← Chapters

လူအိုကြီး လာပြီ

Vol. 87 Ch. 4.818

လူအိုကြီး လာပြီ

Vol. 87 Ch. 4.818

ဤအခိုက်တွင် ဟန်ကျိုးသည် အလွန်မိုက်မဲ​နေသောကြောင့် ဟုန်ရှန်ယင်းသည် မဆိုင်းမတွပင် ဝိညာဉ်ဖြတ်ဓားကို ဆွဲထုတ်ကာ တစ်ချက်တည်း လွှဲခုတ်ပစ်လိုက်သည်။

"သတိထား!"

နတ်မီးနယ်ပယ် ကျင့်ကြံသူ နှစ်ယောက်က အော်ဟစ်ပြီး ဟန်ကျိုးဆီသို့ ပြေးသွားသည်။

ဟုန်ရှန်ယင်း သူ့ခေါင်းကို ဓားနဲ့ထိုးလိုက်ပေမယ့် ဟန်ကျိုးခမျာ လုံးဝ မတုံ့ပြန်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ နှလုံးသားနဲ့ ဝိညာဉ်တွေ ပျောက်ဆုံးသွားခဲ့သလို တစ်ခဏအတွင်း ၂ပိုင်း ပြတ်သွားတော့သည်။

"မင်း မင်း အရမ်းသတ္တိကောင်းနေတယ်ပေါ့ ဟုတ်လား? လမ်းမှာလူတွေကို သတ်တာ ဘာပြစ်မှုလဲ မင်းသိလား"

နတ်မီးနယ်ပယ် ကျင့်ကြံသူ နှစ်ယောက်မှာ အမြန်ပြေးလာပြီး အော်ပြောနေစဥ် ဟန်ကျိုးခန္ဓာကိုယ်မှ သွေးများ စီးကျလာလေပြီ။ တစ်ကိုယ်လုံး သွေးတွေ ရွှဲနစ်နေကာ ဖော်မပြနိုင်လောက်အောင် ရွံစရာ ကောင်းလှသည်။

ဓားတစ်ချောင်း ကိုင်ထားတဲ့ ဟုန်ရှန်ယင်းရဲ့ မျက်လုံးတွေက လူယုတ်မာ တစ်ယောက်ကို သတ်လိုက်သလိုမျိုး အေးဆေးငြိမ်သက်နေတာကြောင့် သူတို့နှစ်ယောက်ရဲ့ နှလုံးသားထဲမှာလည်း ကြောက်ရွံ့မှုများကို မတားဆီးနိုင်စွာ ခံစားလိုက်ရသည်။

ဟုန်ရှန်ယင်းသည် သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ဝိညာဉ်ဖြတ်ဓားကို လေထဲမှာပဲ သန့်စင်လိုက်သည်။ ဓားက ဖြူစင်နေဆဲဖြစ်ပြီး သွေးတွေ စွန်းထင်းမသွားပေ။ ဒါပေမဲ့ အဲဒီအခြေအနေက ပို​တောင် ကြောက်စရာကောင်းနေသည်။

ဤဓားသည် နတ်မီးနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိသွားသော လက်နက်သန့်စင်သည့် သခင်ကို သတ်နိုင်ခဲ့သည်။ ဓားက တစ်လက်တည်းသာ၊ ၎င်းကို လုပ်ကြံသူမှာ ကောင်းကင်ဘုံသခင် ​ဖြစ်သလို မိန်းကလေး တစ်ယောက်လည်း ဖြစ်တာကြောင့် သာမန်ခွန်အားဟု ဆိုနိုင်သည်။

"ဘာလဲ? ကျွန်မကို အနိုင်ကျင့်ဖို့ ဒီကိုလာတာ မဟုတ်ဘူးလား...အိုး ကျွန်မက အရင်ကလို အနိုင်ကျင့်ဖို့ လွယ်နေတုန်းပဲလို့ ထင်နေတာတော့ မဟုတ်ဘူးမလား?!"

ဟုန်ရှန်ယင်းက ဟောက်လိုက်သည်။ ကြယ်တွေလို တောက်ပနေတဲ့ သူမရဲ့ မျက်လုံးတွေနဲ့ လူတွေရဲ့ နှလုံးသားကို အလင်းဝင်သွားစေသည်။

"မင်း မင်း လက်စားချေတာ ခံရလိမ့်မယ်!"

