မော့ရှဲ
Vol. 88 Ch. 4.831
ကျော်ကြားချင်ရင်တော့ လှေခါးထစ်ကျောက်တွေလို သဘာဝအတိုင်း နင်းဖြတ်သွားဖို့ လိုသည်။ ကျင့်ကြံမှု အဆင့်သည် မမြင့်မားနိုင်သော်လည်း ဂုဏ်သတင်း မြင့်မားလိုလျှင် သခင်လေးရွှမ်ကျီးထဲက ဖိတ်ခေါ်မှု လက်ခံရလိုက်ရင်ကို အဆင်ပြေပြီ။
ထို့နောက် လူတို့သည် လူတစ်ဦးဖြစ်သော လုရွှမ်ကို လျင်မြန်စွာ အာရုံစိုက်လာကြသည်။ လုရွှမ်၏ ကျင့်ကြံမှုအဆင့်သည် မမြင့်မားသော်လည်း သူသည် စတုတ္ထအဆင့် ကောင်းကင်ဘုံသခင် တစ်ဦးဖြစ်သည်။ ဤအဆင့်သည် ဘယ်နေရာ၌မဆို ပါရမီရှင်များ၏ အမြင်တွင် ဟာသဖြစ်ပေသည်။
ဒုတိယအချက်မှာ လုရွှမ်သည် နောက်ခံအင်အား မရှိပေ။ တခြားကမ္ဘာငယ်လေးမှ ကျင့်ကြံသူသည် ရန်ဖြစ်လျှင်ပင် တစ်ယောက်တည်း ဖြစ်တာကြောင့် အနိုင်ကျင့်ခံရသော်လည်း ဘယ်သူကမှ သိပ်ဂရုစိုက်မည် မဟုတ်။
နောက်ဆုံးတွင် လုရွှမ်သည် ကျော်ကြားသော်လည်း သူ၏လက်နက်ကို သန့်စင်ခြင်းကြောင့် ကျော်ကြားတာ ဖြစ်ကာ သူ၏ စစ်မှန်သော တိုက်ခိုက်ရေး စွမ်းအားက ဘယ်လောက်မြင့်မားလဲ မသိဘဲ အမြဲတမ်း ဒဏ္ဍာရီတစ်ခုသာ ဖြစ်နေခဲ့သည်။ ဘယ်သူကမှ ကိုယ့်မျက်စိနဲ့ မမြင်ဖူးချေ။
ပါရမီရှင်လို့ ထင်နေပေမယ့် ဘယ်သူကမှ အစစ်အမှန် မယုံကြပေ။ ပြိုင်ဘက်မှာ ထူးထူးခြားခြား ခွန်အားရှိရင်တောင် အရင်က တိုက်ခိုက်ဖူးတဲ့ အတွေ့အကြုံ မရှိသရွေ့တော့ သေချာပေါက် အနိုင်ယူနိုင်မယ်လို့ ထင်တဲ့သူတွေ အများကြီး ရှိပါ၏။
နောက်ကွယ်မှာ တွန်းအားပေးသူ ရှိကောင်းရှိနိုင်ပေမယ့် လုရွှမ်ရဲ့ နာမည်ဟာ ပါရမီရှင်များစွာရဲ့ မျက်စိရှေ့မှာ ရောက်လာပြီး လူတိုင်းရဲ့ စိန်ခေါ်မှုပစ်မှတ် ဖြစ်လာခဲ့သည်။
လက်နက် သန့်စင်ရေး အလုပ်ရုံဖွင့်သည်နှင့် တပြိုင်နက် လူငယ်တစ်စုသည် ပြေးဝင်လာပြီး လုရွှမ်ကို စိန်ခေါ်ရန် အော်ဟစ်ပြောဆိုကြသည်။
ပထမတော့ လုရွှမ်ဟာ ဒီလူတွေနဲ့ အကြိမ်အနည်းငယ် လှုပ်ရှားပေးခဲ့ပေမယ့် လူတွေ ပိုများလာတာနဲ့အမျှ သူလည်း အလွန်စိတ်ဆိုးလာပြီး အိမ်နောက်ဖေးမှာပဲ ပုန်းအောင်းနေခဲ့ရသည်။
