ဈေးတွေ မြင့်နေပြီ
Vol. 88 Ch. 4.827
နတ်လက်နက်?
ဤအခိုက်အတန့်တွင် လုရွှမ်၏ ပါးစပ်ဖျားမှ အမြင့်ကြီးမှာ ရှိနေတဲ့ စကားတစ်ခွန်းကို ပြောလာခဲ့သည်။
မိန်းကလေး သုံးယောက်က နားထောင်ပြီး ဗြောင်စိုက်ကြည့်နေပေမယ့် သူတို့မှာ အလွန်စိတ်လှုပ်ရှားနေပါသည်။ အထူးသဖြင့် လုရွှမ်ဟာ အဆင့်၉ ဧကရာဇ်လက်နက်ကို သန့်စင်ထားပြီးပြီ ဖြစ်သောကြောင့် လိမ်ညာနေရန် မလိုအပ်တော့ပေ။
တခြားသူများနှင့် နှိုင်းယှဉ်ပါက ထိုလူများ လိုအပ်သောအရာမှာ လက်နက် သန့်စင်ခြင်းဆိုင်ရာ နားလည်မှုနှင့် တိုက်ပွဲ နည်းလမ်းများ၊ ပစ္စည်းများ စသည်တို့ကို လေ့လာခြင်းဖြစ်ပြီး လုရွှမ်ကတော့ ဒါတွေက သူ့ရဲ့ ကျင့်ကြံမှု ဖြစ်တယ်လို့ ခံယူထားတာ ဖြစ်သည်။
လုရွှမ်သည် သူတော်စင်နယ်ပယ် အဆင့်သို့ ရောက်သောအခါက ကမ္ဘာ့ရတနာကို ကိုင်တွယ်ခဲ့ပြီး နောက်ပိုင်းတွင် ရွှေဒြပ်စင် နတ်ပုတီးစေ့ကိုလည်း ပေါင်းစည်းခဲ့သည်။ သို့သော် ယခု သူ့ခန္ဓာကိုယ်ထဲတွင် နတ်တောင်တန်းများ ရှိနေသေးပြီး သူ့ခန္ဓာကိုယ်ထဲ၌ ကမ္ဘာ့ရတနာ၏ အပိုင်းအစတစ်ခု ရှိသေးသည်ဟု ဆိုနိုင်သည်။
ကမ္ဘာ့ရတနာများကို နားလည် သဘောပေါက်မှုနှင့် ပတ်သက်၍ လုရွှမ်သည် တူညီသောနယ်ပယ်၊ နတ်မီးနယ်ပယ်၊ သို့မဟုတ် မျှော်စင်နယ်ပယ်က လူများထက်ပင် ကမ္ဘာ့ရတနာကို နားလည်သည့် ပထမဆုံးလူဟု ဆိုရနီးပါး ဖြစ်သည်။
မြင့်မားသော အနေအထားမှ လုရွှမ် မြင်ခဲ့ရသည့် အရာများနှင့် အခြားသူများ မြင်သော အရာများသည် အဆင့်များစွာကို ကျော်လွန်သွားခဲ့သည်။ နတ်လက်နက်များနှင့် သဘာဝ၏ ရတနာများအောက်ရှိ ဧကရာဇ်လက်နက်များသည် သူ့မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။
လုရွှမ်ရဲ့ ဂုဏ်သတင်းက တဖြည်းဖြည်း ဂုဏ်ကျက်သရေနဲ့အတူ တိုးလာသည်။ မိန်းကလေး သုံးယောက်မှာ လုရွှမ် ဘာပဲပြောပြော နာခံနေတတ်တာ ကြာပါပြီ။
"ကောင်းပြီ အခု ငါတို့ရဲ့ အဓိက ဦးစားပေးက ဘာလဲဆိုရင် ငါတို့အလုပ်ရုံရဲ့ မူလရှိခဲ့တဲ့ နေရာကို ပြန်ရွေးဖို့ပဲ"
