လူသတ်သမား
Vol. 88 Ch. 4.829
လုရွှမ်သည် ယခုအခါ ထန်းယွမ်မြို့၌ ကြီးကျယ်ခမ်းနားသော အပစ်အခတ် ခံထားရသူ ဖြစ်နေချေပြီ။ ကျင့်ကြံမှုက သဘာဝအတိုင်း ထည့်စဉ်းစားစရာ မလိုသော်လည်း သြဇာလွှမ်းမိုးမှုအရ သူက အတော်လေး ကြီးလေသည်။
အထူးသဖြင့် လီမိသားစု၏ သရဖူရတနာဖြစ်သော လီလင်ရှို့နှင့် လုရွှမ်ဆိုတဲ့ လူတို့အကြား မရှင်းလင်းသော ဆက်ဆံရေးသည် မိသားစုအင်အား အားလုံးကို သတိထားရန် လိုအပ်ကြောင်း ပြသနေသည်။
သို့သော်လည်း အကယ်၍ သူတို့သည် အဲဒီလူကို သင်ခန်းစာတစ်ခု မသင်ပေးပါက တစ္ဆေအစောင့်ရဲ့ ဂုဏ်သတင်းက ဘယ်လို ဖြစ်သွားလိမ့်မလဲ။
"ခေါင်းဆောင်ကြီး.... ခေါင်းဆောင် ကြောက်နေတဲ့ အချက်ကို ကျွန်တော်သိပါတယ်.... ဒါပေမဲ့ ဒီတိုက်ခိုက်မှုက ကျွန်တော်တို့လုပ်ခဲ့တယ် ဆိုတာကို ဘယ်သူမှမသိအောင် လျှို့ဝှက်ထားမယ်လို့ ကတိပေးတယ်!"
ကျောင်းချန်က ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
"သွားလေ!"
"ဟုတ်ကဲ့!"
လူသုံးယောက် ပြန်ဖြေပြီး ချက်ချင်း ထွက်သွားကြသည်။
တစ်ဖက်မှာတော့ လုရွှမ်သည် ရိုးရှင်းသောဘဝဖြင့် နေထိုင်ခဲ့ပြီး လက်နက်များကို သန့်စင်ကာ မိန်းကလေး သုံးဦးအားလည်း လက်နက်ပြုလုပ်နည်းနှင့် ကိုယ်ခံပညာကို လေ့ကျင့်သင်ကြားပေးခဲ့သည်။
ချောင်လုသည် လုရွှမ်၏ သင်ကြားမှုဖြင့် စတင်လေ့ကျင့်ခဲ့ပြီးနောက် လုရွှမ် သင်ပေးသည့်အရာသည် အထူးစိတ်ဝင်စားစရာ ကောင်းကြောင်း သူမ တွေ့ရှိခဲ့သည်။ လုရွှမ် ရှင်းပြလို့အပြီးတွင် အရာအားလုံးသည် ရိုးရှင်းရှင်းလင်းလာကာ သင်ယူရန်နှင့် ကျွမ်းကျင်ရန် အလွန်လွယ်ကူလာစေသည်။
ညဉ့်နက်လညသောအခါ မိန်းကလေး သုံးဦးသည် အနားယူရန် အခန်းသို့ ပြန်သွားကာ လုရွှမ်လည်း လက်နက် သန့်စင်ရေး အလုပ်ရုံမှ ထွက်လာခဲ့သည်။
"ဒီကို ရောက်နေပြီ ဆိုမှတော့ ပုန်းနေစရာ မလိုတော့ဘူးမလား"
လုရွှမ် အမှောင်ထောင့်ကို ကြည့်ရင်း တိတ်တဆိတ် ပြောလိုက်သည်။ ထိုစဥ် ပြတင်းပေါက်ထိပ်တွင် လူတစ်ယောက် ငြိမ်သက်စွာ ပေါ်လာ၏။ သူ့အရိပ်သည် အမှောင်ထုထဲသို့ ရောထွေးလုနီးပါး ဖြစ်နေသည်။
"သခင်လေးလုရွှမ်က ထူးထူးခြားခြား ကျင့်ကြံမှု ရှိတယ်လို့ ပြောတာ အမှန်ပဲကိုး... မင်း ငါ့ကို ဘယ်လို ရှာတွေ့တာလဲ?"
