ဝိညာဉ်ကူသားရဲ
Vol. 87 Ch. 4.822
အောက်ဖက်တွင် ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဖြန့်ထုတ်ထားကာ ထူးထူးခြားခြား အမည်များ မပါရှိပါ။
ကိုယ်တိုင်ရွေးချယ်ရာနေရာ နေရာဘေးမှာ ရပ်တဲ့သူတွေလည်း အများကြီး ရှိလေသည်။ လုရွှမ် ၎င်းတို့အား သူ၏ စိတ်ဝိညာဉ် စွမ်းအားဖြင့် အာရုံခံလိုက်တော့ ဤလူများ အားလုံးသည် လက်နက်သန့်စင်သူများသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် လက်နက် သန့်စင်သူဟူသည့် ရောင်ဝါက ပြင်းထန်လွန်းလှသည်။
လက်နက်သန့်စင်သူ တချို့၏ ထူးဆန်းသော ဒေါသကို သိသဖြင့် လုရွှမ်သည် ကောင်းကင်ဘုံသခင် နယ်ပယ်တွင် ရှိသော လက်နက်သန့်စင်ရေး သမားထံသို့ သွား၍ ထိုသူ့ကို ညင်သာစွာ တို့ထိလိုက်သည်။
"ဒီကမိတ်ဆွေ... ကျွန်တော်က ထန်းယွမ်မြို့ကို အခုမှ ရောက်လာတဲ့ လူသစ်ပါ... ကျွန်တော် မေးလို့ရမလား... ကိုယ်တိုင်ရွေးချယ်ရာနေရာ ဆိုတာ ဘာကိုဆိုလိုတာလဲ?
တစ်ဖက်လူရဲ့ ကျင့်ကြံမှုအဆင့်သည် မမြင့်မားပေ။ သူ့ပတ်ဝန်းကျင်ရှိ လူအများစုမှာ နတ်မီးနယ်ပယ် သို့မဟုတ် မျှော်စင်နယ်ပယ်များ ဖြစ်ကောင်းဖြစ်နိုင်သည်။ လူငယ်သည် အလွန်သိမ်မွေ့သော စိတ်ထားရှိလေသည်။ သူက ပြုံးပြီးပြော၏။
"လတ်စသတ်တော့ အဝေးကလာတဲ့ မိတ်ဆွေကိုး... ကိုယ်တိုင်ရွေးချယ်ရာနေရာ ဆိုတဲ့ ဧရိယာမှာ ထားသမျှပစ္စည်းတွေကို ထန်းယွမ်ကြယ်၊ ကြယ်တစ်သောင်းကမ္ဘာနဲ့ တခြားကမ္ဘာငယ်လေးတွေရဲ့ ဆိုင်တွေကနေ စုဆောင်းထားတာ"
"စဉ်းစားကြည့်... ကမ္ဘာကြီးက ကြီးကျယ်ခမ်းနားပြီး ကျွန်တော်တို့မသိတဲ့ မရင်းနှီးတဲ့အရာတွေလည်း အများကြီး ရှိတယ်မလား... ဒါကြောင့် ဆိုင်တစ်ဆိုင်ကို သွားရှာတဲ့အခါတိုင်း အရာတော်တော်များများကို တွေ့နိုင်ပေမယ့် သူတို့ရဲ့ နာမည်နဲ့ ဂုဏ်ရည်တွေကို မသိနိုင်ဘူးလေ"
"ဒါဆို ဒီအရာတွေကို ကိုယ်တိုင်ရွေးချယ်တဲ့ ဧရိယာမှာ ထားရှိထားပြီး လူတိုင်း ရွေးချယ်ခွင့်ရှိတယ်... ဈေးနှုန်းတွေက မမြင့်ပေမယ့် နိမ့်လည်းမနိမ့်ဘူး... အားလုံးက စွမ်းအင်သလင်ကျောက် ၁သောင်း အနည်းဆုံးပဲ"
"ဒါပေမဲ့ ဒါတွေက တစ်ခုတည်း မဟုတ်ဘူး... တခြား အပိုပစ္စည်းတွေလည်း ရှိတယ် တစ်တည်းရှိရင် ဈေးက အများကြီး ပိုများလိမ့်မယ်"
"သေချာတာပေါ့ ဘယ်ပစ္စည်းက ဘာလဲဆိုတာ သိရင် ဆိုင်ကို အကြောင်းကြားပြီး စိစစ်ပြီးရင်တော့ ပစ္စည်းတွေကို အခမဲ့ သိမ်းသွားနိုင်တယ်... ပြီးတော့ ပစ္စည်းတွေက အရမ်းတန်ဖိုးကြီးရင်တော့ ဆိုင်က မင်းအတွက် ဈေးချပေးတာမျိုး လုပ်ပေးနိုင်တယ်... ဒါကြောင့် ငါတို့လို လက်နက်သန့်စင်တဲ့ အလုပ်သင်တွေက လတ်ဆတ်တဲ့ ပစ္စည်းတွေကို ရနိုင်တယ်ဆိုတာကို သိနိုင်ဖို့ ဒီမှာ စုရုံးလာကြတာပဲ!"
