← Chapters

ဆန်းကြယ်ကောင်းကင်ဂိုဏ်းရဲ့ ဆိုင်

Vol. 87 Ch. 4.824

ဆန်းကြယ်ကောင်းကင်ဂိုဏ်းရဲ့ ဆိုင်

Vol. 87 Ch. 4.824

လုရွှမ်သည် ကျောင်းမိသားစု ပစ္စည်းဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ အပြင်အဆင်သည် လီမိသားစု အရောင်းဆိုင်နှင့် တူညီလုနီးပါးပင်။

၎င်းတို့ နှစ်ခုစလုံးသည် အဆုံးမရှိသော ကောင်တာများ ရှိပြီး အထဲတွင် ပစ္စည်းအများအပြား ထည့်ထားသည်။ တံခါးနောက်ကွယ်ရှိ ကျယ်ပြန့်သော ဧရိယာတွင် ရှားပါးပစ္စည်းများကို ပြသထားသည့် ကြီးမားသော ကိုယ်ပိုင်ရွေးချယ်ရာ ဧရိယာတစ်ခုလည်း ရှိသည်။

လုရွှမ်သည် သူ့နောက်က လိုက်လာသူများကို ရှာတွေ့ရှိခဲ့ပြီးသား ဖြစ်သည်။ တခြားဂိုဏ်းများက နတ်မီးနယ်ပယ် အဆင့်ရှိ လူများက သူ့ကို စောင့်ကြည့်နေကြတာပါပဲ။ လီကျင်သည် ဒီအတိုင်း ဆိုင်ရှင်တစ်ဦးသာ ဖြစ်သောကြောင့် သူ့တွင် အဲ့လောက် ယုံကြည်မှု မရှိပေ။

နတ်မီးနယ်ပယ် အစောပိုင်း အဆင့်လေးနဲ့ သူ့ကိုခြေရာခံချင်နေတာ လုံးဝ ရယ်စရာ ကောင်းပါသည်။ လုရွှမ်လည်း ဤအရာများကို ဖုံးကွယ်ထားလို့ မရနိုင်ကြောင်း သိနေခဲ့သည်။ မဟုတ်ပါက ထိုကောင်လေး ဟိုးရှေးရှေးကတည်းက သေသွားပေလိမ့်မည်။

ဤနေရာတွင် လက်နက် သန့်စင်သည့် ကိရိယာ အများအပြားလည်း ရှိပြီး သူနောက်တစ်ကြိမ် အံ့ဩစရာ တစ်ခုခု လုပ်နိုင်ဦးမလားဟူ၍ သိနိုင်ရန် သူ့နောက်မှ လိုက်လာသော အသိမိတ်ဆွေ တချို့ပင် ရှိသေးသည်။

လုရွှမ်ကတော့ ရွှေကျီးကန်းလို့ ခေါ်လိုက်သည်။ ရွှေကျီးကန်းကလည်း လုရွှမ်ရဲ့ အစီအစဉ်ကို သိတာကြောင့် ကိုယ်တိုင်ရွေးချယ်ရာနေရာ ဧရိယာကို တစ်ချက် ကြည့်လိုက်သည်။

"လီမိသားစုက အသန်မာဆုံး မဟုတ်လား? ဒီမိသားစုမှာ လီမိသားစုထက် ပိုအရေးကြီးတဲ့ အရာတွေကို ရှာတွေ့မယ်လို့ မမျှော်လင့်ထားဘူး... ကောင်လေး မင်း အဲဒါတွေကို ချက်ချင်းယူမလား ဒါမှမဟုတ် ချန်ထားခဲ့ပြီး နောက်တစ်ကြိမ်မှ လာယူမလား?"

လုရွှမ်က "ကျွန်တော့်နာမည်ကို မကြာခင်မှာ ဖုံးကွယ်ထားနိုင်တော့မှာ မဟုတ်ဘူး... ပစ္စည်းတွေ ထပ်လာကောက်ရရင် တိုက်ရိုက် တိုက်ခိုက်ခံရမှာကိုတောင် ကြောက်ရတယ် တစ်ချိန်တည်းမှာ တတ်နိုင်သမျှ အကုန် ယူသွားမယ်"

"အရမ်းကောင်းတယ် အဲဒါ သဘောထားကြီးတာပဲ... လေးစားတယ်ဟေ့"

ရွှေကျီးကန်းက ရယ်မောကာ ပစ္စည်းများကို စတင်ကောက်ယူသည်။ နံ့သာချောင်း တစ်ဝက်ခန့် ပြီးသောအခါ လုရွှမ်သည် အမည်မသိ ပစ္စည်း၃၇ခုကို ကိုင်ဆောင်ကာ ကောင်တာဆီသို့ ရောက်လာသည်။

