နာမည်ကြီးလာပြီ
Vol. 87 Ch. 4.825
"သခင်မလေးရဲ့ ဆရာလား?"
ဆိုင်ရှင်မှာ အံ့အား သင့်သွားသော်လည်း ၎င်းသည် အမှန်တကယ် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း သူသိလိုက်သည်။ မဟုတ်ပါက လုရွှမ်ဟာ ဆန်းကြယ်ကောင်းကင် ဂိုဏ်းကို မျက်နှာသာ ဘယ်တော့မှ ပေးလိမ့်မည် မဟုတ်ပေ။
သခင်မလေးသည် နတ်မီးနယ်ပယ်က ကျင့်ကြံသူ ဖြစ်သော်လည်း သူ ဆရာအဖြစ် အမှန်တကယ် ကိုးကွယ်နေသူက ကောင်းကင်ဘုံသခင် ဖြစ်နေလေသည်။
ဆိုင်ရှင်က ခေါင်းယမ်းပြီး ဒီပစ္စည်းတွေကို ချလိုက်သည်။ သူနဲ့ မဆိုင်သလို ဝင်မပတ်သက်တာက ပိုကောင်းပါသည်။
ချောင်လု ချီထန်းဂိုဏ်းရဲ့ ပစ္စည်းဆိုင်သို့ ပြေးသွားလိုက်တော့ လုရွှမ်ကို ချက်ချင်း တွေ့လိုက်ရသည်။ သူက ကောင်တာရှေ့တွင် ပစ္စည်းသုံးဆယ်ကျော်ကို တန်းစီချထားကာ ဆိုင်ရှင်၏ မျက်နှာမှာတော့ မည်းမှောင်နေလေသည်။
လုရွှမ် ဒီထက်ပိုမယူချင်ပေမယ့် ကျန်တဲ့ အများစုကိုတော့ ယူပြီးသွားပါပြီ။ ရွှေကျီးကန်းတောင်မှ မမြင်ဖူးတဲ့ အရာတစ်ချို့လည်း ရှိပါသေးသည်။
"သခင်လေး... ဒီပစ္စည်းတွေက ဘာလဲဆိုတာ မပြောဘူးလား? ကျုပ်တို့နဲ့ ဆန်းကြယ်ကောင်းကင် ဂိုဏ်းက အတူတူပါပဲ"
"ဟေ့!"
ချောင်လု အော်ဟစ်ပြီး လူအုပ်ထဲမှ တိုးဝေ့ကာ ထွက်လာသည်။ လုရွှမ် ချောင်လုကို မြင်တော့ ခပ်ဖွဖွ ပြုံးလိုက်၏။ ဆိုင်ရှင်က သတင်းကို ဆန်းကြယ်ကောင်းကင် ဂိုဏ်းကို သေချာပေါက် သတင်းပေးမည်မှန်း သိထားကာ ချောင်လုကလည်း ရှေ့သို့ထွက်ရန် အသင့်တော်ဆုံးလူ ဖြစ်သည်။
ချောင်လု ရှေ့သို့ လှမ်းလာပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ဆရာ့ကို နှုတ်ဆက်ပါတယ်"
ထို့နောက် လုရွှမ်နောက်တွင် ရပ်နေလိုက်၏။ ကျင့်ကြံသူများအားလုံး အံ့အားသင့်စွာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ လုရွှမ်သည် အထက်တန်းစား လူများကြားတွင် ထူးခြားသော ဂုဏ်သတင်းတစ်ခု ရှိသော်လည်း သာမာန်လူများကြားတွင်တော့ ထိုနတ်ဘုရားကို တစ်ခါမျှ မကြားဖူးပေ။
သို့သော် ထိုလူသည် ဆန်းကြယ်ကောင်းကင် ဂိုဏ်း၏ အကြီးဆုံးသမီးကြီး ချောင်လု၏ ဆရာသခင် ဖြစ်လာခဲ့သည်။ ချက်ချင်းပင် လုရွှမ် အဘယ်ကြောင့် ဆန်းကြယ်ကောင်းကင် ဂိုဏ်းကို မျက်နှာသာပေးခဲ့တာလဲ ဆိုတာ လူတိုင်း နားလည်သွားသည်။
ချီထန်းဂိုဏ်းမှ ဆိုင်ရှင်၏ မျက်နှာသည်တော့ မည်းမှောင်သွားပြီ။
"ဟေး မင်းဘာလို့ တုံ့ဆိုင်းနေသေးတာလဲ မြန်မြန် ငွေတွက်ပေးတော့လေ... မင်းတို့ရဲ့ ချီထန်းဂိုဏ်းက ဒါတွေကို မရောင်းပေးချင်လို့တော့ မဟုတ်ဘူးမလား?"
