← Chapters

ဓားပျံ ပေါ်လာပြီ

Vol. 86 Ch. 4.810

ဓားပျံ ပေါ်လာပြီ

Vol. 86 Ch. 4.810

လုရွှမ်သည် အကြောင်းပြချက်မရှိဘဲ မြန်ဆန်လာတဲ့ သူ့နှလုံးခုန်နှုန်းကို ရုတ်တရက် ခံစားလိုက်ရပြီး သူ့စိတ်က ထိုအရာကို ချက်ချင်း အာရုံစိုက်လိုက်သည်။ ထိုအခါ ဆရာကြီးကျိုထျန်းသည် ပိုးပဝါကို ချွတ်လိုက်ပြီးနောက် ကျောက်စိမ်းပြားပေါ်ရှိ အရာကို ထုတ်ဖော်လိုက်သည်။

ထိုအရာသည် မည်းတူးတူးနဲ့ သေးငယ်သော ပစ္စည်းတစ်ခု ဖြစ်သည်။ အလွန် လေးလံနေပုံရပြီး နတ်မီးနယ်ပယ်မှ ကျင့်ကြံသူ မိန်းကလေးနှစ်ယောက်သည် ၎င်းကို အတူတကွ ပင့်မထားရလေ၏။

ဆန်းကြယ်တဲ့ အငွေ့အသက်မရှိ၊ အရှိန်အဟုန် ဖြာထွက်ခြင်းမရှိ၊ သာမာန်ဆန်ကာ အလွန်ရိုးရှင်းသော အရာလေးတစ်ခုမျှသာ ဖြစ်သည်။

'ဒါ ထုံးထျန်းကျန့်မုပဲ!'

လုရွှမ် စိတ်ထဲမှာ ထိုအရာလေးရဲ့ နာမည်ကို ချက်ချင်း ထအော်လိုက်သည်။ ထုံးထျန်းကျန့်မုသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အခိုင်မာဆုံးသစ်သား ဖြစ်သည်။ ကမ္ဘာဦး စဖွင့်တုန်းက ထိုသစ်ပင်တွေကို ဆောက်ပြီး နတ်ဘုရား နယ်မြေထဲကို တက်လှမ်းနိုင်တယ်လို့တောင် ဆိုခဲ့ဖူးသည်။

နောက်ပိုင်းမှာ သူ့ကို မသေမျိုးကမ္ဘာက ကြောက်ရွံ့လာတဲ့ အတွက် ဖျက်စီးပစ်လိုက်တာကြောင့် အဆောက်အဦတွေ ပျက်စီးသွားခဲ့သည်။

ယနေ့ခေတ် ကမ္ဘာငယ်လေး အသီးသီးတွင် ၎င်းနှင့် တည်ဆောက်ထားသည့် သေးငယ်သော အဆောက်အဦတချို့ ရှိနေဆဲဖြစ်သော်လည်း ၎င်းတို့သည် အဓိကအနှစ်သာရ မရှိဘဲ အကိုင်းအခက်များသာ ဖြစ်ချေ၏။

ဤဆောက်လုပ်ရေး သစ်သားမျိုးသည် အလွန်ရှားပါးသော်လည်း၊ ၎င်းသည် ထုံးထျန်းဓားသစ်သား၏ အဓိကအနှစ်သာရ မဟုတ်သော်လည်း ယခင်မျိုးဆက်များထံမှ အတော်လေး သန့်စင်ထားသော သစ်သားမျိုး ဖြစ်သင့်သည်။

အများစုမှာ မကြီးထွားနိုင်သေးပေမယ့် တောင်တစ်သောင်းကမ္ဘာကို ကယ်တင်ဖို့က လုံလောက်တာထက် ပိုနေပေလိမ့်မည်။ ဤသည်မှာ တည်ဆောက်ရေးသစ်သား ဖြစ်ကြောင်း အသိအမှတ်ပြုပြီးနောက် လုရွှမ်သည် အမြတ်နှင့် ဆုံးရှုံးမှုအတွက် စိုးရိမ်လာသည်။