လုရွှမ် နားလည်သွားသည်။ ဒါက တကယ်ကို ထက်မြက်တဲ့ နည်းလမ်းတစ်ခုလို့ ပြောလို့ရသည်။ ကျေးဇူးတင်ကြောင်း ပြောပြီးနောက် လုရွှမ်သည် ဤလျှို့ဝှက် ဆန်းကြယ်သော ပစ္စည်းများကို ရှာဖွေရန် ပွင့်လင်းသော နေရာတစ်ခုကို ရွေးချယ်လိုက်သည်။
တစ်ချက် ပြီးနောက် ဤအရာများကို တစ်ခုမှ မသိအတွက် ကိုယ့်ဘာသာကိုယ် အရှက်ကွဲသွားတာ တွေ့လိုက်ရသည်။ ဆိုင်ရှင်က ဒါတွေကို ဒီမှာပစ်ထားထားတာက ကျပန်း ဖြုန်းတီးနေတာ မဟုတ်ပဲ။
သို့သော် လုရွှမ်သည် နောက်ပိုင်းတွင် အဖြေတစ်ခုကို ရှာတွေ့သွားခဲ့သည်။ ဒါတွေကို မသိသော်လည်း သိနိုင်သူကို သူ့မှာ ရှိသည်လေ။ ဒီပစ္စည်းတွေကို မှတ်မိတဲ့ ငှက်ကို ရှာလိုက်ရုံပဲ။
"ကျီးဖိုးဖိုး.... မထွက်လာနဲ့ ကျောက်စိမ်းပြားထဲကနေ အရှေ့မှာ ဒီအရာတွေကို ကြည့်လိုက် ကောင်းတာတွေ ရှိလား"
လုရွှမ် ရွှေကျီးကန်းအား ဒီမှာ စည်းကမ်းချက်တွေကို ပြောပြလိုက်သည်။ ရွှေကျီးကန်း တဟီးဟီးရယ်ရင်း ဂုဏ်ယူစွာ ပြုံးလိုက်၏။
"ကောင်လေး... မင်းနောက်ဆုံးတော့ ဉာဏ်ကောင်းပေမယ့် ဒီလိုမျိုးတွေကို သိချင်တော့ ပြေးလာတယ်ပေါ့လေ... လာစမ်း ငါကြည့်ကြည့်ရအောင်"
"အား... အမှိုက်တွေ အမှိုက်တွေ အမှိုက်တွေ"
ရွှေကျီးကန်းသည် အမှိုက်ပုံကြီးလို့ တိုက်ရိုက် ခေါ်လိုက်ပြီး နောက်ဆုံးတော့ သူ့အသံက စိတ်လှုပ်ရှားလာ၏။
"ကောင်လေး အဲဒီစိမ်းနေတဲ့ ကျောက်တုံးနဲ့တူတဲ့ဟာက ထူးဆန်းသားရဲရဲ့ သည်းခြေပဲ... ကျောက်တုံး ဖြစ်သွားပေမယ့် မင်းမှာ ဖီးနစ်နတ်မီး ရှိတယ်မလား... ထပ်ပြီး သန့်စင်ပေးနိုင်ရင် ခန္ဓာကိုယ်ထဲကို အဆိပ်အတောက် အားလုံးကို ခုခံနိုင်စေတယ်"
"ထူးဆန်းသားရဲ ဟုတ်လား?"
