← Chapters

ပစ္စည်းများဝယ်ယူမည်

Vol. 87 Ch. 4.821

ပစ္စည်းများဝယ်ယူမည်

Vol. 87 Ch. 4.821

ကောင်းကင်ဘုံသခင် လုရွှမ်သည် အမှန်တကယ်ပင် လင်းလက် တောက်ပနေပြီး နတ်မီးနယ်ပယ်ရှိ ပါရမီရှင် အားလုံးကို ဖိနှိပ်ထားသလို ကြီးကျယ်ခမ်းနားပြီး ကြီးစိုးနေသည်။

လုရွှမ်ကိုကြည့်နေတဲ့ လူတိုင်းရဲ့ မျက်လုံးတွေက ချက်ချင်း ပြောင်းသွားကြသည်။ သူတို့က နတ်ဘုရား တစ်ယောက်ကို အထင်အမြင် ကြီးလို့ ကြည့်နေကြတာတင် မဟုတ်ဘဲ လေးစားအားကျမှုတွေ အပြည့်နဲ့ ကြည့်နေကြတာပဲ ဖြစ်လေသည်။

လူတွေက ကိုယ့်ထက်သာတဲ့သူတွေကို မနာလိုဖြစ်တတ်ပေမယ့် တချို့ လူတွေကတော့ ကိုယ့်ထက်သာလွန်သူတွေကိုသာ ချီးကျူးပြီး ကြောက်ရွံ့ကြလိမ့်မယ်။

သခင်လေးရွှမ်ကျီးသည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်နေတာ သံသယရှိစရာဖြစ်ပြီး ယခု သခင်လေးရွှမ်ကျီးရဲ့ လေသံကို ကြည့်လိုက်ရင် လုရွှမ်သည်လည်း သူလေးစားရသော ၎င်းတို့ထဲမှ တစ်ဦးဖြစ်ကြောင်း ထင်ရှားပါသည်။

"သခင်လေးရွှမ်ကျီးက ရှေ့ကို ရောက်လာတာ ဆိုတော့ ဓားလေးစင်းထဲက နှစ်စင်းကို ရောင်းဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ"

လုရွှမ်က ဆိုလိုက်သည်။

ထိုအခိုက် သခင်လေးရွှမ်ကျီး အနားမှ လူနှစ်ယောက် မျက်မှောင်ကြုတ်ကာ ပြင်းထန်သော အရှိန်အဝါတွေ ထုတ်လွှတ်လိုက်သည်။ ထို့နောက် စွမ်းအင်နှစ်ချက်က လုရွှမ်ဆီသို့ အရှိန်ပြင်းပြင်း ပြေးဝင်သွားကြသည်။

လုရွှမ် သူ့ရင်ဘတ်ရှေ့ လက်ဖဝါးကို ဆွဲလိုက်သော ဝိညာဉ်ဒိုင်းလွှာနှစ်ခု ပေါ်လာပြီး တိုက်ခိုက်မှုကို ပိတ်ဆို့ထားလိုက်သည်။ ခန္ဓာကိုယ်က တောင်ကဲ့သို့ မလှုပ်မယှက်ပင်။

"နတ်ဝိညာဥ်ဒိုင်းလွှာ!"

အသိပညာရှိသူများ အားလုံး ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်ကြသည်။ ဝက်သား မစားဖူးရင်တောင် ဝက်ပြေးတာ တွေ့ဖူးတယ်လေ။

နတ်ဝိညာဥ်ဒိုင်းလွှာ ဆိုတာ ဘာလဲ။ ၎င်းသည် နတ်မီးနယ်ပယ် အဆင့်၇ အထက် သခင်များအတွက် စံပြကိရိယာ ဖြစ်သည်။ နတ်မီးနယ်ပယ်ရှိ သခင်အများစုသည်ပင် နတ်ဝိညာဉ်ဒိုင်းလွှာ၏ မှော်ဆန်သော စွမ်းအားကို နားလည်ရန် အခွင့်အလမ်း သို့မဟုတ် အရည်အချင်းများ မရှိကြပေ။