ရိုးရိုးသားသား ပြောရလျှင် တည်ဆောက်ရေးသစ်သား၏ လုပ်ဆောင်ချက်ကို ယခုအချိန်အထိ မည်သူမျှ မသိနိုင်ပေ။ ၎င်းက အသီး မသီးနိုင်၊ ဝိညာဥ်မြက်ပင်လို မစိုက်ပျိုးနိုင်၊ စိတ်ဝိညာဉ်ကို အာဟာရမကျွေးနိုင်၊ ရုပ်ခန္ဓာကို ခိုင်ခံ့အောင် မလုပ်နိုင်ချေ။

ထုံးထျန်းကျန့်မုသည် အလွန် မှော်ဆန်သော အကျိုးသက်ရောက်မှု ရှိကောင်းရှိနိုင်သော်လည်း ယခုအချိန်အထိ ဘယ်သူမှ ၎င်း၏အစွမ်းအစကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ လူ၏အမည်၊ သစ်ပင်အရိပ် သို့မဟုတ် အဆောက်အအုံ တစ်ခုလည်း ဖြစ်နိုင်သည်။ ယင်း၏ သီးခြားလုပ်ဆောင်ချက်ကို မသိသော်လည်း ယင်းကို ဘယ်သူမှ လျှော့မတွက်ကြပေ။

"ဒါကို လူတိုင်းမြင်နိုင်မယ်လို့ ထင်ပါတယ်

.... ဒါက တည်ဆောင်ရေးသစ်သားပါ အဓိက အစိတ်အပိုင်းတော့ မဟုတ်ပေမယ့် မျိုးဆက်နှစ်ခုပဲ ခြားပါတယ်။ တိကျတဲ့ အကျိုးသက်ရောက်မှုတွေကို ကိုယ်တိုင် စူးစမ်းလေ့လာနိုင်ပါတယ်... လေလံပွဲက အခုစနေပြီဖြစ်ပြီး စတင်လေလံဆွဲမှာ ဖြစ်ပါတယ် စွမ်းအင်သလင်းကျောက် တစ်သန်းပါ... လေလံဈေး တစ်ခုစီ အတွက် ၁သိန်း အောက် မဖြစ်ရပါဘူး”

၎င်းသည် နောက်ဆုံးရတနာ တစ်ခုဖြစ်ပါက မူလစျေးနှုန်းမှာ သလင်းကျောက် တစ်သန်းသာရှိပြီး သဘာဝအတိုင်း အလွန်နည်းပါးပါသည်။ သို့သော် ဤစျေးနှုန်းသည် နာမည်ကောင်းရှိသော်လည်း လက်တွေ့ကျကျ အကျိုးသက်ရောက်မှု မရှိသော တည်ဆောင်ရေးသစ်သားပေါ်တွင် တင်ထားသောကြောင့် ၎င်းသည် မထိုက်တန်ဘူးဟု လူအများကို ခံစားရစေသည်။

တိတ်ဆိတ်နေပြီ။

လုရွှမ်သည် သူ့စိတ်ထဲက စိတ်လှုပ်ရှားမှုတွေကို ထိန်းထားပြီး ပတ်ပတ်လည်ကို ဂရုတစိုက် ကြည့်နေလိုက်သည်။ အထူးသဖြင့် သူ၏ တည်နေရာသည် သာမန်နှင့် အရိုးရှင်းဆုံး နေရာဖြစ်သောကြောင့် လူတိုင်း၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မှာပဲ ဖြစ်သည်။

သူ့မျက်နှာပေါ်ရှိ အနက်ရောင်ပဝါသည် သူ့အသွင်အပြင်ကို ဖုံးကွယ်ထားနိုင်သော်လည်း သူက ကောင်းကင်ဘုံရှင်သခင် ဖြစ်ကြောင်း ဘယ်သူမဆို ခံစားနိုင်သည်။ သို့သော် ကောင်းကင်ဘုံသခင် နယ်ပယ်မှ သခင်တစ်ဦးသည် ထုံးထျန်းကျန့်မုကို အမှန်တကယ် လိုချင်သွားပြီး ၎င်းကိုဝယ်ရန် သန်းပေါင်းများစွာသော စွမ်းအင်သလင်း​ကျောက်များကို သုံးစွဲခဲ့သည်။

