← Chapters

ကျွန်မရှင့်ကို စိန်ခေါ်ချင်တယ်

Vol. 88 Ch. 4.832

ကျွန်မရှင့်ကို စိန်ခေါ်ချင်တယ်

Vol. 88 Ch. 4.832

လုရွှမ် စူးရှသော မျက်လုံးများဖြင့် မော့ရှဲကို စိုက်ကြည့်ပြီးနောက် ပြုံးလိုက်သည်။

မော့ရှဲရဲ့ ကျင့်ကြံမှုအဆင့်က ကောင်းမွန်သည့် နတ်မီးနယ်ပယ်တွင် ရှိနေသည်။ သူမ၏ မျက်လုံးများတွင် စိမ်းလန်းမှုနှင့် ထိတ်လန့်မှုတို့ကို တွက်ချက်ကြည့်လျှင် သူမသည် အသက် မပြည့်သေးတာ သိသာထင်ရှားပါ၏။ ထိုသို့သော အသက်အရွယ်နှင့် ကျင့်ကြံမှု၊ လက်နက် သန့်စင်မှု အရည်အချင်းကို ပေါင်းစပ်ကြည့်ရလျှင် သူမသည် စစ်မှန်သော ပါရမီရှင်တစ်ဦးအဖြစ် မှတ်ယူနိုင်ပါသည်။

ဒါပေမဲ့ တစ်ဖက်လူရဲ့ အရိပ်အာဝါသကို ကြည့်ရင် ဘာမှလုပ်စရာ မလိုပါဘူး။ အဲဒီမှာ ရပ်နေရုံနဲ့ကို လူတွေဆီက အာရုံစိုက်တာကို ခံရလိမ့်မည်။ သူမသည် ကမ္ဘာကြီးနှင့် အနည်းငယ်မျှပင် ထိတွေ့မှု မရှိရာ လုရွှမ်အား စိန်ခေါ်လိုသော စကားလုံးများ ထွက်ကျလာသောအခါတွင် ရယ်စရာလို ဖြစ်နေ၏။

"ဘာလို့ ရယ်နေတာလဲ? ရှင့်ကို စိန်ခေါ်ချင်တာ ရယ်စရာလား?"

မော့ရှဲ အော်လိုက်ပါသည်။ ပိုးပဝါစက သူ့မျက်နှာကို ဖုံးထားပေမယ့် ပဝါစအောက်မှာ ဒေါသနဲ့ လှပတဲ့ ပါးပြင်တစ်ခု ရှိရမယ်လို့ လူတိုင်း စိတ်ကူးကြည့်နိုင်သည်။

လုရွှမ်လည်း သူ့အပြုံးကို မျိုသိပ်ထားလိုက်ပြီး။

"ကောင်းပြီ မင်းငါ့ကို စိန်ခေါ်ချင်တယ် ဆိုတော့ ဘယ်လိုလက်နက်မျိုး သန့်စင်ချင်တာလဲ"

"ဘာမဆိုလုပ်နိုင်တယ်! ဒါပေမဲ့ အကောင်းဆုံးအရာက ဓားတွေကို သန့်စင်တာပဲ"

မော့ရှဲ အော်လိုက်သည်။ သူ့အသံက အနည်းငယ် ဒေါသထွက်နေသေးသော်လည်း သတိလစ်သွားလုမတတ် မာနများနှင့် ပြည့်နေသည်။

လုရွှမ် လူများစွာ၏ မျက်နှာတွင် ဤအကြည့်ကို မြင်ဖူးသည်။ လုပ်နိုင်မည် မဟုတ်သည့် ကိစ္စတချို့၏ အခြားရှုထောင့်များဟာ အလွန်ချို့တဲ့တတ်သော်လည်း အကောင်းဆုံး ဖြစ်လာသောအခါတွင် ပြန်လည် ပြု​ပြင်ဖို့ သူမတွင် ယုံကြည်မှုရှိပုံရ၏။

"ကောင်းပြီ မင်းအနိုင်ရတယ် ထားပါတော့"

လုရွှမ် ဆိုလိုက်သည်။

"မင်း ဓားကို မသန့်စင်နိုင်ရင်တောင် တခြားကဏ္ဍတွေမှာ ကျွန်မ လုပ်နိုင်တယ်...နိုင်ပြီ ထားပါတော့ ဆိုတာက ဘာကို ဆိုလိုတာလဲ?"

