်ဆုံး သူငယ်ချင်း တွေးနေတာကို နားမလည်ဘဲ ဘယ်နေပါ့မလဲ။ သူမ၏ သန့်စင်မှု ပျက်စီးသွားမည်ကို ကြောက်​နေခဲ့သူပင်။

"ချောင်လု... ကျေးဇူးတင်ပါတယ်"

ချောင်လုလည်း သူမပေါ်သွားပြီ ဖြစ်ကြောင်း သိလိုက်တဲ့အတွက် ဖုံးကွယ်မထားတော့ပေ။ ထိုအစား သူမ သက်ပြင်းချကာ ဆိုလိုက်သည်။

"ကျေးဇူးတင်စရာ ဘာမှ မရှိပါဘူး... ငါ့မှာအခုထိ မအောင်မြင်သေးပါဘူး"

"နင့်နှလုံးသားက ဘယ်ရောက်ရောက် ငါဘယ်တော့မှ မေ့မှာမဟုတ်ဘူး"

ဟုန်ရှန်ယင်းက ဆိုရင်း ချောင်လုကို ပွေ့ဖက်လိုက်သည်။ ခဏနေတော့ တမင်တုန်ပြလိုက်ရင်း။

"အိုက်ယိုး... အရမ်းအေးတာပဲ"

ဟုန်ရှန်ယင်းသည် ချောင်လုအား ဒေါသတကြီးနဲ့ ရိုက်နှက်ပြီး။

"နင် ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီမလား? ငါတို့ လက်နက် သန့်စင်ရေး အလုပ်ရုံမှာ ဆရာသခင်အသစ်နဲ့ တွေ့ခွင့်ပေးမယ်.... ကြည့်စမ်း ဒါ သူ သန့်စင်ထားတဲ့ လက်နက်ပဲ"

ဟုန်ရှန်ယင်းသည် တစ်ဖက်သွား ဓားနဲ့ ဓားပျံခုနစ်စင်းကို ထုတ်ပြီး ချောင်လုရှေ့မှာ ချ​ပေးလိုက်သည်။

"နင်ကတော့ ကြွားလုံး လာထုတ်နေပြန်ပြီ... နင့်ရဲ့ လက်ရှိ လက်နက် သန့်စင်ရေး အလုပ်ရုံကို သခင်တစ်ယောက်က လာဖို့ မင်း ဘယ်လိုလုပ်ပြီးများ မျှော်လင့်နိုင်တာလဲ? ဟမ့် ကြည့်ရသေးတာပေါ့"

"ဟေး!" ချောင်လု တိုးတိုးလေး ဟစ်အော်လိုက်သည်။

"ဒါ ကောင်းလိုက်တာ"

ချောင်းလု အော်ပြောလိုက်ပြီး ဓားကို မြှောက်ကာ နှစ်ကြိမ် ဝှေ့ယမ်းကာ အတွင်းမှ အလင်းနှင့် မှော်စွမ်းအင်များကို ခံစားလိုက်သည်။

"အမ်း... ဖီးနစ်ပုံရိပ်... အဲဒီထဲမှာ ဘယ်လိုအခင်းအကျင်း ပုံစံတွေ လောင်ကျွမ်းနေတယ် ဆိုတာ မပြောနဲ့ ငါကိုယ်တိုင် ခန့်မှန်းကြည့်မယ်"

"ကောင်းပြီ ဝိညာဉ်စုစည်းမှု အခင်းအကျင်း၊ ဒြပ်စင်ငါးခု အခင်းအကျင်း၊ လေပြင်းနိယာမ အခင်းအကျင်းနဲ့...ပြီးတော့ ဘာပါလိမ့်?... တခြားဘာရှိ​သေးလဲ"

သူမ မပြောနိုင်တော့ပေ။

အခင်းအကျင်း ဖွဲ့စည်းမှုအချို့ကို သူမ ခံစားခဲ့ရသော်လည်း မဖြစ်နိုင်ကြောင်း ခံစားခဲ့ရသည်။ ဤဖွဲ့စည်းပုံများမှာ စီစဉ်ရန် လွယ်ကူသော်လည်း ၎င်းတို့ကို ပေါင်းစပ်ပြီး တစ်ခုတည်းဖြစ်အောင် ချိတ်ဆက်နည်းမှာ အခက်ခဲဆုံး အရာဖြစ်သည်။

ဥပမာအားဖြင့် ဝိညာဉ်စွမ်းအင် စုစည်းမှုအခင်းအကျင်းကို တည်ဆောက်ပါက ၎င်းသည် ဖုံးကွယ်ချင်သည့် အကျိုးသက်ရောက်မှုကို ပျက်စီးလုနီးပါး ဖြစ်လိမ့်မည်။ ထို့အပြင် တိုက်စားမှုနှင့် ဝိညာဉ်စွမ်းအင်များ စုဆောင်းခြင်းသည် ဓား၏ မာကျောမှုကို များစွာ လျော့နည်းစေသည်။

သို့သော် ဤဓားဆီကနေတော့ ထိုပြဿနာကို သူမ သတိမထားမိခဲ့ပေ။

"ဟေ့ ဒီဓားပျံတွေကို ပြန်ကြည့်ရအောင်"

ချောင်လုအှာ သူခိုးလိုအော်ပြီး ဓားကို မြေပြင်ပေါ် ပစ်ချလိုက်လေသည်။

ချောင်လုသည် ပထမတစ်ချက်မှာ ထူးဆန်းသည်ဟု မထင်ထားသော်လည်း ဓားပျံကို အသုံးပြုပြီးနောက် သူမ၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

"ဝိညာဉ်စွမ်းအင်ကို မခံစားမိအောင် ဘယ်လိုများ လုပ်ထားတာလဲ?"

"တကယ်ကြီး သူ့ဘာသာတောင် ပြန်လှည့်လာနိုင်တယ်?"

All Chapters