နာကြည်းမှု
Vol. 88 Ch. 4.833
လုရွှမ်သည် တပည့်မနှစ်ဦး၏ ဆူပူကြိမ်းမောင်းနေတာတွေကို ရပ်တန့်ရန် လက်ကိုဝှေ့ယမ်းပြီး ဆက်ပြောလိုက်သည်။
"ကောင်းပြီ ပျော့ညံ့တဲ့ မိန်းကလေးပဲ...ဒါပေမဲ့ မင်း လှည့်စားခံခဲ့ရတယ် ဒါကြောင့် ထုံးစံအတိုင်း မင်း လူတွေကို ထပ်ပြီး ယုံကြည်ဖို့ ခက်နေတာ!"
မော့ရှဲ၏ မျက်လုံးများသည် ထိတ်လန့်တကြား တောက်ပလာပြီး အော်လိုက်သည်။
"ရှင်ဘယ်လိုလုပ်သိလဲ"
လုရွှမ် ပြုံးပြီးပြော၏။
"ငါ့မှာ သံသယတွေရှိပေမယ့် သေချာမသိဘူး... မင်းအခု ဘယ်လောက် သတိထားနေလဲ ဆိုတာ ကြည့်လိုက်ရင် မင်းလှည့်စားခံထားရတာ သိသာပါတယ်... မင်းကို ဘယ်သူက လှည့်စားနိုင်မှာလဲ.... မင်းနဲ့နီးစပ်တဲ့ သူတစ်ယောက် ဖြစ်နိုင်မလား အခု မင်းပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘူး... ပါရမီရှင်တွေ့ဆုံပွဲထဲဝင်ဖို့ မင်း မစောင့်နိုင်တော့ဘူး ဆိုတော့ မင်းကို လိမ်ခဲ့တဲ့လူက မင်းအရမ်း ယုံကြည်ရတဲ့ လူတစ်ယောက်ဆိုတာ ခန့်မှန်းရလွယ်ပါတယ်"
"ငါရဲရဲကြီး မှန်းဆကြည့်ရအောင်.... အဲဒီလူက မင်းရဲ့ ကျွန်ဖြစ်ရမယ် မင်းက သူ့ကို ညီမလို ဆက်ဆံတယ် မင်း သူမနဲ့ အရာအားလုံးကို မျှဝေပြီး မင်းရဲ့ ကျင့်ကြံမှုနဲ့ လက်နက် သန့်စင်နည်းတွေကိုတောင် သင်ပေးခဲ့တယ် ဟုတ်တယ်မလား ပြီးတော့ သူက မင်းရဲ့ အထောက်အထားကို ခိုးပြီး ဖိတ်စာကတ်နဲ့ ပါရမီရှင်တွေ့ဆုံပွဲကို ခိုးဝင်ခဲ့တယ်”
မော့ရှဲ လုံးဝကို ထိတ်လန့်သွားပြီး လုရွှမ်ကို ထိတ်လန့်တကြား ကြည့်ရင်း။
"ရှင်က လူလား သရဲလား"
မော့ရှဲ၏ စွမ်းဆောင်မှုသည် လုရွှမ်ခန့်မှန်းချက်က လုံးဝ မှန်ကန်ကြောင်း သွယ်ဝိုက်ကာ သက်သေပြခဲ့သည်မှာ သံသယ မရှိပါ။
"မင်းရဲ့ရောင်ဝါက မတည်ငြိမ်ဘူး မင်းဒဏ်ရာက ပြန်ကောင်းလာပေမယ့် ရောင်ရမ်းမှုကို မင်းခံစားနေရတုန်းပဲ.... မင်းရဲ့လက်စွပ်ဟာ မင်းရဲ့လက်နဲ့ မကိုက်ညီဘူး ဒါကို ထန်းယွမ်မြို့ကို ရောက်မှ မင်း ပြန်ပြင်ထားတာဖြစ်မယ်!"
"မင်းက လက်နက် သန့်စင်သူဆိုတော့ မင်းရဲ့လက်နက်တွေရော? အထူးသဖြင့် မင်းက ဓားကို လေ့ကျင့်တာ ကျွမ်းကျင်တယ်မလား? ဓားတွေအပြင် တခြားလက်နက်တွေလည်း ထိန်းသိမ်းထားဖို့ လိုတယ် မဟုတ်လား?"
လုရွှမ် ဒီလိုပြောပြီးတဲ့အခါ ဟုန်ရှန်ယင်း နောက်ကျောမှ ဧကရာဇ်လက်နက်ကို ကြည့်လိုက်သည်။
"ဓားတစ်ချောင်းကို ပြုစုဖို့ ဆယ်နှစ်ဆိုတာ ဘယ်တော့မှ မတိုတောင်းဘူး အနှစ်တစ်ရာက ဘယ်တော့မှ မရှည်ဘူး.... ဒီသဘောတရားကို နားလည်ထားပေမယ့် အချိန်အကြာကြီး ဓားမကိုင်ထားရင် ဘာကိုဆိုလိုမလဲ?"