ဆိုင်ရှင်က အမြန်အော်လိုက်သည်။
သေချာပေါက် အဲ့လို မဟုတ်ပါဘူး
သူ့နှလုံးမှာ သွေးများ ယိုစီးနေသော်လည်း ဆိုင်ရှင်သည် ထိုပစ္စည်းများကို နုတ်ယူပြီးနောက် လုရွှမ် ထိုအရာများကို သိမ်းယူကာ ထွက်ခွာသွားခဲ့တာကိုသာ ကြည့်ရင်း ကျန်နေခဲ့ရလေသည်။
ထို့နောက် လူအုပ်စုကြီးသည် လုရွှမ်နောက်ကနေ တန်းချန်ဂိုဏ်း ပစ္စည်းဆိုင်ဆီသို့ ပြင်းပြင်းထန်ထန် ဦးတည်သွားကြသည်။
ချောင်လုကလည်း အတူ ပါလာတာကြောင့် တန်းချန်ဂိုဏ်းက ၎င်းတို့နှစ်ဦးကို တွန့်ဆုတ်စွာလက်ခံခဲ့ပြီး ရှားပါးပစ္စည်း တစ်ဒါဇင်ကျော်လောက် ယူဆောင်သွားတာကို ကြည့်ရှုခဲ့သည်။ ပစ္စည်းတွေက ဘာလဲဆိုတာ မသိပေမယ့် လုရွှမ်ကတော့ သူတို့ကို သိမ်းသွားခဲ့သည်။
တန်းချန်ဂိုဏ်းသည် ဤပစ္စည်းများကို လျင်မြန်စွာ တွက်ချက်ကာ အမြန်စူးစမ်းရန် လက်နက်သန့်စင်သူအား တောင်းဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့အားလုံးသည် လက်ဆောင်များ ပြင်ဆင်ကြပြီး ဆန်းကြယ်ကောင်းကင် ဂိုဏ်းထံမှ အသုံးဝင်သော ပစ္စည်းများကို ရရှိရန်မျှော်လင့်လျက် ဆန်းကြယ်ကောင်းကင် ဂိုဏ်းဆီသို့ ပြေးထွက်သွားကြသည်။
သူတို့အမြင်အရတော့ လုရွှမ်ရေးပေးခဲ့တဲ့ ကျောက်စိမ်းပြားက အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပါပဲ။
နောက်မိသားစုနှစ်စုမှ ထွက်လာပြီးနောက် လုရွှမ်နှင့် ချောင်လုသည် ဝန်အပြည့်ဖြင့် ပြန်လာခဲ့သည်။ လုရွှမ်ရဲ့ နာမည်သည်လည်း လျင်မြန်စွာပဲ ပျံ့နှံ့သွားခဲ့သည်။
သတင်းကောင်းက သူသည် ဆန်းကြယ်ကောင်းကင်ဂိုဏ်းက သခင်မလေး ချောင်လု၏ ဆရာသခင်ဖြစ်သည်။ ကမ္ဘာ့နံပါတ်တစ် လက်နက် သန့်စင်ရေး အလုပ်ရုံ၏ သန့်စင်ရေးဆရာအသစ်။ သခင်လေးရွှမ်ကျီးကတောင် ချီးမွမ်းရတဲ့ သခင်။ တစ်ချိန်က ဆန်းကြယ်ကောင်းကင် အိမ်တော်၏ မျက်နှာသာပေး ခံခဲ့ရသော ပါရမီရှင် ဖြစ်သော်လည်း နောက်ပိုင်းတွင် ဆန်းကြယ်ကောင်းကင် အိမ်တော်ကို အထင်အမြင်သေးကာ သူ့အစွမ်းသတ္တိဖြင့် ယနေ့သူရပ်နေသည့် နေရာကို ရောက်ရှိလာခဲ့သူ ဖြစ်သည်။
