← Chapters

ဝိညာဉ်ဖြတ်ဓား

Vol. 87 Ch. 4.816

ဝိညာဉ်ဖြတ်ဓား

Vol. 87 Ch. 4.816

ထိုသူသည် လက်နက် သန့်စင်ရေး၌ ကျွမ်းကျင်သူလည်း ဖြစ်သည်။ သို့သော် သူ၏ ညံ့ဖျင်းသော အကျင့်စာရိတ္တကတော့ အလွန် ဒေါသထွက်စရာ ကောင်းလေသည်။ သူ့မှာ ဘာမှလုပ်စရာမရှိရင် တခါတရံပျော်ဖို့ တပည့်တွေကို ဒီကိုလာခိုင်းကာ နှောင့်ယှက်ခိုင်းလိမ့်မည်။ အလွန်စက်ဆုပ်ရွံရှာဖွယ် ကောင်းသော စရိုက်မျိုးပင်။

"အဘိုးကြီးကျန်း.... ဒါက ကျွန်မတို့ရဲ့ ကမ္ဘာ့​​နံပါတ်တစ် လက်နက် သန့်စင်ရေး အလုပ်ရုံပဲ... ရှင် လိုချင်ရင်တိုင် ဖောက်ဝင်လို့ရတဲ့ နေရာ မဟုတ်ဘူး..."

ဟုန်ရှန်ယင်းသည် အုပ်ထိန်းသူ ဆရာနဲ့အတူ ရှိနေပြီ ဖြစ်တာကြောင့် ပိုပြီးယုံကြည်မှု ရှိလာပါပြီ။ သူမရဲ့အတိတ်က ခံနိုင်ရည်ကို ပြောင်းလဲပြီး ဒေါသတွေ အားလုံးကို လွှင့်ထုတ်ပစ်လိုက်သည်။

ချွန်းရှောင်သည် ဟုန်ရှန်ယင်း၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သူတို့နှစ်ဦးသည် ဒီနှစ်တွေထဲ၌ တစ်ယောက်ကို တစ်ယောက် အားကိုးနေခဲ့ရသည်။ ဒါကြောင့် ဟုန်ရှန်ယင်းရဲ့ နှလုံးသားထဲက မကျေမနပ်မှုများကို သူမ သဘာဝကျကျ သိသည်။

ဒီအခိုက်အတန့်မှာ သခင်မလေးက ခေါင်းကိုမော့ပြီး ဒီခွေးကောင်ကြီးကို ကြိမ်းမောင်းနေတာ မြင်တော့ စိတ်ထဲမှာ အရမ်းပျော်သွားလေသည်။

အဘိုးကြီးကျန်းလည်း သူ ကြိမ်းမောင်း ခံလိုက်ရတာကြောင့် ခဏတာမျှ အံ့အားသင့်သွားသည်။ ဒါက သူ့မျက်စိရှေ့မှာ အနိုင်ကျင့်ခံနေရတဲ့ ကလေးမပဲ။ ဒီကလေးမလေးက သူ့ကို ရဲရဲဝံ့ဝံ့ ကြိမ်းမောင်းရဲတာ ဒါပထမဆုံးအကြိမ်ပဲ။

"မင်းက အရမ်း သတ္တိရှိနေတယ်ပေါ့လေ!"

အဘိုးကြီးကျန်းသည် လက်နက် သန့်စင်ရေး အလုပ်ရုံမှာ သူလုပ်နေကျ ထုံးစံအတိုင်း အော်လိုက်သည်။

မာနကြီးပြီး သန်မာတဲ့ ယောက်ျားကြီးနှစ်ယောက် ပြေးထွက်လာ၏။ နှစ်ယောက်စလုံးက နတ်မီးနယ်ပယ်၌ ရှိနေ​ပြီ။ သူတို့သည် ပါးစပ်ထဲက ဖရဲသီးအစေ့များကို ထွေးထုတ်ကာ ဟုန်ရှန်ယင်းနဲ့ ချွန်းရှောင်တို့ကို ပါးရိုက်လိုက်သည်။

ဟုန်ရှန်ယင်း၏ အဆင့်သည် ကောင်းကင်ဘုံသခင် နယ်ပယ်တွင်သာ ရှိပြီး ချွန်းရှောင်မှာ အခြေအနေ ပို၍ပင် ဆိုးသော သူတော်စင်နယ်ပယ်၌ ဖြစ်သည်။ သူတို့နှစ်ဦးအတွက် ဘယ်လိုလုပ် ပြိုင်ဘက် ဖြစ်နိုင်ပါ့မလဲ။ ထို့ကြောင့် လုရွှမ်နောက်သို့ အမြန် ပြေးဝင်သွားခဲ့သည်။