လုရွှမ် အနည်းငယ် ရှင်းပြနိုင်မည်ဟု မျှော်လင့်ကာ ကောင်တာရှေ့တွင် အားလုံးက ကြောက်ရွံ့ထိတ်လန့်စွာ စောင့်နေကြသော်လည်း လုရွှမ်က တိတ်ဆိတ်နေသောကြောင့် သူ့ပတ်ဝန်းကျင်ရှိ လူအားလုံး အံ့အားသင့် စိတ်ပျက်သွားခဲ့ကြသည်။

ကျောင်းမိသားစုမှ ဆိုင်ရှင်က ထပ်ခါတလဲလဲ ရှင်းပြသည်။ လုရွှမ်လည်း သူ့ကို လေးလေးစားစား ကျေးဇူးတင်ကြောင်း ပြောကြားပြီးနောက် 15% လျှော့စျေးပေးသော အသင်းဝင်ကတ်ကို ယူကာ ထွက်ခွာသွားခဲ့သည်။

ထို့နောက် နောက်တစ်နေရာသို့ သွားသည်။

ဝမ်မိသားစုတွင် ပစ္စည်းနှစ်ဆယ်ကို ရွေးချယ်ခဲ့ပြီး ဟဲမိသားစုတွင် ဆယ့်ငါးခုကို ရွေးချယ်သည်။ မုရုန်မိသားစုတွင် ဆယ်ခုကို ရွေးချယ်ခဲ့သည်။

သူ့နောက်သို့ လိုက်လာသည့် လူများက ပိုများလာကြောင်း လုရွှမ် သတိထားမိပါသည်။ လုရွှမ် အဓိက အင်အားစု ကိုးခုဆီက ဘယ်လောက်တောင် သိမ်းလာတယ် ဆိုတာလည်း အားလုံးက သိလိုကြသည်။

ဆန်းကြယ်ကောင်းကင်ဂိုဏ်း ပစ္စည်းဆိုင်၌။

"ဆိုင်ရှင်.... ကျွန်တော်တို့...."

"ဟမ့်....လုပ်ငန်းကိုပိတ်ပြီး ရှိသမျှ အရာတွေကို ဖုံးကွယ်ထားရင် တခြားသူတွေက လာလှောင်ပြောင်နေမှာပေါ့ဟ... ငါတို့က ဆန်းကြယ်ကောင်းကင် ဂိုဏ်းရဲ့ တန်ခိုးကြီးကိုးပါးထဲက တစ်ခု... ငါတို့ရဲ့ ဧည့်သည်တော်တွေနဲ့ ဆက်ဆံဖို့ စီးပွားရေးကို ပိတ်ပစ်လိုက်ရင် အနာဂတ်မှာ ငါတို့ ဆန်းကြယ်ကောင်းကင် ဂိုဏ်းကို ဘယ်သူက ယုံကြည်တော့မှာလဲ?

"စကားမစပ်... အဲဒီကောင်လေးက ဘယ်သူလဲ မင်းသိပြီလား?"

"သခင်မလေးကို သတင်းပို့ပြီးသွားပြီ ပြဿနာမရှိဘူးလို့ ပြောတယ်!"

"သခင်မလေး? ဒါက သူမနဲ့ ဘာဆိုင်လို့လဲ"

"ဒီငယ်သားလည်း အဲ့အကြောင်း သိပ်မသိပါဘူး... ကျွန်တော့်ရဲ့ အဆင့်အတန်းက အဲ့အခြေအနေက သိရလောက်တဲ့အထိ မလုံလောက်ဘူးရယ်"

ဆိုင်ရှင်သည် ဘယ်လောက်ပဲ ဘုန်းကြီးနေပါစေ ပစ္စည်းဆိုင်၏ ဆိုင်ရှင်သာ ဖြစ်သည်။ ယခုတလော ဒုက္ခခံရန် ဤနေရာသို့ ရောက်ရှိလာသူက မနည်းပေ။ ကတ်ငွေပေးချေမှုနှင့်အတူ ၀ငျငှကေ အတော်လေး များသောကြောင့် သူ့ပိုက်ဆံအိတ်သည် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ပိုမိုချမ်းသာလာခဲ့သည်။

လုရွှမ် နောက်ဆုံးတွင် ဆန်းကြယ်ကောင်းကင် ဂိုဏ်း၏ ပစ္စည်းဆိုင်သို့ ဝင်ရောက်လာခဲ့သည်။ ယခင်ဆိုင်များတွင် လုရွှမ် ထိုလူများ၏ မကျေမနပ်ဖြစ်မှုကို ခံစားမိပါ၏။ သူတို့၏ ဒေါသကို ထိန်းထားနိုင်သေးတာကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် ဝမ်းသာသွားမိသည်။