လုရွှမ်သည် ဤကဲ့သို့သော ခေါင်းစဉ်ကို ပထမဆုံးအကြိမ် ကြားလိုက်ခြင်းပင်။
"ငတုံး... မင်းသိတာ ဘာရှိသေးလဲ? ငါ ပြောပြမယ် ပင်လယ်သားရဲ၊ နတ်ဆိုးသားရဲ၊ သားရဲ... စကြာဝဠာထဲမှာ သားရဲအမျိုးအစား အများကြီး ရှိတယ် ဒါပေမဲ့ အဲဒါတွေအားလုံးက တိရစ္ဆာန်တွေရဲ့ နာမည်တွေပဲ"
၎င်းတို့ကို မြေပြင်အနေအထား၊ အမျိုးအစား၊ ဩဘာစသည်ဖြင့် ခွဲခြားထားသောကြောင့် သားရဲတွေက အများအပြားသည် ဒေသအသီးသီးတွင် နာမည်အမျိုးမျိုးဖြင့် ရှိကြသည်။ အမှန်တော့ ၎င်းတို့အများစုမှာ တစ်မျိုးတည်းသာ ဖြစ်သည်။
လုရွှမ် ခေါင်းညိတ် သဘောတူလိုက်သည်။ အမှန်တကယ်တော့ သားရဲများသည် အမျိုးအစားတူသော်လည်း မတူညီသော နေရာများတွင် နာမည်များ လုံးဝ ကွဲပြားသွားခြင်းပဲ ဖြစ်သည်။
"ဒါပေမဲ့ ကမ္ဘာပေါ်မှာတော့ ထင်ရှားကျော်ကြားတဲ့ နတ်သားရဲကြီး ၄ ကောင်ပဲ ရှိတယ်... ချင်လုံ၊ ပိုင်းဟူ၊ ကျူးချွဲ့၊ ရွှမ်ဝူ.... ရက်စက်ကြမ်းကြုတ်တဲ့ သားရဲလေးကောင်မှာ ထောင်းတျဲ၊ ဟွမ့်သွမ့်၊ ချုံးချီ၊ ထောင်ဝူ... ရက်စက် ကြမ်းကြုတ်တဲ့ သားရဲလေးကောင် အပြင် ထူးခြားဆန်းပြားတဲ့ သားရဲလို့ ခေါ်တဲ့ အမျိုးအစား တစ်ခုလည်း ရှိသေးတယ်... ထူးခြားဆန်းပြားတဲ့ သားရဲအမျိုးအစားက ဘယ်လောက် ရှိလဲတော့ ဘယ်သူမှ မသိနိုင်ဘူး"
"နတ်သားရဲနဲ့ ရက်စက် ကြမ်းတမ်းတဲ့ သားရဲတွေ မွေးဖွားလာရင် ကောင်းကင်မှာ အပြောင်းအလဲတွေ မလွဲမသွေ ဖြစ်ပေါ်လာလိမ့်မယ်... နတ်သားရဲ မွေးဖွားလာရင် ကောင်းကင်မှာ တိမ်တိုက်များ ပေါ်လာပြီး မြေကြီးတစ်ပြင်လုံး ချိုမြိန်တဲ့ မိုးရေတွေ စီးဆင်းလိမ့်မယ်... ရက်စက်ကြမ်းကြုတ်တဲ့ သားရဲ မွေးဖွားလာရင်တော့ သွေးမျက်ရည် ကြွေကျပြီး ကောင်းကင်နဲ့ မြေကြီးပေါ်မှာလည်း သရဲတွင်းတွေ ပေါ်လာလိမ့်မယ်တဲ့
"ထူးဆန်းသားရဲများက လျှို့ဝှက် ဆန်းကြယ်ဆုံး တည်ရှိမှုပဲ... တချို့က နတ်သားရဲလေးကောင်နှင့် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲလေးကောင်အောက်မှာ မရှိပေမယ့် တချို့အရမ်း အားနည်းတဲ့ အကောင်တွေက သာမန်လူသားတစ်ယောက်ကို အသာလေး ခေါင်းဖြတ်နိုင်တယ်"