လုရွှမ်သည် အဘိုးအိုကျန်းကို အေးစက်စွာ ကြည့်နေသည်။ တစ်ဖက်လူကလည်း လက်နက် သန့်စင်ရေး အလုပ်ရုံကလူမှန်း သတိပြုမိပြီ ဖြစ်သည်။ လက်နက်ကို သန့်စင်ပြီးချိန်မှာ ခံစားခဲ့ရတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို ပြန်တွေးကြည့်ရင် ဧကရာဇ်စွမ်းအင်ကို ကန့်သတ်ထားတဲ့ နည်းလမ်းက ဒီလူကြီးနဲ့ တစ်ခုခုတော့ ပတ်သက်နေနိုင်သည်။

'တခြားသူတွေရဲ့ ဥစ္စာကို အနိုင်ကျင့်တာက ထားပါတော့။ ဒါပေမဲ့ တကယ်တမ်း လူကိုပါ သတ်ချင်နေတာပဲ'

လုရွှမ် မလှုပ်ရှားဘဲ သန့်စင်ထားသော အသစ်စက်စက် ဓားကို ဟုန်ရှန်ယင်းဆီ ပေးလိုက်သည်။

"မင်းရဲ့ဓားကို သုံးလိုက်!"

ဟုန်ရှန်ယင်း အံ့အားသင့်သွားသည်။ လုရွှမ်၏ အသံထဲတွင် သူမစိတ်ကို ထိတ်လန့်စေသည့် ရောင်ဝါတစ်ခု ရှိ​နေပုံပေါ်သည်။ ဟုန်ရှန်ယင်းသည် ဓားကိုကိုင်လျက် မတ်တပ် ထရပ်လိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ကို လှန်ကာ ဓားကိုနှစ်ချက် ဝေ့ယမ်း အသုံးပြုကာ ၎င်းတို့နှစ်ဦးကို ဓားဖြင့် ထိုးချလိုက်သည်။

ဓားအား လုရွှမ်မှ ဟုန်ရှန်ယင်းထံ ပေးအပ်ခဲ့စဥ် ဓားသည် ဟုန်ရှန်ယင်းကို ပိုင်ရှင်အ​ဖြစ် အသိအမှတ် ပြုသွားလေပြီ။ ဟုန်ရှန်ယင်းသည် ယခုအခိုက်အတန့်တွင် ဒေါသထွက်နေပြီမို့ သူမ၏ ဓားရည်ရွယ်ချက်မှာ ချိတ်ဆက်နေပြီး ဓားရှည်၏ ရောင်ဝါသည်လည်း ပြင်းထန်သော အရှိန်အဟုန်ကို ပြသလာသည်။

ဤဓားသည် လုရွှမ်၏ နတ်နဂါးရောင်ဝါကို စုပ်ယူထားလို့ ပုံစံအရ ၎င်းသည် တော်ဝင်လက်နက်အတု မဟုတ်ပေ။ အထူးသဖြင့် မိုးကြိုးဝိညာဥ်သည် ဆင့်ကဲပြောင်းလဲလာပြီး နဂါးစွမ်းအင်ကို လုံးလုံးလျားလျား ပေါင်းစပ်ထား​လေသည်။

ဤအခိုက်အတန့်တွင် သူမ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် လူနှစ်ယောက်၏ နားထဲတွင် နဂါးဟောက်သံများ ထွက်ပေါ်လာသည်။ လူနှစ်ယောက်၏ မျက်လုံးထဲမှာ ခဏအတွင်း လန့်ဖြတ်သွားကာ နဂါးနှစ်ကောင် သူတို့ဆီသို့ ပြေးလာတာကို တွေ့လိုက်ရသည်။

ကြီးမားသော လက်သည်းများက ၎င်းတို့၏ နှလုံးသားများကို တိုက်ရိုက် ဖမ်းယူကာ ၎င်းတို့၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ပိုင်းဖြတ်ခဲ့သည်။ ထိုအဖြစ်အပျက်က ခဏလေး အတွင်းမှာ ​ဖြစ်ပျက်သွားခဲ့တာ ​ဖြစ်လေ၏။

ဖူး!

