အစစ်အတု တော်ဝင်လက်နက်များ
Vol. 87 Ch. 4.814
"လုရွှမ်... ရှင့်ရဲ့ ဒီလိုပုံစံက တစ်ခုခုများ ဖြစ်လို့လား?"
ဟုန်ရှန်ယင်းသည် လုရွှမ်ရဲ့ အမူအရာကို မြင်သောအခါ အံ့အားသင့်သွားတာကြောင့် မေးလိုက်သည်။
လုရွှမ်သည် အရာအားလုံးကို ထိန်းချုပ်နိုင်ပြီး ယုံကြည်မှုအပြည့် ရှိသကဲ့သို့ အမြဲတမ်းတည်ငြိမ် အေးဆေးကာ ပတ်ဝန်းကျင်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်နေခဲ့သည်။ သူရဲ့လက်ရှိ အသွင်အပြင်က သူမကို အမှန်တကယ်ပင် တုန်လှုပ်သွားစေခဲ့သည်။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးကာပြောသည်။
"ဘာမှမဟုတ်ပါဘူး... ငါတစ်ခုခုကို တွေးနေမိသွားလို့.... ဘာလဲဆိုတာတော့ မမှတ်မိတော့ဘူး အေးအေးဆေးဆေးပဲ လက်နက်ကို သန့်စင်လိုက်ရအောင်"
ဟုန်ရှန်ယင်းက ခဏ ထွက်သွားပြီး အပြင်မှ အသံများကို လုံးဝခွဲထုတ်ထားရန် အခင်းအကျင်းကို ထပ်မံ ဖွဲ့စည်းလိုက်သည်။
လုရွှမ်သည် အချိန်အတော်ကြာ အနားယူပြီး သူ့စိတ်ကို ငြိမ်သက်စေလိုက်သည်။ ပတ်ဝန်းကျင်က အသံများကို လျစ်လျူရှု၍ သန့်စင်မည့် ပစ္စည်းတစ်စကို ထုတ်ကာ လက်နက်ကို စတင် သန့်စင်လိုက်သည်။
ဤဧကရာဇ်လက်နက်ကို ကမ္ဘာ့နံပါတ်တစ် လက်နက်ရုံ၏ ရတနာ အဖြစ်အသုံးပြုပြီး ဟုန်ရှန်ယင်း၏ လက်နက်လည်း အသုံးပြုမည်။ ဟုန်ရှန်ယင်းသည် ဓားကို ပေါ့ပေါ့ပါးပါး အသုံးပြုတတ်သောကြောင့် သဘာဝအတိုင်း သူမအတွက် ဓားပညာကို လေ့ကျင့်ခြင်းက အကောင်းဆုံး ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ် အဆင့်လက်နက်များနှင့် နှိုင်းယှဉ်ပါက တော်ဝင်လက်နက်များက အဆင့်တစ်ဆင့် မြင့်သည်။ အကြောင်းပြချက်မှာ လက်နက်များတွင် ပေါက်ဖွားလာသော နယ်ချဲ့ သို့မဟုတ် လွှမ်းမိုးချုပ်ကိုင်ခြင်းဟု အဓိပ္ပာယ်ရသောကြောင့်ပင်။
လက်နက်တစ်ခု၏ ဧကရာဇ်ဘွဲ့ကို ရယူနိုင်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းက လက်နက်အားလုံး အပေါ်၌ ထင်ရှားပေါ်လွင်ပြီး ထူးခြားသော လွှမ်းမိုးချုပ်ကိုင်မှုနှင့် ကြီးစိုးနိုင်သော ကျက်သရေရှိခြင်းတို့ကြောင့် ဖြစ်သည်။