နှစ်ယောက်သား အော်ဟစ်ပြီး အမြန်ပဲ ပြေးထွက်သွားသည်။

ဟုန်ရှန်ယင်း ခဏ ငြိမ်သက်သွားပြီးနောက် သူ့ဘေးနားရှိ ချွန်းရှောင်ကို လှမ်းကြည့်ရင်း ရုတ်တရတ်ဆိုသလိုပင် နှစ်ယောက်စလုံး ဝမ်းနည်းပူဆွေးမှုများနှင့် ရောထွေးကာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

ထိုစဥ် လုရွှမ်က တိတ်တိတ်ဆိတ်ဆိတ် ထွက်လာပြီး ဟန်ကျိုး၏ ခန္ဓာကိုယ်ကို လက်ဝှေ့ယမ်းကာ တံခါးအပြင်သို့ လွှင့်ပစ်လိုက်သည်။

ဒီကိုဆက်ပြီး လာနေတဲ့သူတွေရှိရင် ဟန်ကျိုးက အဲဒီလူတွေအတွက် စံနမူနာပြပဲ ဖြစ်လိမ့်မည်။ ဒုက္ခရှာဖို့အတွက် ဒီကို ဆက်လာချင်တယ်ဆိုရင်တော့ သူတို့သေရမယ့် နည်းလမ်းတွေကို စဉ်းစားရပါလိမ့်မယ်။

လူတော်တော်များများက တံခါးအပြင်ဘက်မှာ စုဝေးနေကြပြီ။ ဟန်ကျိုးရဲ့ အလောင်းကို မြင်လိုက်ချိန် အော်ဟစ်ပြီး ထွက်ပြေးသွားကြပါသည်။ လုရွှမ် ဘေးမှ မတ်တပ်ရပ်လျက် ပတ်ဝန်းကျင်ကို အာရုံစိုက်ထား၏။ တချို့သော လူအများအပြားသည် သတင်းပို့ရန် လျင်မြန်စွာ ထွက်ပြေးသွားကြသည်။

သိပ်မကြာခင်မှာပဲ လူတစ်စု ထပ်ရောက်လာ၏။

ခေါင်းဆောင်သည် ဖြူဖွေးသော မျက်ခုံးမွှေးနှင့် မုတ်ဆိတ်ဖြူ၊ နှင်းဆီရောင် မျက်နှာထားရှိပြီး အသက်ကြီးလာသည်နှင့်အမျှ သန်မာလာပုံရသည်။ ဒါပေမဲ့ သူ့မျက်ခုံးကြားမှာတော့ အရိပ်တစ်ခု ဖုံးကွယ်ထားပြီး တစ်စုံတစ်ဦးကို ကလဲ့စားချေဖို့ ကြိုးစားနေပုံရသည်။

"အဲဒီလူကြီးက ဟန်ကျိုးရဲ့အဖိုး ဟန်ချန်း... သူက အနီးနားမှာ ဆိုင်ဖွင့်ပြီး ထူးထူးဆန်းဆန်းတွေ ရောင်းရတာကို ကျွမ်းကျင်တယ် အရမ်းကြီးစိုးတယ်"

ဟုန်ရှန်ယင်းက ရှင်းပြသည်။ သူမအသံသည် တုန်ရီနေသေးသော်လည်း သူမ၏ အသက်ရှုသံက ပိုတည်ငြိမ်လာပါ​ပြီ။

ထင်ရှားသည်မှာ လူသတ်မှုနှစ်ခု အပြီးတွင် ဟုန်ရှန်ယင်းသည် သူမ၏ သည်းခံနိုင်စွမ်း ပျောက်ဆုံးသွားတွေ သန်မာတဲ့ စရိုက်က ပိုမို အားကောင်းလာပုံရသည်။

