ခိုင်မာတယ်
Vol. 88 Ch. 4.828
ဒီလူတွေဟာ ဒီအမှန်တရားကို သိကြပြီး လုရွှမ်ကလည်း ဒီလူတွေ သိကြမယ်လို့ နားလည်ပါသည်။
စိတ်ဝိညာဉ် စွမ်းအားသည် လူတိုင်းအပေါ် လွှမ်းမိုးသွားသည့်အခိုက် လုရွှမ် ပြုံးလိုက်သည်။ အပြုံးသည် ဘာမှမထူးခြားသော်လည်း လူတိုင်း၏ မျက်လုံးထဲတွင်တော့ သူသည် ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုးတစ်ကောင်လိုပင်။
"မင်းတို့ဒီမှာ ဘာလို့ရပ်နေတာလဲ ဆိုတဲ့ ရည်ရွယ်ချက်ကို ငါသိတယ်... မင်းတို့ကိုယ်တိုင်လည်း သိတယ်.... ဒါကြောင့်ငါ့ကို အလေးပေးစရာ မလိုဘူး။ ငါစကားနည်းနည်းပဲ ပြောမယ်... ပထမဆုံးအနေနဲ့ မင်းတို့ ကံကြမ္မာကို စဉ်းစားဖူးလား.... သူများတွေဆီက အသုံးချခံရရင် လုံလောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါ့မလား ငါ့ရန်သူဖြစ်အောင် လုပ်ပြီး မင်းတို့အသက်ကို စွန့်စားမလို့လား"
"ဒုတိယအနေနဲ့ ငါမင်းတို့ကို သင်ခန်းစာတစ်ခု သင်ပေးပြီး ငါ့တပည့်ရှေ့မှာ အရှက်ခွဲလိုက်ရင်... မင်းတို့ရဲ့အခွင့်အရေးနဲ့ မင်းတို့ရဲ့ ဘဝတွေကို ကာကွယ်ဖို့ အဲဒီလူက အမှောင်ထဲကနေ ထွက်လာမှာလား?"
"နောက်ဆုံးအနေနဲ့ ငါက ဘယ်လိုလူလဲဆိုတာ မင်းတို့ တွေးကြည့်ဖူးလား.... ငါကိုယ်တိုင် လှုပ်ရှားဖို့ လိုလား? ဒါမှမဟုတ် ငါ ငြိမ်သက်တိတ်ဆိတ်စွာ လေ့ကျင့်နိုင်အောင် တစ်စုံတစ်ယောက်က ငါ့ပတ်ဝန်းကျင်က ပြဿနာတွေကို သဘာဝကျကျ ဖြေရှင်းပေးမှာလား? !"
လုရွှမ်၏ ပါးစပ်သည် ရှုံ့ချမှုအပြည့်နှင့် ကွေးညွတ်လိုက်လေ၏။
"အိမ်ပြန်သွား... အဲဒါကို သေချာစဉ်းစားပြီးမှ ဒီမှာပေါ်လာပြီး ရှန်ယင်းကို ဆက်ပြီး အရှက်ခွဲရမလား စဥ်းစားကြ!"
"ရှန်ယင်း... မင်း သူတို့ကို ပေးတဲ့ဈေးက ဘယ်လောက်လဲ?"
"သူတို့ကို အဝေးကို ဖယ်ပေးဖို့ လိုအပ်တာကြောင့် တပည့်ပေးခဲ့တဲ့ ဈေးက ကောင်းပါတယ်.... မြေတစ်ဧကကို ကျောက်တုံးတစ်သောင်း... ဒီဈေးက ထန်းယွမ်မြို့ရဲ့ ဘယ်နေရာမှာမဆို မြင့်မားတယ်လို့ ယူဆလို့ ရတယ်"
လုရွှမ်က သူ့နားလည်ကြောင်း ဖော်ပြရင်း ခေါင်းညိတ်လိုက်ပြီး ကောင်းကင်က နေကို မော့ကြည့်လိုက်သည်။
"မင်းတို့ ကောင်းကင်က နေကို မြင်တယ်မဟုတ်လား? နေမ၀င်ခင်မှာ ရှန်းယင်နဲ့ အရောင်းအဝယ် လုပ်ဖို့ ငါတို့ရဲ့ လက်နက် သန့်စင်ရေး အလုပ်ရုံကို လာတဲ့လူတွေ သလင်းကျောက်တစ်သောင်းနဲ့ မြေတစ်ဧက ရောင်းလို့ ရမယ်... မနက်ဖြန် နေမတက်မီ အရောင်းအ၀ယ် လုပ်ဖို့လာရောက်သူတွေကတော့ တစ်ဧကကို ငါးထောင်ရမယ်... မနက်ဖြန် နေဝင်ပြီးမှ လာတဲ့ လူတွေကတော့ တစ်ပြားမှ မရှိဘူး..."
