← Chapters

ကောင်းကင်ဖျက်ဓား

Vol. 86 Ch. 4.808

ကောင်းကင်ဖျက်ဓား

Vol. 86 Ch. 4.808

လီလင်သည် အဖြူရောင်ကို ၀တ်ဆင်ထားပြီး ချောမောသော ရုပ်ရည်သွင်ပြင်နှင့် ကြည်လင်သော အသံရှိသည်။ သူက လေထုအလယ်မှာ လွင့်မျောနေကာ အငွေ့အသက်တွေက တဖြည်းဖြည်းချင်း လှုပ်ရှားနေပြီး အရှိန်အဝါကလည်း ထူးခြားလှသည်။

ကောလဟာလတွေ အရတော့ လီလင်ဟာ မျှော်စင်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပြီ ဖြစ်ပြီး နောက်ဆုံးအဆင့်ကို အချိန်မရွေး ဖြတ်ကျော် သွားနိုင်တော့မယ့်သူပင်။ လီလင်သည် မျှော်စင်နယ်ပယ်ကို အမှန်တကယ် ဖြတ်ကျော်သွားခဲ့ပြီဟု တချို့က ဆိုကြသော်လည်း သူကတော့ သူ့ရဲ့ကျင့်ကြံမှု အမှန်ကို တစ်ခါမျှ မပြသခဲ့ဖူးပေ။

သို့သော် ဘယ်သူမှ သံသယမရှိနိုင်တဲ့ အချက်ကတော့ မျိုးဆက်ဟောင်း အကြီးအကဲကြီးမှလွဲ၍ သူသည် မျှော်စင်နယ်ပယ်တွင် နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ် ထန်းယွမ်ကြယ် တစ်ခုလုံးမှ အသိအမှတ်ပြု ခံရသူဖြစ်သည်။

ထန်းယွမ်လေလံပွဲကို များသောအားဖြင့် အဓိက အင်အားစု ကိုးခုက အလှည့်ကျ ကျင်းပလေ့ရှိသော်လည်း လီလင်သည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကျင်းပခဲ့သူ ဖြစ်ကြောင်း လူအများက ပြောဆိုကြသည်။

အချိန်တွေ အရမ်းကြပ်တာကြောင့် လုရွှမ် ဒီလေလံပွဲကို ဂရုမစိုက်ပေမယ့် သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ မှတ်ချက်တွေကို နားထောင်ရင်း ဒီလေလံပွဲက အရမ်းအရေး ကြီးတယ်ဆိုတာ သိလာခဲ့သည်။

"ဟုတ်ပါတယ် လူတိုင်း ခန့်မှန်းထားတာ မှန်ပါတယ်.... ကျုပ်တို့ရဲ့ ထန်းယွမ် လေလံပွဲဟာ ဒီတစ်ကြိမ်မှာ နောက်ဆုံးပစ္စည်းတွေ အများကြီးကို ပြင်ဆင်ထားပါတယ်.... သီးခြားပစ္စည်းတွေကို စောင့်မျှော်ကြည့်ရှုပေးပါ ကောင်းပြီ အခု လေလံပွဲ တရားဝင် စတင်လိုက်ပြီလို့ ကြေညာပါတယ်"

ပြင်းထန်သော လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။ လီလင်သည် လက်ခုပ်သံများကြားတွင် စင်မြင့်မှ ထွက်ခွာသွားကာ လေလံရောင်းချသူ နှစ်ဦး ထွက်သွားခဲ့သည်။

၎င်းတို့အားလုံးသည် မျှော်စင်နယ်ပယ်မှ သခင်များ ဖြစ်ကြသည်။ ထို့နောက်တွင် ယခုနေရာတွင်လည်း မျှော်စင်နယ်ပယ် သခင်များက အနည်းဆုံး ထောင်ပေါင်းများစွာ ရှိနေပါသည်။ သာမန် နတ်မီးနယ်ပယ်က သခင်များပင် ထိုသခင်များ၏ အကြည့်အောက်တွင် ၎င်းတို့စိတ်ကို တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ပေ။

