ကိုယ်ရည်ကိုယ်သွေးပြောင်းလဲမှု
Vol. 87 Ch. 4.817
လုရွှမ် ဟုန်ရှန်ယင်း၏ စိတ်နေစိတ်ထားကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သူမသည် မူလကတည်း စိတ်နှလုံး သန်မာသူပင်။ လက်နက် သန့်စင်ရေး အလုပ်ရုံကို တခြားသူများက စွန့်လွှတ်ခဲ့တာ ကြာပြီဖြစ်သော်လည်း သူမက ဆက်လက်၍ ရပ်တည်ခဲ့သည်။ အဲဒါကြောင့် သူမဟာ အားကိုးရာမဲ့ အဖြစ်မှန်ထဲမှာ ပိတ်မိနေခဲ့ပြီး အလျှော့အတင်းတွေ လုပ်ခဲ့ရသည်။
ခြံဝင်းကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ပြီး လက်နက်သန့်စင်ရေး ကိရိယာများကို ရောင်းချကာ အလုပ်သမားများကို လစာပေး ထုတ်ပယ်ခဲ့သည်။ တွေးကြည့်ပါက ချွန်းရှောင်တွင် သွားစရာနေရာ မရှိလို့သာ မဟုတ်ရင် သူမလည်း ထွက်သွားပေလိမ့်မည်။
သူမတို့မှာ ရက်စက်ကြမ်းကြုတ်ဖို့ ခွန်အား မရှိသလို ကျယ်ကျယ်လောင်လောင် ပြောဖို့တောင် ယုံကြည်မှုလည်း မရှိပါဘူး။ လက်နက်လုပ်သော မိသားစုမှ ဆင်းသက်လာသူ တစ်ဦးဖြစ်သော်လည်း လက်နက်ထုတ်လုပ်သည့် အဆင့်မှာ အလွန်နိမ့်သောကြောင့် ထိုအခြေအနေမျိုးတွင် လူကြီးတစ်ဦး တစ်ဖြစ်လည်း ကူကယ်ရာမဲ့ အမျိုးသမီးကိုပင် လက်တွေ့ကျကျ အရှုံးမပေးချင်ဘဲ အရှုံးပေးခဲ့ရသည်။
ယခုပင် လူယုတ်မာ တစ်ယောက်အား ဓားဖြင့် ထိုးလိုက်ခြင်းက သူမအား နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သော အကြောက်တရားများကို ဖြတ်တောက်ကာ ပြန်လည် မွေးဖွားလာသကဲ့သို့ လွတ်လပ်သွားစေသည်။ ဓားက သူမ၏ စိုးရိမ်ပူပန်မှုများကို ဖြတ်တောက် ပစ်လိုက်သည်။
"ကောင်းပြီ ဒီအချိန်မှာ မင်းစိတ်ထဲက အရာတွေကို ချေဖျက်ပြီးပြီ ဆိုတော့... လက်နက် သန့်စင်တဲ့ စွမ်းရည်ကို ကျွမ်းကျင်အောင် လုပ်သင့်တယ် ပြီးတော့ မင်းရဲ့ ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်နိုင်ရမယ်"
သူတို့သုံးယောက်ဟာ လုရွှမ်ရဲ့ အမိန့်ကို နာခံခဲ့ကြသည်။ အခုတော့ လုရွှမ်ဟာ သူတို့ရဲ့ ဆရာသခင် ဖြစ်နေပါပြီ။ သူတို့ရဲ့ ဆရာကို လေးစားခြင်းဟာ သဘာဝအားဖြင့် သူတို့ရဲ့ အခြေခံအကျဆုံး နိယာမပါပဲ။