ရလဒ်အနေနှင့် လူတိုင်းကို စိတ်မရှည်တော့ဘဲ ပို၍ပို၍ သောင်းကျန်းလာစေသည်။ လုရွှမ်က သူတို့ကို ကြောက်နေကြောင်း ကိုယ့်ဘာသာကိုယ် ဖြောင့်ဖြောင့်ကြီး တွေးနေကာ အရင်ကထက်ပို၍ စိန်ခေါ်လာကြ၏။
ပါရမီရှင်များ အားလုံး မာနကြီးကြပါသည်။ သူတို့သည် ရက်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ကျိန်ဆဲကြတော့သည်။ ကျန်သူများကိုတော့ ချောင်လုက ချက်ချင်းပင် တုံ့ပြန်ပေးလိုက်သည်။
ကျင့်ကြံခြင်းလောကမှာ ငြိမ်သက် တိတ်ဆိတ်မှုကို ရှာတွေ့ဖို့ဆိုတာ ရှားပါ၏။ ဒါပေမဲ့ ဒီနေ့တော့ နောက်တစ်ယောက် ထပ်ရောက်လာဦးမယ်လို့ မမျှော်လင့်ထားပါဘူး။
အိမ်ရှေ့ခန်းကို ရောက်တော့ ဆိုင်ထဲမှာ ခင်းကျင်းပြသထားတဲ့ မှော်ကိရိယာမျိုးစုံကို မျက်နှာကို ဖုံးအုပ်ထားတဲ့ အမျိုးသမီးတစ်ယောက်က စိတ်ဝင်တစား ကြည့်နေတာ တွေ့လိုက်ရသည်။
ဤမှော်လက်နက်များ အားလုံးကို လုရွှမ်မှ ပေါ့ပေါ့ဆဆ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့သည် အရည်အသွေးမြင့် ထုတ်ကုန်များ မဟုတ်ပေ။ လုရွှမ်၏ ဦးဆောင်မှုအောက်တွင် ယနေ့ခေတ် လက်နက် သန့်စင်ရေး အလုပ်ရုံသည် အရည်အသွေးမြင့် ထုတ်ကုန်များကို အဓိက ရောင်းချနေပြီး ၎င်းတို့ထဲမှ အများစုမှာ စိတ်ကြိုက် ထုတ်ကုန်များ ဖြစ်သည်။
သို့သော် လုရွှမ်၏ မျက်လုံးများတွင် ဤအရာများသည် အပျက်အစီး အပိုင်းအစများကဲ့သို့ပင် ဖြစ်သော်လည်း ဟုန်ရှန်ယင်းတို့ မျက်လုံးများထဲတွင်တော့ ၎င်းတို့သည် ယခင်က သန့်စင်ထားသည့် အရာများထက် များစွာသာလွန် ကောင်းမွန်နေ၏။
သန့်စင်ခြင်း၏ အရည်အသွေးအရ ၎င်းသည် တခြားသော သန့်စင်ရေး အလုပ်ရုံများမှ အချောထည်ပစ္စည်းများထက် မဆိုးလှပေ။ ထို့အပြင် လုရွှမ်၏ထူးခြားသော လက်နက် သန့်စင်မှုန ည်းပညာများထဲမှ သူမ သင်ယူနိုင်သည့် အရာများစွာရှိသည်။
ထို့ကြောင့် ကောင်တာပေါ်တွင် တင်ထားခြင်းပင်။ လုရွှမ်၏ အံ့အားသင့်စရာကောင်းသော လက်နက်တချို့ကတော့ ရောင်းအား အလွန်ကောင်းမွန်သောကြောင့် သူမသည် ထိုအရာများကို အရောင်းစင်ပေါ်၌ ထားလိုက်သည်။