ဟုန်ရှန်ယင်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြကာ ကျေးဇူးတင်စကားလည်း ပို၍ ဆိုနေမိသည်။
"ဆရာ ဒါကိုတော့ ကျွန်မဆီ လွှဲထားလိုက်ပါ... ကျွန်မတို့ အားလုံးကို ဂရုစိုက်ထားပါ့မယ်"
အရာအားလုံးကို ရှင်းပြပြီးနောက် လုရွှမ်သည် တိတ်ဆိတ်ရာ အခန်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး ဟုန်ရှန်ယင်းနဲ့ ချွန်းရှောင်တို့သည် အလုပ်ရုံ၏ လုပ်ငန်းကို ကိုင်တွယ် ဆောင်ရွက်နေလိုက်သည်။
လုရွှမ် သိမ်းယူလာခဲ့သော ပစ္စည်းများကို ထုတ်ယူကာ ဆက်လက် သန့်စင်ခဲ့သည်။ ရွှေကျီးကန်းသည် ထိုပစ္စည်းများ၏ ဂုဏ်သတ္တိများကို အသိပေးခဲ့သော်လည်း ၎င်းတို့ကို ထိန်းချုပ်ဖို့ကတော့ လေ့ကျင့်မှုနှင့် နားလည်မှုများစွာ လိုအပ်နေသေးသည်။
အထူးသဖြင့် ရွှေကျီးကန်းသည် ပစ္စည်းများစွာအကြောင်း ကြားသိဖူးပြီး ၎င်းတို့ကို သူ့မျက်လုံးနှင့်ပင် မြင်ဖူးသော်လည်း သူကား လက်နက်သန့်စင်သူတော့ မဟုတ်ပေ။ သူသည် ပစ္စည်းများ၏ ဂုဏ်သတ္တိများကို ရိုးရိုးရှင်းရှင်းနားလည်ရုံသာ ရှိသေးသည်။ ဒါကြောင့် လုရွှမ် အနေနဲ့ ကိုယ်တိုင်လေ့လာထားဖို့ လိုအပ်ပေသည်။
ရက်အနည်းငယ် ကြာပြီးနောက် လက်နက် သန့်စင်ရေး အလုပ်ရုံရှိ အရာအားလုံးဟာ လမ်းကြောင်းမှန်ပေါ် ရောက်လာ၏။ ထိုစဥ် ပြဿနာများကလည်း နောက်ဆုံးတွင် တံခါးပေါက်အထိ ရောက်လာခဲ့သည်။
"ဆရာ... တပည့်တို့ အိမ်နောက်ဖေးကို သိမ်းပိုက်ထားတဲ့ လူတွေက မထွက်သွားချင်ကြဘူး... သူတို့ကို ထွက်သွားဖို့ ခြိမ်းခြောက်လို့ ရတယ် ဒါပေမဲ့ ဆရာ သူတို့အတွက် ဧကရာဇ်လက်နက် တစ်ခု သန့်စင်ပေးရမယ်တဲ့"
ဟုန်ရှန်ယင်းက မနက်ခင်းတိုင်းမှာ သူ့ကို ဂါဝပြုဖို့ လာလာတာ ရက်အတော်ကြာခဲ့ပြီ။ ဒါပေမဲ့ အခုတော့ လုရွှမ် သူမကို ဘယ်မှာမှ ရှာမတွေ့ခဲ့။ ဒီနေ့ ချွန်းရှောင်ရဲ့ တိုင်ကြားချက်ကို ကြားပြီးနောက်မှ လုရွှမ်သည် ဟုန်ရှန်ယင်း အလွန်အလုပ်များနေနိုင်တာကို နားလည်သွားခဲ့သည်။