ယခုမူကား နတ်ဝိညာဥ်ဒိုင်းလွှာကို ကောင်းကင်ဘုံသခင်က လက်ဖဝါး တစ်ချက်တည်းဖြင့် အမှန်တကယ် ပြသသွားခဲ့သည်။ အရင်က ဒီလုရွှမ်ဟာ ပါရမီရှင်လားလို့ သံသယဝင်ခဲ့မယ်ဆိုရင် အခုသူတို့မှာ သံသယတွေ မရှိတော့ပါဘူး။

ကောင်းကင်ဘုံသခင် နယ်ပယ်မှာတင် နတ်ဝိညာဥ်ဒိုင်းလွှာကို ကျွမ်းကျင်နေမှတော့ ဆန်းကြယ်ကောင်းကင် အိမ်တော်မှာ တောက်ပနေနိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဆန်းကြယ်ကောင်းကင် အိမ်တော်သည် ပါရမီရှင်များနှင့် သရဲတစ္ဆေများ စုဝေးရာနေရာ ဖြစ်ကြောင်း သူတို့ ကြားဖူးသည်မှာ ကြာပါပြီ။

ဤပုဂ္ဂိုလ်သည် ထိုလူတို့ကြားတွင် ထင်ရှားပေါ်လွင်၍ ကြီးမြတ်သော ဂုဏ်သတင်းအောက်၌ ရှိနေတာ အမှန်ပင် ဖြစ်လေသည်။ သခင်လေးရွှမ်ကျီး၏ မျက်လုံးများမှာလည်း တောက်ပလာကာ လက်ခုပ်တီးလိုက်ကာ။

"တကယ်ကို အံ့သြစရာပဲ.. လေးစားပါတယ် ချီးကျူးပါတယ်ဗျာ... အာစန်း အားစစ် မင်းတို့လက်တွေကို ရပ်လိုက်... ဆရာကြီးလုရွှမ်ဆီက ဓားပျံ၂စင်း ရတာကတင် အရမ်းဂုဏ်ယူစရာ ကောင်းနေပြီ"

လူနှစ်ယောက်က အရှိန်ပြန်ထိန်းလာသည်။ ဤတော့မှ ခန်းမထဲက လူတွေအားလုံးလည်း စိတ်အေးလက်အေး ဖြစ်သွားကြ၏။ အရင်က လေထုက စိတ်ပျက်စရာ ကောင်းလွန်းတယ်လေ။

"သခင်လေးရွှမ်ကျီးရဲ့ နားလည်မှုအတွက် ကျေးဇူးတင်ပါတယ်"

"ဖြစ်သင့်တာပါဗျာ... ဒါနဲ့ ပစ္စည်းတွေ ဘယ်တော့ လာယူရမလဲ မသိဘူး"

"သုံးရက်ပြီးရင်!"

"ကောင်းပြီ သုံးရက်ပြီးရင် တွေ့မယ်!"

ထပ်မံ နှုတ်ဆက်ပြီးနောက် သခင်လေးရွှမ်ကျီးသညိ နောက်လိုက်နှစ်ဦးနှင့်အတူ ထွက်ခွာသွားခဲ့သည်။ လူနှစ်ယောက် ထွက်သွားပြီးနောက် ခန်းမကြီးက တစ်ဖန် ဆူညံသွားပြန်သည်။

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး

"အားလုံး တိတ်တိတ်လေး နေပေးကြပါ"

သူဘာပြောချင်သေးလဲ မသိတာကြောင့် လူတိုင်း ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။ လုရွှမ် မပြုံးဘဲတောင် မနေနိုင်တော့ပေ။ သူ့အရင်တုံ့ပြန်မှုက လူတိုင်းကို ထိတ်လန့်သွားစေပုံရသည်။

လုရွှမ်သည် အခုလေးတင် မျှော်စင်နယ်ပယ်မှ သခင်နှစ်ဦးနှင့် ရင်ဆိုင်ခဲ့ရပြီး အေးဆေး တည်ငြိမ်လွန်းလှသည်။ ဤပုံစံနှင့် အစွမ်းသတ္တိကြောင့် သူတို့သည်လည်း လုရွှမ်အား အနိုင်ယူနိုင်စွမ်း မရှိမှန်း သိသွားကြပြီလေ။ ဒါကြောင့် ဘယ်သူမှ ဂုဏ်မတက်ဝံ့ကြတော့ချေ။

