စောစောထွက်သွား
Vol. 87 Ch. 4.813
လုရွှမ်သည် သူ့ရင်ဘတ်က နှလုံးခုန်သံများကြောင့် နဂါးနှလုံးမှာ လျင်မြန်စွာ ခုန်ထွက်လုမတတ် ဖြစ်နေသလို ခံစားလိုက်ရသည်။ ဒါ ကမ္ဘာ့ရတနာ တစ်ခုပဲ ဖြစ်ပေ၏။ ကမ္ဘာ့ရတနာများစွာကို သူ ကိုင်တွယ်ခဲ့ဖူးပြီးသား ဖြစ်သည်။
သူတို့အားလုံးက မပြည့်စုံတာတော့ သေချာပါ၏။ ဒါပေမဲ့ သူဒီအချိန်မှာ နတ်တောင်တန်းကို ထုတ်လိုက်ရင် သူ့ရဲ့တန်ဖိုးက စောင်းထက် ပိုမြင့်လိမ့်မယ်ဆိုတာ သူယုံကြည်ပါသည်။ ၎င်းသည် အနည်းငယ် မပြည့်စုံသော်လည်း တောင်တစ်သောင်းကမ္ဘာက ဆင်းသက်လာခြင်း ဖြစ်သည်။
ရတနာက သန္ဓေတည်ရန် ခက်ခဲသလို နတ်တောင်တန်း အတွက်ကလည်း ခက်ခဲလွန်းလှသည်။ သဘာဝအားဖြင့် ကမ္ဘာ့ရတနာ၏ ဂုဏ်တော်များကို ယှဥ်ကြည့်လျှင် နတ်တောင်တန်းက တန်ခိုးကြီးလွန်းလှသည်။
ခဏလောက် အထိတော့ လုရွှမ် တကယ်ကို တုန်လှုပ်သွားသည်။ မည်သူမဆို ၎င်းတို့ကို လေလံတင်ပြီးသည်နှင့် အနည်းဆုံး စွမ်းအင်သလင်ကျောက် သန်းပေါင်းများစွာ ဆုံးရှုံးရလိမ့်မည်။ အနာဂတ် ကျင့်ကြံမှုအတွက် ဘယ်လောက်တောင် အထောက်အကူ ဖြစ်လိုက်မလဲ။ လိုချင်တာမှန်သမျှက်ုလည်း ရလိမ့်မယ်။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မလွယ်တဲ့ ကမ္ဘာ့ရတနာပဲ ဖြစ်လေသည်။
ဒါပေမဲ့ ခဏလေးအတွင်းမှာပဲ ဒီလောဘက ပျောက်သွား၏။ ငွေကြေး၊ ဂုဏ်သိက္ခာနှင့် နှိုင်းယှဉ်လျှင်၊ ကျော်ကြားမှုနှင့် နှိုင်းယှဉ်လျှင် သူ့အတွက် ယခုထက်ပို၍ တန်ဖိုးရှိသော အရာမှာ သူငယ်ချင်းများ၏ စစ်မှန်သော အဓိပ္ပာယ်နှင့် ညီအစ်ကိုများ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။
ထို့အပြင် သူတကယ်လုပ်ခဲ့လျှင် သူ့ဘဝတစ်လျှောက်လုံး နောင်တရပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်း နွံထဲတွင် နှစ်မြုပ်နေလိမ့်မည်ဟု ယုံကြည်ပါသည်။ ဘဝသစ်တစ်ခု ရှင်သန်ဖို့ဆိုတာ အံ့ဩစရာ ကောင်းလောက်အောင် ကြီးကျယ်ခမ်းနားစွာ နေထိုင်ဖို့ပါပဲ။
တစ်ယောက်နဲ့ တစ်ယောက် လှည့်စားမယ့်အစား တစ်ယောက်ရဲ့ ဘဝကို ကယ်တင်လိုက်တာက ပိုမကောင်းဘူးလား။
"အခုဈေးက ဘယ်လောက်လဲ"
လုရွှမ်သည် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသဖြင့် မေးလိုက်သည်။ ချွန်းရှောင်နှင့် ချောင်လုတို့ကဲ့သို့ပင် ဟုန်ရှန်ယင်းရဲ့ မျက်နှာက နီမြန်းနေပါသည်။
“ငါးဆယ့်ခြောက်ဘီလီယံ...”