မကြာသေးမီက သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ တိုက်ပွဲတွင်လည်း သူက ကြယ်တစ်ပွင့်လို တောက်ပနေခဲ့သည်။ လေလံပွဲမှာ ပေါ်လာတဲ့ အလွန်လှပတဲ့ တစ်ဖက်သွားဓားကလည်း လုရွှမ် သန့်စင်ထားတာပဲ ဖြစ်နေပြန်သည်။
မရေမတွက်နိုင်သော လက်နက် သန့်စင်သူများကို ခေါင်းစားစေသည့် ဓားပျံလေးစင်းကလည်း လုရွှမ်မှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
လုရွှမ်သည် ဟုန်ရှန်ယင်းနှင့် ချောင်လုကို တပည့်အဖြစ် သိမ်းယူကာ အဆင့်၉ ဧကရာဇ်လက်နက်ကို သန့်စင်ပေးခဲ့သောကြောင့် ကမ္ဘာ့နံပါတ် ၁ လက်နက် သန့်စင်ရေး အလုပ်ရုံကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကမ္ပည်းပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။
လုရွှမ်သည် ထန်းယွမ်ကြယ်၏ မင်းသမီးလီလင်ရှို့နှင့် ထူးထူးခြားခြား ဆက်ဆံရေး ရှိနေကြောင်း သတင်းများကလည်း တဖြည်းဖြည်း ပျံ့နှံ့လာသည်။
ရုတ်တရက် လူအများ၏ စိတ်ကူးထက် ကျော်လွန်ကာ ခဏအတွင်းမှာပင် လုရွှမ်သည် ထန်းယွမ်မြို့တစ်ခွင်တွင် ချက်ချင်း ကျော်ကြားလာခဲ့သည်။ သူ့ရဲ့နာမည် ကျော်ကြားမှုက ပြန့်နှံ့သွားပြီး လူပြောအများဆုံးနဲ့ စိတ်အားထက်သန်သူ ဖြစ်လာခဲ့ပါ၏။
ဤမငြိမ်မသက်မှုများ ကြားတွင် လုရွှမ်သည် လက်နက် သန့်စင်ရေး အလုပ်ရုံသို့ ပြန်သွားပြီး ပစ္စည်းများ စုဆောင်းကာ ဓားပျဲလေးစင်းကို သန့်စင်သည်။ နိယာမ တူညီသော်လည်း ပိုမိုကောင်းမွန်သော ပစ္စည်းများကို အသုံးပြု၍ သူ့ကိုယ်ပိုင်ဥာဏ်ကိုပါ အနည်းငယ် ထည့်သွင်းထားလေသည်။
ယခင် ဓားပျံလေးစင်းနှင့် နှိုင်းယှဉ်ပါက အဆိုပါ ဓားပျံလေးစင်းသည် ပိုမိုမြန်ဆန်ပြီး ပိုမိုလျှို့ဝှက်ကာ ရှာဖွေရတာလည်း ပိုမိုခက်ခဲလယပါသည်။
ချောင်လုကလည်း ဂိုဏ်းသို့ပြန်၍ လုရွှမ်က သူမရဲ့ ဆရာအကြောင်းကို ပြောပြသည်။ သူမသည် အစပိုင်းတွင် ကြီးမားသော ဆန့်ကျင်မှုများကို ရရှိခဲ့သော်လည်း ကျောက်စိမ်းပြားကို ထုတ်ယူ လိုက်သောအခါတွင် လုရွှမ်၏ ဂုဏ်သတင်းကြောင့် သူတို့ပါ အလွန်တုန်လှုပ်သွားကာ ဤအချက်ကို ပျော်ရွှင်စွာ အသိအမှတ် ပြုလာခဲ့သည်။