"မင်းရဲ့ လူသတ်ချင်တဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်တာနဲ့ပေါ့...."
“လူသတ်ချင်တဲ့ ရည်ရွယ်ချက်လား”
သူသည် တစ်ဖက်လူကို သတ်ရန် ရည်ရွယ်ချက်ကို လျှို့ဝှက်စွာ ချုပ်နှောင်ထားခဲ့ သော်လည်း လုရွှမ်မှ သတိထားမိသွားခဲ့သည်။
လုရွှမ်သည် နေ့တိုင်း မရေမတွက်နိုင်သော ကြီးကြပ်ကွပ်ကဲမှုတွေ လုပ်နေရတာကို ဘယ်လိုလုပ်သိလဲ။ သူသည် သဘာဝအတိုင်း ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးပဲ နေခဲ့သည်။ သူ့နောက်ကို ရိုးရိုးရှင်းရှင်း လိုက်နေတဲ့သူတွေအကြောင်း မေးလိုက်ရင် အဓိကအင်အားစု ကိုးခုထဲက လူတွေလည်း ပါလေသည်။
ဒီညမှာကျမှ လူသတ်ချင်စိတ်ကို ခံစားခဲ့ရတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလူက သူ့ရဲ့ လူသတ်ချင်တဲ့ ရည်ရွယ်ချက်ကို ချုပ်ကိုင်ဖို့ ပထမဆုံး ကြိုးစားခဲ့သူပဲ။
"လူသတ်သမား?"
"ဟုတ်တယ် မင်းကိုသတ်ဖို့ တစ်ယောက်ယောက်က ငါ့ကို ငှားထားတာ"
လူသတ်သမားက အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က ရှေ့သို့ ပြေးသွားပြီး လုရွှမ်ရှေ့မှာ ပေါ့ပါးစွာ ဆင်းသက်လာသည်။
အသွင်အပြင်ကို ဖုံးကွယ်နိုင်တယ်၊ နာမည်ကို ဖုံးကွယ်ထားနိုင်ပေမယ့် နယ်ပယ်ရဲ့ အရိပ်အာဝါသကို ဖုံးကွယ်ထားလို့ မရပေ။
လူသတ် အငွေ့အသက်က သိပ်မပြင်းထန်ပါ။ နတ်မီးနယ်ပယ် စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်လောက်ရှိတဲ့ နတ်မီးသုံးလုံးကို ထွန်းညှိထားသူ ဖြစ်မည်။ လုရွှမ်မှာ ဤလူများသည် ယုံကြည်မှုလွန်ကဲနေသည်ဟု ဆိုရမလားပင် မသိတော့ပေ။ သို့မဟုတ် ရိုးရှင်းစွာပင် သူ့ကို နှိမ့်ချသည်ဟု ပြောရမည်လား မသိ။
"တိုက်ကြရအောင်!"
လုရွှမ် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။ သူ့ပတ်ဝန်းကျင်မှာ စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ မျက်လုံးတွေထဲမှာတော့ ဘယ်သူမှ ပေါ်မလာသေးပါဘူး။
"ကောင်းပြီ!"