"မင်း တံခါးဝကို ရောက်ကတည်းက ငါ့ရဲ့ ဇာတ်လမ်းကို အနည်းဆုံး ကြားဖူးခဲ့မှာပဲမလား? ဆိုတော့ ငါမင်းကို ခေါ်သွားရင် ဘာပြဿနာရှိဦးမယ်လဲ ထင်လဲ?"
မော့ရှဲ သူ့မျက်လုံးကြီးတွေကို မှိတ်လိုက်ပြီး လုရွှမ် ပြောတာမှန်တယ်လို့ ခံစားလိုက်ရလေသည်။ သူမမှာ အဲဒါကို ချေပဖို့ ဘာအကြောင်းပြချက်မှ ရှာမတွေ့တော့ပါဘူး။ ဟုန်ရှန်ယင်းနဲ့ ချောင်လုတို့ နှစ်ယောက်လုံးက သူတို့မျက်လုံးတွေထဲမှာ စာနာတဲ့ အကြည့်တွေ အစားထိုးလာသည်။ ဒီလိုမိန်းကလေးက ဒါမျိုးတွေ ကြုံလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။
သူ့ပတ်ဝန်းကျင်က လူတွေရဲ့ သစ္စာဖောက်၊ ဒဏ်ရာ အပြင်းအထန်ရပြီး အရာအားလုံးကို လုယူခံရတာက သနားစရာ ကောင်းလိုက်တာ။
ဟုန်ရှန်ယင်းသည် ဆင်းရဲဒုက္ခများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရဖူးလို့ ယခုအချိန်တွင် မော့ရှဲ၏ စိတ်ခံစားချက်များကို နားလည်ပေးနိုင်သည်။ သူမမျက်နှာက အနည်းငယ် ရှက်သွားပြီး နှစ်သိမ့်ပေးချင်ပေမယ့် ဘယ်လိုပြောရမလဲ မသိတော့ပေ။
ချွန်းရှောင်နဲ့ ရှင်းအာတို့လည်း အံ့အားသင့်သွားခဲ့ကြသည်။ လုရွှမ် မိန်းကလေးနှစ်ယောက်ကို မျက်လုံးဖြင့် အချက်ပြလိုက်စဥ် ဟုန်ရှန်ယင်းက ရှေ့ကို လှမ်းပြီး မော့ရှဲရဲ့ လက်မောင်းကို လှမ်းကိုင်လိုက်သည်။
"အစ်မမော့ရှဲ... တောင်းပန်ပါတယ် အရင်က အစ်မဒီလို ပြင်းပြင်းထန်ထန် နာကျင်ထားရလိမ့်မယ်လို့ မမျှော်လင့်ထားလို့ပါ"
ချောင်လုကလည်း မော့ရှဲရဲ့ လက်တစ်ဖက်ကို ကိုင်ထားပြီး စာနာစိတ်နဲ့ အော်ပြောလေသည်။
"ဟမ့် ဒီလို လူဆိုးလည်း ရှိတယ်ပေါ့... အစ်မမော့ရှဲ ညီမတို့နဲ့အတူ ပါရမီရှင်တွေ့ဆုံပွဲကို ဝင်လိုက် အဲဒီခွေးမကို ရှာတွေ့လို့ကတော့ သူ့ကို ဖမ်းပြီး ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်မယ်!"