ထိုအခိုက်တွင် မျက်နှာကို ဖုံးအုပ်ထားသော အမျိုးသမီး တစ်ယောက်သည် အသွား ကျယ်ဝန်းသော ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ဓားက အလွန်ကျယ်ပြီး သုံးလက်မနီးပါး ရှိသော ဓားရှည်ကြီး ဖြစ်သည်။ ၎င်းကို လုရွှမ်မှ ပေါင်းစပ်ဖန်တီးရန် အသုံးပြုထားခဲ့တာ ဖြစ်ကာ အောင်မြင်သွားလိမ့်မယ်လို့ ဘယ်သူက ထင်လိမ့်မလဲ။
"ဒီဓားရဲ့ ပါဝင်ပစ္စည်းတွေက နည်းနည်းတော့ ညံ့တယ်... မဟုတ်ရင် အတွင်းထဲမှာ အဆင့်မြင့် အခင်းအကျင်းကို ဖွဲ့စည်းထားလို့ အနည်းဆုံးတော့ အဆင့်မြင့်တဲ့ ဧကရာဇ်လက်နက် ဖြစ်သွားလိမ့်မယ်"
လုရွှမ်၏ မျက်လုံးများ တောက်ပသွားသည်။ အမှန်တရားကို သိသူနှင့် တွေ့ဆုံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"သခင်လေးက သခင်လေးလုရွှမ် ဖြစ်မယ်... ကျွန်မက မော့ရှဲ... ထန်းချီကြယ်က လာတာပါ"
လုရွှမ်လည်း ပြုံးပြီး "တွေ့ရတာဝမ်းသာပါတယ်"
ဤရက်များအတွင်း လုရွှမ် ချောင်လုအား အပိုသင်ခန်းစာ တချို့ကို ပေးခဲ့သည်။ တချို့က ကြယ်အသစ်များကို အဆက်မပြတ် ရှာဖွေနေသောကြောင့် ကြယ်တစ်သောင်းကမ္ဘာ၌ ကြယ်ဘယ်လောက်ရှိလဲ ဘယ်သူမှ မသိကြပေ။ တချို့က ကြယ်အသစ်များ တွေ့ရှိနေဆဲ ဖြစ်သည်ဟုပင် ပြောကြသည်။ တချို့ကလည်း မွေးဖွားနေဆဲပင်။
ကြယ်တစ်သောင်းကမ္ဘာသည် ကြီးမားပြီး ကြွယ်ဝသော ဝိညာဉ်စွမ်းအင်နှင့် နိယာမတရားများ ပါရှိသော ကမ္ဘာကြီး ဖြစ်သည်။ လုရွှမ် ဤနေရာသို့ ရောက်သောအခါတွင် ကြယ်တစ်သောင်းကမ္ဘာမှ လူများက ဤကမ္ဘာသည် ဝမ့်ကမ္ဘာတွေထဲရဲ့ ဗဟိုအဖြစ် မှတ်ယူကြတာ သိရပြီး တခြားကမ္ဘာငယ်လေးများသည် ဝေးလံခေါင်သီ၍ သေးငယ်သော နေရာတစ်ခုသာ ဖြစ်သည်။
အလားတူပင် ထန်းယွမ်ကြယ်က လူများအပေါ် လုရွှမ်၏ နားလည်မှုကို အခြေခံရလျှင် ထန်းယွမ်ကြယ်ကို ကြယ်တစ်သောင်းကမ္ဘာ၏ ဗဟိုအဖြစ်မှတ်ယူကြပြီး တခြားနေရာများက ကျေးလက်ဒေသများ ဖြစ်သည်။
ကြယ်များစွာသည် ခွန်အားအရ ထန်းယွမ်ကြယ်အောက် မဖြစ်မနေ နိမ့်နေရန် လိုအပ်သော်လည်း ထန်းရွှမ်ကြယ်၊ ဆန်းကြယ်ကောင်းကင် အိမ်တော်တို့ တည်ရှိရာ ထန်းလုံကြယ်နှင့် လက်ရှိ ထန်းချီကြယ် စသည်တို့သည် ခွန်အားအရ ထန်းယွမ်ကြယ်အောက် ခြေတစ်လှမ်းမျှသာ ကွာသည်။