အနိမ့်ဆုံး ကိုးကားမှုမှာ သလင်းကျောက်များ သန်း ၁၀၀ ဖြစ်သော်လည်း လူတို့သည် တစ်ဘီလီယံကို အခြေခံယူနစ်အဖြစ် အမြဲလိုလို အသုံးပြုနေကြပြီ။
လေးလေးနက်နက် တွေးတောဖို့ လိုအပ်လာတုန်းပင်။ နောက်ဆုံးတော့ တစ်ခုက စွမ်းအင်သလင်ကျောက် တစ်ဘီလီယံပဲလေ။ ချမ်းသာပြီးရင်း ချမ်းသာတဲ့ ကမ္ဘာငယ်လေးဖြစ်တဲ့ ကြယ်တစ်သောင်းကမ္ဘာမှာတောင် သန်းတစ်ထောင်ကို ဘယ်သူမှ လျစ်လျူရှုထားဖို့ မဖြစ်နိုင်သေးပါဘူး။
"ဒါက ဘီလီယံ 100 လောက်အထိ ရောက်သွားနိုင်ပုံပဲ"
လုရွှမ် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
"ငါတို့သွားကြမယ်"
မိန်းကလေး သုံးယောက်စလုံး အော်ဟစ်လိုက်ကြသည်။ ဒီလိုခမ်းနားသော အချိန်အခါကို တွေ့မြင်ခွင့်ရတဲ့ အခွင့်အရေးက တကယ်ကို ရှားပေသည်။ ဒါကို လုရွှမ်က ထွက်ခွာရန် ရွေးချယ်ခဲ့သည်။
"အဲဒါက ငါတို့ပစ္စည်းတွေ မဟုတ်ရင် မျက်စိမှိတ်ထားရမယ့် အရာတစ်ခုပဲ... ဘာထူးလို့လဲ လေလံပွဲလုပ်တာ သုံးရက်ကျော်သွားပြီ။ ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး... လိုအပ်တဲ့ ဧကရာဇ်လက်နက်တွေကို သန့်စင်ပြီးမှ အေးအေးဆေးဆေး နေနိုင်မှာ”
လုရွှမ် ပြောတာ မှန်မှန်းသိပါသည်။ မိန်းကလေး သုံးယောက်မှာ တစ်ယောက်နဲ့တစ်ယောက် ရှုပ်ယှက်ခတ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေပေမယ့် အဲဒီခဏမှာပဲ သူတို့ဟာ တွယ်တာမှုကို မစွန့်လွှတ်နိုင်စွာနဲ့ ဆုတ်ခွာသွားကြသည်။
လုရွှမ် ဘာမှပြန်မပြောဘဲ အေးအေးဆေးဆေး ဘေးထွက် ရပ်လိုက်ပြီး မိန်းကလေး သုံးယောက်ရဲ့ ထင်မြင်ချက်တွေကို နားထောင်ပေးဖို့ စောင့်နေလေသည်။
ဤသည်မှာ ရွေးချယ်မှုတစ်ခု ဖြစ်သော်လည်း စိတ်၏ တည်မြဲမှုပင် ဖြစ်သည်။ ထွက်သွားဖို့ မရွေးချယ်နိုင်ရင် ချမ်းသာသုခကို တောင့်တနေလို့ပဲ။ ချမ်းသာမှု ကျဆင်းသွားတဲ့အခါ အားလုံးက အချည်းနှီး ဖြစ်သွားလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ မိန်းကလေး နှစ်ယောက်ကို ကူညီဖို့ သူအရမ်းအားစိုက်နေစရာ မလိုပါဘူး။
အခွင့်အလမ်းတွေ ကြုံလာရတဲ့အခါ အရေးကြီးတာက သူတို့ကို အတင်းအကြပ် လက်ခံတာထက် ကိုယ့်ကိုကိုယ် ဆုပ်ကိုင်ထားနိုင်ဖို့ပါပဲ။