"အဲဒီလူနှစ်ယောက်ထဲက တစ်ယောက်က ကျိုထျန်း... နောက်တစ်ယောက်ကတော့ ကျိုတိ လို့ခေါ်တယ် သူတို့နှစ်ယောက်က အမြွှာတွေ... သူတို့ရဲ့ နာမည်တွေက ကျိုထျန်းဆိုရင် ကောင်းကင်ကိုးဘုံမှာ လှုပ်ရှား တိုက်ခိုက်တတ်သူ... ကျိုတိက မြေတစ်ပြင်လုံးမှ ခုခံကာကွယ်မှု အားကောင်းတဲ့လူလို့ အဓိပ္ပာယ်ရတယ်... ကျွန်မတို့က ဆရာကြီးကျိုထျန်းနဲ့ ဆရာကြီးကျိုတိလို့ ခေါ်တယ်"

"အဲဒီလူနှစ်ယောက်က ဝိညာဥ်ချင်း ဆက်နေတာလို့ ပြောလို့်ရတဲ့အထိ သူတို့ရဲ့ ဉာဏ်စွမ်းရည်တွေကို ကောင်းကောင်း နားလည်​ကြတယ်... အဆင့်တူ သခင်တွေကို သုံးယောက်ကနေ လေးယောက်လောက်အထိ ယှဉ်တိုက်နိုင်ကြတယ်... သူတို့နှစ်ယောက်က လီလင်ကို တစ်ကြိမ် တစ်ချိန်က စိန်ခေါ်ခဲ့ကြတယ်လို့ ကြားဖူးတယ်... အဲဒီနောက်တော့ နှစ်ယောက်လုံး ထန်းယွမ်လေလံအိမ် ဌာနခွဲရဲ့ လေလံဆွဲသူတွေ ​ဖြစ်လာကြတာ"

လုရွှမ် ထိတ်လန့်တကြားဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဒီလူနှစ်ယောက် ကျရှုံးခဲ့တာ ထင်ရှားပါ၏။ မဟုတ်ရင် သူတို့ ဒီနေရာမှာ လေလံတင်သူအဖြစ် အမှုထမ်းဖို့ လာမှာ မဟုတ်ဘူးလေ။ သူတို့ နှစ်ယောက်ရဲ့ အင်အားကတင် အရမ်း ပြင်းထန်နေပြီ။ ဒါတောင် လီလင်ကို တပြိုင်နက်တည်း တိုက်ပြီး ရှုံးသွားတယ်တဲ့လား။

သူတို့နှစ်ဦးသည် ဤအလုပ်အတွက် အလွန်အရည်အချင်း ပြည့်မီကြောင်း သိသာထင်ရှားလှသည်။ ရိုးရှင်းသော စကားအနည်းငယ်ဖြင့် လူတိုင်း၏ ရယ်မောခြင်းကို နှိုးဆော်ပြီး လေလံပွဲကို စတင်ခဲ့သည်။

"ပထမလေလံပစ္စည်း...ကျုပ်တို့ လေလံအိမ်ရဲ့ နောက်ဆုံး​ပေါ် ရတနာ​တွေထဲက တစ်ခုဖြစ်တဲ့ အဆင့်၃ မှော်လက်နက်... ကောင်းကင်ဖျက်ဓား!"

ဆရာကြီးကျိုထျန်း ပြောပြီးသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံးမှ စိတ်လှုပ်ရှားစွာ ဟောက်သံများ ထွက်ပေါ်လာသည်။ ပထမဆုံး လေလံတင် ရောင်းချသည့် ပစ္စည်းသည် နတ်အဆင့် လက်နက် ဖြစ်လာမည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ ဒါ့အပြင် ၎င်းသည် ကျော်ကြားသော ကောင်းကင်ဖျက်ဓားလည်း ဖြစ်နေသေးသည်။

လက်နက်များကို အမျိုးအစား ကိုးမျိုး ခွဲခြားထားပြီး ပထမတစ်မျိုးမှာ သဘာဝအတိုင်း ကြုံတွေ့ရနိုင်သော်လည်း ရှာမရသည့် ရှားပါး ကမ္ဘာ့ရတနာ ဖြစ်သည်။