လက်နက်များတွင် ဝိညာဉ်များ ရှိသည်ဟု ဆိုသည်။ ထိုစကားက အမှန်ပဲလို့ ဆိုရမည်။ ပစ္စည်းများအရ ဆိုလျှင် တော်ဝင် လက်နက်သည် ဆန်းကြယ်အဆင့် လက်နက်ကို သန့်စင် ခြင်းထက် ပိုမို အဆင့်မြင့်သော ပစ္စည်းများ မလိုအပ်ဘဲ သန့်စင်ပြီးလျှင် ၎င်းသည် တော်ဝင်လက်နက် တစ်ခုဖြစ်လာဖို့တော့ လိုအပ်ပေသည်။
အရေးကြီးဆုံးအချက်မှာ ဧကရာဇ်လက်နက်ကဲ့သို့ ဓားလက်နက်၏ ဝိညာဉ်ကို လှုံ့ဆော်ရန်မှာ ဓားဝိညာဉ်ကို ထူးထူးခြားခြား ဖြစ်စေရန်၊ ဧကရာဇ်မင်းမြတ်၏ ဩဘာကို ပိုင်ဆိုင်ထားရန်၊ လွှမ်းမိုးချုပ်ကိုင်ထားသော နှလုံးသားကို ပိုင်ဆိုင်ရန်နှင့် လူထောင်ပေါင်းများစွာကို ဦးညွတ်စေရန် အရှိန်အဝါများ ရှိထားရပေမည်။
သို့မှသာ ဧကရာဇ် လက်နက်ဖြင့် တိုက်ခိုက်သောအခါ တခြားသူရဲ့ လက်နက်ကို သဘာဝအားဖြင့် ပိုမိုအားကောင်းစွာ ထိန်းချုပ်နိုင်မည့် အင်အားကို အသုံးချနိုင်မှာ ဖြစ်သည်။
ဒါပေါ့၊ ဒါကိုလုပ်ဖို့ ဆန်းကျယ်တဲ့ နည်းလမ်းတစ်ခု ရှိထားရမည်။ ဧကရာဇ်မင်းမြတ်နဲ့ ဘုရင်မင်းမြတ်ရဲ့ သွေးအနှစ်သာရ ဒါမှမဟုတ် ဝိညာဉ်ကို အဲဒီထဲကို ထည့်ဖို့ပါပဲ။ ဥပမာအားဖြင့် ယခင်က လုရွှမ်သည် ဓားကို သန့်စင်နေစဉ်တွင် ဖီးနစ်မီးကို ထည့်သွင်းလိုက်ရာ ဓားသွား လှုပ်ရှားသွားသောအခါတွင် ဖီးနစ်အရိပ်ကို ထုတ်လွှတ်နိုင်ခဲ့သည်။
စစ်မှန်သော နည်းလမ်းမှာ ပြီးပြည့်စုံသောလက်နက်ကို သန့်စင်ရန် သာ၍စစ်မှန်သော နည်းလမ်းကို သုံးဖို့ပါပဲ။ သို့မှသာ နတ်မိုးခြိမ်းသံ ဆင်းသက်လာသောအခါ ဓားဝိညာဉ်က သဘာဝအတိုင်း ပြောင်းလဲသွားမှာ ဖြစ်သည်။ ထိုအခါ မိုးကြိုးဝိညာဉ်နှင့် တိမ်တိုက်တို့၏ ဆင့်ကဲဖြစ်စဉ်ကို အားကိုး၍ ဓားအဆင့်က တိုးတက်လာပေမည်။
သို့သော် ထိုနည်းလမ်းအတိုင်း သန့်စင်ရန်မှာ အလွန်ခက်ခဲသည်ဟု ဆိုနိုင်ပါသည်။ အကျော်ကြားဆုံး လက်နက် သန့်စင်သူများပင် ၎င်းတို့တွင် ထိုကဲ့သို့သော နည်းလမ်းများ သို့မဟုတ် ယုံကြည်စိတ်ချမှု ရှိသည်ဟု မပြောဝံ့ကြပေ။
ထုံးစံအတိုင်း ယခုခေတ်စားနေသော တော်ဝင်လက်နက်များကို သန့်စင်သည့် နည်းလမ်းမှာ ၎င်းတို့အား တော်ဝင်နည်းလမ်း၏ ဩဘာကို ပေါင်းထည့်ထားခြင်းသာ ဖြစ်သည်။
ထို့ကြောင့် လက်နက်များကို သန့်စင်ရန် ငွေအမြောက်အမြား လိုအပ်ပြီး လူအချင်းချင်း၊ ဆက်ဆံရေး အများအပြား လိုအပ်လေသည်။ မဟုတ်ပါက ဧကရာဇ်လက်နက်များနှင့် တော်ဝင်လက်နက်များကို သန့်စင်ရန် လုံလောက်သော ပစ္စည်းများ မရှိနိုင်ချေ။