"ကောင်းပြီ ဒါပဲ... ရှန်ယင်း ပြန်သွားပြီး ကောင်းကောင်း အနားယူလိုက်... မင်းအရမ်းပင်ပန်းနေပြီ ချွန်းရှောင် မင်းရဲ့ သခင်မလေးကို ပြန်ခေါ်သွားလိုက်"
"ဟုတ်ကဲ့!"
ချွန်းရှောင်လည်း ဆရာသခင်က တကယ်ပဲ ကြီးစိုးနေတယ်လို့ ခံစားလာရလေသည်။ သူမသည် လူတိုင်းဘက်ကို အော်ဟစ်လိုက်ပြီး ဟုန်ရှန်ယင်းအား လက်နက် သန့်စင်ရေး အလုပ်ရုံထဲသို့ တွဲခေါ်သွားခဲ့သည်။ ထို့နောက် လုရွှမ်၏ ခန္ဓာကိုယ်သည်လည်း ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အားလုံးက မျက်လုံးကြီးကြီးရော မျက်လုံးသေးသေးလေးဖြင့် ငေးကြည့်နေကြပြီး ခဏတာမျှ ထိတ်လန့်သွားကြသည်။
"ကျွန်တော်တို့ ဘာလုပ်သင့်သလဲ?"
အရင်က အော်ဟစ်ခဲ့ကြတဲ့ သူတွေဟာ အခုတော့ ခေါင်းငိုက်စိုက်ကျကုန်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း တိတ်ဆိတ်နေကြသည်။
"ငါတို့ အရင်ပြန်ကြမလား"
"ဟမ့် ဒီကလေးက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူက အင်အားကြီး ကိုးယောက်လောက် အစွမ်းထက်နိုင်ပါ့မလား"
"မှန်တယ်... တစ်ဧက ၁၀,၀၀၀ ပဲ ဆိုတော့ သူတောင်းစားဆီ ပေးနေတာနဲ့ မတူဘူးလား?"
လူများစွာသည် အော်ငေါက် နေကြသော်လည်း သူတို့၏အသံများမှာ ပို၍တိတ်ဆိတ်သွားကာ ခဏကြာတော့ တိုက်ရိုက်ပင် ထွက်ခွာသွားကြသည်။
လုရွှမ်၏ စကားလုံးများသည် နှလုံးသားထဲသို့ ဝင်ရောက်ထား၏။ တစ်ပါးသူကို အခွင့်ကောင်းယူလိုပါက အခွင့်ကောင်းယူရန် အရင်းအနှီး ရှိရမည်။ မိမိတို့သည် တခြားသူများ အသုံးပြုရန် ချထားသည့် ကိရိယာတစ်ခုအဖြစ် ရှိမည့်အစား မိမိဘာသာ ခွန်အား ရှိထားရမည်။
ကောင်းသော အရာများကို လိမ်လည်လှည့်ဖြားရန် အဓိကမိသားစုကိုးခု၏ စွမ်းအားကို အားကိုးနိုင်ပြီး လုရွှမ်မှ သန့်စင်ထားသော လက်နက်တစ်ခု သို့မဟုတ် နှစ်ခုကိုပင် ရနိုင်သော်လည်း ၎င်းတို့ကိုယ်တိုင် သိမ်းထားနိုင်မှာမလို့လား။
ဘာမှမရဘဲ တစ်စုံတစ်ဦးကို နှောင့်ယှက်ဖို့ အသုံးချခံနေရတယ်။ ဒါ လူမိုက်တစ်ယောက် သေဖို့ တောင်းဆိုနေတာပဲ မဟုတ်ဘူးလား?