ချွန်းရှောင်နဲ့ ရှင်းအာတို့သည်လည်း မော့ရှဲကို ဝိုင်းရံထားပြီး သူမကို နှစ်သိမ့်ပေးကြသည်။ ထိုမိန်းကလေးများသည် စာနာစိတ်များဖြင့် ပြည့်လျှံနေကာ မကြာမီမှာပင် သူမသည် ညီမနှင့် အစ်မဟု ခေါ်လာကြကာ ယခင်အရှက်တရားမှာ ပျောက်ကွယ်သွားခဲ့သည်။
မော့ရှဲသည် လုရွှမ်ခန့်မှန်းသည် တူညီသော သူမရဲ့ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ပြောပြလာသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ထိုအမျိုးသမီးသည် မော့ချိုး ဟုခေါ်သော သူမ၏ ညီမဝမ်းကွဲ ဖြစ်လေသည်။ ငယ်ငယ်လေးကတည်းက သူမတို့မိသားစုဆီ ရောက်လာ၏။ အဲဒီမိန်းကလေးရဲ့ ကံကြမ္မာက လူတွေကို လွှမ်းမိုးမယ်လို့ လူတစ်ယောက်က ဆိုကာ မော့ရှဲရဲ့ မိဘတွေကိုလည်း မမွေးစားသင့်ဘူးလို့ တစ်ခါက ပြောဖူးပေသည်။
ဒါပေမဲ့ သူ့မိဘတွေက ဒါကို လုံး၀ မယုံကြည်တဲ့အတွက် ညီမဝမ်းကွဲကို မွေးစားပြီး သမီးလေးအဖြစ် ကြီးပြင်းလာစေခဲ့သည်။ ဒါပေမဲ့ ကံတရားရဲ့ စကားတွေက မှန်လား မှားလား မသိတော့ပေ။
မော့ရှဲ၏ မိသားစုသည် မူလက မိသားစုကြီး ဖြစ်သော်လည်း မော့ချိုး ရောက်ရှိလာပြီးကတည်းက မိသားစုတွင် ကြီးကြီးမားမား အရာများစွာ ဖြစ်ပျက်ခဲ့သည်။
မြင့်မားသော ကိုယ်ကျင့်တရား စံနှုန်းများနှင့် ထူးကဲစွာ ပြုစုပျိုးထောင်မှုရှိသော အကြီးအကဲ တချို့ပင် သေဆုံးခဲ့ကြသည်။ ဒါ့ပြင် သူတို့ သေဆုံးရတဲ့ အကြောင်းရင်းက အရမ်းထူးဆန်း၏။ တစ်ယောက်ယောက်က ကိုယ့်မျက်စိနဲ့ မမြင်ဖူးခဲ့ရင် အဲဒီနည်းနဲ့ သေခဲ့တယ်လို့ ယုံနိုင်မှာ မဟုတ်ပေ။
ယင်းကြောင့် မိသားစုတစ်စုလုံး ရုတ်တရက် ထိတ်လန့်သွားသည်။ အထူးသဖြင့် သေဆုံးမှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် မိသားစုစီးပွားရေးလည်း ကြီးမားစွာ ဆုံးရှုံးလာခဲ့ရသည်။
ဘိုးဘေးသည် ဤပြဿနာကို ဆွေးနွေးရန် လူတိုင်းကို အမြန်ဆင့်ခေါ်ပြီးနောက် မော့ရှဲရဲ့ မိဘများက ကလေးတစ်ဦးကို မွေးစားထားကြောင်း တစ်စုံတစ်ဦးထံမှ သိရှိလာခဲ့သည်။ ဒဏ္ဍာရီအရ ၎င်းသည် ခမည်းတော်အား အနိုင်ယူပြီး မိခင်ကို အောင်နိုင်ခဲ့သော ကလေးတစ်ဦးဖြစ်ပြီး တစ်မိသားစုလုံးအား ဘေးဥပဒ်ဖြစ်စေမည့် နိမိတ်ပါလာသူပင်။
အခု ဖြစ်ပေါ်လာတဲ့ ပြဿနာက အဲဒီကောင်မလေးကြောင့် ဖြစ်ခဲ့တာ ဖြစ်လေသည်။
မော့ရှဲ၏ မိဘများက ပြတ်ပြတ်သားသားသဘောမတူခဲ့သော်လည်း မျိုးနွယ်စုဝင်များကို မကူညီနိုင်ခဲ့ကြပေ။ နောက်ပိုင်းမှာ သူ့ညီမဝမ်းကွဲကို ကာကွယ်ရန် မိသားစုက နှင်ထုတ်ခံရပြီး ၎င်းတို့၏ ဘိုးဘွားပိုင်မြေကိုလည်း ထားခဲ့ရသည်။
ဒါပေမဲ့ သူတို့မိဘတွေ ဆုံးပါးသွားချိန်မှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် မှီခိုအားထားနေခဲ့တယ်။ မော့ရှဲသည် ငယ်ရွယ်ကာ လက်နက်များကို သန့်စင်ရန်အတွက် ထူးထူးခြားခြား အရည်အချင်းရှိသူ ဖြစ်သည်။ သူ့အဖေသင်ပေးသော လက်နက်သန့်စင်နည်းများကို အလွတ်ကျက်ပြီးသား ဖြစ်သည်။