"ဒီဓားလေးစင်းကို သန့်စင်ဖို့ နောက်ထပ်ပစ္စည်းတွေကို ကျွန်တော် ဝယ်ဖို့ လိုတယ်... ဒါပေမဲ့ ဓားပျံက ဒီဓားလေးခုပဲ ရှိတော့မှာပါ... တခြား ဓားပျံပုံစံတွေ ထွက်လာတော့မှာ မဟုတ်ပါဘူး"

"ဒါပေမဲ့ အနာဂတ်မှာ တခြားလက်နက်တွေကို ကျွန်တော် သန့်စင်သွားမှာ ကျွန်တော်တို့ရဲ့ ကမ္ဘာ့နံပါတ် (၁) လက်နက် သန့်စင်ရေး အလုပ်ရုံက ဘယ်လက်နက်မဆို သဘာဝအတိုင်း သန့်စင်နိုင်ပါတယ်... ဒီလိုပဲ သတင်းဖြန့်ဖို့ အားလုံးကို ကျေးဇူးပြုပြီး တောင်းဆိုပါတယ်... ဒီနေ့ကစပြီး ကျွန်တော်တို့ရဲ့ ကမ္ဘာ့နံပါတ်တစ် လက်နက် သန့်စင်ရေး အလုပ်ရုံက နတ်လက်နက်နဲ့ မြင့်မြတ်တဲ့ လက်နက်တွေအကြောင်း ဘာမှ မပြောရဲပေမယ့် ဧကရာဇ်လက်နက်နဲ့ တော်ဝင်လက်နက်တွေမှာ အတွက်တော့ ပြဿနာ မရှိပါဘူး"

လူတိုင်းက မအော်ဟစ်ဘဲကို မနေနိုင်ကြတော့ပေ။ ဟုန်ရှန်ယင်းရဲ့ နောက်ကွယ်က အဆင့်၉ ဧကရာဇ်လက်နက်ကို တွေးကြည့်လိုက်ရင် အဆင့်၉ ဧကရာဇ်လက်နက်ကိုတောင် စိတ်ဆန္ဒအတိုင်း သန့်စင်ထားနိုင်တာ တခြားဧကရာဇ်လက်နက်တွေနဲ့ တော်ဝင်လက်နက်တွေက အရေးမကြီးလောက်တော့ဘူးလေ။

နောက်ထပ် မဝယ်ရသေးတဲ့ ဓားပျံနှစ်စင်းကို ဘယ်သူကမှ ဈေးမပြောရဲသလို ဘယ်သူမှလည်း အမိန့်မပေးရဲကြပါဘူး။

လေးစင်းပဲ ရှိတယ်ဆိုတာ သိထားသော်လည်း သူတို့လို နောက်ခံအင်အား မရှိတဲ့သူတွေက ဖမ်းဆုပ်ဝံ့ရင် သေမင်းကို ရှာနေကြတာပဲ မဟုတ်ဘူးလား။ တချို့အရာတွေက ထိကိုင်လို့ မရသလို တချို့အရာတွေက ထိတွေ့လို့လည်း မရပါဘူး။ သူတို့အားလုံးက ဒီလိုလုပ်ငန်းမှာ ပါဝင်ဖူးတဲ့အတွက် ကောင်းကောင်းသိကြတာ သဘာဝပါပဲ။

ထိုစဥ် ကမ္ဘာ့နံပါတ်တစ် လက်နက်သန့်စင်ခြင်း အလုပ်ရုံကို အေးစက်စက် ဘာမှမထူးခြားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့သူတွေ အများကြီးလည်း ရှိပါသေးသည်။ လုရွှမ် အရမ်းစဉ်းစားနေတာမို့ ဒီလူတွေ သူ့ကို သံသယဖြစ်နေကြမှန်း သူ မသိပါဘူး။

ကောင်းကင်ဘုံသခင် အဆင့်၄ ကျင့်ကြံသူတစ်ယောက်က ကမ္ဘာ့နံပါတ် ၁ ဆိုင်ကို ပြန်လည် တည်ဆောက်မယ်တဲ့လား။ အရူးတစ်ယောက်ရဲ့ အိပ်မက်ထက် ဘာမှမပိုပါဘူး။