လူများ တဖြည်းဖြည်း ထွက်သွားကြသည်။ ဟုန်ရှန်ယင်းလည်း လက်နက်သန့်စင်ရေး အလုပ်ရုံသို့ ပြန်လာပြီး ခဏတာ အနားယူကာ စွမ်းအင် ဖြည့်တင်းရန် ဝိညာဉ်အသီးအနှံများကို စားနေခဲ့သည်။
ခဏကြာတော့ အဘိုးအိုတစ်ယောက်သည် မျက်မှောင်ကြုတ်ကာ ရှက်ရွံ့စွာ စကားပြောရင်း မြေကွက်ကို ပြန်ရောင်းလိုက်သည်။ ပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ရောက်လာ၏။
နေဝင်ရီတရော အချိန်တွင် ဟုန်ရှန်ယင်းသည် သူမရောင်းခဲ့သည့် မြေ၏ ဆယ်ရာခိုင်နှုန်းကို ပြန်လည်ရရှိလာတာကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။
သူမသည် လုရွှမ်၏ နည်းစနစ်များကို ပိုသဘောကျသည်။ စကားလုံး အနည်းငယ်ဖြင့် သူမသည် ရက်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးသည့်တိုင် မအောင်မြင်ခဲ့သော အကျိုးသက်ရောက်မှုကို ရရှိလာစေခဲ့သည်။
သို့သော် နေထွက်ပြီး ဒုတိယနေ့ ပြန်ဝင်သည့်တိုင်အောင် ကျန်မြေသုံးကွက်၏ ပိုင်ရှင်များမှာ ပေါ်မလာသေးပေ။ ဟုန်ရှန်ယင်းမှာလည်း စိတ်တိုနေပြီး လုရွှမ်ကို လာမေးရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။
"သူတို့အတွက် စိတ်မပူပါနဲ့... ရောင်းဖို့ လာမှာ မဟုတ်ဘူး သူတို့ကို ဆက်စောင့်ခိုင်းလိုက်ပါ... သူတို့အားလုံးက လူရွှင်တော်တွေ ရက်အနည်းငယ်ကြာရင် သူတို့ဘာသာသူတို့ ခုန်ထွက်လာကြလိမ့်မယ်။ "
ကျောင်းမိသားစု၏ ကျောက်ဆောင်ရှေ့မှာ တစ္ဆေစောင့်တွေ တပ်စွဲထားလေသည်။
"ခေါင်းဆောင်ကြီး အခု အဲဒီကောင်လေးက တဖြည်းဖြည်း နာမည်ကြီးလာပြီ.... ကျွန်တော်တို့က မူလအစီအစဉ်အတိုင်း လိုက်နေရမှာလား"
အရင်ကတော့ အဖွဲ့ခေါင်းဆောင်ရဲ့ အလောင်းကို ပြန်သယ်သွားခဲ့ရာ လုရွှမ်သည် တစ္ဆေအစောင့် တစ်ခုလုံး၏ နံပါတ်တစ်ပစ်မှတ် ဖြစ်လာခဲ့သည်။ လုရွှမ် လုပ်သည်ဖြစ်စေ မပြုလုပ်သည်ဖြစ်စေ တစ္ဆေအစောင့်ကတော့ မာနကြီးလေ့ရှိသည်။ လုရွှမ်သည် အဖွဲ့ခေါင်းဆောင်ကို သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ တစ္ဆေအစောင့်ကို ဒီလိုလုပ်တာဟာ မရိုမသေပြုမှု တစ်ခုပါပဲ။
တစ္ဆေကိုယ်ရံတော် ခေါင်းဆောင်ကို ထိပ်တန်းကိုယ်ရံတော်ဟု ခေါ်ဆိုကြပြီး ကျောင်းမိသားစုထဲတွင်လည်း အစောင့် သုံးဦးရှိ၏။ သေသွားသူသည် ၎င်းတို့ထဲမှ တစ်ယောက် ဖြစ်သည်။ တခြားအစောင့် နှစ်ယောက်နဲ့မတူဘဲ ထိုတစ္ဆေစောင့်က ထန်းယွမ်မြို့မှာရှိတဲ့ ကျောင်းမိသားစုရဲ့ လုပ်ငန်းအားလုံးကို အဓိက ကိုင်တွယ်ပါသည်။
ပုံမှန်အားဖြင့် ထန်းယွမ်မြို့ရှိ ထိုအစောင့်၏ ဂုဏ်သတင်းမှာ အခြားသော အစောင့်နှစ်ယောက်ထက် များစွာ ကြီးမားပါသည်။
ထို့အပြင် တစ္ဆေအစောင့်များကို တစ္ဆေအစောင့်ဟု ခေါ်ရခြင်း အကြောင်းရင်းမှာ ၎င်းတို့အား လက်ရှိဂုဏ်သတင်းကို ပေးစွမ်းနိုင်သည့် အစွမ်းထက်သော ခွန်အားနှင့် တိုက်ခိုက်မှုပုံစံကြောင့် ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများသည် လေနှင့် တစ္ဆေအရိပ်များကဲ့သို့ဖြစ်ပြီး လူအများကို ကြောက်လန့်စေသည်။