"ကောလဟာလတွေ အရတော့... ထူးဆန်းသားရဲတွေက နတ်ဆိုးသားရဲတွေ မွေးပြီးချိန်မှာ ဗီဇပြောင်းလဲသွားတဲ့ ရလဒ်ပဲတဲ့ ဒါပေမဲ့ တချို့ကတော့ မျိုးစိတ် အမျိုးမျိုးကနေ ပေါက်ဖွားလာတယ်လို့လည်း ဆိုကြတယ်.... ကွဲပြားတဲ့ အမြင်တွေရှိတော့ တိကျတဲ့ အဖြေတွေလည်း မရှိဘူးပေါ့ကွာ... ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ထူးဆန်းသားရဲလေးတွေမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်အစွမ်း ရှိတယ်ကွ.."
"ဥပမာ ဖေးထျန်းသားရဲ... အရမ်းမြန်တဲ့ ချင်းလုံကတောင် သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူးလေ... သွမ့်သိသားရဲဆို ရွှမ်ဝူကိုတောင် ရှောင်ဖယ်နိုင်တယ်... ကောင်းကင်ကို မျိုချနိုင်တဲ့ သားရဲမျိုးဆိုလည်း ကောင်းကင်နဲ့ မြေကြီး အပါအဝင် ထူးထူးခြားခြား မှော်ဆန်မှုတွေ အားလုံးကို မျိုချနိုင်တယ်...."
"အခု ကျောက်တုံးနဲ့တူတဲ့ ဒီသားရဲက ဝိညာဥ်ကူကောင်လို့ ခေါ်တဲ့ ထူးဆန်းတဲ့ သားရဲတစ်ကောင်ပဲ... သူ့ခန္ဓာကိုယ်က သည်းခြေတစ်ပိုင်းပေါ့ ခန္ဓာကိုယ်က သေပြီးနောက်ရင် သူ့အစွမ်းတွေကို သူ့ရဲ့ သည်းခြေက စုပ်ယူသွားပြီး ကမ္ဘာပေါ်က အဆိပ်အားလုံးကို ဖြေရှင်းပေးနိုင်တဲ့ ဆေးဝါး ဖြစ်လာတာ"
"ဒီလို အစွမ်းသတ္တိမျိုးကို လျှော့မတွက်နဲ့နော်... ဝိညာဥ်ကူသားရဲ ဆယ်ကောင်မှာ တစ်ကောင် အရွယ်ရောက်ဖို့ မဖြစ်နိုင်သလို အရွယ်ရောက်ပြီးသား အကောင် တစ်ရာမှာလည်း တစ်ကောင် သေဆုံးဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး... ပြီးတော့ ဒီလို ဝိညာဥ်ကူသားရဲကပဲ ဒီလိုဟယကို ဖန်တီးနိုင်တာ... ဒါကိုပဲ ကြည့်လိုက် ကျောက်ဖြစ်ရုပ်ကြွင်း ရဖို့က အရမ်းကို ခက်ခဲတယ် ဒါက နှစ်ပေါင်းတစ်သိန်းထက်မနည်း သက်တမ်းရှိနိုင်တယ် ဒီကောင်တွေ ဘယ်ကရလာမှန်းတော့ မသိဘူး
လုရွှမ်သည် ဤကဲ့သို့ ကျောက်တုံးလို အရာက ဒီလိုပင်ကိုယ် အစွမ်းအစရှိကြောင်း ကြားလိုက်ရသဖြင့် အံ့သြသွားသည်။
ကောင်းကင်နှင့် မြေကြီးသည် ကျယ်ဝန်းသည်။ ကမ္ဘာသည် ကျယ်ပြောပြီး မွေးဖွားနှုန်းသည် အဆုံးအစ မရှိပေ။
"ဒါဆို ကျီးဖိုးဖိုး တခြားကောင်းတာတွေ ရှိသေးလား?"
