စီးပွားရေးကို မနှောင့်ယှက်နဲ့
Vol. 87 Ch. 4.819
ကင်းလှည့်ခေါင်းဆောင်၏ မျက်နှာသည် ဖြူဖျော့သွားသော်လည်း သူပြောခဲ့သည့် စကားများက အမှန်တကယ်ပင် လွန်လွန်းသွားတာကိုလည်း သူ့ဘာသာ နားလည်သွားခဲ့သည်။
"အဆင့်၉ လက်နက်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကောလဟာလတွေ ထွက်ခဲ့တဲ့ လက်နက်ပဲ"
ကင်းလှည့်အဖွဲ့တွင် ဉာဏ်ကောင်းသူ အနည်းငယ်ရှိသည်။ ခေါင်းဆောင်၏ ရှက်ကိုးရှက်ကန်း အမူအရာကို မြင်သောအခါ ထိုလူက အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။
ဟုန်ရှန်ယင်းလည်း ခေါင်းတဆက်ဆက် ညိတ်လိုက်သည်။
"မှန်တယ်!"
ကင်းလှည့်ခေါင်းဆောင်က ဆက်လက် ပြောကြားခဲ့သည်။
"အင်း ဒီလိုဖြစ်ရင် မင်းရဲ့ ကမ္ဘာ့နံပါတ်တစ် လက်နက်သန့်စင်ရေး အလုပ်ရုံက လူတိုင်းရှေ့မှာ ပြန်ပေါ်လာတော့မှာပေါ့"
"ခေါင်းဆောင်ရဲ့ ကြင်နာတဲ့စကားအတွက် ကျေးဇူးတင်ပါတယ်"
"ဒါဆို မင်းဆရာက ဘယ်သူများလဲ? မင်းရဲ့ လက်နက် သန့်စင်ရေး အလုပ်ရုံက ဧကရာဇ်လက်နက်တစ်ခု လုပ်ရမယ်လို့ ငါကြားတယ်... ဘယ်သခင်ကိုများ မိန်းကလေးဟုန်က ဖိတ်ကြားခဲ့လဲ မသိဘူး"
ဟုန်ရှန်ယင်းသည် ကင်းလှည့်ခေါင်းဆောင်ကို ကြည့်ကာ လုရွှမ်ဘက်သို့ လှည့်၍ လေးနက်စွာ ပြောလိုက်သည်။
"ဆရာ...."
"မင်းရဲ့ ဆရာ?"
"သူက ဘယ်သူလဲ?"
နောက်ဆုံးစာကြောင်းကို မေးသူမှာ ကျိုးချန်းပဲ ဖြစ်လေသည်။
"ဆရာ... ကျွန်မရဲ့ ဆရာသခင်ပဲ"
ဟုန်ရှန်ယင်း သူမ လုံးဝ ကြောက်စိတ်မပြတော့ ကျိုးချန်းရဲ့ သူ့အရင်က သူရဲဘောကြောင်တဲ့ အမူအရာက ပြောင်းလဲသွား၏။ ယခု ကင်းလှည့်ခေါင်းဆောင်သည် ဒီလိုမေးမြန်းရုံနဲ့ သင်ခန်းစာပေးနိုင်မည် မဟုတ်ကြောင်းလည်း သိပါသည်။ ဒါကြောင့် သူက ဆက်ပြောလိုက်သည်။
"ကောင်းပြီ... တခြားအရာတွေကို ဖယ်ထားလိုက်ရအောင် ဒါပေမဲ့ မင်းကျိုးဟန်ကို သတ်လိုက်တာက သေချာတယ် သူက မင်းရဲ့ဓားကို လုယူချင်တယ်လို့ မင်းပြောခဲ့တယ်နော် မင်းမှာ ဘာအထောက်အထားရှိလဲ?"