"ဆရာ?"

ချွန်းရှောင်လေးက ပြေးထွက်လာပြီး သူ့ဆရာကို မခေါ်ဘဲ မနေနိုင်ပေ။ ချောင်လုနဲ့ ဟုန်ရှန်ယင်းလည်း အနည်းငယ် မကျေမနပ်ဖြစ်ကာ အံကြိတ်နေကြသော်လည်း ဆရာသခင်ပြုသမျှကို မကန့်ကွက်ဝံ့ကြပေ။

"ဆရာ ပြိုင်တောင် မပြိုင်ရသေးဘူး ဒီလိုအရှုံးကို ဘယ်လိုလုပ် လက်ခံနိုင်ရတာလဲ"

"ဟုတ်တယ် ဆရာ... ဆရာ့ရဲ့ အစွမ်းအစကို အကုန်သုံးပြီး ဒီမိန်းမဆိုးကြီးကို ချေမှုန်းလိုက်.... သူမ ဆရာနဲ့ ဘယ်လောက်ဝေးနေလဲ သိပါစေ နောင်မှာ လက်နက် သန့်စင်ရေးအကြောင်း ပြောရင်တောင် ဆရာ့အကြောင်းတွေးပြီး လက်နက်တွေကို ဘယ်တော့မှ သန့်စင်ရဲတော့မှာ မဟုတ်ဘူး"

ဟုန်ရှင်းအာကလည်း ​အော်​လိုက်​သည်​။ သူမ၏အသံမှာ နာကြည်းမှုအပြည့်​နှင့်။ နူးညံ့သိမ်မွေ့သော၊ ဖော်ရွေစွာ စကားပြောဆိုတတ်သော ဆရာအကြီးအကဲအား ထွက်လာရန် သွားခေါ်မိတဲ့ သူမကိုယ်သူမ စိတ်ထဲမှာ အပြစ်တင်နေမိသည်။

ယခု သူတို့သည် အချင်းချင်း ပြိုင်ဆိုင်နေကြပြီ။ သူမတို့၏ ဆရာအကြီးအကဲ၏ ဂုဏ်သတင်းကို အခြေခံ၍ ကျော်ကြားလာအောင် ကြိုးပမ်းချင်နေကြသည်။

ဒါတွေအားလုံးက သူမကြောင့်ဖြစ်တာပါ။ သူမရဲ့ခန္ဓာကိုယ်ဟာ အနည်းငယ် တုန်ယင်နေပြီး မျက်လုံးတွေက နီရဲပြီး ငိုလုမတတ် ဖြစ်နေပါပြီ။ သူမတွင် ကျင့်ကြံရန် အရည်အချင်းမရှိ၊ လက်နက်များကို သန့်စင်ရန်လည်း အရည်အချင်း မရှိပေ။

သူမတွင် ရှိသမျှ ဉာဏ်ပညာ အနည်းငယ်သာ ရှိကြောင်း သူမသိသည်။ တခြားသူတွေရဲ့ အမြင်မှာ ဒီလိုအနေအထားမျိုး ရနိုင်တာက သူတို့အတွက် သင်္ချိုင်းတွင်းက မီးခိုးတွေလိုပါပဲ။

သူ့အမေက အကြီးဆုံး သခင်မလေးနဲ့ ဆရာအကြီးအကဲ အတွက် နေ့တိုင်း ဆုတောင်းနေမှန်း သူမသိသည်။ ဒါကြောင့် သူမကလည်း နေ့တိုင်း အလုပ်ကြိုးစားပြီး လောကီအရာတွေကို မနှောင့်ယှက်စေချင်ပေ။