အဘိုးအိုသည် တံခါးဆီသို့ လျှောက်သွားသောအခါ မြေကြီးပေါ်တွင် နှစ်ပိုင်းခွဲခုတ်ထစ် ခံထားရသော ဟန်ကျိုးကို လှမ်းကြည့်လိုက်သည်။ သူ့​​မုတ်ဆိတ်သည် ခဏမျှ တုန်လှုပ်သွားကာ သူ့မျက်လုံးတွေက ချောင်လု၏ ခန္ဓာကိုယ်ပေါ်သို့ ဝေ့သွားသည်။

"မိန်းကလေးချောင်... မင်း ဒီကိစ္စမှာ ဝင်စွက်ဖက်ချင်တာလား"

"ကျွန်မ"

"ဒါက သူမနဲ့ ဘာမှမဆိုင်ဘူး"

ဟုန်ရှန်ယင်းက အရင် ထအော်၏။ ချောင်လုမှာ စိတ်ကောင်းရှိတာ သူမ သိပါသည်။ အကြိမ်များစွာ သူမကို အနိုင်ကျင့်သူများသည် ချောင်လု၏ မျက်နှာကြောင့် အလျှော့ပေးကာ သူမတို့ကို မသတ်ဘဲ အသက်ရှင်ရန် အခွင့်အရေး ပေးခဲ့သည်။

သို့သော် ချောင်လု ဂိုဏ်းသို့ ပြန်ရောက်သွားပြီးနောက် သူမသည် မကြာခဏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသည်။

ကမ္ဘာ့နံပါတ် ၁ လက်နက် သန့်စင်ရေး အလုပ်ရုံ၏ အမည်သည် ကြီးမားလှသည်။ အကြောင်းမှာ ၎င်းဟာ အဓိကအင်အားစု ကိုးခု ယှဉ်ပြိုင်လျက် ရှိပြီး ချောင်လု၏ ရုတ်တရက် ပါဝင်မှုသည် ဆန်းကြယ်ကောင်းကင် ဂိုဏ်းအတွက် ခက်ခဲစေသည်။

"ကောင်းပြီ မိန်းကလေးဟုန် မင်းငါ့မြေးကို သတ်လိုက်တဲ့ကိစ္စ ငါ့ကို ဘယ်လို ရှင်းပြမလဲ?"

"လူသတ်သမားက ပြန်အသတ်ခံရမှာပဲ... ပြီးတော့ သူ့ဘာသာ သေမင်းကို လာရှာနေတာ။ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ ရှင့်ရဲ့မြေးကို ပြန်ခေါ်သွားပြီး ကောင်းကောင်း မြေမြှုပ်ပေးလိုက်ပါ!"

ကျိုးချန်း မျက်မှောင်ကြုတ်သွား၏။

"မိန်းကလေးဟုန်က ကျွမ်းကျင်ပညာရှင် တစ်ဦးနဲ့ တွေ့ပြီး အဆင့်၉ ဧကရာဇ်လက်နက်ကို သန့်စင်တယ်လို့ ကြားတယ်... တကယ်ကို အထင်ကြီးစရာ ကောင်းပါတယ်။ ပညာရှင်က ဘယ်မှာလဲ မသိဘူးနော်... အကြံပေးနိုင်မလား မေးချင်ပါရဲ့"

သူသည် အစောကတည်းက လူတိုင်းရဲ့ ကျင့်ကြံမှု အဆင့်​တွေကို အကဲခတ်ပြီးသား။ လုရွှမ်သည် ကောင်းကင်ဘုံသခင် စတုတ္ထအဆင့်တွင်ရှိပြီး ဟုန်ရှန်ယင်းလောက်ပင် ကောင်းမွန်ခြင်းမရှိပေ။ ဒါကြောင့် ပုံမှန်အတိုင်း လုရွှမ်ကို အလေးအနက် မထားပေ။

"အိုး လူကြီးမင်းကျိုးရဲ့ အဆင့်အတန်းကို ကျွန်မက မသိဘူးလေ... ပညာရှင်တစ်ယောက်နဲ့ သိဖို့ ထိုက်တန်လို့လား"

ဟန်ကျိုးသည် လူကောင်းတစ်ယောက် မဟုတ်သလို ဟန်ချန်းကလည်း လူကောင်းတစ်ယောက် မဟုတ်ပေ။ ဟန်ကျိုးသည် သူ့အဘိုးထံမှ သတ္တိတချို့ကို ချေးယူထားလို့သာ မဟုတ်ရင် ဒီကိုလာပြီး ပြဿနာရှာရဲမှာ မဟုတ်ချေ။