"ကောင်းပြီ လုရွှမ် ပြောတာမှန်တယ်... ဒီမှာဘာကြည့်နေစရာ ရှိလို့လဲ? ပြန်ကြရအောင်"
ဟုန်ရှန်ယင်း ရုတ်တရက် ပြောလိုက်စဥ် ချွန်းရှောင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။ ချောင်လုသည် စင်မြင့်ပေါ်ရှိ ကမ္ဘာ့ရတနာကို ပြန်ကြည့်ကာ ဆိုလေ၏။
"ဟမ်.... တစ်နေ့ ကမ္ဘာ့ရတနာကို ငါကိုယ်တိုင် သန့်စင်ပြမယ်"
"ဟုတ်တယ် သခင်မလေး.... အနာဂတ်မှာ ပိုကောင်းတဲ့ ပစ္စည်းတွေကို သန့်စင်ဖို့ ကြိုးစားကြမယ်... ကျွန်မတို့ရဲ့ ကမ္ဘာ့နံပါတ် ၁ လက်နက်သန့်စင်စက်ရုံမှ လက်နက်တွေကို နောက်ဆုံးရတနာလို့ တခြားသူတွေ မှတ်ယူကြတဲ့အထိ ကြိုးစားကြမယ်"
လုရွှမ် ကျေနပ်စွာ ပြုံးကာ ချွန်းရှောင်ရဲ့ ခေါင်းကို ပွတ်ကာ လေးယောက်သား လေလံအိမ် နောက်ကွယ်မှ ထွက်ခွာသွားခဲ့သည်။
နောက်ဖေးမှာတော့ ကျင့်ကြံသူတွေ တော်တော်များများက စျေးဝယ်သူတွေ လာရင် ငွေရှင်းပေးဖို့ စောင့်နေကြလေသည်။ သီးသန့်ခန်းရှိ ဧည့်သည်တော်များကတော့ ဤနေရာသို့ လာရန် မလိုအပ်ဘဲ တစ်စုံတစ်ဦးမှ ၎င်းတို့ကို ဝန်ဆောင်မှုပေးမှာပဲ ဖြစ်သည်။
ဒီအချိန်မှာ တစ်ယောက်ယောက် လာနေတာကိုမြင်တော့ မိန်းကလေး ကျင့်ကြံသူတွေမှာ ကျင့်ဝတ်တွေကို မြန်မြန်ဆန်ဆန် ပြင်ဆင်ရင်း နှုတ်ဆက်လိုက်ကြသည်။ သူမတို့ နှလုံးသားထဲမှာ ပဟေဠိဆန်တဲ့ အံ့သြမှုတွေနဲ့ ပြည့်နှက်နေ၏။
'ဒီလို အချိန်မှာတောင် ထွက်လာတယ်တဲ့လား?'
ချောင်လုလို့ မြင်လိုက်တာနဲ့ ဆရာကြီးကျိုထျန်းက အပြေးလေး ရောက်လာသည်။
"ကောင်မလေး... ဒီတစ်ခါတော့ ငါတို့ကို လှည့်စားဦးမလို့လား"
"ဦးလေးကျိုထျန်းရယ်.... သမီးက ဦးလေးကို ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ? နောက်ဆုံး ဓားပျံရောင်းတုန်းက ဦးလေးကို အများကြီး ကူညီပေးခဲ့တယ်လေ"
ဆရာကြီးကျိုထျန်းက ရယ်မောပြီး ပိုးပဝါနဲ့ သူ့မျက်နှာကို ဖုံးထားဆဲဖြစ်တဲ့ လုရွှမ်ကို ကြည့်လိုက်သည်။
"ဒါက သူငယ်ချင်းလေး လုရွှမ်ပဲဖြစ်မှာပေါ့... အဲဒီဓားတွေနဲ့ ပျံသန်းနိုင်တဲ့ဓားတွေကို မင်း သန့်စင်ထားတာ ဖြစ်မယ် ဟုတ်တယ်မလား?"