ဟုန်ရှန်ယင်းသည် ဒီကိစ္စတွေကြောင့် ယခင်က ရွေးချယ်စရာ မရှိခဲ့ပေ။ သူမ၏ တစ်ခုတည်းသော နည်းလမ်းမှာ လက်နက်ကို သန့်စင်ရန်အတွက် လက်ဆင့်ကမ်းလာသည့် နည်းလမ်းများကို အသုံးပြုခြင်းပဲ ဖြစ်သည်။ ဧကရာဇ်လက်နက်က ဘယ်လောက် အစွမ်းထက်လဲ စိတ်ကူးကြည့်နိုင်ပြီး သူမ အမှန်တကယ်လည်း မအောင်မြင်ခဲ့ပေ။
လုရွှမ် ယခုအသုံးပြုလိုသည်မှာ အသုံးများသည့် လက်ဆင့်ကမ်း သန့်စင်နည်း ဖြစ်သည်။ တကယ်ပင် ပိုမိုရိုးရှင်းသော်လည်း အမှန်စင်စစ်အားဖြင့် ၎င်းသည် စစ်မှန်သော နည်းလမ်း မဟုတ်ပေ။
သို့သော် လက်ဆင့်ကမ်းနည်းများဖြင့် သန့်စင်သော တော်ဝင်လက်နက်များ၏ ဈေးနှုန်းမှာ မြင့်မားနေဆဲ ဖြစ်သည်။ ယင်းကို ဧကရာဇ်လက်နက်ဟု ခေါ်ကြသည်။ လုပ်ဆောင်မှု၊ ကြီးထွားမှုနှင့် အလားအလာအရတော့ ၎င်းသည် စစ်မှန်သော ဧကရာဇ်လက်နက်နှင့် အလွန်ကွာခြားပါ၏။
သို့သော်လည်း ယနေ့ခေတ်တွင် တော်ဝင်လက်နက်အတုများသည် ကာလအတန်ကြာ အာဏာရလာသော်လည်း စစ်မှန်သော ဧကရာဇ်လက်နက်များ ရှင်သန်ရန် နေရာတော့ မရှိခဲ့ပေ။ အကြောင်းမှာ ဘယ်သူမှ မသန့်စင်နိုင်သလို သန့်စင်နိုင်တဲ့ နည်းလမ်းလည်း မရှိလို့ပဲ ဖြစ်လေသည်။
အထူးသဖြင့် ဧကရာဇ်လက်နက် အတုများတွင် ဧကရာဇ်ရောင်ဝါ၊ အနှစ်သာရနှင့် အသွေးသည် ပို၍ပို၍ အားကောင်းလာသည်။ ၎င်းတို့ကို သခင်မျိုးဆက်များက စဉ်ဆက်မပြတ် တိုးတက်လာစေခဲ့သည်။ အနှစ်သာရ၊ သွေးနှင့် လက်နက်များသည် ပို၍ပို၍ နီးကပ်စွာ ပေါင်းစပ်လာရာ အစွမ်းထက်မှုက ပိုအားကောင်းလာလေ ဧကရာဇ်လက်နက် အတု၏ စွမ်းအားသည်လည်း အားကောင်းလေလေ ဖြစ်သည်။
ဧကရာဇ်လက်နက် အတုသည် အချိန်ကြာလာတော့ "အတု" ဟူသော စကားလုံးကို တဖြည်းဖြည်းနှင့် သဘာဝအတိုင်း ဖယ်ရှားပေးသွားလေသည်။ ၎င်းသည် စစ်မှန်သော လက်နက်တစ်ခု ဖြစ်လာပြီး လူကြိုက်များလာသည့် ဧကရာဇ် လက်နက်လို ဖြစ်လာ၏။
လုရွှမ်လည်း ဒါကို ကောင်းကောင်းသိသည်။ လက်နက်များကို သန့်စင်ခြင်းသည် အလေ့အကျင့် တစ်မျိုးဖြစ်ပြီး ဆေးဝါးများကို သန့်စင်ရကဲ့သို့ပင်။ ၎င်းတို့အားလုံးသည် လေ့ကျင့်ခြင်း တစ်မျိုးသာ ဖြစ်သည်။
သို့သော် စစ်မှန်သော တော်ဝင်လက်နက်နှင့် တော်ဝင်လက်နက်အတုကို သန့်စင်သောအခါတွင် ကျင့်ကြံမှု ခံယူချက်မှာ လုံးဝ ကွဲပြားပါသည်။