ထန်းယွမ်မြို့တွင် ဘယ်​ဘေးဒုက္ခမှ ခွင့်မပြုကြောင်း လူတိုင်းသိသော်လည်း စည်းမျဉ်းများသည် အာဏာမရှိသူများကို ကန့်သတ်ထားခြင်း မရှိပါ။ ဟန်ချန်း၏ မိသားစုတွင် နောက်ခံအင်အား အနည်းငယ် ရှိသော်လည်း နောက်ဆုံးတွင် ၎င်းတို့သည် အင်အားကြီး ကိုးခုအနက်မှတစ်ခု မဟုတ်သောကြောင့် လှုပ်ရှားလိုပါက ပွင့်လင်းမြင်သာစွာ မလုပ်ဆောင်ဝံ့ကြပေ။

"ဟမ့် မိန်းကလေးဟုန်က တကယ်ကို လွှမ်းမိုးချုပ်ကိုင်နေတာ ဒီလိုဆိုရင် ငါ တစ်စုံတစ်ယောက်ကို ဖိတ်လိုက်ပါ့​​မယ်"

အငယ်တန်းတစ်ယောက်က အမြန်ပြေးထွက်သွားပြီး ခဏအကြာ ပြန်ပြေးလာကာ သူ့နောက်မှာ တူညီဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူတွေက တန်းစီပြီး ပြေးလာ၏။

မကြာသေးမီက ထန်းယွမ်မြို့ထဲတွင် ခမ်းနားသော ပွဲတစ်ခု ရှိခဲ့သည်။ ယခုအချိန်သည် ထန်းယွမ်မြို့မှ လူတိုင်း ထွက်ခွာမသွားသေးတဲ့ တကယ့်ကို အတက်ကြွဆုံး အချိန်ဖြစ်သည်။

စည်းမျဥ်းစည်းကမ်း ထိန်းသိမ်းရန်အတွက် အဓိက တပ်ဖွဲ့ကိုးခုမှလည်း လမ်းများပေါ်တွင် ကင်းလှည့်မှုများ အများအပြား စေလွှတ်ခဲ့ပြီး ကျင့်ကြံသူများကို စောင့်ကြည့်နေသည့။

လုရွှမ် သူ့စိတ်ထဲက လှောင်ရယ်လိုက်သည်။ ဤကိစ္စမျိုးတွင် သူသည် အမှန်တကယ်ပင် အခြားသူများ၏ စွမ်းအားကို ချေးငှားချင်နေသည်။ သူ့မြေးက သေဆုံးသွားကာ တစ်ဦးတည်းသော မြေးဖြစ်နေဆဲ ဖြစ်သည်။ ထိုလူသည် အေးစက်သော နှလုံးရှိသည်ကို ပြသသည့်တိုင် ဒေါသကို လုံးဝမပြခဲ့ပေ။

“ဒီမှာ ဘာဖြစ်နေတာလဲ”

လူဆယ်ယောက်ပါတဲ့ ကင်းလှည့်အဖွဲ့ တစ်ဖွဲ့က တံခါးရှေ့က အလောင်းကို တွေ့တော့ အမြန်ပြေးလာပြီး အသံကျယ်ကျယ်နဲ့ မေးလိုက်သည်။

ထန်းယွမ်မြို့သည် လွတ်လပ်မှုဟု လူသိများသည်။ ဤနေရာတွင် စည်းကမ်းများကို လိုက်နာနေသမျှ ကာလပတ်လုံး သင်သည် လွတ်လပ်စွာ သွားနိုင်ကာ တိုက်ခိုက်ခံရမည် သို့မဟုတ် လှည့်စားခံရမည်ကို ကြောက်ရွံ့နေရန် မလိုအပ်ပေ။

ယခုအချိန်သည် ထန်းယွမ်မြို့ရှိ နေရာတိုင်းတွင် ကျင့်ကြံသူများ လှည့်လည် သွားလာနေရာ လမ်းပေါ်၌ ထိုကဲ့သို့ ကပ်ဆိုးကြီး ဖြစ်ပွားနေသည့် အချိန် လူတိုင်းက အာရုံစိုက်ကြမှာ ဖြစ်လေသည်။