ယခုမူ ထန်းယွမ်မြို့မှ ကျင့်ကြံသူများသည် လုရွှမ် နောက်ကို အုပ်စုလိုက်ဆက်လက် လိုက်နေသည်။ ဒါ့အပြင် လုရွှမ်သည် ထန်းယွမ်မြို့သို့ ရောက်ပြီးနောက် ဖြစ်ပျက်လာသမျှ အရာအားလုံးနဲ့အတူ တစ်စတစ်စ နာမည်ကြီးလာခဲ့သည်။
လုရွှမ်က သူတို့ကို သင်ခန်းစာတစ်ခု သင်ပေးပြီး အဖွဲ့ခေါင်းဆောင်ကိုတောင် သတ်ပစ်ခဲ့တယ် ဆိုတဲ့ အချက်ကိုလည်း ဖော်ထုတ်ခဲ့ပါ၏။ ဒါကြောင့် တခဏအတွင်းမှာပဲ တစ္ဆေအစောင့်ဟာ လူတိုင်းရဲ့ လှောင်ပြောင်မှု ဖြစ်လာခဲ့ပါတော့သည်။
တစ္ဆေအစောင့်များသည် အများအားဖြင့် လူတိုင်းရှေ့တွင် ပေါ်လာတတ်သော်လည်း တချို့သော အမှုထမ်းများကတော့ ကင်းလှည့်ရန် တာဝန်ရှိသည်။ သာမန်လူများသည် ယခင်ကထက် ၎င်းတို့ကို အလွန်ကြောက်လန့်ကြကြောင်း ပြင်းပြစွာ တွေ့ရှိခဲ့သည်။
သူတို့ရှေ့တွင် ဘယ်သူမှ ရယ်မောခြင်း သို့မဟုတ် မာနကြီးခြင်း မပြုဝံ့ကြပေ။
ဒါပေမဲ့ အဝေးကလာတဲ့ လူတွေ အားလုံးကတော့ သူတို့ကို လှောင်ပြောင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပြီး အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ကြကြောင်း ပြတ်ပြတ်သားသား လှောင်ပြောင်နေကြလေသည်။
"ခေါင်းဆောင်ကြီး.... ကျွန်တော်တို့ အခု မလှုပ်ရှားရင် ထန်းယွမ်မြို့ တစ်ခုလုံး ကျွန်တော်တို့ကို အလေးအနက် ထားမှာ မဟုတ်တော့ဘူး"
လက်ရှိ ကိုယ်ရံတော်ခေါင်းဆောင်မှာ ကျောင်းမိသားစု၊ လက်ရှိဘိုးဘေး၏ ဝမ်းကွဲ ကျောင်းချန်ပဲ ဖြစ်သည်။ သူ၏ကျင့်ကြံမှုသည် ကျောင်းမိသားစု၏ အသက်ကြီးသူများထဲမှ အကောင်းဆုံးဟု ယူဆနိုင်သည်။
သူသည် အစပိုင်းတွင် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာ အပြင်းအထန်ရကာ တဖြည်းဖြည်း အနားယူရင်း တစ္ဆေအစောင့်၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
သူ့ရှေ့က လက်အောက်ငယ်သား သုံးယောက်ကို ကြည့်လိုက်တော့ သူတို့အားလုံးက သူနဲ့ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့တဲ့ အဘိုးကြီးတွေ ဖြစ်နေလေသည်။
လုရွှမ်ရဲ့ အဖြစ်အပျက်နှင့် ပတ်သက်၍ ကျောင်းချန် ရှင်းလင်းစွာ မြင်ခဲ့သည်။ အကြောင်းပြချက်က လုရွှမ်ကို ဒုက္ခရောက်အောင်လုပ်တဲ့ လူက ကျောင်းမိသားစုက ယောက်ျားလေး တစ်ယောက်သာ ဖြစ်ပြီး တစ်ပါးသူကို နာကျင်အောင်လုပ်တဲ့ အတွက် အဆုံးသတ်လိုက်ရတာပါပဲ။
ဒါကို နားလည်ရင် ဟုတ်ပေမယ့် အဖွဲ့ခေါင်းဆောင်ကိုပါ ပေါ်ပေါ်ထင်ထင် သတ်ပစ်ချင်ခဲ့သည်။
အဖွဲ့ခေါင်းဆောင်တစ်ဦး သေဆုံးခြင်းသည် တစ္ဆေအစောင့် တစ်ခုလုံးအတွက် အသေးအဖွဲ့ ကိစ္စမဟုတ်ပေ။ တခြားသူတစ်ဦးသာ ဆိုလျှင် ကျောင်းချန်သည် သဘာဝအတိုင်း ဂရုမစိုက်ပေ။ ဒါပေမဲ့ အဲဒီလူက လုရွှမ် ဖြစ်နေ၏။