ချောင်လု လန့်သွားပြီး ဆရာကြီးကျိုထျန်းရဲ့ လက်မောင်းကို ပွေ့ဖက်လိုက်ပြီး
"ဦးလေး... ဘာတွေပြောနေတာလဲ သမီးသူတို့ကို မသိဘူးနော်"
"လူဆိုးမလေး"
ဆရာကြီးကျိုထျန်းသည် ချောင်လုခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။
“သူများတွေ မသိဘူးဆိုတိုင်း ငါက မသိဘူးများထင်လား? မင်းလက်ထဲမှာလည်း ဓားပျံတစ်ချောင်း ရှိနေတယ်မလား? မဟုတ်ရင် လေလံဆွဲတာကို ရပ်လိုက်မှာတောင် မဟုတ်ဘူး... မင်းက ကြီးလာတော့ရော ဘယ်လိုလှည့်ကွက်တွေ ရှိနိုင်ဦးမှာလဲ....ဦးလေး မင်းလှည့်ကွက်တွေကို ရှင်းရှင်းလင်းလင်း မြင်ဖူးပြီးသား”
ချောင်လုလည်း ရယ်လိုက်လေသည်။ ဆရာကြီးကျိုထျန်းက သူတို့အကြံကို ဟိုးအရင်ကတည်းက မြင်နေရပေမယ့် ဖော်ထုတ်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာ သိသာပါ၏။ လုရွှမ်လည်း အနက်ရောင်ပဝါကို ချွတ်ကာ ဦးညွှတ်လျက် ဆိုလိုက်သည်။
"အငယ်တန်း လုရွှမ်က စူးရှထက်မြက်တဲ့ မျက်လုံးရှိသူ အကြီးအကဲကို ဂါရဝပြုပါတယ်"
ဟုန်ရှန်ယင်းနှင့် ချွန်းရှောင်တို့သည်လည်း ၎င်းတို့၏ ပိုးပဝါများကို ချွတ်ကာ အကြီးအကဲကို လေးစားစွာ ဦးညွှတ်လိုက်ကြသည်။ ဆရာကြီးကျိုထျန်းသည် လုရွှမ်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
"သူရဲကောင်းတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြတ်ကြတယ်... အလုပ်ကြိုးစားကြတယ်... မင်းကို သေစေချင်တဲ့ အင်အားစုကြီး ကိုးခုက လူတွေရှိပေမယ့် မင်းက မင်းကိုမင်း ခိုင်ခံ့မြဲမြံစွာ ရှင်သန်နေမယ်လို့ မျှော်လင့်ပါတယ်... အနာဂတ်မှာလည်း ထွန်းတောက်ဦးမှာပါ"
"မင်းက ဟုန်ရှန်ယင်း ဖြစ်ရမယ်.... ဒီမိန်းကလေးက အရမ်းတော်တယ် မင်းအဖိုး ငါ့အတွက် လက်နက်တွေ သန့်စင်ပေးခဲ့တဲ့ အချိန်ကို ငါမှတ်မိပါတယ်... မင်းမှာ အခက်အခဲတွေရှိရင် ဒီကကောင်မလေးတွေကို ပြောပြလိုက်..."