သူမရဲ့ လက်ရှိရာထူးကို မျက်စိကျပြီး အစားထိုးဖို့ စိတ်အားထက်သန်နေတဲ့ ညီအစ်မတွေ အများကြီး ရှိတယ်ဆိုတာလည်း သူမ သိပေမယ့် ရက်ပိုင်းအတွင်းမှာပဲ သူမမှာ ပြဿနာ​တွေပဲ တက်နေ၏။

ဟုန်ရှန်ယင်းသည် ဟုန်ရှင်းအာ၏ နာကျည်းမှုနှင့် ကြောက်ရွံ့မှုကို ခံစားရသဖြင့် သူမအား ညင်သာစွာ ဆွဲထုတ်ကာ စကားလုံး အနည်းငယ်ဖြင့် နှစ်သိမ့်ပေးခဲ့သည်။

ဟုန်ရှင်းအာမှာ ချော့မော့ ခံလိုက်ရသော်လည်း သူမသည် ပို၍ပင် အပြစ်ရှိသလို ခံစားလာရသည်။ သူမမျက်လုံးများက မထိန်းနိုင်တော့ဘဲ မျက်ရည်များ လိမ့်ဆင်းကျလာ​​တော့သည်။

ချွန်းရှောင်သည်လည်း ကျွန်အဖြစ် မွေးဖွားလာသောကြောင့် ဟုန်ရှင်းအာ၏ နာကျည်းမှုနှင့် ကြောက်ရွံ့မှုကို ယခုအချိန်တွင် ကောင်းစွာ သဘောပေါက်ပါ၏။ တူညီသော အမုန်းတရားများကို မျှဝေနေကြသလို မော့ရှဲအား မုန်းတီးမှုဖြင့် စိုက်ကြည့်ခဲ့ကြသည်။ အကယ်၍ ဆရာသခင်သာ မရှိခဲ့ပါက ဤအမျိုးသမီးကို တံမြက်စည်းဖြင့် ပါးရိုက်ချင်နေပေလိမ့်မည်။

ချွန်းရှောင်နဲ့ ဟုန်ရှင်းအာတို့ကို ကြည့်လိုက်သောအခါ မော့ရှဲမှာ သိသိသာသာ တုန်လှုပ်သွားခဲ့သည်။

ထိုစဥ် လုရွှမ် အနားရောက်လာပြီး ဟုန်ရှင်းအာရဲ့ ပုခုံးကို ပုတ်ကယ နူးညံ့စွာပြုံးလိုက်သည်။

"ရှင်းအာလေ... စိတ်မပူပါနဲ့ မင်းအမှား မဟုတ်ဘူး"

ဟုန်ရှင်းအာသည် သူ့ခေါင်းကို မော့ပြီး လုရွှမ်ကို ကြည့်ကာ မျက်ရည်တွေ စီးကျလာပြန်တယ်

"အကြီးအကဲဆရာကြီး... ကျေးဇူးပြုပြီး ရှင်းအာကို နှစ်သိမ့်ပေးမနေပါနဲ့... ရှင်းအာ အမှားလုပ်မိတာပါ ရှင်းအာ မှားမှန်း သိပါတယ်"

မော့ရှဲသည် ဟုန်ရှင်းအာ၏ ရန်လိုမှုကို နားမလည်သေးသော်လည်း တစ်ဖက်လူရဲ့ ညှိုးငယ်သော အကြည့်ကို မြင်လိုက်ရသဖြင့် အထိတ်တလန့် ဖြစ်သွားသည်။

"ညီမလေး... တောင်းပန်ပါတယ် အစ်မမင်းကိုလိမ်ဖို့ မရည်ရွယ်ပါဘူး.... သခင်လေးရွှမ်ကျီး စီစဉ်တဲ့ ပါရမီရှင်တွေ့ဆုံပွဲကို ဝင်ရမှ ဖြစ်မှာမလို့ပါ"

"အဲဒီအကြောင်းကို ပြောရအောင်!"