ထို့ကြောင့် ညီအစ်မနှစ်ယောက်သည် နှစ်ယောက်တည်း နေသော်လည်း မိမိတို့ဘာသာ ထောက်ပံ့နိုင်ပြီး ကျင့်ကြံမှုအတွက် လိုအပ်သော အရင်းအမြစ်များ အပြင် လက်နက် သန့်စင်ရေးတွင်လည်း ပံ့ပိုးပေးနိုင်ခဲ့သည်။ ဒါပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်က မော့ရှဲဟာ ပါရမီရှင်တွေ့ဆုံပွဲကို အမှန်တကယ် ဖိတ်ကြားခံခဲ့ရပေမယ့် မော့ချိုးကတော့ မလိုလားပေ။
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာတွေက သူမမျှော်လင့်ထားတာထက် လုံးဝ ကျော်လွန်သွားပါပြီ။ သူမရဲ့ ညီမအရင်းလို့ အမြဲမှတ်ယူထားတဲ့ ဝမ်းကွဲက သူမကို မထင်မှတ်ပဲ တိုက်ခိုက်ပြီး ပစ္စည်းတွေအားလုံးကို လုယက်သွားခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ သူမဟာ အသက်ကယ် ချပ်ဝတ်တန်ဆာ အသစ်ကို သန့်စင်ထားခဲ့တာကြောင့် သူမရဲ့ သေဆုံးမှုကို ကာကွယ်နိုင်ခဲ့သည်။
ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာပြီး စွမ်းအင်သလင်ကျောက်များ စုဆောင်း၍ ပါရမီရှင်တွေ့ဆုံပွဲ မတိုင်မီ ရက်အနည်းငယ် အလိုတွင် ထန်းယွမ်မြို့သို့ ရောက်ရှိလာခဲ့သည်။
ဒါပေမဲ့ ဖိတ်စာကတ်မရှိရင် သူမဟာ ပါရမီရှင်တွေ့ဆုံပွဲကို လုံးဝ မဝင်နိုင်ခဲ့တဲ့အတွက် လုရွှမ်ကို စိန်ခေါ်ဖို့ ဒီအကြံအစည်ကို တီထွင်ခဲ့တာ ဖြစ်ပေ၏။ လိမ်လည် လှည့်စားနေရင်တောင် လုရွှမ်က သူမကို သင်ခန်းစာပေးရုံသာ ဖြစ်ပြီး ဘယ်သူ့ကိုမှ မသတ်ပါဘူး။
ထို့ကြောင့် သုံးရက်လောက် စဉ်းစားပြီးနောက် မော့ရှဲသည် နောက်ဆုံးတွင် ကမ္ဘာ့နံပါတ်၁ လက်နက် သန့်စင်ရေး အလုပ်ရုံသို့ ရောက်ရှိခဲ့ပြီး လုရွှမ်ကို စိန်ခေါ်ရန် သတ္တိများကို စုဆောင်းခဲ့သည်။
သူမသည် လုရွှမ်၏ပြိုင်ဘက် မဟုတ်နိုင်ကြောင်းလည်း သိသည်။ အနည်းဆုံးတော့ သူမသည် လက်ရှိအဆင့်တွင် ဧကရာဇ်လက်နက်ကို ပြုပြင်မွမ်းမံရန် လုံလောက်သော အင်အားမရှိသော်လည်း ၎င်းသည် သူမ၏ ပြုစုပျိုးထောင်မှုနှင့် စိတ်ဝိညာဉ် စွမ်းအားများကိုတော့ သူမ ယုံကြည်မှု ရှိသည်။
သူမ၏ အခင်းအကျင်း ဖွဲ့စည်းပုံများကို နားလည်မှု၊ လက်နက်သန့်စင်မှုတွင် တိကျမှုနှင့် ပစ္စည်းများ ရွေးချယ်မှုအရ သူမသည် တခြားသူများကဲ့သို့ ယုံကြည်မှုရှိသည်။ ၎င်းသညသူမ၏ နောက်ဆုံးသတ္တိသာ ဖြစ်သည်။
"ဆရာ... အစ်မမော့ရှဲကိုလည်း တပည့် အဖြစ် လက်ခံလိုက်ပါလားဟင်?"
ဟုန်ရှန်ယင်းက ရုတ်တရက် အော်လိုက်သည်။ မော့ရှဲ ရှက်ရွံ့သွားပေမယ့် သူမမျက်လုံးများတွင် တမ်းတမှု အရိပ်အယောင် ပေါ်လာ၏။ အနည်းငယ် ရှက်သွားကာ မလိုလားအပ်သော အရိပ်အမြွက်များလည်း ထွက်ပေါ်လာသည်။
လူတစ်ယောက်၏ အမည်သည် သစ်ပင်၏ အရိပ်လို ဖြစ်သော်လည်း သူမကိုယ်တိုင် မျက်စိဖြင့် မမြင်ဖူးပေ။ လုရွှမ် ဘယ်အဆင့်လဲ သူမ မသိသေးချေ။
"လာ... အိမ်နောက်ဖေးဘက်ကို လာခဲ့... ဓားတစ်လတ် လုပ်လိုက်ရအောင် မင်းဘယ်လောက် တော်လဲ ကြည့်ကြမယ်"
မော့ရှဲ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုသည့် စိတ်ဓာတ် အရိပ်အယောင် ထွက်ပေါ်လာပြီး လုရွှမ်တို့နှင့်အတူ လက်နက်သန့်စင်သည့် ဝင်းအတွင်းသို့ လျှောက်သွားခဲ့သည်။