ဒုတိယနှင့် တတိယအဆင့်မှာ ကောင်းကင်လက်နက်များနှင့် မြေကြီးရတနာများ ဖြစ်သည်။ ၎င်းတို့ကို ကောင်းကင်နှင့် မြေကြီးက သဘာဝအတိုင်း ထုတ်ပေးပြီး မှော်စွမ်းအားများကို မွေးဖွားပေးကာ အနန္တတန်ခိုးရှင်များ ဖြစ်သည်။

ထို့နောက်တွင် သဘာဝအလျောက် နတ်လက်နက်များနှင့် နတ်သူ​တော်စင် လက်နက်များ ရှိသော်လည်း အမှန်တကယ်တွင် နတ်လက်နက်များနှင့် နတ်သူ​တော်စင်လက်နက်များအကြား ခြားနားမှု မရှိသလောက်ပဲ ဖြစ်သည်။

ထို့နောက်တွင် ဧကရာဇ်လက်နက်များ နှင့် ​တောိစင်လက်နက်များ၊ နောက်ဆုံးတွင်မှ လျှို့ဝှက်ဆန်းကြယ်အဆင့် လက်နက်များနှင့် လျှို့ဝှက်ရတနာများ ဖြစ်လေသည်။

သို့သော် အမှန်တကယ်တော့ ကျင့်​ကြံ​ခြင်းကမ္ဘာ တစ်ခုလုံးရှိ လူ 99% နီးပါး အသုံးပြုသော လက်နက်များသည် လျှို့ဝှက်ဆန်းကြယ် အဆင့် လက်နက်များ ဖြစ်သည်။ ဧကရာဇ်အဆင့် လက်နက်သည် လူတို့ကို အဆမတန် မနာလိုဖြစ်စေသော ရတနာတစ်ခု ဖြစ်ပြီး နတ်လက်နက်နှင့် နတ်သူတော်စင်အဆင့် လက်များ မွေးဖွားပြီးသည်နှင့် မလွဲမသွေ ဘေးဥပဒ်​တွေ ဖြစ်လာစေလိမ့်မည်။

ကောင်းကင်နှင့် မြေကြီး၏ ရတနာများ မွေးဖွားလာသောအခါ သွေးမြစ်များ၊ အလောင်းကောင်များ တောင်တန်းများနှင့် သွေးပင်လယ်များ၊ ဂိုဏ်းဂဏများ ပျောက်ကွယ်သွားကာ မင်းမျိုးမင်းနွယ်များပင် ပြိုပျက်သွားလိမ့်မည်။

ကမ္ဘာ့ရတနာနှင့် ပတ်သက်ရင် ဘယ်သူမှ မသိ မပြောနိုင်ပေ။ ယခု လေလံပွဲတွင် လေလံတင်ရောင်းချမည့် ပထမဆုံးရတနာသည် ကမ္ဘာကို ချက်ချ​င်း တုန်လှုပ်သွားစေသည့် တတိယအဆင့် ဧကရာဇ်လက်နက်တစ်ခု ဖြစ်လာခဲ့သည်။

၎င်းသည် ကောင်းကင်ဖျက်ဓား ဖြစ်ကြောင်း ကြားသိပြီးနောက် လေလံပွဲတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းသော အသံများ ပေါက်ကွဲထွက်သွားခဲ့သည်။

လုရွှမ် နားမလည်သောကြောင့် ဟုန်ရှန်ယင်းက အမြန်ပဲ ရှင်းပြလာသည်။

လွန်ခဲ့သော အနှစ်တစ်ထောင်က ထန်းယွမ်ကြယ်တွင် မှော်လက်နက်တစ်ခု တိတ်တဆိတ် ပေါ်လာခဲ့ပြီး ယင်းမှာ ကောင်းကင်ဖျက်ဓား ဖြစ်သည်။ ကောင်းကင်ဖျက်ဓား ထွက်လာသည်နှင့် တပြိုင်နက် ကြီးမားသော အင်အားစုအားလုံးကြား ရန်ပွဲ​တွေ ဖြစ်သွား၏။