လုရွှမ်၏ အရည်အချင်းကို မည်သူမျှ ငြင်းဆိုခြင်း မရှိသည့်အပြင် အနာဂတ်တွင် သူသည် ကမ္ဘာမြေကို တုန်လှုပ်စေမည့် အောင်မြင်မှုများကို ရရှိမည်မှာ သေချာကြောင်း ပြောဆိုလာကြသည်။
ယခု ကြည့်လိုက်သော်လည်း လုရွှမ်သည် အနည်းငယ် စိတ်အားထက်သန်နေပြီး ပညာတွေ သင်ပေးနေလို့ အနာဂတ်ကို ကြည့်ရလျှင် ချောင်လုသည် ကံကြမ္မာ၏ မျက်နှာသာ ပေးခံသူဖြစ်ကြောင်း သိလာ၏။
ကမ္ဘာကြီးထဲ လူပေါင်းများစွာ ဖြတ်သန်းသွားလာနေသော်လည်း လုရွှမ်နှင့် ပတ်သက်သည့် အရာများသည် လျင်မြန်စွာ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပျံ့နှံ့နေရာ လုရွှမ်နှင့် ပတ်သက်သည့် အရာများကို နေ့တိုင်း သို့မဟုတ် နာရီတိုင်းပင် ထုတ်ဖော်ပြသလာသည်။
၎င်းတို့အနက် ကျောင်းမိသားစု၏ တစ္ဆေအစောင့်များ ကိစ္စသည် ရေပန်းအစားဆုံးနှင့် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်သည်။
ကျောင်းမိသားစု၏ ခွန်အားကို အားကိုး၍ တစ္ဆေအစောင့်က ဘယ်လောက် အစွမ်းထက်ကြောင်း အားလုံး သိသည်။ ၎င်းတို့သည် ထန်းယွမ်မြို့တွင် လျှောက်သွားနေသည့် လူများကို ရိုက်နှက်နေခဲ့သော်လည်း လုရွှမ်ဆီက ရိုက်နှက် သတ်ဖြတ်ခြင်း ခံရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ယခုထိ တစ္ဆေအစောင့် အဖွဲ့ကတော့ တကယ်ကို ဘာမှ အကြောင်းမပြန်ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ထပ်သုံးရက် ကြာသွားသောအခါတွင် သခင်လေးရွှမ်ကျီးသည် ကမ္ဘာ့နံပါတ်(၁)လက်နက် သန့်စင်ရေးအလုပ်ရုံတွင် ပြန်လည် ပေါ်လာတာကို လူများမြင်လိုက်သောအခါ အားလုံးက ရင်ခုန်သွားပြန်သည်။
လူများစွာသည် လုရွှမ်၏ ကြင်နာမှုကင်းသော ပုံစံကို မြင်လို၍ နောက်လိုက်လာကြသည်။
လုရွှမ်သည် ထိုဓားပျံကို သန့်စင်ထားသော်လည်း ကောလဟာလ တစ်ခုသာဖြစ်ပြီး ၎င်းကို ဘယ်သူမှ အမှန်တကယ် မမြင်ဖူးပေ။ အထူးသဖြင့် ထန်းယွမ် လေလံအိမ်က စည်းမျဉ်းများအတိုင်း လေလံပစ်ထားသည့် ဓားပျံသခင်ကို ဖော်ပြခြင်း မရှိပေ။