ဒီလိုဆို ဘယ်သူကမှ ထိုင်ကြည့်နေမည် မဟုတ်ပေ။ လူ့စိတ်နှလုံးက မှန်းဆ၍ မရပေ။ ကျင့်ကြံခြင်းလောကတွင် ကြောက်စရာ အကောင်းဆုံးမှာ အခြားသူများ၏ ကောင်းကျိုးကို မမြင်လိုခြင်းသာ ဖြစ်သည်။

တစ်စုံတစ်ယောက်သည် အလိုအလျောက် အဟန့်အတား အနည်းငယ် ထပ်ထည့်လိုက်ပါက သူ့အတွက် ကြီးမားသော ဘေးဥပဒ်များ ဖြစ်လညစေနိုင်သည်။

လုရွှမ် ချောင်လုကို ညင်သာစွာ ထိလိုက်သည်။ ချောင်လုသည် လေလံဆွဲရန် အလွန်ဖြစ်နိုင်ချေရှိသော ရွေးချယ်မှုတစ်ခု ဖြစ်​ပေသည်။ ချောင်လုမှာ လုရွှမ်က ဤသစ်သား အပိုင်းအစကို စိတ်ဝင်စားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ လုရွှမ်ရဲ့ အချက်ပြမှုကို ရရှိပြီးနောက် သူမက ပြုံးကာ မတ်တပ်ထရပ်လိုက်သည်။

"တစ်သန်း!"

သူမက အသံကို လုံးဝ မဖုံးကွယ်ထားတာကြောင့် လူတိုင်းရဲ့ နားထဲသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိသွားခဲ့သည်။

ကျယ်လောင်သော ရယ်မောသံများ အနှံ့အပြား ပျံ့သွားသည်။ ချောင်လုအသံကို လူတိုင်း မှတ်မိနေတာ ထင်ရှား​ပေသည်။ ဒီလိုအတောအတွင်းမှာ ဘယ်သူကမှ ရယ်ရယ်မောမော လှောင်ပြောင်တာမျိုး မလုပ်ဝံ့ပေမယ့် ဒီရယ်မောခြင်းက အရာအားလုံးကို ရှင်းပြဖို့ လုံလောက်ပါ၏။

ချောင်လုကတော့ သူမက လှည့်စားနေတယ်လို့ လုံးဝ မခံစားရဘဲ အော်ပြောလိုက်သည်။

"ဘာလို့ ရယ်နေ​ကြတာလဲ? လက်နက်တွေကို သန့်စင်ဖို့ သုံးချင်တာလေ..မရဘူးလား?"

သူတို့ပတ်ဝန်းကျင်မှာ ရယ်သံတွေက ပိုကျယ်လောင်လာပေမယ့် လူတစ်ယောက်ရဲ့ စူးစူးရှရှ အသံတစ်ခု ထွက်ပေါ်လာပြီးနောက် နေရာတိုင်း ချက်ချင်း တိတ်ဆိတ်သွား၏။ သူမအဖေကလည်း ဒီမှာရှိနေတယ်လေ။ ​​သူ့ရှေ့မှာ သူ့သမီးကို ရယ်နေတာက သေလမ်းကို ရှာနေတာပဲ မဟုတ်ဘူးလား။

ဆရာကြီးကျိုထျန်းက ခဏလောက် စောင့်ခဲ့ပေမယ့် ဘယ်သူမှ ဈေးမခေါ်ကြသေးဘူး။ သို့နှင့် သူ့မျက်နှာပေါ်တွင် ခါးသက်စွာ ပြုံးလိုက်ကာ။

"ငါ့တူမလေး ချောင်လုရေ... မင်းလိုချင်တာကို ငါသိခဲ့ရင် မင်းကို ငါပေးလိုက်ပါတယ်"

ချောင်လုက ပြုံးပြီး "ဦးလေးကျိုထျန်း... အဲဒါတော့ ဘယ်ဖြစ်ပါ့မလဲ... မဟုတ်ရင် သမီးအဖေက သမီးကို ကြိမ်းမောင်းလိမ့်မယ်"