ဒါဟာ ပြောင်ပြောင်တင်းတင်း ဘက်လိုက်မှုပါပဲ။ ဝိုင်းကြည့်နေတဲ့ လူတိုင်းဟာ သူတို့ရဲ့ နှလုံးသားထဲမှာ ပေါက်ကွဲသံတွေ ထွက်လာတာကို တွေ့နိုင်ပေမယ့် ဂုဏ်အာဏာအောက်မှာ ဘယ်သူမှ မကျေနပ်မှုတွေကို မပြရဲကြပါဘူး။
"သက်သေမရှိဘူး ဆိုရင်တော့ ငါတို့နဲ့လိုက်ခဲ့ပါ... တစ်ယောက်က မိန်းကလေးဟုန်ရဲ့ ဓားကို အရင်ချွတ်လိုက် ဒါက အဆင့်၉ ဧကရာဇ်လက်နက်နော် ဂရုတစိုက် ကိုင်တွယ်... ကျိုးသွားရင် ပေးချေဖို့ မတတ်နိုင်ဘူး"
"ခေါင်းဆောင် အဲဒါက အဆင့်၉ ဧကရာဇ်လက်နက်ပါ... ကျွန်တော်တို့က အဲဒါကို ဖျက်စီးချင်ရင်တောင် မဖျက်ဆီးနိုင်လောက်ဘူး"
လူအများအပြားသည် စကားစမြည် ပြောကာ ရယ်မောလိုက်ကြပြီး ဟုန်ရှန်ယင်း နှင့် ချွန်းရှောင်ကို ဖမ်းရန် ရှေ့သို့ တိုးလာသည်။
"ခေါင်းဆောင် မင်းသက်သေ လိုတယ်လို့ ပြောခဲ့တယ်နော်... ငါက သက်သေပဲ!"
လုရွှမ် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး ကင်းလှည့်ခေါင်းဆောင်ကို အဆင့်အတန်းရှိစွာ ကြည့်လိုက်သည်။
လုရွှမ် သူ့ပတ်ဝန်းကျင်ကို အာရုံစိုက်နေခဲ့သူပင်။ ကျိုးချန်းသည် သူ့မြေးကဲ့သို့ စစ်တုရင်လို အကွက်ရွှေ့ခံထားရသူ ဖြစ်သည်။ စစ်တုရင် ကစားသမား အစစ်အမှန်များသည် ဤနေရာက အခြေအနေကို အဝေးမှကြည့်ရှုကာ ပုန်းအောင်းနေရမည်။
မူလက နမူနာအတိုင်း လိုက်ချင်ပေမယ့် အခု ကင်းလှည့်ခေါင်းဆောင်က အရမ်း ဒုန်းဝေးသွားပြီ။ ဒါကို အပြီးမသတ်ရင် ဟုန်ရှန်ယင်း ဒီလူတွေနဲ့ ရန်ဖြစ်ရလိမ့်မယ်။ ရိုက်နှက်ခြင်းမှာ ပြဿနာ မရှိသော်လည်း ဤကဲ့သို့ နှိုးဆော်ခံရပါက အမြတ်က ဆုံးရှုံးမှုထက် သာလွန်ပြီ။
လုရွှမ်သည် ဟုန်ရှန်ယင်းဆီသို့ လျှောက်သွားကာ ဝိညာဉ်ဖြတ်ဓားကို သူမကျောမှ ဆွဲထုတ်လိုက်သည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားများ တဟုန်ထိုး တက်လာပြီး ရက်စက်ကြမ်းကြုတ်သော ရောင်ဝါသည် ကောင်းကင်သို့ ထိုးတက်သွားရာ ချက်ချင်းဆိုသလိုပဲ ကျင့်ကြံသူတွေ အများကြီး ဒီဘက်ကို ပျံသန်းလာလေ၏။