စစ်မှန်သော တော်လက်နက်ကို သန့်စင်ခြင်းလုပ်ငန်းစဉ်သည် လက်နက်ကို သန့်စင်ရုံသာမက လေ့ကျင့်ခြင်းလည်း ဖြစ်သည်။ သို့သော် အတုအယောင် လက်နက်ကို သန့်စင်ခြင်းက လက်နက်ကို သန့်စင်ခြင်းသာ ဖြစ်ပြီး လေ့ကျင့်ခြင်း မဟုတ်ပေ။
လုရွှမ် ပစ္စည်းတစ်ခုကို ထုတ်ယူပြီး ဘေးဖယ်ထားလိုက်သည်။ သူ့လက်ဖဝါးမှ စိတ်ဝိညာဉ်မီးတောက်များ တောက်လောင်လာ၏။ အနီရောင် အလင်းတွေနဲ့ တောက်လောင်နေသော မီးတောက်ဟာ နေရောင်ကဲ့သို့ လှပနေပြီး တက်ကြွမှုအပြည့် ရှိသည်။
ပဉ္စမအဆင့်သို့ တိုးမြှင့်လိုက်သည်နှင့်အမျှ စိတလဝိညာဉ်မီးသည် ပို၍ပို၍ သွက်လက်လာပြီး အလိုအလျောက် လုံး၀ ထိန်းချုပ်နိုင်လာသည်။ အထူးသဖြင့် လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် ယခုဆို အတော်အသင့် အားကောင်းနေပြီ။
စိတ်ဝိညာဉ်စွမ်းအားနှင့် စိတ်ဝိညာဉ်မီး၏ နက်ရှိုင်းသော ပေါင်းစပ်မှုသည် ဆေးဖက်ဝင်ပစ္စည်းများကို ရောနှောခြင်း၊ ဆေးဖက်ဝင်ပစ္စည်းများ၏ ဂုဏ်သတ္တိများကို အာရုံခံနိုင်ခြင်း နှင့် နောက်ဆုံး ပေါင်းစပ်မှုတို့ကို ထိန်းချုပ်နိုင်ပေသည်။
မီးအပူချိန်နှင့် အဂ္ဂိရတ်ဆေး၏ ဆေးဖက်ဝင် ဂုဏ်သတ္တိများကို ထည့်သွင်းစဉ်းစားရန် လိုသော နတခြားပညာရှင်များနှင့် နှိုင်းယှဉ်ပါက လုရွှမ်အတွက်က ပိုမိုရိုးရှင်း လွယ်ကူသွားသည်။
စိတ်ဝိညာဥ်မီး သာမက ဖီးနစ်နတ်မီး၏ အထောက်အပံ့လည်း ရှိသောကြောင့် လုရွှမ်၏ လက်နက်ကို သန့်စင်ခြင်းက ပို၍ပင် အစွမ်းထက်လာသည်။ သူ့လက်ကို ဝှေ့ယမ်းပြီး ပစ္စည်းအားလုံးကို စိတ်ဝိညာဉ်မီးထဲသို့ ပျံတက်သွားစေသည်။
စိတ်ဝိညာဥ်မီးသည် မီးတောက်များစွာ ခွဲထွက်သွားကာ ပစ္စည်းများ အားလုံးကို တစ်ပြိုင်နက်တည်း အရည်ပျော်သွားစေသည်။
လုရွှမ်သည် ဖီးနစ်နတ်မီးကို အသုံးပြု၍ အပြင်းထန်ဆုံး အနက်ရောင် သန္တာကျောက်ကိုပင် အရည်အဖြစ်သို့ ပြောင်းပစ်လိုက်သည်။ အမှောင်ထဲတွင် တောက်ပသော အလင်းရောင်များ ဖြာထွက်လျက် ရှိ၏။ အသက်ရှုသံက မီးတောက်နဲ့အတူ တဟုန်းဟုန်း တောက်နေပြီး အမျိုးမျိုးသော ပစ္စည်းများ၏ ပေါင်းစပ်မှုကို လုရွှမ်မှ ပေါ့ပေါ့တန်တန် မြှင့်တင်ပေးလိုက်သည်။