ဆရာကြီးကျိုထျန်းနှင့် ချောင်လုတို့ပြောသော စကားများသည် သူတို့ပြောသော စကားများသာ ဖြစ်သည်။ တခြားမည်သူမဆို ယခုအချိန်တွင် ထွက်ပေါ်လာပါက ပါးရိုက်ခံရလိမ့်မည်။

ဤနည်းဖြင့် ချောင်လုသည် ထုံးထျန်းကျန့်မုကို စွမ်းအင်သလင်းကျောက် တစ်သန်းကို လိမ္မာပါးနပ်စွာ ဝယ်ယူခဲ့၏။ လုရွှမ် အံ့ဩသွားပြီး တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။

"ဆရာ... ဆရာ ကျွန်မကို လက်နက် သန့်စင်နည်းတွေကို ထပ်သင်ပေးနေသရွေ့တော့ အားလုံး အဆင်ပြေတယ်"

"ငါက မင်းရဲ့ဆရာ မဟုတ်ဘူးလို့ ငါပြောခဲ့ပြွးသားနော်... ငါတို့အားလုံးက ရွယ်တူတွေပဲလေ... ရွယ်တူတွေကြားမှာ ခင်မင်ရင်းနှီးဖို့ ဆွေးနွေးကြရုံပဲ ဒါပေမဲ့ စိတ်မပူပါနဲ့.... ငါသိထားသမျှ မင်းကို အကုန်ပြောပြမှာပါ"

ဆရာကြီးကျိုတိနှင့် ကျိုထျန်းတို့သည် တစ်ချိန်တည်း ရှိုက်ကြီးတငင် ပြုံးလိုက်ကြသည်။ သူတို့က ထုံးထျန်းကျန့်မုကို အသုံးပြု၍ သလင်းကျောက်အချို့ကို လေလံတင်ရောင်းချရန် အမှန်တကယ် စီစဉ်နေသော်လည်း ယင်းရလဒ်ကို ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

လေလံပွဲက ဆက်သွားနေသည်။

ကျင့်ကြံသူ အမျိုးသမီးတစ်ယောက် ဗန်းကိုကိုင်ကာ ထွက်လာသည်။ ဆရာကြီးကျိုထျန်းက ပိုးပဝါကို ဖွင့်လိုက်သောအခါ အတွင်း၌ ဓားပျံလေးစင်း ထွက်ပေါ်လာ၏။

ဆရာကြီးကျိုထျန်းသည် ဓားပျံများကို ဆရာကြီးကျိုတိ၏ နောက်ကျောဘက်ဆီသို့ ပစ်ထုတ်လိုက်သည်။ လူတိုင်း မသိစိတ်ကြောင့် ထအော်လိုက်မိသည်။ သို့သော် ဆရာကြီးကျိုတိက လက်ဖဝါးကိုဆန့်လျက် ပျံသန်းနေသော ဓားများကို ကုပ်ယူထားတာ တွေ့လိုက်ရသည်။

"အားလုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ကြတယ်မလား?"

ဆရာကြီးကျိုတိက ရယ်ရင်း ပြောလိုက်သည်။

ဓားပျံများသည် ဆရာကြီးကျိုထျန်းနှင့် အနည်းဆုံး မီတာသုံးဆယ် အကွာတွင် ရပ်တန့်သွားတာ လူတိုင်း ရုတ်တရက် သိလိုက်ရသည်။ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ထိုအချက်ကို သတိပြုမိပြီး ကျယ်လောင်စွာ ထအော်လိုက်၏။

"အကြီးအကဲတို့နှစ်ယောက်... ခင်ဗျားတို့ ပြောချင်နေတာက ဒါက ဓားပျံရဲ့လက္ခဏာလား"