မျှော်စင်နယ်ပယ်မှ အကြီးအကဲများ ထွက်လာကြပြီး နတ်မီးနယ်ပယ်က သခင်များလည်း ပြေးလာကာ ကောင်းကင်ဘုံသခင် အချို့ပင် ကောင်းကင်ဖျက်ဓားကို မျှော်လင့်လာခဲ့ကြသည်။

သို့သော် သွေးထွက်သံယို မုန်တိုင်းတစ်ခုပြီးနောက် ထန်းယွမ်ကြယ်သည် ပရမ်းပတာ​တွေ ဖြစ်လာခဲ့ကာ ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရသော်လည်း ကောင်းကင်ဖျက်ဓားသည် ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းငါးရာက ကောင်းကင်ဖျက်ဓားသည် တစ်ဖန်ပေါ်လာပြီး စစ်ပွဲကြီးတစ်ခု ထပ်မံဖြစ်ပွားခဲ့​ပြန်သည်။ အရင်လိုပါပဲ။ လူတွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ပြင်းထန်လာတဲ့အခါ ကောင်းကင်ဖျက်ဓားဟာ ပျောက်ကွယ်သွားပြန်၏။

လူတွေက ဘာတွေ ဖြစ်နေတာလဲ၊ တစ်စုံတစ်ယောက်က သူတို့ကို လုပ်ကြံဖို့ ကြံစည်နေတာလားဟုပင် တွေးတောလာရသည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်က ကောင်းကင်ဖျက်ဓား တစ်ဖန် ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင် အင်အားကြီး ကိုးဦးသည် ရှေ့တန်းက ပေါင်းစည်းလိုက်သော်လည်း နောက်ဘာဆက်ဖြစ်မည်ကို မည်သူမျှ မသိကြပေ။

ကောင်းကင်ဖျက်ဓားမှာ ဝိညာဉ်ရှိပြီး သူ့ဘာသာသူ ပျံထွက်သွားတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေသလို ပြိုင်ဘက်ကင်းတဲ့ သခင်တစ်ယောက် ပေါ်လာပြီး ကောင်းကင်ဖျက်ဓားကို လုယူသွားတယ်လို့လည်း ကောလဟာလတွေ ရှိလာခဲ့သည်။

ဒါပေမဲ့ ထန်းယွမ်လေလံပွဲမှာ ကောင်းကင်ဖျက်ဓားက တကယ် ပေါ်လာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါဘူး။

"နတ်တတိယအဆင့် ကောင်းကင်ဖျက်ဓား... စွမ်းအင်သလင်းကျောက် ၁၀ သန်း တန်ဖိုးရှိတယ်... ဈေးခေါ်မယ့် လူတွေက ၁သိန်းထက် မနည်းရပါဘူး.... လေလံပွဲ အခုက စတင်ပါပြီ"

ကျိုထျန်းနှင့် ကျိုတိတို့ လူနှစ်ဦးသည် လူတိုင်း၏ မျက်လုံးများတွင် သံသယများကို မြင်ခဲ့သော်လည်း လုံး၀ ရှင်းပြခြင်း မရှိပေ။ ဒီလူတွေရဲ့ အတွေးအမြင်တွေကို နားမလည်နိုင်တာ ကြာပါပြီ။

ခဏ တိတ်ဆိတ်သွားပြီးနောက် လူတစ်ယောက်က ထအော်လိုက်၏။

"သန်းငါးဆယ်!"