လုရွှမ်၏ ဦးနှောက်ထဲတွင် တိမ်ဖြူနှစ်စင်းသည် ကြီးကျယ်ခမ်းနားသော စိတ်ဝိညာဉ် ပင်လယ်ထဲ၌ လွင့်မျောနေသည်။ အဖြူရောင် စိတ်ဝိညာဉ် စွမ်းအား လှိုင်းလုံးများသည် တိမ်ဖြူများတစ်လျှောက် လွင့်ထွက်သွားပြီး ဝိညာဉ်မီးထဲသို့ ဝင်ရောက်ကာ မီးကိုထိန်းချုပ်၍ အရာအားလုံးကို ဖုံးလွှမ်းပစ်၏။
တခြားသူများအတွက် လက်နက် သန့်စင်ရန် ရက်ပေါင်းများစွာ ကြာနိုင်သော်လည်း ဤနေရာတွင် စိတ်ဝိညာဥ်မီး၏ အကူအညီဖြင့် လုရွှမ်၏ သန့်စင်မှုသည် နာရီဝက် သို့မဟုတ် တစ်နာရီသာ ကြာပြီး ပစ္စည်းအားလုံး အရည်ပျော်သွားသည်။
တဖြည်းဖြည်းနှင့် ပေါင်းစပ်မှုကို စတင်ခဲ့သည်။ လုရွှမ်သည် အမှားကို အနည်းငယ်မျှပင် မကျူးလွန်ဝံ့ဘဲ ယခင်ကထက် ပိုမိုအာရုံစိုက်လာခဲ့သည်။
ပစ္စည်းများကို ပြီးပြည့်စုံအောင် သန့်စင်ခြင်းသည် အကန့်အသတ် မရှိသော နယ်ပယ်တစ်ခုမျှသာ ဖြစ်သည်။ ဒါပေမဲ့ ဆက်ပြီး တိုးတက်နေရင်တော့ ကုန်ချောဟာ သဘာဝအတိုင်း ပိုပိုပြီး ပြီးပြည့်စုံလာမှာပါ။
ဤသည်မှာ လုရွှမ်၏ ပထမဆုံးသော တော်ဝင်လက်နက်ကို သန့်စင်ခြင်း ဖြစ်လို့ အနည်းငယ်မျှ သတိမမူဘဲ မနေဝံ့ပေ။ ချောင်လုနှင့် ဟုန်ရှန်ယင်းတို့ မျက်လုံးများသည် လုရွှမ် လေးလေးနက်နက် အာရုံစူးစိုက်နေတာကို မြင်တော့ အနှောင့်အယှက် ပေးမိမည်ကို စိုးရိမ်သဖြင့် စကားမပြောဝံ့ဘဲ တိတ်တဆိတ် နောက်ပြန်ဆုတ်သွားခဲ့သည်။
အမျိုးမျိုးသော ပစ္စည်းများကို စုံလင်စွာပေါင်းစပ်ထားပြီးပြီ။ လုရွှမ် အတွေးထဲတွင်တော့ အချိန်အတော် ကြာသွားပုံရသော်လည်း ချောင်လုနဲ့ ဟုန်ရှန်ယင်းတို့ အတွက်ကတော့ အချိန်အနည်းငယ်သာ ရှိသေးတယ်လို့ ခံစားရလေသည်။
လုရွှမ် သက်ပြင်းချလိုက်သည်။ ပေါင်းစပ်ထားတဲ့ အရာအားလုံးကတော့ ချောမွေ့သွားပြီ။ လုရွှမ် ဤဓားကို ဒြပ်စင်ငါးပါး ပြီးပြည့်စုံမှုအဖြစ် သတ်မှတ်ထားသည်။ ဒြပ်စင်ငါးပါးနှင့် ပတ်သက်လျှင် လုရွှမ်သည် တူညီသော အဆင့်ရှိ လူများကြားတွင် သူ့ထက် ပိုမိုနက်ရှိုင်းစွာ နားလည်သူမရှိဟု ကြွားဝါခဲ့၏။
ဒြပ်စင်ငါးခုသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း ၎င်းတို့၏ စစ်မှန်သော အဓိပ္ပာယ်ကို ပုံဖော်ရန်မှာ ခဲယဉ်းပြီး နားလည်ရခက်သည်။ ဒြပ်စင်ငါးပါးသည် အရာခပ်သိမ်းအတွက် အခြေခံဖြစ်ပြီး ဒြပ်စင်ငါးပါး၏ ဟန်ချက်ညီမှုသည်လည်း အရာအားလုံးအတွက် သော့ချက် ဖြစ်သည်။