ကျင့်ကြံသူ အတွက် ရတနာရဲ့ အငွေ့အသက်က အထင်ရှားဆုံး ဖြစ်သည်။
ဤကင်းလှည့်မှူးသည် စည်းကမ်း မလိုက်နာသောကြောင့် လုရွှမ်ကလည်း သူ့ကို မျက်နှာသာ မပေးလိုတော့တာ သဘာဝပင်။ နောက်ဆုံးတွင် ထန်းယွမ်မြို့ရှိ အဓိကတပ်ဖွဲ့ကိုးခုသည် မျက်နှာသာ ပေးတာကို လိုချင်ကြလေသည်။ ဒါဆို သူလည်း ၎င်းတို့ကို အပေါ်ယံမျက်နှာသာ ပေးလိုက်ပါမည်။ ထိန်းသိမ်းထားရမည်။
ကင်းလှည့်ခေါင်းဆောင်၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်။ လုရွှမ် ယခုလို ထလုပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ယခုအခါ လူတွေ အများကြီး ဒီကိုလာနေပြီမို့ ဟုန်ရှန်ယင်းကို သူဘယ်လို ခေါ်သွားရတော့မလဲ။
သူက လုရွှမ့ကို မုန်းတီးစွာ စိုက်ကြည့်နေ၏။ သူ့အကြံကို ကောင်းကင်ဘုံသခင် အဆင့်လေးရှိတဲ့ ကောင်လေးတစ်ယောက်က ဒီလိုလေး ဖျက်ဆီးပစ်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။
ဟုန်ရှန်ယင်းမှာလည်း အလားတူပါပဲ။ သူ့ရဲ့ ပင်ကိုယ်စရိုက်က သိသိသာသာ ပြောင်းလဲလာပါ၏။ သူဘယ်တုန်းက ဒီလောက် သန်မာလာတာလဲ။ အရင်တုန်းကတော့ အလုပ်ရုံကို ဖျက်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် အခုတော့ သူတို့ရဲ့အမိန့်ကို နာခံတော့မယ့်ပုံ မပေါ်တော့ချေ။
"အခု ဘယ်လို အငွေ့အသက်မျိုး ထွက်လာတာလဲ? အဲဒါက ဘယ်လိုရတနာမျိုးလဲ"
"ဧကရာဇ်လက်နက်တစ်ခု ဖြစ်မယ်... အဆင့်မြင့်မားတဲ့ လက်နက် ဖြစ်မယ်ဆိုတာ သိသာတယ်... မဟုတ်ရင် သူ့မှာ ရက်စက်ကြမ်းကြုတ်တဲ့ ဩဇာမျိုးရှိမှာ မဟုတ်ဘူး"
"ဟေ့... ဒါကကမ္ဘာ့နံပါတ်တစ် လက်နက် သန့်စင်တဲ့ အလုပ်ရုံ မဟုတ်ဘူးလားဟ"
ဤနေရာသို့ ပျံသန်းလာသော လူများသည် ဧကရာဇ်လက်နက်၏ အငွေ့အသက်ကို ရှာဖွေရင်း တစ်ယောက်ပြီး တစ်ယောက် စကားစမြည်ပြောလာကြသည်။
"လက်နက် သန့်စင်ရေး အလုပ်ရုံမှာ ဧကရာဇ်လက်နက်ရှိနေတာ ဖြစ်နိုင်ပါ့မလား"
"မဖြစ်နိုင်လို့လား? ကမ္ဘာ့နံပါတ်တစ် ကမ္ပည်းပြားကို ဆွဲထားနိုင်မှတော့ အရည်အချင်း တချို့တော့ ရှိရမယ်လေ"
"ဆင်းကြည့်စမ်း!"
ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် ပျံသန်း၍ ကမ္ဘာ့နံပါတ် ၁ လက်နက် သန့်စင်ရေး အလုပ်ရုံရှေ့မှာ ဆင်းသက်လိုက်ကြ၏။
"အမ်... ဘာလို့ လူသေနေတာတုန်း"
"သူ့ကို ဓားနဲ့ နှစ်ပိုင်း ဖြတ်ထားတာပဲဟ... ဘယ်သူက ဒီလောက်တောင် ရက်စက်လိုက်တာလဲ"
"ဟေး ဒီခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းနှစ်ခုက အရမ်းသပ်ရပ်နေတာကို သတိထားမိလား? အရိုးနဲ့ သွေးကြောတွေက တစ်ဝက်တစ်ပျက် မဖြစ်သွားဘူး အချိုးမညီတာတောင် လုံးဝ မရှိဘူးဟ!"
"အစ်ကိုရေ... မင်း ငါ့ကို ဓားခုတ်နည်း သင်ပေးနေတာလား"
"လုံးဝ**!"
ဘယ်သူကမှ ငတုံးတွေ မဟုတ်ကြပါဘူး။ သိပ်မကြာခင်မှာပဲ အားလုံးရဲ့ မျက်လုံးတွေက ဟုန်ရှန်ယင်းနောက်ကျောကို အာရုံစိုက်လာကြသည်။
ဓားများကိုသာ သန့်စင်ပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းထားမည် မဟုတ်ပေ။ တိကျသေချာသော နားလည်မှုတစ်ခုကို မွေးမြူရန် ခန္ဓာကိုယ်နှင့် နီးကပ်စွာ သယ်ဆောင်သွားမည် ဖြစ်သည်။
"ဘာဖြစ်နေတာလဲ? ထန်းယွမ်မြို့ရဲ့ အမိန့်က သိပ်ကောင်းတယ်လို့ဆို... သူတော်စင်တောင် တန်းတူရည်တူ ဆက်ဆံခံရတယ်ဆို ဘာလို့ ဒီမှာ လူသေနေတာကို ကင်းလှည့်အဖွဲ့က မဖြေရှင်းသေးတာလဲ?"
လူတွေရဲ့ နှလုံးသားက ဒီလိုပါပဲ။ သဲလွန်စအနည်းငယ်ပေးရင် လူတွေက ကျန်တာကို အလိုအလျောက် ပြောတတ်သွားလိမ့်မယ်။
ဟုန်ရှန်ယင်းသည် လုရွှမ်ထံမှ အချက်ပြမှုကို ရတော့ ကျယ်လောင်စွာ အော်လိုက်သည်။
"ဒီလူက ကျွန်မဓားကို တပ်မက်ပြီး လုယူချင်နေလို့ ကျွန်မလက်နဲ့ သတ်လိုက်တာ....ရှင်တို့သာ ဆိုရင်ရော ဘာလုပ်မှာလဲ"
"အဓိပ္ပာယ်မရှိတာ! ဒီကောင်ကို ခုတ်ပစ်လိုက်မှာပေါ့ဟ"
"ဒါက ဓားတစ်ချောင်းပဲလေ.... ငါ သူ့ကို အပိုင်းပိုင်းဖြတ်လိုက်ရင် သူ့အမေတောင် သူ့ကို မှတ်မိမှာ မဟုတ်ဘူး"
"ခေါင်းဆောင်ရော ဘယ်လိုထင်လဲ"
တစ်ဖက်လူမှာ မျက်နှာကြီး မည်းမှောင်နေလေ၏။ သူက လုရွှမ်ဘက်လှည့်ကာ ဟစ်အော်လိုက်သည်။
"ဒီကသူငယ်ချင်းကို ဘာခေါ်ရမလဲ မသိဘူး"
"ငါ့ကို သူငယ်ချင်းလို့ မခေါ်နဲ့... ငါမင်းကို မသိဘူး..."