"ကောင်းပြီ သွားကြည့်ရအောင်"
ဟုန်ရှန်ယင်းရဲ့ စိတ်နေစိတ်ထားကို သူသိသည်။ သူမက မိမိကို ဒုက္ခမပေးချင်တာကြောင့် သူမဘာသာ ဖြေရှင်းနေတာ သိသာထင်ရှားပါသည်။ သူမ နှိမ့်ချခံနေရမှာ စိုးရိမ်ရသည်။
ကမ္ဘာပေါ်တွင် အကောင်းဆုံး လက်နက် သန့်စင်ရေး အလုပ်ရုံသည် ထိုကဲ့သို့သော ဂုဏ်သတင်းကို ရရှိသွားနိုင်သည်။ အစပိုင်းတွင် လက်နက်သန့်စင်ခြင်း နည်းလမ်းသည် သာလွန်ကောင်းမွန်သည် သာမက နာမည်နှင့် လိုက်ဖက်အောင် ဖုံးလွှမ်းထားသော ဧရိယာကလည်း အလွန်ကြီးမားသည်။
ယလက်နက် သန့်စင်ရေး အလုပ်ရုံ သည် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းလာရင်း တဖြည်းဖြည်း ယိုယွင်းလာတယ်လို့ ဆိုနိုင်သည်။ သို့သော် ယနေ့တိုင် ရှင်သန်နိုင်ဆဲ ဖြစ်ပြီး ဤမြေကွက်များသည်လည်း ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
လုပ်ငန်း မရှင်သန်နိုင်တော့တာနဲ့ ဟုန်မိသားစုဟာ မြေယာကို စတင်ရောင်းချခဲ့ရ၏။ ထို့ကြောင့် လက်ရှိ လက်နက် သန့်စင်ရေး အလုပ်ရုံသည် မြေနှစ်ဧက သို့မဟုတ် သုံးဧကသာ ရှိတော့ကာ ကျန်မြေများမှာ တခြားသူများ၏ အပိုင် ဖြစ်ကုန်သည်။
ထန်းယွမ်မြို့ရဲ့ မြေဈေးက စျေးမကြီးပါဘူး။ တစ်ဧကဟာ ကျင့်ကြံသူ အတွက်ကတော့ ပျံသန်းချိန်ရဲ့ အကွာအဝေးက တစ်စက္ကန့်လောက်သာ ရှိသည်။
လုရွှမ်နဲ့ ချွန်းရှောင်သည် အိမ်နောက်ဖေးမှာ လူတွေနဲ့ ညှိနှိုင်းနေတဲ့ ဟုန်ရှန်ယင်းဆီကို ရောက်လာတဲ့အခါ ဟုန်ရှန်းယင်ရဲ့ မျက်လုံးတွေဟာ သွေးလို နီရဲနေတာကို တွေ့လိုက်ကြပြီး အဲဒီလူတွေကလည်း မာနကြီးပြီး အော်ဟစ်နေကြသည်။
မြေယာကို မူလရောင်းတုန်းက တစ်ဧကမှာ စွမ်းအင်သလင်းကျောက် တစ်ထောင်ပဲရှိပေမယ့် အခု ဒီလူတွေက တစ်ဧကမှာ စွမ်းအင်သလင်းကျောက် တစ်သိန်းလောက် ပြန်ရောင်းထွက်နေပြီး တန်ဖိုးကလည်း အဆတစ်ရာ တိုးလာလေ၏။
"ရှင်တို့တွေ အရမ်း မလွန်လွန်းဘူးလား?"