"အာ!"

မော့ရှဲ ​အော်​လိုက်မိပြီး လုရွှမ်ကို ဘာ​ကြောင့်​မှန်းမသိဘဲ ကြည့်​လိုက်​သည်​။

"ဘာလို့ ပါရမီရှင်တွေ့ဆုံပွဲကို ဝင်မှရမယ်လို့ ပြောတာလဲ?"

မော့ရှဲ မှင်တက်သွားသည်။ သူမက နှုတ်ခမ်းကို ကိုက်ထားသော်လည်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။ သို့နှင့် လုရွှမ် ပြုံး၍ ပြောလိုက်သည်။

"မင်းရဲ့အသွင်အပြင်ကို ကြည့်လိုက်ရင် မင်းက စည်းစိမ်ချမ်းသာတဲ့ မိသားစု... ဂိုဏ်းတစ်ခုကနေ ဒါမှမဟုတ် မြင့်မြတ်တဲ့ မိသားစုကနေ မွေးဖွားလာတာ ဖြစ်မယ်... ဒါပေမဲ့ မင်းဟာ သိမ်ငယ်စိတ် ရှိနေတာ သိသာထင်ရှားတယ် ဒါက မင်းဒီမှာ တစ်ယောက်တည်း ပေါ်လာရတဲ့ အကြောင်းအရင်းပဲ ရင်းနှီးတဲ့ အစေခံတောင် မပါဘူး"

"မင်းရဲ့ အရှိန်အဝါကို ကြည့်ရင် လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို အကြမ်းဖျင်း ခန့်မှန်းလို့ရတယ်... မင်းရဲ့ ရောင်ဝါက အေးချမ်းတယ် ကျော်ကြားမှုနဲ့ ဓနဥစ္စာကို ပြိုင်ရတာကို ကြိုက်တဲ့သူနဲ့ မတူဘူး... ဒါကြောင့် မင်း ပါရမီရှင်တွေ့ဆုံပွဲကို ဝင်ချင်နေတာ အမြတ်တစ်ခုခုတော့ ရှိမှာ သေချာတယ်"

"မင်းရဲ့ မျက်လုံးတွေထဲက အပြစ်ရှိတဲ့ အကြည့်တွေကို မြင်ရသလောက်ဆို မင်းလိမ်တာ ရှားရှားပါးပါးပဲ... မင်း တခြားသူတွေကို အခွင့်ကောင်းယူခဲတာ ထင်ရှားတယ် ဒါက မင်းဟာ လူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ ပြသပေမယ့် ပါရမီရှင်တွေ့ဆုံပွဲကို ဝင်ဖို့အတွက် မင်း ငါ့ကိုဆွဲထုတ်ဖို့ ရှင်းအားလေးကို အတင်းလိမ်ခိုင်းခဲ့တာ"

"ပါရမီရှင်တွေ့ဆုံပွဲကို ဝင်ဖို့ မင်းအတွက် အရေးကြီးတဲ့အရာက ဘာလဲ? မင်းဝင်ဖို့ ဘာက တွန်းအားပေးနေတာလဲ... ရွှမ်ကျီးနဲ့ ငါ့ကြားမှာ ခင်မင်ရင်းနှီးမှု တစ်ခုရှိတယ် ဒီလိုအခြေအနေမျိုးမှာ မင်းကို ထပ်ခေါ်သွားဖို့က အဆင်မပြေတာတော့ မဟုတ်ဘူး"

လုရွှမ်သည် အေးဆေး တည်ငြိမ်သော အသံနှင့် ဘာမှမထူးခြားသော အမူအရာဖြင့် ဆိုလာသော်လည်း သူသည် လူများကို အရာရာကို ထိန်းချုပ်နိုင်စွမ်း ရှိသည့် အသွင်အပြင်မျိုးကို ပေးနေခဲ့သည်။