လူသတ်သမားကလည်း အော်လိုက်သည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ရုတ်တရက် ဖျတ်ခနဲ ပျောက်သွား၏။ လုရွှမ်သည် တစ်ဖက်လူ၏ လုပ်ရပ်ကြောင့် လုံးဝ ထိတ်လန့်သွားသလို ငြိမ်နေလိုက်သည်။
ရုတ်ချည်း ပျောက်ကွယ်သွားသော အနက်ရောင်ဝတ်လူ၏ ခန္ဓာကိုယ်သည် သူ့အနောက်တွင် ဖျတ်ခနဲ ပေါ်လာ ဓားနှင့်တူသော သူ့လက်ဖဝါးကို လုရွှမ်၏ လည်ပင်းဆီသို့ ခုတ်လှဲချလိုက်သည်။
လုရွှမ်၏ ခန္ဓာကိုယ်သည် မလှုပ်မရှားဘဲ လူသတ်သမား၏ ဓားကို ပိတ်ဆို့ဖို့ သူ့နောက်တွင် နတ်ဝိညာဉ်ဒိုင်းတစ်ခု အလိုအလျောက် ပေါ်လာခဲ့သည်။
'ဟမ့်!'
နှာမှုတ်သံ တိုးတိုးလေး ထွက်လာသည်။
လူသတ်သမား၏ လက်ဖဝါးသည် ခြေသည်းများ အဖြစ်သို့ ပြောင်းသွားကာ ဝိညာဉ်ဒိုင်းလွှားကို ချက်ခြင်း ဖြတ်၍ လုရွှမ်၏ လည်ပင်းကို အလွန်လျင်မြန်သော အရှိန်ဖြင့် တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။ လုရွှမ် လုံးဝ မတုံ့ပြန်ခဲ့ရာ ထိုသူ၏ လက်ငါးချောင်းပေါ်ရှိ သံချောင်းများက ဖောက်ထွက်ကာ လုရွှမ်လည်ပင်းအား ဖမ်းညှစ်ထားလိုက်သည်။
လုရွှမ့၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ဖြစ်နေဆဲဖြစ်ပြီး သေသွားသလိုပင်။ ထိုအချိန်မှာပဲ လူသတ်သမားဟာ တစ်ခုခုမှားနေပြီ ဆိုတာ ရုတ်တရက် သဘောပေါက်လိုက်သည်။ သူ လုရွှမ်ရဲ့လည်ပင်းကို ကုတ်လိုက်ကတည်းက သွေးက ဘယ်လိုမှ မထွက်လာပေ။
လုရွှမ်မဗာှာ အံ့သြစရာကောင်းတဲ့ ခံနိုင်ရည်ရှိရင်တောင် သူ ဘယ်လိုမှ အသံမထွက်ဘဲတော့ မနေနိုင်လောက်ဘူး။
ထို့အပြင် ဒဏ္ဍာရီအရ လုရွှမ်သည် ဆန်းကြယ်ကောင်းကင် အိမ်တော်၏ ထိပ်တန်း ပါရမီရှင်ဟု ခေါ်ဆိုနိုင်သည်။ လည်ပင်းကို ပွတ်သပ်လိုက်ရုံနဲ့ ဘယ်လိုလုပ် အလွယ်တကူ ဖမ်းမိနိုင်ပါ့မလဲ။ ဒီအကြောင်းကို သူပိုတွေးလေ လူသတ်သမားမှာ သံသယတွေ များလာလေလေပါပဲ။
ထိုစဥ် အလိုလို ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။ အတိုက်ခိုက်ခံရရင် ချက်ချင်းထွက်ပြေးတယ်။ ဒါက လူသတ်သမားရဲ့ဗီဇပဲ။ သေတဲ့အထိ တိုက်ပွဲဝင်ဖို့ကလွဲလို့ ဘာမှမတတ်နိုင်ဘူး ဆိုရင်တောင် ထွက်ပြေးလို့ ရသေးသည်။
"ဟမ့် အခုမှ ထွက်ပြေးချင်နေတယ်ပေါ့... အရမ်းနောက်ကျသွားပြီ!"