နောက်ရက် အနည်းငယ်တွင် လုရွှမ်သည် မိန်းကလေး သုံးဦးအား လက်နက်သန့်စင်သည့် နည်းလမ်းနှင့် လမ်းတစ်လျှောက်တွင် သူ၏အတွေ့အကြုံများကို အစမှအဆုံး ရှင်းပြခဲ့သည်။ လုရွှမ် အကျယ်တဝင့် ပြောပြီး သူတို့သုံးယောက်ကလည်း အရမ်းဂရုတစိုက်နဲ့ နားထောင်ကြသည်။
လုရွှမ်လည်း သူ့စိတ်ထဲ အံ့သြသွားခဲ့သည်။ ဟုန်ရှန်ယင်းနှင့် ချောင်လုတို့သည် လက်နက်များကို သန့်စင်ရာတွင် အလွန် ထက်မြက်သော်လည်း ချွန်းရှောင်လေးက သုံးယောက်ထဲတွင် အထူးချွန်ဆုံး ဖြစ်နေခဲ့သည်။
သူမရဲ့အခြေခံ အုတ်မြစ်က အတိမ်ဆုံး ဖြစ်နေရုံပါပဲ။ ဆိုလိုသည်မှာ ဟုန်ရှန်ယင်း အချိန်ရသောအခါတွင် သူမကို သင်ကြားပေးပြီး ကျန်အရာများကို ကြည့်ရှုလေ့လာခြင်းဖြင့် ဖြည်းဖြည်းချင်း သင်ယူနိုင်ပေသည်။
ထိုမိန်းကလေး သုံးယောက်အား ရှင်းပြရင်း လုရွှမ်သည် အတိတ်ကို ပြန်လည်သုံးသပ်ကာ အသစ်ကိုလည်း လေ့လာသင်ယူခဲ့သည်။ ဒါ့အပြင် အလွန်ထူးခြားသည့် အရာများစွာကိုလည်း ပို၍ ရင်းနှီးလာခဲ့သည်။
သုံးရက်လောက် ငြိမ်သက်ပြီးတဲ့ နောက်မှာတော့ ပြဿနာရှာတဲ့လူက တံခါးဝဆီ ရောက်လာပါတော့သည်။
လုရွှမ် တံခါးအပြင်ဘက်တွင် စုရုံးနေသော လူများကို လှောင်ပြောင်လိုက်သည်။ သုံးရက်လောက် သည်းခံထားရတဲ့ အဲဒီစိတ်ထားမှာ အတော်လေး ကောင်းမွန်သည်ဟု ယူဆရမည်။
အဘိုးကြီးကျန်း၏ အဆင့်သည် သာမန်ပဲဖြစ်လို့ ဤနေရာတွင် ဧကရာဇ်စွမ်းအင်ကို ဖိနှိပ်ရန်အတွက် အခင်းအကျင်း ဖွဲ့စည်းရန်အထိ စီစဉ်နိုင်စွမ်း မရှိပေ။ ပုံမှန်အားဖြင့် သူ့နောက်တွင် တခြားလူများ ရှိနေပြီး အဘိုးအိုကျန်းသည် အပေါင်ပစ္စည်း သက်သက်သာ ဖြစ်သည်။
"ဒီမှာ အလုပ်တွေ လာလုပ်တော့မလို့လေ"
ဆိုပြီး အပြင်မှာ အသံတစ်သံ ထွက်လာ၏။ ၎င်းက သိမ်ငယ်စိတ်နဲ့ ပေါ့ပေါ့ပါးပါးလေးပင် ရောပါလာသေးသည်။ အခုဘယ်မှာ စီးပွားရေးလုပ်စရာ ရှိလို့လဲ။ သူတို့က ဒီမှာဒုက္ခ လာပေးနေတာ အရှင်းကြီးပဲလေ။
လုရွှမ်ရဲ့ ညွှန်ကြားချက် တောင်းပြီးနောက် ဟုန်ရှန်ယင်းသည် ချွန်းရှောင်ကို ခေါ်၍ ထွက်သွားခဲ့သည်။