လူအများစုသည် မယုံနိုင်စရာ လျှို့ဝှက်ဆန်းကြယ်သော ဓားပျံကို သန့်စင်ပေးသော ကောင်းကင်ဆရာ လုရွှမ်နှင့် ပတ်သက်၍ သံသယရှိဆဲ ဖြစ်သည်။ လုရွှမ်သာ ဓားပျံလေးစင်းကို ထပ်မထုတ်နိုင်ရင် ဘယ်သူမှ ယုံမှာမဟုတ်တော့ဘူး။
"သခင်လေးလုရွှမ် နေကောင်းပါရဲ့လား? မကြာသေးမီ ရက်နည်းနည်းလောက်က ထန်းယွမ်မြို့ တစ်ခုလုံး သခင်လေးလုရွှမ်ရဲ့ သူရဲကောင်းဆန်တဲ့ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ... ရိုးရိုးသားသား ပြောရရင် အဲဒီဆိုင်တွေမှာ ပစ္စည်းတွေကို ကျွန်တော် ကြည့်ဖူးပါတယ်။ ကံဆိုးစွာပဲ ဘာမှ မသိလိုက်ဘူး သခင်လေးလုရွှမ်က ပညာရှင်ပဲ... လေးစားပါတယ် ချီးကျူးပါတယ်ဗျာ..."
သခင်လေးရွှမ်ကျီးက ချော့မော့နေတာ မဟုတ်ဘဲ စိတ်ရင်းမှန်နဲ့ ပြောနေမှန်း သိသိသာသာ ခံစားရသည်။
ခရီးဝေးမှသာလျှင် ကမ္ဘာကြီးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်သည်။ လုရွှမ်သည် အခြားကမ္ဘာမှ ဆင်းသက်လာသည်ဟု ကြားသိရသည်။ ထိုအချိန်တွင် သခင်လေးရွှမ်ကျီးပင့ ရှက်သွားခဲ့ရ၏။
"သခင်လေးရွှမ်ကျီးက မြှောက်ပင့်နေပါပြီ..အထဲကို ကြွပါ.... ရှန်ယင်း...."
ထိုအခိုက် ဟုန်ရှန်ယင်းက ကျောက်စိမ်းပြား ဗန်းတစ်ချပ်နှင့် အတူ ထွက်လာသည်။ လူတိုင်း အသက်ရှုကြပ်သွားပြီး ပိုးပဝါအောက်ရှိ အရာသည် ဒဏ္ဍာရီဆန်ဆန် ဓားပျံဟုတ်မဟုတ် သိလိုစိတ် ပြင်းပြလာကြတော့သည်။
ပိုးပဝါကို ဖွင့်ပြီးနောက် လူတိုင်း အံ့ဩသွားကြသည်။ ကျယ်လောင်သော အော်သံများနှင့်အတူ ဆွေးနွေးသံများလည်း ထွက်ကျလာသည်။ ကျောက်စိမ်းပြားပေါ်က ဓားပျံက ဘယ်မှာလဲ။ တကယ်တော့ ဘာမှ မရှိဘဲ လွတ်နေတာလေ။
"ဟာဟားဟား.... ကျော်ကြားမှုနဲ့ နာမည်ဂုဏ်သတင်း အတွက် လုပ်ဇာတ်ကြီးပါကွာ... ဒီလို မှော်ဓားပျံကို ကောင်းကင်ဘုံသခင်က ဘယ်လိုလုပ် သန့်စင်နိုင်မှာလဲ"
တစ်စုံတစ်ယောက်က စိတ်ထဲမှာ စေ့ဆော်ပြီး အော်ဟစ်ပါတော့၏။
"အကုန် ပါးစပ်ပိတ်ထား!"
သခင်လေးရွှမ်ကျီး ရုတ်တရက် အော်လိုက်ပြီး ကျောက်စိမ်းဗန်းကို လှမ်းကိုင်လိုက်၏။