သို့သော် ဤနေရာရှိ လူများသည် ထန်းယွမ်ကြယ်သည် ကမ္ဘာတစ်ခုလုံး၏ စွမ်းအားအရှိဆုံးနှင့် ဗဟိုအချက်အချာ ဖြစ်ကြောင်း စိတ်ချယုံကြည်နေဆဲ ဖြစ်သည်။ ထင်ယောင်ထင်မှား ဖြစ်စေသော မြေကမ္ဘာတွေနဲ့ ကောင်းကင်ကမ္ဘာတို့ကိုပင် ဘယ်သူမှ မမြင်ဖူးသလို ဘယ်သူမှ မတွေ့နိုင်သော်လည်း ရှိနေကြောင်း လူများက ကောလဟာလများ ဖြန့်ကြသည်။
ထန်းချီကြယ် တစ်ခုလုံးသည် လက်နက်များကို သန့်စင်ရန် အလွန်စိတ်အား ထက်သန်နေသော်လည်း နိယာမလိုင်းတွေက အလွန်ကောင်းမွန်ခြင်း မရှိသဖြင့် ထန်းချိကြယ်မှ တဖြည်းဖြည်းနှင့် ထန်းချီကြယ်ဟု အမည်ပြောင်းခဲ့သည်။
ဒါပေမဲ့ ထန်းချီကြယ်ဟာ လက်နက်သန့်စင်ရာ ကြယ်ဖြစ်တယ်လို့ အကြီးအကဲတွေက ပြောကြကာ လက်နက်တွေကို သန့်စင်ရာမှာ အကောင်းဆုံး ဖြစ်တယ်လို့ ဆို၏။ သဘာဝအရ ထိုကြယ်မှ အများဆုံး ထွက်လာသူတွေဟာ လက်နက်သန့်စင်ခြင်း သခင်များသာ ဖြစ်သည်။
လက်နက်များကို သန့်စင်သူသည် ထန်းချီကြယ်က ဖြစ်နေရန် မလိုအပ်ပေ။ လုရွှမ်သည် လက်နက်များကို သန့်စင်နည်းနှင့် အသိပညာဗဟုသုတရှိသည့် အမျိုးသမီးများအား လေးစားဆဲဖြစ်သည်။
မော့ရှဲဆိုတဲ့ နာမည်ကိုယ်တိုင်က မှော်လက်နက်ရဲ့ အမည်ဖြစ်သော်လည်း တစ်ဖက်လူက ထိုနာမည်ကို ခံယူရဲတဲ့ သတ္တိရှိလေသည်။ သူ့ကိုယ်သူ သူသန့်စင်တဲ့ လက်နက်အဆင့်ကို အလွန်အမင်း ယုံကြည်မှု ရှိတယ်ဆိုတာ သိသာပါ၏။
"ဒီလက်နက်က သခင်လေးလုရွှမ်ရဲ့ ပေါ့ပေါ့ပါးပါး ဖန်တီးမှုတစ်ခုလို့ ထင်ရပေမယ့် သခင်လေးရဲ့ လက်နက်ကို သန့်စင်တဲ့အဆင့်က သခင်အဆင့်အထိ ရောက်သွားတာကို တွေ့နိုင်ပါတယ်...ထန်းယွမ်မြို့တစ်ခွင် ချီးကျူးခံနေရတာ အံ့သြစရာ မရှိတော့ပါဘူး... ဒါပေမဲ့ ဒီမိန်းကလေးရဲ့ အမြင်မှာတော့ ချို့ယွင်းချက်လေးတွေ ရှိပါသေးတယ်”
လုရွှမ် မရယ်ဘဲ မနေနိုင်တော့ပေ။ သူ့ကို စိန်ခေါ်ဖို့ ဒီကို ရောက်လာခဲ့တာကိုး။
"ကြွပါ!"
မောနင်းမျက်နှာပေါ်က ပဝါစသည် အနည်းငယ်ယိမ်းယိုင်သွားပြီး ခဏမျှစဉ်းစားပြီးနောက် သူမက ဆိုလေသည်။
"သခင်လေးလုရွှမ်... ကျွန်မကို မာနကြီးနေတယ်လို့ ထင်နေတာလား?"