လူ ၃ ယောက် ဝင်လာသည်။ လူလတ်ပိုင်းအရွယ် အမျိုးသား နှစ်ယောက်က အကာအကွယ် ပေးထားသည့် အနေဖြင့် လူငယ်တစ်ဦး၏ အနောက်မှ လိုက်လာကြသည်။ လူလတ်ပိုင်းလူများ၏ ကျင့်ကြံမှုအဆင့်မှာ သိမ်ဖျင်းပြီး အနည်းဆုံး နတ်မီးနယ်ပယ် အဆင့်၌ ရှိနေကြသည်။
ခန်းမ အနောက်ဘက်မှာတော့ ချောင်လုသည် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရပ်နေရင်း လုရွှမ်အား တိုးတိုးကလေး မေးလိုက်၏။
"ဆရာ သူတို့ကို တကယ် လျစ်လျူရှုထားလိုက်လို့ မရဘူးလား? ဘာလို့ ရှန်းယင်ကို လွှတ်လိုက်တာလဲ?"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
"ရှန်းယင်မှာ အရမ်းမာကျောတဲ့ စိတ်ဓာတ်ရှိပေမယ့် ခွန်အားတွေ ယုံကြည်မှုတွေ မရှိဘူး... အခု လက်နက် သန့်စင်ခြင်းမှာ အောင်မြင်ချင်ရင် အရှက်ကွဲတာကို ဆက်ပြီးခံနိုင်ရည် ရှိနေမယ့်အစား သူမရဲ့ စိတ်ဓာတ်အင်အားကို ပြသရမယ်"
"သခင်မလေးဟုန်... မင်းနဲ့မတွေ့ရတာ ရက်ပိုင်းပဲရှိသေးတာ နေကောင်းရဲ့လား? မင်းရဲ့လက်နက် သန့်စင်ရေး အလုပ်ရုံက သိပ်မကြာသေးလေးကမှ အထင်ကြီးလောက်စရာ ကောင်းလောက်အောင် တိုးတက်လာတယ်လို့ ငါကြားတယ်"
လူငယ်က အော်ပြောပြီး မျက်လုံးတွေက လျှောက်ကြည့်နေသည်။ သူက လုရွှမ်ကို လိုက်ရှာနေတာ သိသာပါ၏။
ဟုန်ရှန်ယင်း၏ နှုတ်ခမ်းတွင် လှောင်ပြောင်တဲ့ အပြုံးတစ်ပွင့် ပေါ်လာသည်။ မျှော်လင့်ထားသည့်အတိုင်း ဤလူများသည် အနိုင်ကျင့်ပြီး သန်မာသူများကို ကြောက်ကြသည်။ အရိုက်ခံရတဲ့အခါမှသာ နာကျင်မှုကို နားလည်ပြီး တခြားသူတွေကို လေးစားဖို့ သင်ယူနိုင်ကြသည်။
သူမသည် ဤလူငယ်ကို အစေခံလို အသွင်အပြင်မျိုးဖြင့် အသိအမှတ် ပြုထားပြီးသားပင်။ ဟိုအရင် ဒီကိုဝင်တုန်းကတော့ အမြဲတမ်း အစွမ်းပြနေပေမယ့် ဒီနေ့မှာတော့ သတိထားနေ၏။
"ကျိုးဟန်....ရှင် ရတနာသုံးပါးခန်းမကို အမြဲသွားနေတာ မဟုတ်ဘူးလား....ပြောပါ ဒီမှာ ဘာလုပ်နေတာလဲ? စီးပွားရေး လုပ်ချင်တယ်လို့ ပြောလိုက်တယ်နော် ဘာဝယ်ချင်တာလဲ ဒီမှာ ပစ္စည်းတွေက ဈေးကြီးတယ် ဆိုတာ သိရဲ့လား?"