လုရွှမ် စိတ်လှုပ်ရှားမှု အပြည့်နဲ့ မေးလိုက်သည်။
"ဘယ်လောက်တောင် လောဘကြီးလိုက်တဲ့ ကောင်ပါလိမ့်? ဒါပေမဲ့ ငါကြိုက်တယ်!"
ရွှေကျီးကန်းက ရယ်မောလိုက်သည်။ ဒါဇင်နဲ့ချီတဲ့ အရာတွေကို ညွှန်ပြပြီးနောက် ကျန်တဲ့ဟာတွေက အမှိုက်တွေ ဖြစ်သွား၏။ လုရွှမ်သည် ရွှေကျီးကန်းက ဒါတွေက ဘာမှန်းမသိတာကြောင့် ထိုအရာများကို အမှိုက်ပုံထဲ ပစ်ထည့်လိုက်တာ ဖြစ်နိုင်ကြောင်း နားမလည်နိုင်လောက်အောင် ခံစားခဲ့ရသော်လည်း သူ ထုတ်မပြောရဲပါဘူး။ မဟုတ်ရင် ရွှေကျီးကန်းက ဒေါသဘယ်လို ပေါက်ကွဲမလဲ မသိနိုင်ပေ။
"စကားမစပ် ကောင်လေး ဒီကလေးမလေး ကျားဖြူက ဒေါသထွက်နေတာကြာပြီ။ မင်း သူ့ကို ဘယ်တော့ လွှတ်ပေးမှာလဲ"
"သူမ နတ်မီးရတဲ့အထိ စောင့်ရအောင် မဟုတ်ရင် ဒီမျှော်စင် နယ်ပယ်က သခင်တွေ သူမရဲ့ ပုံစံအစစ်အမှန်ကို ရှာတွေ့သွားလိမ့်မယ်... တစ်နေ့မှာ သူမကို အဂ္ဂိရတ် သန့်စင်ဖို့အတွက် အဖမ်းခံလိုက်ရမှာကို ကြောက်ရတယ်"
လုရွှမ်ရဲ့ စိုးရိမ်ပူပန်မှုက အခြေအမြစ် မရှိတာတော့ မဟုတ်ပေ။ ကျားဖြူလေး၏ သွေးသည် ဖြူစင်သန့်ရှင်း လွန်းသဖြင့် မက်မောသူများ၏ မျက်လုံးများစွာကို ဆွဲဆောင်မိသွားနိုင်သည်။
စကားအနည်းငယ် ပြောပြီးသောအခါ လုရွှမ်သည် ပစ္စည်းများကို ရွေးချယ်ပြီးနောက် ကောင်တာစားပွဲသို့ ထွက်လာခဲ့သည်။ သူ့လုပ်ရပ်သည် လူများစွာ၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။ နောက်ဆုံးတွင် ထိုပစ္စည်းများကို အသိအမှတ်ပြုခံရရန် မျှော်လင့်ချက်ဖြင့် ထိုနေရာတွင် ထားရှိခဲ့တာ ဖြစ်သည်။
သာမာန်အားဖြင့် အသိအမှတ်ပြု ခံလိုက်ရသည့် ပစ္စည်းတစ်ခုသည် လူအားလုံး၏ အာရုံကို ဖမ်းစားသွားမှာပဲ ဖြစ်သည်။ လုရွှမ်သည် အမှန်တကယ်ပင် ပစ္စည်းဆယ့်သုံးမျိုးကို တိုက်ရိုက်ရွေးချယ်ခဲ့ရာ ဆိုင်ထဲရှိလူတိုင်း အံ့အားသင့်သွားကြသည်။