"မိန်းကလေးဟုန်... မင်းပြောသလိုလည်း မဟုတ်ဘူးလေ... မြေရောင်းတာက မင်းနဲ့ငါကြားက အပြန်အလှန် သဘောတူတဲ့ ကိစ္စပဲ... အခု မင်းက ငါတို့ကို ထွက်သွားစေချင်နေတယ် ဟမ့် ငါဒီမှာနေလာတာ နှစ်ပေါင်းများစွာ ရှိနေပြီ ဒီနေရာအပေါ်လည်း ခံစားချက်တွေ အများကြီးရှိတယ်...ငါတို့ကို အဝေးကို ပို့ချင်နေတာက ဘယ်လိုလုပ် ဒီလောက် လွယ်နိုင်ပါ့မလဲ"
"မှန်တယ် မိန်းကလေး... အဲဒါက အလုပ်မဖြစ်ဘူးနော် ဒီနေရာက ဘာမှတန်ဖိုး မရှိဘူး မင်းဒုက္ခရောက်တုန်းက ငါတို့ပိုက်ဆံတွေကို ရက်ရက်ရောရော လှူဒါန်းပြီး မင်းအသက်ကို ကယ်ခဲ့တဲ့ သူတွေ မဟုတ်ဘူးလား...အိုး အခု ငါတို့ နေတာလာ ကြာတော့ မောင်းထုတ်တော့မယ်ပေါ့... အဲဒါက နည်းနည်းတော့ ကျေးဇူးကန်းတယ်လို့ မထင်ဘူးလား"
"အခု ငါတို့လည်း ငွေရှာနေတာပဲ ဟိုတုန်းက ငါတို့ ဘယ်လောက်ကောင်းမလဲ မင်း မမှတ်မိတော့ဘူးလား... မြေတစ်ဧကကို စွမ်းအင်ကျောက်တုံး တစ်သိန်းနော်...အခုအချိန်မှာ အဲ့ဈေးက ဘာမှ သိပ်မလုပ်ဖြစ်တော့ဘူး"
အော်ငေါက်တဲ့ လူတွေက အသက်ကြီးတဲ့ ယောက်ျား မိန်းမတွေပါပဲ။ သူတို့က သိပ်အဆင့်မမီဘဲ ယခင်မြေဝယ်သူတွေ ဘယ်က ရှာလာမှန်းပင် မသိပေ။
ဟုန်ရှန်ယင်း အလွန်စိုးရိမ်သွားပြီး နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ သူမမျက်နှာတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်မှာ ထင်ရှားပေသည်။ သူမသည် အခြားသူများနှင့် တန်းတူ သန်မာနိုင်သော်လည်း ထိုလူများကိုတော့ သူမ မတိုက်နိုင်ပါ။
တစ်ချိန်က သူတို့အိမ်နီးချင်းတွေ ဖြစ်ခဲ့ပြီး မော့မကြည့်တောင် တစ်ယောက်နဲ့ တစ်ယောက် ဆုံတွေ့နိုင်ခဲ့ကြ၏။
သူမသည် လျော်ကြေးစျေးနှုန်းကို အလွန်မြင့်မားစွာ သတ်မှတ်ထားသော်လည်း ထိုလူများသည် သူမရှေ့တွင် အသက်ကြီးသူသလို ပြုမူရန် သူတို့၏ အသက်အရွယ်ကို အားကိုးရင်း ပို၍ပို၍ပင် လွန်လာမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ရုတ်တရက် သူမပုခုံးကို တစ်စုံတစ်ဦးက ပုတ်လိုက်သလို ခံစားလိုက်ရလို့ လှည့်ကြည့်လိုက်တော့ ထိုသူက ဆရာသခင်ဖြစ်နေရာ မြင်လိုက်ရသည်။ သူမသည် ဤလူများက နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့သော အိမ်နီးချင်းများဖြစ်ကြောင်း မျက်ရည်မျာယကျကာ ပြောပြခဲ့သည်။
သူမသည် အကြပ်အတည်း ကြုံလာသောအခါ ထိုလူများက သူမအား လုံးဝ အကူအညီ မပေးဘဲ တချို့က သူမအား ထပ်ခါတလဲလဲ အနိုင်ကျင့်ခဲ့ကြသေးသည်။
အရန်ဈေးသည် တစ်ဧကလျှင် သလင်းကျောက်တစ်ထောင်မှ စတင်၍ အဆက်မပြတ် ကျဆင်းနေပါသည်။ လွန်ခဲ့သည့် လအနည်းငယ်က သူမသည် နောက်ထပ် မြေကွက်တစ်ကွက်ကို ရောင်းချခဲ့ပြီး တန်ဖိုးမှာ တစ်ဧကလျှင် ကျောက်သလင်းကျောက်တုံး သုံးရာသာ ရှိခဲ့သည်။ တစ်ဧကမှာ သလင်းကျောက်တစ်သိန်း တောင်းနေတာက လောဘကြီးပြီး အနိုင်ကျင့်နေတာပဲ။
အခုလည်း သူမရှေ့မှာ သူမကို ချစ်ခင်ခဲ့ကြောင်း ပြသနေကြသည်။
လုရွှမ် ဟုန်ရှန်ယင်းကို ညင်သာစွာ ဆွဲထုတ်လိုက်သည်။ ချွန်းရှောင်က လက်ကိုင်ပဝါလေး အမြန် လွှဲပေးခဲ့သော်လည်း ဟုန်ရှန်ယင်း၏ မျက်ရည်များသည် ဒီရေကဲ့သို့ အဆုံးမသတ်နိုင်အောင် ကျဆင်းလာခဲ့သည်။
"မင်းတို့အားလုံးက ငါ့တပည့်ရဲ့ အိမ်နီးချင်းတွေလား?"