လူနှစ်ယောက်သည် သွေးများ စီးကျလာပြီး တောင်တစ်လုံးကို ဝင်တိုက်မိသကဲ့သို့ နောက်ပြန် လွင့်သွားကြသည်။ သူတို့၏ ရင်ဘတ်များသည် သွေးများစွာ​ဖြင့် ဖုံးလွှမ်းသွားကာ ခန္ဓာကိုယ်များက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။

ဟုန်ရှန်ယင်း ဓားရှည်ကို ပြန်သိမ်းလိုက်သည်။ ဓားရှည်သည် ကျောက်စိမ်းကဲ့သို့ ဖြူနေသေးသည်။ တကယ်တော့ ဓားရှည်က သူတို့ နှစ်ယောက်ကို လုံးဝ မထိခဲ့ပါဘူး။ ဓားရှည်ကို သူမ မညစ်ပေစေလိုသောကြောင့် ပြန်သိမ်းလိုက်ခြင်းပင်။

ဓားနှင့် ဓားရည်ရွယ်ချက်များသည် ဆက်စပ်နေပြီး သူမသည် ယခင်က နဂါးနှစ်ကောင် ပြေးထွက်သွားတဲ့ စွမ်းအင်ကို တစ်ဦးတည်း သိရှိသူ ဖြစ်သည်။ ၎င်းသည် သူတို့နှစ်ဦးကို ဖျက်ဆီးပစ်သည့် ဤ​ဧကရာဇ်လက်နက်မှ ယူဆောင်လာသော နတ်နဂါး ရောင်ဝါဖြစ်သည်။

လူတိုင်း တုန်လှုပ်သွား၏။

အဘိုးကြီးကျန်းသည် ပူလောင်နေသော မျက်လုံးများဖြင့် ဟုန်ရှန်ယင်း လက်ထဲက ဓားရှည်ကြီးကို စိုက်ကြည့်ရင်း ရုတ်တရက် အော်ပြောလိုက်သည်။

"ဟမ့်... ငါ့ဘိုးဘွားတွေရဲ့ ဓားရှည်က ဘယ်​ရောက်သွားတာလဲလို့ တွေးနေတာ လတ်စသတ်တော့ မင်းတို့ ခိုးသွားတာကိုး... ငါ့ကို ပြန်ပေးစမ်း!"

ဤစကားသည် အလွန်ရှက်ဖွယ် ကောင်းသော်လည်း အဘိုးအိုသည် မျက်တောင်မခတ်ဘဲ ပြောသွားကာ သူ့လက်များကို ခြေသည်းများအဖြစ် ပြောင်း၍ ဟုန်ရှန်ယင်းကို ဖမ်းဆုပ်လိုက်သည်။

လက်ချောင်းများသည် သားရဲ ခြေသည်းများကဲ့သို့ အညိုအမဲများ ထွက်လာကာ ဖြည်းညှင်းစွာ ဖြန့်ထွက်လာသည်။

"ဓားကို ဆွဲထုတ်....လူမပါဘဲဓားထွက်ခြင်း... ဖြတ်!"

အဘိုးကြီးကျန်းသည် နတ်မီးနယ်ပယ် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်တွင် ထူးထူးခြားခြား ကျင့်ကြံမှု အဆင့်ရှိသည်။ လက်သည်း နှစ်ဖက်စလုံးကို ထုတ်လျက် ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။

ချွန်းရှောင်၏ ကျင့်ကြံမှုမှာ အလွန်ညံ့ဖျင်း​ပေသည်။ လုရွှမ် သူမကို နောက်ကွယ်မှ ပိတ်ဆို့​ပေးထားလိုက်၏။ ဟုန်ရှန်ယင်းသည် လက်နက် သန့်စင်ခြင်းတွင် အလွန်ထူးချွန်သော်လည်း သူမ၏ ဓားကျွမ်းကျင်မှုမှာ အလွန်နိမ့်သည်။

သူများနဲ့ ယှဉ်ပြိုင်ရတဲ့ အတွေ့အကြုံ အများကြီး မရှိဘူးဆိုတာ သိသာပါသည်။ ဒီအချိန်မှာ အဘိုးကြီးကျန်း အရှိန်အဟုန်နဲ့ ပြေးထွက်လာခဲ့စဥ် သူမမျက်လုံးများထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေပြီး ခြေလှမ်းများ မှားသွားသည်။ သူမ၏ ပထမဆုံး တုံ့ပြန်မှုသည် နောက်ဆုတ်သွားခြင်းသာ ဖြစ်သည်။