ဟုန်ရှန်ယင်းက ပြင်းထန်သော လေသံ၊ ပျော်ရွှင်သော နှလုံးသားဖြင့် အော်လိုက်သည်။
ဒီနည်းလမ်းက စကားပြောနည်းလား။ ခေါင်းငုံ့ထားရင်း မျက်နှာလေး ရွှဲနေပြီး နောက်ကို ပြန်ဆုတ်နေရတာထက်စာရင် ပြောချင်ရာကို ပြောချနိုင်တာက ဘယ်လောက်တောင် ကောင်းလိုက်လဲ။
"ငါ မင်းရဲ့ကျောပေါ်က ဓားကို ဝယ်လိုက်မယ် ဘယ်လိုလဲ....မရောင်းချင်ဘူးလား"
ကျိုးဟန်က အော်လိုက်သည်။ သူသည် သူ့ပတ်ဝန်းကျင်က လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ယုံကြည်မှုအပြည့်နဲ့ အသံထွက်လာ၏။ မထင်မှတ်ဘဲ ဟုန်ရှန်ယင်းက ရယ်လိုက်လေသည်။
"ရှင်က ကျွန်မနောက်ကျောပေါ်က ဝိညာဉ်ဖြတ်ဓားကို ဝယ်ချင်တယ်ပေါ့... သူ့ဈေးက ဘယ်လောက်တန်လဲ သိလား "
"လွန်ခဲ့တဲ့ သုံးရက်က မင်းရဲ့လက်နက် သန့်စင်ရေး အလုပ်ရုံ အပေါ်မှာ တိမ်ဖြူ ကိုးခု ပေါ်လာတယ်... လူတိုင်းက အဲဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေမယ့် ဘယ်သူက လက်နက်ကို သန့်စင်နေမှန်းတော့ မသိကြဘူး"
ဟုန်ရှန်ယင်းသည် ဟန်ကျိုးအနီးရှိ လူနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပြီး။
"ဘယ်သူသိချင်လဲ"
ဟန်ကျိုးက သူ့ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
"ငါပဲ...ဒီသခင်လေးပဲ ဘာလဲ မရဘူးလား?"
"ရှင်လား? ရှင်က သိဖို့တောင် မထိုက်တန်ဘူး"
ဟန်ကျိုး၏ မျက်နှာသည် ဒေါသတကြီးဖြင့် တင်းမာသွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်ဖဝါးကို မြှောက်၍ ငွေရှင်းစားပွဲပေါ်ကို ရိုက်ချလိုက်သည်။ ဝုန်းကနဲ ကျယ်လောင်သော အသံဆုံးတော့ သူက ဟုန်ရှန်ယင်းကို စိုက်ကြည့်သည်။
"ခွေးမလေး... မင်းဘာပြောလိုက်တယ်? ငါ့ကို ထပ်ပြောကြည့်စမ်း!"
သူက ဒီကိုလာတိုင်း သူ့ရဲ့ အစွမ်းအစကို အမြဲတန်း ထုတ်ပြခဲ့သည်။ ပထမတော့ ကျွမ်းကျင်ပညာရှင် တစ်ယောက် ဒီကိုလာပြီး ဓားကို သန့်စင်တယ်လို့ ကြားခဲ့၏။ နောက်တော့ ဟုန်ရှန်ယင်းက သူမနဲ့ ဆန့်ကျင်ဘက်က အဘိုးကြီးကျန်းကို သတ်ရန် ထိုဓားကို အမှန်တကယ် အသုံးပြုခဲ့သည်။
ဓားတစ်ချောင်း။ ဓားတစ်ချောင်းတည်းကတင် သူ့ကို ထိတ်လန့်စေသည်။
ဒီအချိန်မှာ သူဒီကို လုံးဝ မလာချင်ပေမယ့် အဲဒီလူရဲ့ ပိုက်ဆံက တခြားသူတွေကို ဘေးဥပဒ်တွေ ပပျောက်အောင် ကူညီပေးခဲ့တယ်လေ။ ဒါကြောင့် သူ လာရမယ်။ ကြောက်ရွံ့မှု အနည်းငယ်ကို ခံစားရတာကြောင့် သက်တော်စောင့် နှစ်ယောက်ကိုပင် စျေးနှုန်းကြီးမြင့်စွာဖြင့် ငှားရမ်းခဲ့သည်။