လုရွှမ်ဆိုရင်း လူတိုင်းအပေါ် သူ့မျက်လုံးတွေကို ဝေ့ကြည့်လိုက်သည်။ ဒီလူတွေ ဘယ်လောက်တောင် ရက်စက်လဲဆိုတာ မြင်ရတော့ ဒီလူတွေကို အလွန်စက်ဆုပ်သွားသလို ခံစားလိုက်ရသည်။
ဒီလိုလူမျိုးက ချစ်ခင်မှုကို ပြသတယ်ဆိုတာ ဟာသတစ်ခုပါပဲ။ သူ မလှုပ်ချင်ဘူး ဆိုရင်တောင် ဒီလူတွေကို ထိန်းချုပ်ဖို့ နည်းလမ်းများစွာ ရှိပါ၏။
လုရွှမ်၏ စိတ်ဝိညာဉ်စွမ်းအားသည် အလွန်အစွမ်းထက်သောကြောင့် လူတိုင်းကို လွှမ်းခြုံထားသည်။ ထိုလူအများစုမှာ နတ်မီးနယ်ပယ်နဲ့ ကောင်းကင်ဘုံသခင်များ ဖြစ်ကြသည်။ လုရွှမ်၏ ထက်မြက်သော စိတ်ဝိညာဉ် စွမ်းအားကြောင့် သူတို့အားလုံးရဲ့ နှလုံးသားနှင့် စိတ်ဝိညာဥ်က တဆက်ဆက် နာကျင်လာသလို ခံစားလာခဲ့ရသည်။
လုရွှမ်ကို ကြည့်သော မျက်လုံးများသည် အနည်းငယ်ပို၍ လေးနက်လာ၏။
ဟုန်ရှန်ယင်းနဲ့ အော်ဟစ်နေတာက သူတို့ရဲ့ အရင်က ယုံကြည်မှုကို အားကိုးနေလို့ပင်။ ရာထူးတိုးလာခါစ လက်နက်သန့်စင်ရေး ဆရာ လုရွှမ်ကို ရင်ဆိုင်ရင် လုရွှမ်အနားမှာ ရပ်တည်နိုင်တဲ့ အရည်အချင်းတွေက အသုံးမဝင်ဘူး ဆိုတာ သူတို့ကိုယ်တိုင် သိနေတာကြောင့် ဆူညံသံတွေကို လုပ်နိုင်စွမ်းပင် မရှိတော့ပေ။
သူတို့ဒီမှာ ရပ်တည်ရဲရတဲ့ အကြောင်းရင်းကတော့ သူတို့မှာ တခြားသူတွေရဲ့ ပံ့ပိုးကူညီမှု ရှိနေလို့ပင်။ မဟုတ်ပါက နောက်ထပ် သတ္တိဆယ်ခုရှိရင်တောင်မှ ဒီလိုလုပ်ဖို့ မဝံ့ရဲကြပါဘူး။