ဟုန်ရှန်ယင်း ချော့မော့ခံရသလို စိတ်လှုပ်ရှားနေသလို ခံစားလိုက်ရကာ သူမအသံမှာလည်း ရှိုက်ကြီးတငင် ဖြစ်နေကာ ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ...ဒီအငယ်တန်းက စိတ်ထဲမှာ သိမ်းထားပါ့မယ်”
လုရွှမ် ဝယ်ထားသော ပစ္စည်းများကို စုဆောင်းလိုက်သည်။ အများကြီးဝယ်ဖို့ မျှော်လင့်ထားပေမယ့် ရတနာများစွာကို တွေ့ပြီးနောက် ဆရာကြီးကျိုထျန်းက လုရွှမ်ကို ခဏလောက် စိုက်ကြည့်နေလေသည်။
"အဟဲ...ဒါက ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင်လို့ပါ...."
လုရွှမ်က ပြုံးပြီး ပြောလိုက်သည်။
ဆရာကြီးကျိုထျန်းကို နှုတ်ဆက်ပြီးနောက် သူတို့လေးဦးသည် လေလံအိမ်မှ ထွက်ခွာပြီး ကမ္ဘာ့နံပါတ် ၁ လက်နက် သန့်စင်ရေး အလုပ်ရုံသို့ တိုတိုတုတ်တုတ်ဖြင့် ပြန်လာခဲ့ကြသည်။
လုရွှမ်သည် ခွန်အားပြန်လည် ရရှိလာပြီး အချိန်အတော်ကြာ ကျင့်ကြံပြီးနောက် လက်နက်ကို ပြန်လည်သန့်စင်ရန် စတင်ခဲ့သည်။ ချောင်လုတို့ သုံးယောက်သည် အဝေးတွင် ရပ်လျက် လုရွှမ်၏ လက်နက် သန့်စင်မှုကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
ဟုန်ရှန်ယင်းသည် ကျေးဇူးတင်နေပြီး တစ်ချိန်တည်းတွင်လည်း အပြစ်ရှိသလို ခံစားလာရသည်။ ဒီပစ္စည်းတွေ အားလုံးကို လုရွှမ်က လေလံတင်ရောင်းချခဲ့ပြီး လေလံပွဲမှာ ပစ္စည်းတွေ အားလုံးကို သူကိုယ်တိုင် သန့်စင်ထားပြီး မိမိကတော့ ဘာမှနီးပါး မထောက်ပံ့ပေးခဲ့ရပေ။
လုရွှမ်သည် သူမ၏အလုပ်ရုံ၊ သူမမိသားစု၏ ဂုဏ်သိက္ခာကို ကယ်တင်ခဲ့ပြီး ယခုအခါတွင် သူသည် သူမအား လက်နက်သန့်စင်ခြင်း စွမ်းရည်ကို ရက်ရက်ရောရော သင်ကြားပေးခဲ့သည်။ အပြင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နေပြီ။ သူတို့အဖွဲ့သည် အထဲမှာ ရှိနေပေမယ့် အပြင်မှာ အော်ဟစ်သံတွေကို ကြားနေရဆဲပါပဲ။
ချွန်းရှောင်က လျင်မြန်စွာ ပြေးထွက်သွားပြီး ခဏအကြာတွင် နီမြန်းသော မျက်နှာလေးဖြင့် ပြန်ပြေးလာခဲ့သည်။
"လေလံပွဲပြီးသွားပြီ... နောက်ဆုံးလေလံပွဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်က စွမ်းအင်သလင်ကျောက်တုံးပေါင်း ဘီလီယံ 100နဲ့ နိုင်သွားတယ်တဲ့"
လုရွှမ် ခေါင်းညိတ်လိုက်သည်။ သူ့နှလုံးသားထဲတွင် နားမလည်နိုင်သော ရင်တုန်ခြင်းကို ခံစားလိုက်ရသည်။ ထိုအထိတ်တလန့် ခံစားချက်က တဟုန်ထိုး တက်လာပြီး တခဏချင်း ပျောက်ကွယ်သွားခဲ့သည်။