ရုတ်တရက် လုရွှမ်၏ ရယ်သံက သူ့နံဘေးနားမှ ထွက်ပေါ်လာသည်။ လူသတ်သမား၏ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ ယခင်က သူ လည်ပင်းကို ဖမ်းဆုပ်မိပြီဟု ထင်ခဲ့သော လုရွှမ်သည် သူ့ရှေ့တွင်ရှိနေဆဲဖြစ်သည်။
"လူသတ်သမား ဆိုတာ အမှောင်ထဲမှာ ပုန်းနေမှသာ အန္တရာယ်ရှိတာ... ဖော်ထုတ်ခံလိုက်ရရင်တော့ အဲ့လူသတ်သမားက ရှုံးနိမ့်သွားပြီပဲ"
လုရွှမ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရှေ့သို့ ရွေ့လျားသွားပြီး လူသတ်သမား၏ နောက်ကျောမှာ ဖျတ်ခနဲ ပေါ်လာကာ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
လူသတ်သမားမှာ တိတ်တဆိတ် ရွှင်မြူးနေ၏။ လုရွှမ်ကြောင့် သူ့ဘဝ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသော်လည်း အမှန်မှာ လုရွှမ်သည် ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသူဖြစ်သည်။ သူသည် ဤကဲ့သို့ ပြုမူပြီးသော်လည်း အပြစ်အနာအဆာများ ပြည့်နှက်နေပါသည်။ အခုအချိန်မှ ထွက်မပြေးရင် ဘယ်အချိန်မှာ ထွက်ပြေးရတော့မှာလဲ။
လူသတ်သမား၏ ခန္ဓာကိုယ်သည် တဖျတ်ဖျတ် လွင့်မျောကာ ညအမှောင်ထဲ ပေါင်းဝင်ဖို့ ပြင်လိုက်သည်။ ရုတ်တရက် သူ့နောက်ကနေ လူသတ်ချင်တဲ့ အငွေ့အသက်တွေက ရုတ်ချည်းဆိုသလို ပေါ်လာ၏။ လူသတ်သမားလည်း အံ့ဩသွားသည်။
လုရွှမ်က လက်နက်သန့်စင်သူ ဖြစ်သည်။ အထူးသဖြင့် ဘာဝိညာဉ်စွမ်းအားနဲ့မှ မမြင်နိုင်သော ဓားပျံကို သန့်စင်ထားသော နောက်ကွယ်မှ လူဖြစ်သည်။
ပြင်းထန်သော အင်အားတစ်ခုက သူ့နောက်ကျောကို မျက်စိတစ်မှိတ်အတွင်း ထိမှန်သွား၏။ သူ့ရင်ဘတ် အက်ကွဲသွားပြီးနောက် သွေးစွန်းနေသော ဓားပျံတစ်စင်း ထွက်ပေါ်လာသည်။ သူ၏ စွမ်းအင်များမှာ ချက်ချင်း ပျောက်ကွယ်သွားကာ ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ လဲကျသွားသည်။
လူတစ်ယောက် မြေပြင်ပေါ် ကျသွားသည်နှင့် ဓားပျံသည် ရုတ်တရက် ခုန်ဆင်းသွား၏။ ၎င်းက တဆက်ဆက် တုန်ကာ ဓားပေါ်မှ သွေးများကို ဖယ်ရှားပစ်လိုက်ပြီး ပျောက်ကွယ်သွားပြန်သည်။
သေချာတာပေါ့။ ဒါက နဂါးပုံစံတွေနဲ့ ဓားပျံရဲ့ အဆင့်မြှင့်ထားတဲ့ သန့်စင်မှုပါပဲ။ ဒါပေမဲ့ လူသတ်သမားမှာ သိတာ အရမ်းနောက်ကျသွားပြီ။ ဓားပျံက အရမ်းတိကျပြီး သူ့နှလုံးသားကို တိုက်ရိုက် ထိုးဖောက်ပြီ ဖြစ်တာကြောင့် နှလုံးပင် အပိုင်းပိုင်း ကွဲသွားပြီ။
ကျင့်ကြံသူတွေကလည်း လူသားတွေပဲ။ ဒါကြောင့် လူသားတွေလိုပဲ သူတို့မှာ အန္တရာယ်တွေရှိသည်။ နှလုံးသားနဲ့ ဦးနှောက်ဟာ ကျင့်ကြံသူ တစ်ယောက်ရဲ့ အဓိကကျတဲ့ နိမိတ်ပုံပဲ ဖြစ်သည်။
ဓားပျံကြောင့် သူ့နှလုံးသားက ကွဲကြေသွားပြီ ဖြစ်တဲ့ လူသတ်သမားသည် ခက်ခက်ခဲခဲ လှည့်၍ တဖြည်းဖြည်း လျှောက်လာနေသော လုရွှမ်ကို လှမ်းကြည့်လိုက်သည်။
"မင်းငါ့ကိုဘာလို့ သတ်ချင်တာလဲ... မင်းကို ဘယ်သူက ကြံစည်နေတာလဲ ဆိုတာ မင်းမသိချင်ဘူးလား?"