ဆရာကြီးကျိုတိက ဓားပျံကို ကျင့်ကြံသူ အမျိုးသမီးထံ ထပ်မံ ပစ်ပေါက်လိုက်သည်။ သူမသည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောကာလ ကျင့်ကြံမှုရှိကာ သူမ၏ ဓားပျံစွမ်းရည်ကို ပြသရန် အထူးတလည် ဤနေရာကို ရောက်ရှိလာခဲ့တာ သိသာထင်ရှားလှသည်။

ကျင့်ကြံသူ အမျိုးသမီးက ဓားပျံကို လက်ထဲတွင် ကိုင်ဆောင်ကာ လက်ကောက်ဝတ်ကို လှည့်၍ ဓားပျံများကို ပစ်လွှတ်လိုက်သည်။

ယခင်ဓားပစ်လွှတ်မှုကို လူတိုင်း တုံ့ပြန်ခဲ့ကြသည်။ ယခုအခိုက်အတန့်တွင် လူတိုင်းက ၎င်းကို အာရုံစိုက်ထားပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်​အောင် ကြိုးစားကြသည်။ ဓားပျံသည် အမျိုးသမီး ပစ်လွှတ်လိုက်တာနဲ့ ဖျတ်ခနဲ ပျောက်သွားလေရာ လူတော်တော်များများ အံ့အားသင့်စွာ အော်ဟစ်လာခဲ့ကြသည်။

သူတို့၏ စိတ်ဝိညာဉ် စွမ်းအားများဖြင့် အာရုံခံကြည့်ပေမယွ ပျံသန်း ထွက်သွားသော ဓားပျံများကို လုံးဝ သတိမထားမိပေ။ ဆရာကြီးကျိုတိက ပျံသန်းနေသော ဓားကို လေထုအလယ်၌ ပေါ့ပေါ့ဆဆ ဆုပ်ကိုင်လိုက်ရင်း လူတိုင်းကို အပြုံးများဖြင့် ကြည့်လိုက်သည်။

လက်ခုပ်သံများ တစ်ပြိုင်တည်း ထွက်ပေါ်လာ၏။

ထိုအချိန်တွင် ကျင့်ကြံသူ အမျိုးသမီးသည် နောက်ထပ် ဓားပျံတစ်လက်ကို တစ်ဖန်ထုတ်ပြီးနောက် ကျိုတိဘက်သို့ ထပ်မံပစ်ပြန်သည်။ ကျိုတိသည် ဤတစ်ကြိမ်တွင် ဓားပျံကို မဖမ်းမိဘဲ ခုန်တက်သွားတာကို မြင်လိုက်ရသည်။ နတ်မီးနယ်ပယ်က လူများသည် ဓားပျံရဲ့ အစွမ်းအစကို အာရုံခံစားရန် လုံလောက်သော ဝိညာဥ်စွမ်းအား မရှိကြသော်လည်း တချို့သော ဝိညာဉ်သခင်များနှင့် တန်ခိုးကြီးသော လူကြီးများကတော့ ယင်းကို ခံစားနိုင်သည်။

ဓားပျံသည် မြေပြင်ပေါ်ရှိ မည်သူ့ကိုမျှ မထိမှန်နိုင်ဘဲ နောက်ပြန်လှည့်ကာ ပျံသန်းသွားခဲ့သည်။ ကျင့်ကြံသူ အမျိုးသမီးက လေထုအလယ်၌ လက်ချောင်းများကို ပေါ့ပေါ့ဆဆ ညှပ်ယူထားလိုက်ရာ သူမ လက်ထဲတွင် ဓားပျံတစ်စင်း ပေါ်လာသည်။

ထိုမြင်ကွင်းကြောင့် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွား​​လေသည်။ ကျင့်ကြံသူ အမျိုးသမီးက ဓားကိုချပြီး အားလုံးကို ဂါဝရပြု၍ ပြန်ဆုတ်သွားခဲ့သည်။

ဆရာကြီးကျိုထျန်းက လူတိုင်းကို ပြုံးပြပြီး မေးလိုက်သည်။

"ဘယ်လိုလဲ?"

သူ့အသံတွေ ဆုံးတာနဲ့ လက်ခုပ်သံများက လေလံအိမ်တစ်ခုလုံးကို ဆူညံသွားစေတော့သည်။

All Chapters