"မိန်းကလေးဟုန်... မင်းရဲ့လက်နက် သန့်စင်ရေး အလုပ်ရုံရှေ့မှာ ဒီလူ သေသွားတယ် မင်း ဘယ်လိုရှင်းပြချင်လဲ"

ခေါင်းဆောင်က လူလတ်ပိုင်းအရွယ် လူတစ်ယောက်က လှမ်းအော်သည်။

ထိုလူဆယ်​ယောက်စလုံးသည် နတ်မီးနယ်ပယ်၌ ရှိကြ၏။ တုန်လှုပ်မှု အားကောင်းစေရန် အတွက် ဤကာလတွင် ကင်းလှည့်သူများ၏ ကျင့်ကြံမှုသည် ယခင်ကထက် သိသိသာသာ မြင့်မားလာသည်။ ဦးဆောင်သူသည် နတ်မီးသုံးလုံးကို ထွန်းညှိထားပြီ။

သူသည် နတ်မီး၏ အငွေ့အသက်ကို ဖြန့်ကျက်ထားသည်။ သူ့​မျက်ခုံးကြားမှ နတ်မီးသည် အနည်းငယ် တဖျပ်ဖျပ် ခတ်နေပြီး သူ့ပခုံးပေါ်ရှိ နတ်မီးကလည်း တောက်ပစွာ ထွန်းတောက်နေသဖြင့် ကြည့်ရှုသူများကို အံ့အားသင့်စေခဲ့သည်။

ကျိုးချန်း၏ သူအိမ်ငယ်များ တင်းကျပ်လာပြီး သူ၏ အသက်ရှုသံများ တဖြည်းဖြည်း မငြိမ်မသက် ဖြစ်လာသည်။ ဤလူကို သူကြောက်သွားတာ ထင်ရှားသည်။

လုရွှမ် ဟုန်ရှန်ယင်းကို အသက်ပြင်းပြင်း ရှူ​စေပြီး ခေါင်းညိတ်ပြလိုက်သော် ဟုန်ရှန်ယင်းလည်း အေးအေးဆေးဆေး ရှင်းပြလိုက်သည်။

"​ခေါင်း​ဆောင်ကြီး... သူကသာအရင် ပြဿနာဖြစ်အောင်လုပ်ဖို့ ကျွန်​မတို့လက်နက် သန့်စင်ရေး အလုပ်ရုံကို လာတာ...ဒါတင်မကဘူး ကျွန်မတို့ ရတနာဓားကိုလည်း လုယူချင်​နေတာကြောင့် သူ့ကို သတ်ပစ်လိုက်ရတာပါ... အဲဒီအဘိုးကြီးက ဒီလူရဲ့ အဘိုးအရင်းပါ.... သူက သူ့မြေးရဲ့စရိုက်ကို သိရဲ့သားနဲ့ ဒီကိုပြဿနာလာရှာဖို့ ခွင့်ပြာထားတယ်.... ဒါ့ကြောင့် ဒီလူငယ်တွေ ထပ်ပြီး မောက်မာ မနေရဲအောင် ခေါင်းဆောင်က ဘက်မလိုက်ဘဲ ဖြေရှင်းပေးပါလို့ တောင်းဆိုပါတယ်"

ကင်းလှည့်ခေါင်းဆောင်က "ဒါကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ငါသိတယ်... မင်းရဲ့ဓားကို ခိုးချင်နေတယ်လို့ မင်းပြောခဲ့တယ်နော် အဲဒါက ဘယ်လိုဓားလဲ ငါကြည့်ကြည့်ရအောင် ပြကြည့်...."

ဟုန်ရှန်ယင်းက နောက်ပြန် ဆုတ်သွားလေသည်။

"အဆင့်၉ ဧကရာဇ်လက်နက်ပါ....ခေါင်းဆောင် ကြုံသလို မကိုင်တာက ပိုကောင်းမယ် ထင်တယ်ရယ်.... ဖရဲသီးနဲ့ ဇီးသီးတို့လို ဖြစ်သွားရင် ရှင်းပြရတာ ခက်ပါဦးမယ်"

All Chapters