ဓားနှင့် သူမရဲ့ ရည်ရွယ်ချက်များက ဆက်စပ်နေပါသည်။ ဓားကိုင်ဆောင်သူသည် ရဲရင့်ပါက ဧကရာဇ်လက်နက်သည် သဘာဝအတိုင်း ဧကရာဇ်ပီသပါသည်။ ဓားကိုင်ထားသူက ကြောက်လန့်နေပါက ဧကရာဇ်လက်နက်သည် သဘာဝအတိုင်း ရှက်ကြောက်သွားတတ်သည်။

ဒီအတိုင်းသာ ဆက်သွားနေပါက အဘိုးကြီးကျန်းသည် ဟုန်ရှန်ယင်း လက်ထဲမှ ဓားကို ဖမ်းဆုပ်သွားနိုင်ခြေမှာ 100% ရှိသွားပြီ။

လုရွှမ်မှာ သူကိုယ်တိုင် ဝင်လှုပ်ရှားဖို့တော့ မလိုလားပေ။ ဟုန်ရှန်ယင်းသည် လက်နက်များကို သန့်စင်ရာမှာပဲ ခွန်အားကို ပြသမည့်အစား တိုက်ခိုက်ရန်လည်း သတ္တိရှိဖို့ လိုအပ်သည်။ အစွမ်းထက်သော လက်နက်ကို ပြုပြင်မွမ်းမံထားသော်လည်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ့် ခွန်အား မရှိပါက အလုပ်ရုံကိုလည်း လုံးဝ ကာကွယ်နိုင်မည် မဟုတ်ပေ။

ပြီးတော့ ဓားရည်ရွယ်ချက်လည်း အတူတူပါပဲ။ ဒါက ဘယ်လောက် အရေးကြီးလဲ။ တိုက်ခိုက်သည့် အခါသာမက လက်နက်များကို သန့်စင်သည့် အခါတွင်လည်း သန့်စင်ထားသော လက်နက်များ၏ စိတ်နေသဘောထားကို သဘာဝအတိုင်း ထင်ဟပ်စေမည် ဖြစ်သည်။

သူရဲဘောကြောင်သူသည် နတ်မိုးခြိမ်းသံကို ခံနိုင်ရည်ရှိသော ဧကရာဇ်လက်နက်ကို သန့်စင်ပေးနိုင်မယ်တဲ့လား။

ဟုန်ရှန်ယင်း သူမသွားများကို အံကြိတ်ထားလိုက်သည်။ သူမက လုရွှမ်စကားကို မဆိုင်းမတွ သံသယမရှိဘဲ တုံ့ပြန်ခဲ့၏။ လုရွှမ် သူမကို သေခိုင်းခဲ့ရင်တောင် ကျေကျေနပ်နပ်ကြီး သေလိုက်မှာပဲ။

ထိုသို့ တွေးလိုက်ချိန် သူမစိတ်ထဲမှာ တစ်ခုခု စိမ့်ဝင်သွားသလို ခံစားလိုက်ရပြီး သူမရဲ့ ဦးနှောက်ဟာ ခဏတာမျှ ငြိမ်သက်သွားခဲ့သည်။ ဓားတစ်ချက်လှုပ်ရုံမှလွဲ၍ ဘာမှမလိုတော့သလို သူမစိတ်တွေ တည်ငြိမ်လာသည်။

မသိစိတ်ထဲက ခံစားချက်က သိမ်မွေ့လွန်းသဖြင့် သူမ နားမလည်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ဒါပေမဲ့ လက်ထဲက ဓားကတော့ ဓားရည်ရွယ်ချက်နဲ့ ပြည့်နှက်နေ​ပြီ။ စိတ်ပူပင်မှု အားလုံးကို လျှော့ချပြီး တုန်လှုပ် ချောက်ချားမှုများ အားလုံးကို စွန့်ပစ်လိုက်ရာ သူမစိတ်ထဲတွင် ဤဓားတစ်ချောင်းသာ ကျန်တော့သည်။

'အတ္တ မရှိတော့ဘူး ဒီဓားပဲရှိတယ်'

'ဓားတစ်ချောင်း ထိုးထုတ်လိုက်တာနဲ့ ဓားရဲ့ ထက်မြက်မှုက ပေါ်ထွက်လာလိမ့်မယ်'