ဒါပေမဲ့ ဒါက ဆန်းကြယ်ကောင်းကင် ဂိုဏ်းပဲ။ ချောင်လုကြောင့် လုရွှမ်လည်း ရန်ဖြစ်ဖို့ မရည်ရွယ်ထားပါဘူး။ သဘာဝကျကျနဲ့ ပစ္စည်းတစ်ခု နှစ်ခုလောက်ကို ကြုံသလို ကောက်ယူပြီး တခြားလူတွေ ကြုံတောင့်ကြုံခဲ အရင်းအမြစ် တချို့ကို ရှာတွေ့အောင်လည်း ကူညီပေးလိုက်သည်။

ဆန်းကြယ်ကောင်းကင် ဂိုဏ်း၏ ကိုယ်တိုင်ရွေးချယ်ရာ ဧရိယာတွင် ရတနာများစွာ မရှိသော်လည်း ရာနှင့်ချီတော့ ရှိသေးသည်။

လုရွှမ်သည် ပစ္စည်းများ အမျိုးပေါင်း 80 ကျော်ကို တိုက်ရိုက် သယ်ဆောင်လာပြီး ကောင်တာဆီသို့ ရောက်လာသည်။ ဆိုင်ရှင်၏ မျက်နှာက မည်းမှောင်သွား၏။ သူသည် သခင်မလေးကို သတင်းပို့ထားပေမယ့် သခင်မလေး ရောက်ရှိလာရင်ရော အဆင်ပြေပါ့မလား မသိပေ။

"ဆိုင်ရှင်... ဒီပစ္စည်းသုံးမျိုးကို စစ်ဆေးကြည့်ပေးဖို့ စာရွက်တစ်ရွက် ယူလာပေးပါဦး ဒါတွေက ဘာတွေလဲ ဘယ်လို အသုံးဝင်လဲ ပြောပြမယ်"

"ဒီကသခင်လေး... ကျွန်တော်က ဆိုင်ရှင်တစ်ယောက်ပဲဆိုပေမဲ့ တာဝန်ခံလို့ မရဘူး အမ် သခင်လေး ဘာတွေပြောနေတာလဲ ဒီသုံးမျိုးပဲလား? ကျန်တာတွေကိုလည်း ဖော်ထုတ်ပေးပါဦး"

ဆိုင်ရှင်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင်မှ လူများကလည်း တစ္ဆေမြင်သွားသလို လန့်ဖြတ်ကာ ကြည့်လာ၏။

"ဘာလဲ? အဆင်မပြေလို့လား?"

"မဟုတ်တာ မဟုတ်တာ စားပွဲထိုး စားပွဲထိုး

... မင်းဘယ်မှာလဲ? ကျောက်စိမ်းတံဆိပ်ပြားကို မြန်မြန် သွားယူလာခဲ့!"

ဆိုင်ရှင်က သူ့မျက်နှာကို အတင်းအကြပ် ပြုံးပြပြီး လုရွှမ်ကို ထိုင်ဖို့ လေးလေးစားစား ဖိတ်ခေါ်လိုက်ပါသည်။ လှပတဲ့ အမျိုးသမီး နှစ်ယောက်ကို လက်ဖက်ရည် အမွှေးအကြိုင်တွေနဲ့ အသီးအနှံတွေ ယူဆောင်လာပေး၏။

လုရွှမ်သည် ကျောက်စိမ်းပြားထဲတွင် % တချို့ ရိုက်ထည့်ကာ ဆိုင်ရှင်အား ပြန်ပေးလိုက်သည်။ တစ်ဖက်လူမှာ ကျောက်စိမ်းပြားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး အမြန်ကြည့်ကာ တစ်ခုခု ဆုံးရှုံးရမည်ကို စိုးရိမ်နေသည့်နှယ် သိုလှောင် လက်စွပ်ထဲသို့ အမြန် ပြန်ထည့်လိုက်သည်။

"သခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်... ဒီပစ္စည်းသုံးမျိုးအတွက် အခကြေးငွေယူရတာ အရမ်း တန်ပါတယ် ဒါက အသင်းဝင်ကတ်ပါ နောင်ဒီကိုလာနေသမျှ အရာအားလုံးအတွက် 30% လျှော့စျေးရလိမ့်မယ်"

လုရွှမ်သည် ဆိုင်ရှင်၏ အပြုအမူကို ကျေနပ်စွာ ရယ်မောပြီးနောက် ဝေးရာသို့ ထွက်ခွာသွားကာ ချီးထန်းဂိုဏ်း၏ နောက်ထပ် ပစ္စည်းဆိုင်ဆီသို့ ပြေးသွားခဲ့ပြန်သည်။