"မဟုတ်ဘူး.... ငါဘယ်သူ့ရဲ့ ထင်မြင်ချက်တွေကိုမှ နှိမ့်ချပြီး လက်ခံမှာ မဟုတ်ဘူး ငါ့ရဲ့လက်နက် သန့်စင်ရေးစွမ်းရည်က အထွတ်အထိပ် ရောက်နေပြီလို့ ငါဘယ်တုန်းကမှလည်း မထင်ခဲ့မိဘူး ဒါ့ထက် ငါက ကောင်းကင်ဘုံသခင်ရဲ့ နယ်ပယ်ထဲမှာပဲ ရှိတယ်...ငါရဲ့ ကျင့်ကြံမှုနဲ့ဆို လက်နက်နယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်အထိ ရာထူးတိုးလို့ မရသေးပါဘူး"
"ဒီထန်းယွမ်မြို့မှာ ငါ့ထက် လက်နက်သန့်စင်ရေး စွမ်းရည် ပိုကောင်းသူတွေ အများကြီး ရှိတယ်လို့ ဆိုကြပါစို့.... ချို့ယွင်းချက်တွေနဲ့သာ ပြုပြင်ရင်း တိုးတက်နိုင်မယ် မဟုတ်လား"
မော့ရှဲရဲ့ မျက်လုံးကြီးများက အနည်းငယ် ထိတ်လန့်သွားသည်။ သခင်လေးလုရွှမ်ရဲ့ အဆင့်အတန်းက အလွန်နိမ့်ကျနေမှန်း သူမ မသိခဲ့ပေ။
ဤပုဂ္ဂိုလ်သည် အလွန်လွှမ်းမိုးကြီးစိုးသူဟု ဆိုအပ်သော ပါရမီရှင် မဟုတ်လော။ တခြားလူတွေကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှိဘဲ သူ့ကိုယ်သူ ဘယ်လို သင်ကြားပို့ချနိုင်မလဲ။
ဒီလူဟာ ထန်းယွမ်ကြယ်ရဲ့ မင်းသမီးလီလင်ရှို့ကို လှည့်စားဖို့ သတ္တိရှိရှိ ဂရုမစိုက်တတ်ဘူးလို့ ကြားခဲ့ရသည်။
လုရွှမ်ကတော့ မော့ရှဲ ဘာတွေတွေးနေလဲ မသိပေ။ မော့ရှဲသည် ဓားရှည်ကြီးကို တစ်ချက်ကြည့်လိုက်တာနဲ့ သူ့မျက်လုံးထဲ အံ့အားသင့်သွားရ၏။ နားလည်မှုရှိတဲ့ အကြည့်နဲ့ ဒီလူဟာ တကယ်ကို အရည်အချင်းရှိပြီး အဆင့် တော်တော်မြင့်တယ် ဆိုတာ သူမ သိလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူတို့ တစ်ယောက်နဲ့ တစ်ယောက် ပေါင်းသင်းဆက်ဆံပြီး သူငယ်ချင်း ဖြစ်လာနိုင်သလို သူငယ်ချင်း မဖြစ်နိုင်ရင်တောင် စကားနည်းနည်းတော့ ပြောလို့ရတယ် မဟုတ်လား။
လုရွှမ်နှင့် ရင်းနှီးသူတိုင်းက လုရွှမ် ထိုလူအပေါ် အားနာလေ သူနဲ့ပို၍ဝေးလေလေ ဖြစ်ပြီး သူငယ်ချင်းအဖြစ် လုံးဝ ဆက်ဆံခြင်း မရှိတော့ကြောင်း သိထားကြသည်။
မော့ရှဲ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ လုရွှမ်၏ အမူအရာသည် သူမအား ခွန်အားကို အသုံးမချနိုင်သလို ခံစားရစေသည်။ သူမ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားရင်း သွားတွေကို အံကြိတ်ကာ။
"လက်နက်တွေကို ဘယ်သူက ပိုကောင်းအောင် သန့်စင်နိုင်မလဲ ဆိုတာ သိနိုင်ဖို့... သခင်လေးကို လက်နက်သန့်စင်ဖို့ စိန်ခေါ်ချင်ပါတယ်!"
ဟုန်ရှန်ယင်းနဲ့ ဟုန်ရှင်းအာတို့မှာ အနားမှာ ရပ်နေကြတာ အတော်ကြာနေပြီ ဖြစ်ပြီး စိတ်မရှည်ကြတော့ပေ။ တစ်ဖက်လူသည် အလွန်ယဉ်ကျေးပြီး ပညာတတ်တစ်ယောက် ဖြစ်ပုံရသော်လည်း အမြဲတမ်း ဟန်ဆောင်နေခဲ့ပြီး ဆရာ အောင်မြင်မှာကို မလိုလားပေ။ သူက ဆရာ့နာမည်ကို ဖြတ်နင်းကာ အောင်မြင်ချင်နေသူပင်။
ဟုန်ရှင်းအာက ဒေါသအပြင်းထန်ဆုံး ဖြစ်သည်။ သူမသည် ဤအမျိုးသမီး တွေးနေပုံကိုသာ သိပါက လုရွှမ်အား လုံးဝ သွားရောက် ဖိတ်ကြားပေးမည် မဟုတ်ချေ။