အမှန်တကယ်တော့ သူက စပြီးဈေးကို ငါးဆ တိုးလိုက်လေပြီ။ လူအားလုံးသည် အခမဲ့ အရေးကြီးဧည့်သည် အခန်းထဲမှာ ရှိနေတဲ့ အသံရှင်ကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။ လေလံအိမ်က လူတောင် အဲဒီထဲမှာ ဘယ်သူရှိမှန်း မသိခဲ့ပါဘူး။

သို့သော် လျှို့ဝှက်ဆန်းကြယ်သော ထိုလူ၏ ဟောက်သံသည် လူတိုင်း၏ စိတ်အားထက်သန်မှုကို နှိုးဆွပေးလိုက်သည်။ သန်းငါးဆယ်လောက်က စျေးကြီးတာတော့ စျေးကြီးပေမယ့် နတ်လက်နက်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။

လက်နက်များကို အဆင့်ကိုးဆင့် ခွဲခြားထားသလို ပစ္စည်းတစ်ခုတည်းကိုလည်း အဆင့်ကိုးဆင့် ခွဲခြားထားသည်။

အနိမ့်ဆုံးအဆင့်က လျှို့ဝှက်ဆန်း​ကြယ်အဆင့် ရတနာပင်။ အဆိုးဆုံးက ပထမအဆင့် ဖြစ်ကာ သလင်းကျောက် တစ်ထောင်ကျော် တန်ဖိုးရှိသည်။ အနိမ့်ဆုံး ဧကရာဇ်အဆင့် လက်နက်တွေသည် စွမ်းအင်သလင်းကျောက် ၁သိန်းမှ စတင်လေသည်။

ယေဘူယျအားဖြင့် လေလံပွဲများတွင် ဧကရာဇ်လက်နက်များနှင့် တော်ဝင်လက်နက်များ၏ အရောင်းအ၀ယ် စျေးနှုန်းမှာ အနည်းဆုံး သိန်းပေါင်းများစွာရှိပြီး အများစုမှာ သန်းနှင့်ချီ၍ပင် ရှိနေသည်။ တချို့ မှော်လက်နက်တစ်ခုသည် သန်းပေါင်းများစွာ ကုန်ကျပြီး အလွန်စျေးသက်သာတတ်သည်။

တခြားလက်နက် သန့်စင်ရေး အလုပ်ရုံများက တောင်းဆိုထားသော အချက်မှာ ဟုန်ရှန်ယင်းသည် အလွန်မြင့်မားသော လိုအပ်ချက်ဖြစ်သည့် ဧကရာဇ်အဆင့် လက်နက်ကို အနည်းဆုံး တစ်ခု သန့်စင်ပေးရန် ဖြစ်သည်။

စတင်သော စျေးနှုန်းကို ကြားသည်နှင့် လုရွှမ်သည် ချက်ချင်းပင် နှုတ်ပိတ်ကာ သူ့အတွေးများကို စွန့်လွှတ်လိုက်သည်။

ဤကောင်းကင်ဖျက်ဓားက ကောင်းမွန်သော်လည်း ကံမကောင်းစွာဖြင့် ၎င်းသည် သူလိုချင်သော အရာနှင့် ဝေးကွာ​နေ​သေးသည်။ ထို့အပြင် သူ ကောင်းကင်ဖျက်ဓားကို မကြိုက်ပါ။ ဤနေရာ၌ နတ်တောင်တန်းနှင့် ယှဥ်လျှင် ကောင်းကင်ဖျက်ဓားနဲ့ ရတနာမှန်သမျှက အမှိုက်ပဲ ဖြစ်လိမ့်မည်။

ကံမကောင်းစွာပဲ နတ်တောင်တန်းကို တိုက်ခိုက်ရာတွင် သူအသုံးပြု၍ မရပေ။ ထို့အပြင် တစ်ကြိမ် အသုံးပြုဖို့အတွက် စွမ်းအင်များစွာကုန်ပြီး သေဆုံးသည်အထိပင် အလိုအလျောက် ခုခံကာကွယ်ပေးမည် မဟုတ်ပေ။ မဟုတ်ပါက ဤမျှော်စင်နယ်ပယ်က သခင်များကို သူ ကြောက်လန့်နေမည် မဟုတ်ပေ။

"အမ်း... အင်အားစုကိုးခုက လူတွေက ဘာလို့ လေလံဆွဲနေကြတာလဲ? သူတို့က ကောင်းကင်ဖျက်ဓားကို လေလံတင်ထား​ကြတာ မဟုတ်ဘူးလား?"

All Chapters