လုရွှမ် သိလည်း ထိုလူများကို လျစ်လျူရှုထားမှာပဲ ဖြစ်သည်။ လူအားလုံးကို ပြန်လွှတ်လိုက်ပြီးနောက် လုရွှမ်သည် အမျိုးသမီး သုံးဦးအား ၎င်းတို့ သင်ယူခဲ့သမျှကို နားလည်သဘောပေါက်အောင် ကြိုးစားရန် မှာခဲ့ပြီး ကမ္ဘာ့နံပါတ်တစ် လက်နက် သန့်စင်ရေး အလုပ်ရုံမှ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။

ယခု သူ့တွင် ကောင်းမွန်သော သလင်းကျောက်များ အများအပြား ရှိသော်လည်း အနာဂတ်တွင် သူလိုအပ်မည့် အရာများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် နောက်ကျ ကျန်နေသေးကြောင်း လုရွှမ် သိသည်။

အထူးသဖြင့် ယခုတစ်ကြိမ်တွင် စျေးဆိုင်ငယ်တစ်ခုမှ ရွှေရတနာတစ်ခုကို ကောက်ယူနိုင်ခဲ့သည်။ အဲဒါက တစ်ခါနှစ်ခါ မျှော်လင့်လို့ရတဲ့ ကောင်းကင်ဘုံရဲ့ ကောင်းချီးပဲ။ တတိယအကြိမ်ကိုပါ မျှော်လင့်ဖို့ ကြိုးစားခဲ့နေရင်တော့ ဒါက သေခြင်းတရားကို ရှာနေခြင်းသာ ဖြစ်တော့မည်။

ရွှေဒြပ်စင် လက်နက်ကို ချွန်းရှောင်လေး လက်ထဲအပ်ထားကာ သစ်သားဒြပ်စင်ကိုတော့ ချောင်လုက သန့်စင်လိမ့်မည်။ ရေဒြပ်စင် အတွက်ကတော့ သဘာဝကျကျ ဟုန်ရှန်ယင်းပင်။

နောက်ဆုံး မီးဒြပ်စင် ရတနာ၏ တန်ဖိုးသည် အနည်းဆုံး ဘီလျံပေါင်းများစွာ လိုအပ်သည့် သာမန်မှော် လက်နက်တစ်ခုထက် မနည်းပေ။ လုရွှမ်လည်း သူ့အစွမ်းအစနဲ့ ဝေးနေသေးတယ် ဆိုတာ သိသည်။

လက်နက်များကို သန့်စင်ရန်အတွက် ပစ္စည်းများနှင့် ပတ်သက်၍ သူမတို့ကိုယ်တိုင် သဘာဝအတိုင်း အသုံးပြုရန် လိုအပ်သည်။ ပစ္စည်းများတွင် အနည်းငယ် ကွဲပြားရုံသာ ဖြစ်နိုင်ချေရှိကာ နောက်ဆုံး အောင်မြင်မှုအဆင့်သည်လည်း လုံးဝ ကွဲပြားနိုင်သည်။

ထန်းယွမ်မြို့သည် ယခင်အတိုင်းပင် သက်ဝင်လှုပ်ရှားနေ၏။

လုရွှမ် ထွက်လာပြီးတာနဲ့ သူ့ပတ်ဝန်းကျင်က စောင့်ကြည့်နေတဲ့ မျက်လုံးတွေကို ချက်ချင်း ခံစားလိုက်ရပေမယ့် အလေးအနက် မထားခဲ့ပါဘူး။ မြေပုံအရ သူသည် ထန်းယွမ်မြို့ရှိ ကောင်းကင်နဲ့မြေကြီးရဲ့ သန့်စင်ရေး ပစ္စည်းများ၏ အကြီးမားဆုံး စုဆောင်း ဖြန့်ဖြူးရာ နေရာသို့ ရောက်ရှိလာခဲ့သည်။

ပတ်ပတ်လည်ကို ကြည့်လိုက်ရင် လမ်းမတွေပေါ်မှာ တစ်နေကုန် အရောင်တူတဲ့ ဈေးဆိုင်တွေ အပြည့်နဲ့ ပစ္စည်းတွေ မျိုးစုံရောင်းနေတာကို တွေ့ရပေမည်။ သူတို့က အကုန် အကျုံးဝင်တယ်လို့ ဆိုကြပြီး လူတွေ ရှာလို့ရနိုင်တဲ့ အရာတွေလည်း အမြဲရှိတတ်သည်။