လူသတ်သမားက သူ့ပါးစပ်က သွေးတွေ စီးကျလာနေသည့်ကြားမှ မေးလိုက်သည်။ စကားတစ်ခွန်းမှ မပြောခိုင်းဘဲ ဖြတ်သန်းသွားသော အသက်စွမ်းအားကို ခံစားရသော်လည်း သူ့စိတ်ထဲတွင် အလွန်အမင်း စိတ်ရှုပ်ထွေးနေ၏။
လုရွှမ်၏ အစွမ်းထက်သော ထိုဓားသည် အရေးကြီးသော အစိတ်အပိုင်းများကို ရှောင်ပစ်ရန် ပြဿနာ မရှိသော်လည်း ၎င်းသည် သူ့နှလုံးကို တိုက်ရိုက် ဖောက်သွားခဲ့သည်။ ဒါဆို လုရွှမ်က သူ့ကို တမင်သတ်ခဲ့တာလားလို့ မေးစရာတစ်ခုပဲ ရှိတော့သည်။
အဖြေကိုသိဖို့ လိုပြီ။ မဟုတ်ပါက သူသည် ငြိမ်သက်စွာ အနားယူနိုင်မည်မဟုတ်။ လူသတ်သမားရဲ့ မျက်လုံးထဲမှ ရှုပ်ထွေးမှုတွေနဲ့ မလိုလားအပ်တဲ့ အကြည့်တွေကို မြင်တော့ လုရွှမ် ဆိုလိုက်သည်။
"ငါသိချင်ပေမယ့် သိဖို့မလိုပါဘူး... မင်းနောက်ကွယ်က လူက ငါ့ကိုသတ်ချင်တဲ့သူပဲ.... မင်း မသေရင်တောင် တခြားလူတွေ ရောက်လာဦးမှာ"
"ဘာမှကြောက်စရာ မရှိဘူး... သူတို့က မင်းကိုလွှတ်ပြီး ရေကာတာလို့ သုံးသွားရုံပဲ မင်းသေချင်မှာတော့ လုရွှမ် ငါက ဖြည့်ဆည်ပေးရမှာပေါ့"
လူသတ်သမားသည် ခါသက်စွာ ရယ်မောကာ ခေါင်းကို စောင်းလျက် အသက်ထွက်သွားခဲ့လေသည်။ လုရွှမ် သူ့လက်ချောင်းကို ပွတ်လိုက်သည်နှင့် မီးတောက်တစ်ခု ထွက်လာပြီး လူသတ်သမား ကိုယ်ပေါ်သို့ ကျသွားသည်။
မီးတောက်က အလွန်ပြင်းထန်သဖြင့် တစ်ဖက်လူသည် မီးတောက်များထဲ ချက်ချင်း နစ်မြှုပ်သွားကာ မကြာမီမှာပင် သူ့နေရာ၌ ပြာများက အစားထိုး ဝင်ရောက်လာခဲ့သည်။ လေပြေတစ်ချက် ဝေ့ဝဲ တိုက်ခတ်လိုက်သည်နှင့် အစအန မကျန်အောင် ပျောက်ကွယ်သွားလေ၏။