ချောင်လုနဲ့ ဟုန်ရှန်ယင်းတို့၏ မျက်နှာများမှာ အနည်းငယ်နီရဲ​ပြီး ပူသွားသည်။ ဆရာက ယခုလိုမျိုးကျ အလွန်ချစ်စရာ ကောင်းနေသလိုပင်။ ချွန်းရှောင်သည် လုရွှမ်အား ကြည်ညိုလေးစားမှု အပြည့်ဖြင့် ကြည့်​နေသည်။ ထိုကဲ့သို့သော ဆရာကြီးဆီမှာ တပည့်ခံရတာ အတော်လေး ဂုဏ်ယူစရာ ကောင်းလေသည်။

ဟုန်ရှင်းအာသည် မငိုတော့ဘဲ အကြီးအကဲဆရာကြီးက အလွန်တော်သည်ဟုဟာ ခံစား​နေမိသည်။ ၎င်းသည် အကြီးအကဲများ၏ တကယ့် အရှိန်အဝါမျိုး ဖြစ်သည်။

သူမကို စိုက်ကြည့်ရုံ​လေးနဲ့ လုရွှမ် ဒီလောက်အများကြီး ပြောလိမ့်မယ်လို့ မော့ရှဲ မမျှော်လင့်ထားခဲ့ပါဘူး။ သူမက မယုံကြည်နိုင်စွာနဲ့ အော်ပြောလိုက်သည်။

"ကျွန်မကို ပါရမီရှင်တွေ့ဆုံပွဲကို တကယ် ခေါ်သွားပေးမှာလား?"

"ဒါပေါ့... မင်းငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက် တစ်ခုပေးသရွေ့..."

မော့ရှဲ ဒါကို မယုံနိုင်သေးပေ။ နည်းလမ်းပေါင်းမနည်း တွက်ချက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမယ်လို့ သူမ မျှော်လင့်ထားခဲ့သည်။ သူမမှာ လုရွှမ်ကို စိန်ခေါ်ရဲတဲ့ သတ္တိပဲ ရှိပေမယ့် တကယ်တမ်းတော့ သူမသည် ပါရမီရှင်တွေ့ဆုံပွဲကို ဝင်ချင်လို့ အရဲစွန့်နေရတာပင်။

"ရှင် ကျွန်မကို ဘယ်လိုလုပ်စေချင်လဲ?"

မြန်မြန်ဆန်ဆန် သဘောတူလိုက်တာက နည်းနည်းတော့ လက်တွေ့မကျသလို ဖြစ်နေလို့ သူမ မယုံနိုင်သေးပေ။ ဒါကြောင့် လုရွှမ် အနားရှိ အမျိုးသမီးနှစ်ယောက်ကို သူမမျက်လုံးများက စိုက်ကြည့်လိုက်သည်။ ဒီလူက သူမခန္ဓာကိုယ်ကို လိုချင်နေတာများလား။

လုရွှမ် စကားမပြောမီတွင် ဟုန်ရှန်ယင်းနဲ့ ချောင်လုတို့က ပထမဦးစွာ မကျေမနပ် အသံများဖြင့် အော်ဟစ်လာကြသည်။

"ဟေး....နင့်မျက်လုံးတွေက ဘာသဘောလဲ? ငါတို့ဆရာသခင်က လူတိုင်းအတွက် ကိုယ်ကျိုးမဖက်ဘဲ ကောင်းပေးနေတာ... သူက ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး သူရဲကောင်း! နင်ထင်ထားသလို ညစ်ပတ်နေမှာ မဟုတ်ဘူး"

ဟုန်ရှန်ယင်းက အရင် အော်လိုက်သည်။

"မှန်တယ်! ငါ့ဆရာသခင်က ဘယ်သူလဲ? လူကြမ်းတစ်ယောက်ရဲ့ နှလုံးသားနဲ့ လူကြီးလူကောင်း တစ်ယောက်ရဲ့ နှလုံးသားကို တစ်ချက်ကြည့်ရုံနဲ့ အကဲဖြတ်နိုင်တဲ့ သူပဲ!"

All Chapters