တကယ်ကောင်းတဲ့ အရာတွေက ဒီလိုနေရာမှာ ပေါ်လာမှာ မဟုတ်ပါဘူး။ သူတို့က လေလံရုံကိုသာ တိုက်ရိုက် ရောက်သွားလိမ့်ပါမယ်။

လုရွှမ်သည် ဆိုင်တစ်ဆိုင်ဟုသာ ဆိုရမည့် ဆိုင်ထဲသို့ ၀ငျသှားသညျ။ ထိုနေရာသည် အလွန်ကျယ်ဝန်းပြီး ကြမ်းပြင်များက နန်းတော်တစ်ခုလိုပင် မြင့်မားလှသည်။ အဝင်အထွက် များပြားသော လူအုပ်ကြီးလည်း ရှိနေကာ လာသမျှ လူတိုင်းက သခင်များသာ ဖြစ်သည်။

လက်နက် သန့်စင်ခြင်းသည် ပစ္စည်း အများအပြား သုံးစွဲရပြီး ပိုက်ဆံ ဖြုန်းတီးရသည့် ပညာရပ်တစ်ခု ဖြစ်သည်။ ငွေနှင့် နောက်ခံမရှိလျှင် လုံးဝ မလုပ်နိုင်ပေ။ လုရွှမ်လို လူတစ်ယောက်အတွက် သူ့အပေါ်သူ အားကိုးရုံဖြင့် လက်ရှိလက်နက် သန့်စင်လေ့ကျင့်မှု၌ အဆင့်ရှိရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။

သူ့ကိုယ်ပိုင် ဖြစ်တည်မှုက ပြဿနာတစ်ခုပဲလို့ ဆိုရမလား မသိတော့ပေ။ ဆိုင်အမည်သည် အလွန် ရိုးရိုးရှင်းရှင်း ဖြစ်သော်လည်း လီမိသားစု ပစ္စည်းဆိုင်မို့ အလွန်အရေးကြီးသည်မှာ သိသာထင်ရှားပါသည်။

ဤဆိုင်သည် အင်အားကြီး ကိုးခုအနက်မှ တစ်ခုဖြစ်သည့် လီမိသားစု၏ ဆိုင်ဖြစ်ကာ နာမည်က ရိုးသော်လည်း ခမ်းနားမှု အပြည့်ရှိသည်။ လုရွှမ် ဝင်လိုက်သောအခါတွင် သူ၏ သိုလှောင်လက်စွပ်ကို နတ်ဘုရားစွမ်းအင်က ဖုံးအုပ်ထားလိုက်သလို သိုလှောင်လက်စွပ်ကို အသုံးမပြုတော့ကြောင်း တွေ့ခဲ့ရသည်။

၎င်းသည် အလွန်အားကောင်းသော စွမ်းအားတစ်ခု ဖြစ်သော်လည်း ၎င်းသည် လေထုကို ကန့်သတ်ထားရုံသာ ရှိသည်။ လုရွှမ် ထူးဆန်းတဲ့ နှလုံးခုန်သံကြောင့် အာကာသကျောက်စိမ်းပြားနှင့် လျင်မြန်စွာ ချိတ်ဆက်မိသွားခဲ့သည်။ ဒါပေမဲ့ ကျောက်စိမ်းပြား နေရာကို ထိခိုက်စေနိုင်တဲ့ စွမ်းရည်မျိုးတော့ မရှိပါဘူး။

လုရွှမ် တစ်ခုခုကို တွေးပြီး မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။ အထူးသဖြင့် ဒီနေရာက အရာတွေကို ခိုးယူဖို့ အာကာသကျောက်စိမ်းပြားကို အသုံးပြုတာဟာ အမြတ်နဲ့ မထိုက်တန်ပါဘူး။ ဒါ့အပြင် ဒီနေရာမှာ ဒီလို ထိပ်တန်း နတ်ဘုရားလို ပစ္စည်းတွေ တကယ် ရှိနေရင် ကောင်းပါတယ်။ မဟုတ်ရင်တော့ မထိုက်တန်ပေ။

"ကိုယ်တိုင်ရွေးချယ်ရာ နေရာ!"

လုရွှမ် မျက်လုံးထဲသို့ စကားလုံးကြီးကြီး သုံးလုံး ကျဆင်းလာခဲ့သည်။

TN - မြန်မာလိုပြန်တော့ ၇ လုံးပေါ့။

All Chapters