ပထမတော့ ဟုန်ရှန်ယင်းရဲ့ အရှိန်အဟုန် ပြင်းပြင်းနဲ့ အပြောင်းအလဲကြောင့် သူ အံ့အားသင့်ခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ ဟန်ကျိုးဟာ ဟုန်ရှန်ယင်းက သူ့ကို စကားလုံးတွေကို ကြွားဖို့ ကြိုးစားနေတယ်လို့ ခံစားလိုက်ရ၏။
သူ့နှလုံးသားထဲမှာ လောင်းကစား စရိုက်က ထပ်ပြီး နှိုးဆွခံလိုက်ပြန်သည်။ ဒီမိန်းမကို ဒီဓားကို စွန့်လွှတ်ဖို့ အတင်းအကြပ် လုပ်နိုင်ရင်တော့ သူ့အတွက် ဘယ်လောက်တောင် ကောင်းလိုက်လိမ့်မလဲ။
ဟုန်ရှန်ယင်း၏ မျက်နှာသည် နီရဲလာပြီး လက်ဖဝါးများ တုန်လာသည်။
သူမသည် ယခုလိုမြင်ကွင်းကို အကြိမ်ပေါင်းများစွာ ကြုံဖူးသော်လည်း ယခုလောက်ထိ ရှက်ရွံ့ခြင်းမျိုး တစ်ခါမှ မခံစားဖူးပါ။ တွေးကြည့်တော့ သူမဟာ ဒီလိုမျိုး အမြဲတမ်း အနိုင်ကျင့်ခံရပြီး လူတွေက သူမကို ဒီလိုပဲ ဆက်ဆံခဲ့ကြပေမယ့် သူမကတော့ သည်းခံလာခဲ့ရသည်။
ဟုန်ရှန်ယင်း၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ အထိန်းအကွပ်မဲ့စွာ စီးကျလာသည်။ သူမနှလုံးသားက အောက်မေ့ခြင်းများ၊ ကျေးဇူးတရားများ ပြည့်နှက်နေပါသည်။ လုရွှမ်ကြောင့်သာ မဟုတ်ပါက သူမသည် ဤကဲ့သို့သာ ဆက်၍ သည်းခံနေရလိမ့်မည်။ အပေးအယူ လုပ်ရန် မျက်စိစုံမှိတ် သည်းခံခဲ့ရသလို ခုခံချင်သော်လည်း ခုခံရဲသည့် သတ္တိ မရှိခဲ့ပေ။
"ဟားဟားဟား!"
ကျိုးဟန်က ကျယ်လောင်စွာ လှောင်ပြောင် ရယ်မောလိုက်သည်။
ဟုန်ရှန်ယင်းရဲ့ မျက်ရည်ကို သူရဲဘောကြောင်တဲ့ မျက်ရည်အဖြစ် မှတ်ယူလိုက်ပြီး သူ့နှလုံးသားက ပိုမာနကြီးလာသည်။ သူမက မိန်းမပဲ မဟုတ်လား? နောက်ခံမရှိ၊ အင်အားမရှိရင် အနိုင်ကျင့်ခံရလိမ့်မယ်။
ဟန်ကျိုးသည် သာမာန်နေ့များတွင် သူ မလုပ်ဝံ့သော အရာတစ်ခုကို ပြုလုပ်ခဲ့ရသလို ပို၍တောင် ဂုဏ်ယူမိသွားသည်။ သူသည် ဟုန်ရှန်ယင်း၏ မျက်နှာဆီသို့ သူ့လက်ကို တိုက်ရိုက်ဆန့်ကာ။
"ကောင်မလေး"
ဟုန်ရှန်ယင်း ခေါင်းကို မော့လိုက်သည်။ မျက်လုံးများ နီရဲနေသော်လည်း သူမ၏ မျက်လုံးအိမ်ကတော့ ထူးထူးခြားခြား ငြိမ်သက်နေသည်။
ထို့နောက် ကျောနောက်မှ ဆွဲထုတ်လိုက်၏။ သူမ ဓားကို လှောင်လက်စွပ်ထဲသို့ မထည့်ထားခဲ့ပေ။ တစ်ခုမှာ လူနှင့်ဓားများကြားတွင် တိတ်တိတ်ဆိတ်ဆိတ် နားလည်မှုကို မွေးမြူရန်ဖြစ်ပြီး နောက်တစ်ချက်မှာ ကြောက်ရွံ့ ထိတ်လန့်ခြင်းတို့ကို ခုခံနိုင်ရန် ဖြစ်သည်။