ကင်းလှည့်ခေါင်းဆောင်၏ မျက်နှာသည် နီရဲလာလေ၏။ သူက ကျိုးချန်းကို စိုက်ကြည့်ကာ လက်ဝှေ့ယမ်းပြရင်း သူ၏ အဖွဲ့သားများနှင့်အတူ ထွက်ခွာသွားခဲ့သည်။ ကျိုးချန်၏ မျက်နှာသည်လည်း မှုန်ကုပ်ကုပ် ဖြစ်သွားလေသည်။ ထိုသူက ခေါင်းငုံ့ကာ မြေးဖြစ်သူကို ခေါ်ဆောင်သွားရန် ရှေ့သို့ တိုးလာ၏။
ထိုစဥ် လုရွှမ်သည်လည်း ရှေ့သို့ တိုးလာပြီး ကျိုးချန်းပခုံးပေါ် သူ့လက်ဖဝါးကို တင်လိုက်သည်။ တစ်ဖက်လူမှာ အံ့အားသင့်သွားလေသည်။ လုရွှမ်ရဲ့ လှုပ်ရှားမှုတွေကို သူ လုံးဝ မခံစားရဘူး။ စိတ်ထဲမှာ ထိတ်လန့် တုန်လှုပ်လာကာ ဒီလူက ကောင်းကင်ဘုံသခင်ရဲ့ နယ်ပယ်မှာ ရှိနေတာ ဟုတ်ရဲ့လား ဒါမှမဟုတ် ကျင့်ကြံမှုကို ဖုံးကွယ်ထားတာလား ဟုပင် စဥ်းစားလာရသည်။
"ဟုတ်တယ်မလား? မင်းရဲ့ အကျည်းတန်တဲ့ မြေးကို နာခံမှုရှိရှိနဲ့ ပြန်ခေါ်သွား... တခြားသူတွေရဲ့ လုပ်ငန်းကို မထိခိုက်စေနဲ့"
ကျိုးချန်းသည် ခပ်တိုးတိုး ဟစ်အော်ကာ သူ့မြေးကို ချီကာ ထွက်ခွာသွားခဲ့သည်။ ထိုလူများ ထွက်သွားပြီးနောက် ဟုန်ရှန်ယင်း ရှေ့တိုးကာ မေးလိုက်သည်။
"ဆရာ... အခုနက ဘာလုပ်လိုက်တာလဲ"
"ဘာမှမဟုတ်ပါဘူး သူ့လမ်းပေါ်ရောက်ဖို့ လက်ဆောင်တချို့ ပေးလိုက်တာ"
လုရွှမ်သည် ကျိုးချန်း၏ ခန္ဓာကိုယ်ထဲတွင် ဖီးနစ်နတ်မီးကို စိုက်လိုက်တာပဲ ဖြစ်ကာ ထိုလူသည် တစ်ရက်အတွင်း သေချာပေါက် သေဆုံးသွားလိမ့်မည်။
"ကျွန်တော်တို့ရဲ့ ကမ္ဘာ့နံပါတ် (၁) လက်နက် သန့်စင်ရေး အလုပ်ရုံကို လူတိုင်း မြင်ဖူးကြမှာပါ... ဒီဆိုင်းဘုတ်ကို ဘိုးဘေးဘီဘင်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ တည်ဆောက်ထားတာ... ကျွန်တော်တို့ရဲ့ ဆိုင်ကို ဝင်ကြည့်ချင်ရင် ဝင်လာလို့ ရပါတယ်... တစ်စုံတစ်ယောက်က လက်နက်တွေကို သန့်စင်ချင်ရင် ကျွန်တော်တို့ အခုပဲ သန့်စင်ပေးပါ့မယ်"
လုရွှမ် ကျယ်လောင်စွာ အော်လိုက်ပြီး လူတိုင်းရှေ့မှာ သူ့လက်ခုပ်ကို ဆုပ်လိုက်သည်။ အားလုံး အံ့အားသင့်သွားကြကာ မြေပြင်ပေါ်သို့ အပြေးအလွှား ဆင်းကာ လက်နက် သန့်စင်ရေး အလုပ်ရုံထဲသို့ ဝင်ရောက်လာကြလေ၏။