"ဆိုင်ရှင်... သခင်လေးလုရွှမ်နဲ့ ဆန်းကြယ်ကောင်းကင်ဂိုဏ်းကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိနေတာလား"

ဆိုင်ရှင်က အရမ်းပျော်နေပေမယ့် ခေါင်းကို ထပ်ခါတလဲလဲခါရင်း လုံး၀ မသိကြောင်း ပြောလိုက်သည်။

သခင်မလေး ရောက်လာပါပြီ

အဲဒီအချိန်မှာ လူတစ်ယောက် အလျင်အမြန် ပြေးဝင်လာပြီး ချောင်လုလည်း နောက်မှ လိုက်ဝင်လာသည်။

"ဆိုင်ရှင် ဘာလုပ်နေတာလဲ? ငါတို့ပစ္စည်းဆိုင်မှာ ဘယ်သူက ဒုက္ခလာပေးနေတာလဲ?"

ချောင်လုသည် သူမ၏မျက်နှာပေါ်က မည်းမှောင်သော အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။ အခုတလော သူမသည် လက်နက်သန့်စင်ရေး အလုပ်ရုံတွင် နေလျက် ဆရာလုရွှမ်၏ လက်နက်သန့်စင်မှု အတွေ့အကြုံကို နားလည်သဘောပေါက်အောင် ကြိုးစားနေတာ ဖြစ်လေသည်။

သူမအား ဤနေရာသို့ တစ်ယောက်တည်း လာရန် တောင်းဆိုသော အဖေ့ထံမှ စာကို အမှန်တကယ် ရရှိခဲ့ပါသည်။ ဆန်းကြယ်ကောင်းကင် ပစ္စည်းဆိုင်သည် သူမ၏ လက်နက် သန့်စင်ခြင်းအတွက် ပစ္စည်းများ အားလုံးကို ရရှိသည့်နေရာဖြစ်ကြောင်း သူမ သဘာဝကျကျ သိသော်လည်း ဤနေရာတွင် ပြဿနာ ရှိလာသောအခါ သူမကိုယ်တိုင် ပြဿနာကို ဖြေရှင်းဖို့ မလိုဘူး မဟုတ်ပါလား။

သို့သော်လည်း သူမသည် အဖေ၏အမိန့်ကို မနာခံရဲသောကြောင့် သူမမှာ ဒုက္ခပေးသူကို သတ်ပစ်မည်ဟု စိတ်ထဲတွင် ကတိပြုကာ ဤနေရာတွင် ပေါ်လာဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

ဆိုင်ရှင်သည် ဂါဝရပြုရန် အရှိန်အဟုန်ဖြင့် ရှေ့ကို တိုးလာပြီး အရှေ့က အဖြစ်အပျက်ကို ပြောပြလိုက်သည်။

ချောင်လုက ခဏလောက် အံ့အားသင့်သွားပြီး။

"အဲဒါက ကောင်းတာမဟုတ်ဘူးလား... နင်က ဘာလို့ ငါ့ကို လာခိုင်းတာလဲ?"

"မဟုတ်ပါဘူး... သခင်လေးလုရွှမ်က ဘာလုပ်မယ် ဆိုတာကို ကျွန်တော်တို့လည်း မသိခဲ့ကြဘူး.... ငါတို့ အကြီးအကျယ် ဆုံးရှုံးမှုတွေ ကြုံရလိမ့်မယ်လို့ ထင်ထားခဲ့တာ.... သူ ရတနာရဲ့ အသုံးဝင်ပုံကို တကယ်လက်ထဲ အပ်လာမယ် ဆိုတာ ဘယ်သူက ထင်မှာလဲ?"

ဆိုင်ရှင်သည် အလွန်ထက်မြက်ပြီး ကျောက်စိမ်းပြားကို အလျင်အမြန် လွှဲပြောင်းပေးခဲ့သည်။

"သခင်လေးလုရွှမ် ?"

"ဟုတ်တယ် သခင်မလေး သိလို့လား?"

"အဲဒါ ငါ့ဆရာသခင်!"

"ဆရာ?"

"ဟူး.. ဆရာကတော့ ဆရာပါပဲ... သူက အများကြီး သိတယ်လေ ဟေး သူချီထန်းဂိုဏ်းရဲ့ ဆိုင်ကို သွားခဲ့တာလား? သူတို့ရဲ့ ဟာသတွေကို ကြည့်ဖို့ အရင်သွားလိုက်ဦးမယ်!"

All Chapters