လူတိုင်းရဲ့ အမြင်မှာတော့ ဒါဟာ ဓားသွားလှုပ်ရှားမှု မဟုတ်တဲ့ စွမ်းအင်နဲ့ စိတ်ဓာတ်ကို စုစည်းထားတဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ ဟုန်ရှန်ယင်း ဓားကို လှူပ်ရှားပြီးတာနဲ့ လူတိုင်းရဲ့အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

မျက်လုံး အားလုံးကို ထိုလှုပ်ရှားမှုက ဆွဲထားသလို တခြားဘာမှ မမြင်နိုင်တော့ပေ။ အဘိုးကြီးကျန်း အော်ဟစ်လိုက်၏။ အကြောင်းမှာ သူသည် ဓား၏ တစ်ဖက်ခြမ်းတွင် ရှိနေပြီး ဓားကို မျက်နှာမူထားမိပြီလေ။

မတိုင်ခင်က ခြိမ်းခြောက်မှု အနည်းငယ်မျှသာ မြင်ခဲ့ကြသော်လည်း ယခုအခိုက်မှာတော့ ဟုန်ရှန်ယင်း မျက်လုံးထဲတွင် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ရည်ရွယ်ချက်ကို မြင်လိုက်ရသည်။

ဓားဟာ သူ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို တခဏချင်း ထိုးဖောက်သွား၏။ သူ့ရဲ့ မဟူရာ လက်သည်းတွေကတော့ ရပ်တန့်၍ မရနိုင်ခဲ့။ သူ့ခန္ဓာကိုယ်ရ လှုပ်ရှားမှုများ အားလုံး အေးခဲသွားသလိုပင်။

ဟုန်ရှန်ယင်းရဲ့ လက်ထဲက ဓားရှည်ကြီးဟာ အဘိုးကြီးကျန်းရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်နေတာကို တွေ့လိုက်ရတော့ လူတိုင်း ထိတ်လန့်သွားသည်။ အဘိုးကြီးကျန်းသည် မယုံကြည်နိုင်စွာ ခေါင်းငုံ့ကြည့်လိုက်ရာ သူ့မျက်လုံးများ ပြူးကျယ်လာကာ တက်ကြွမှုလည်း တဖြည်းဖြည်း ပျောက်ဆုံးသွားသည်။

ဟုန်ရှန်ယင်း ဓားရှည်ကြီးကို ဆွဲထုတ်လိုက်သော် အဘိုးကြီးကျန်းလည်း ဘုန်းကနဲ လဲကျသွားသည်။ ခြေထောက်လေးချောင်းစလုံး လေထဲမှာ လွင့်နေပြီးမှ မြေပြင်ကို ပြင်းပြင်းထန်ထန် ထိမှန်သွား၏။

"ဆရာကြီး သေပြီ.. ဆရာ သေသွားပြီ!"

အဘိုးကြီးကျန်း၏ နောက်လိုက် လူတစ်စုက ထိတ်လန့်တကြား အော်ကာ ထွက်ပြေးသွားကြသည်။ လုရွှမ် ရုတ်​တရက်​ ညည်း​ညူ​လိုက်သည်။ ပြင်းထန်​တဲ့ စိတ်​စွမ်းအား​တွေ လွင့်​ထွက်​လာ​ကာ ​ပြေးထွက်​သွား​သော​ ကောင်​​တွေခမျာ ခံနိုင်​ရည်​မရှိ​တာကြောင့် ​မြေပြင်​​ပေါ်သို့ လဲကျသွား​လေသည်​။

"အဲဒီလူကြီးကို ​ခေါ်ထုတ်သွား.... ငါတို့နေရာ ညစ်ပတ်တယ်!"

ထိုလူများသည် တုန်တုန်ယင်ယင် ပြန်လာကြပြီး အဘိုးအိုကို ချီကာ လျစ်ခနဲ ထွက်ပြေးသွားကြသည်။

ဟုန်ရှန်ယင်း၏ မျက်လုံးများ မှေးမှိန်သွားကာ သူမလက်ထဲက ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ သူမ၏ အသံမှာ ဆို့နင့်နေသော်လည်း အလွန်ခိုင်မာ ပြက်သားစွာ ထွက်ပေါ်လာ၏။

"ဆရာ ကျွန်မဒီဓားကို ဝိညာဥ်ဖျက်ဓားလို့ နာမည်ပေးချင်တယ်!"

"ကောင်းပြီ!"

All Chapters